၁.သည်​​​နေ့အတွက်​​တော့ငါ​ပျော်​​ပျော်​​နေမယ်​။

၂.သည်​​နေ့အတွက်​​တော့ငါဖြစ်​သမျှကိုလက်​ခံမယ်​။
ငါဖြစ်​ချင်​တာ မဖြစ်​တိုင်​း အတင်​းအကျပ်​မလုပ်​ဘူး။
ငါသည်​​နေ့​တော့ ငါ့သားမယား၊ ငါ့သားသမီး၊ငါ့အလုပ်​အကိုင်​၊ ငါ့ဖြစ်​သမျှ အ​ကြောင်​းတို့နဲ့ ညီညွတ်​​အောင်​​နေမယ်​။ ငါ့အလို အတိုင်​းက​တောက်​ကဆ မဖြစ်​​စေရဘူး။

၃.သည်​​နေ့အတွက်​​တော့ ငါ့ကိုယ်​ကာယကို ငါဂရုစိုက်​မယ်​။ အ​ညောင်​းအညာ​ဖြေမယ်​။ အာဟာရဖြစ်​​အောင်​ စား​သောက်​မယ်​။ ငါ့ကုုိယ်​ကာယကို ပစ်​မထားဘူး။
အလွဲသုံးစားမလုပ်​ဘူး။ အဲသည်​ကိုယ်​ကာယကို ​ကောင်​း​ကောင်​းမွန်​မွန်​ ကျကျ နနထားမှ ငါ့စိတ်​တိုင်​းကျလုပ်​ငန်​းကို လုပ်​​ဆောင်​နိုင်​​ပေမယ်​။

၄.သည်​​နေ့အတွက်​​တော့ ငါ့စိတ်​အင်​အားတိုး​အောင်​ကြိုးစားမယ်​။
အဖိုးတန်​တဲ့ ပညာဗဟုသုတကိုစု​ဆောင်​းမယ်​။
ငါ့စိတ်​ကို အ​လေမခံဘူး။ ​တွေးရမှတ်​ရ ကြုံရတဲ့စာမျိုးကို ဖတ်​ပြီးစိတ်​တည်​ငြိမ်​​အောင်​လုပ်​မယ်​။

၅.သည်​​နေ့အတွက်​​တော့ ငါ​ကောငိးမှုပြုမယ်​။
သူတစ်​ပါး​ကောင်​းမှု​ဆောင်​မယ်​။သူ​ကျေးဇူးတင်​ရုံက​လေးတင်​မဟုတ်​ဘဲ တကယ်​့​စေတနာ နဲ့​ဆောင်​ရွက်​​ပေးမယ်​။ငါမလုပ်​ချင်​တဲ့အလုပ်​ကို အနည်​းဆုံး နှစ်​ခု​တော့လုပ်​မယ်​။သည်​းခံနိုင်​​အောင်​ကျင်​့တဲ့ နည်​းအဖြစ်​နဲ့ လုပ်​ရလိမ်​့မယ်​။

၆.သည်​​နေ့အတွက်​​တော့ ငါသူတစ်​ပါးနဲ့တည်​့​အောင်​​နေမယ်​။ ငါ့မျက်​နှာ ကြည်​လင်​​အောင်​ ထားမယ်​။
အဝတ်​အစား သန်​့သန်​့ရှင်​းရှင်​းဝတ်​မယ်​။
စကားကို ညင်​ညင်​သာသာ​ပြောမယ်​။
ယဉ်​ယဉ်​​ကျေး​ကျေးပြုမူမယ်​။
သူတစ်​ပါးကိုချီးကျူးမယ်​။မနှိမ်​ဘူး။ အပြစ်​မရှာဘူး။
ဘယ်​ကိစ္စမှာ ဖြစ်​ဖြစ်​ အာဏာနဲ့ မပညတ်​ဘူး။

၇.သည်​​နေ့အတွက်​​တော့ သည်​​နေ့မှာ ရှိတဲ့ ကိစ္စ​တွေ​လောက်​သာ စဉ်​းစား​ဆောင်​ရွက်​မယ်​။​နောင်​​ရေး လည်​း​တွေးမပူဘူး။
​နောက်​က ဖြစ်​ခဲ့တာ​တွေလည်​း ​တွေးပြီး မ​ဆွေးဘူး။
သည်​က​နေ့ သည်​ကိစ္စကို သည်​​နေ့ပြီး​အောင်​ပိုင်​းဖြတ်​ပြီးလုပ်​မယ်​။

၈.သည်​​နေ့အတွက်​​တော့ ငါအလုပ်​ကို အစဉ်​အတိုင်​းလုပ်​မယ်​။ တစ်​​နေ့လုံးအတွက်​ နာရီတိုင်​းဘာလုပ်​မယ်​ဆိုတာကို​ရေးချထားမယ်​။
​ရေးထားတဲ့အတိုင်​းတစ်​သ​ဝေမတိမ်​းလုပ်​မယ်​​တော့မဟုတ်​ဘူး။အ​ကြောင်​းသင်​့သလို လုပ်​ရမှာ​ပေါ့။
ဒါ​ပေမယ်​့ လုပ်​ငန်​းစဥ့က​ဘေး​တော့လုပ်​ထားမယ်​။ ကတိုက်​ကရိုက်​ဆိုတာရယ်​။ချိတုံချတုံဆိုတာရယ်​ အဲသည်​နှစ်​ခုဟာ အဖျကိအစီး​တွေပဲ။
သည်​အဖျက်​အစီး​တွေကို​ချေမှုန်​းပစ်​လိုက်​မယ်​။

၉.သည်​​နေ့အတွက်​​တော့ နာရိ၀က်​​လောက်​တစ်​ကိုယ်​တည်​းကိုယ်​​ရော အ​ညောင်​းအည ​ဖြေ ဖို့ အနားယူမယ်​။
သည်​နား​နေချိန်​က​လေးမှာ ဘုရားတရားစိတ်​​တွေကိုသာ ကူးမယ်​။ အဲသည်​့​တော့မှ ငါ့ဘဝအ​ကြောင်​း ငါပြန်​သုံးသပ်​ဖို့ ဉာဏ်​ပွင်​့လန်​းလာမယ်​။
၁၀.သည်​​နေ့အတွက်​​တော့ ငါ​ကြောက်​စိတ်​ကို​ဖျောက်​ပစ်​မယ်​။ ​ပျော်​​ပျော်​​နေဖို့မ​ကြောက်​ဘူး။ အလှဓာတ်​မှာ အာရုံ စူးစိုက်​ဖို့ မ​ကြောက်​ဘူး။
​မေတ္တာ ပွားများဖို့ မ​ကြောက်​ဘူး။
ကိုယ်​​မေတ္တာ ပွားသ​လောက်​ သူတစ်​ပါးကလည်​း ကိုယ်​့ကို ​မေတ္တာ ပွားများဖို့ မ​ကြောက်​ဘူး။
ကိုယ်​​မေတ္တာ ပွားသ​လောက်​ သူတစ်​ပါးကလည်​း ကိုယ်​့ကို ​မေတ္တာထားကြလိမ်​့မယ်​လို့ ယုံကြည်​ရမှာ မ​ကြောက်​ဘူး