ကျွန်နော် ဆေးပညာဘွဲ့ယူထားတဲ့ ဆရာဝန်ပါ။
ကျွန်တော်က အတော်ဆုံးကျောင်းသားလဲမဟုတ်ပါဘူး။
အညံ့ဆုံးလဲမဟုတ်ပါဘူး
Average လောက်တော့ရှိမယ်ထင်ပါတယ်။
ဒါပေမယ့်ကျွန့်တော့်ကု်ကျွန်တော် ပြည့်ဝတယ်လို့မထင်ပါဘူး။
ကျွန်တော် ပေးမယ့်ဆေးတွေက လုံးဝသေချာတယ် မပြောရဲပါဘူး။
ကျွန်တော်တစ်ခုခုဆိုစာအုပ်ပြန်ကြည့်ရပါတယ်။
ပြန်ရှာရပါတယ်။ဘွဲ့ရပြီးတည်းက
တကယ်ကုသရတဲ့အကြိမ်.. နည်းလာတယ်။
အချို့စာတွေမေ့ကုန်တယ်။
ကျွန်တော်နှမြောပြီးတွေးကြောက်မိတယ်။
ကျွန်တော် စိတ်တွေထွေပြားပေမယ့်.. ဆေးရုံမှာ အလုပ်သင်ဆင်းခဲ့ရတုန်းက ကုသခဲ့ရတဲ့ပီတိတွေကို ပြန်လိုချင်ပါတယ်။
ဆရာဝန်စစ်စစ်ဘဝကို ပြန်တောင့်တပါတယ်။
လက်ရှိမှာ. GP ဆရာဝန်ဆိုတာ. တကယ့်ရောဂါတွေကုရတာမဟုတ်ဘူး။
ရောဂါမဖြစ်တာတွေကို အလကား ကုပေးတိုင်း..လာပြတော့. မလိုအပ်တဲ့ဆေးတွေပေးရတယ်။
ကျွန်တော်စိတ်ထဲမကောင်းဘူး။
ကျွန်တော်သူတု့်ရဲ့ကုလို့ပျောက်နိုင်တဲ့ရောဂါတွေကို.. တကယ်ပျောက်ကင်းအောင်ကုသပေးနိုင်သူဖြစ်ချင်တယ်။
ဘာလို့လဲဆိုတော့.. အချို့ကျွန်တော်ကြား.မိတဲ့သတင်းတွေ.
မသေသင့်ပဲသေ သွားရတဲ့အကြောင်းတွေ.
ငါသာဆိုရင်ကုပေးနိုင်မှာဆိုတဲ့စိတ်နဲ့ လောကအတွက်.. ကျွန်တော်ဆရာဝန်ဖြစ်လာရမှု အတွက် တာဝန်မကျေသလို ခံစားရတယ်။
လူနာတွေကို သက်သာစေဖို့ဆိုရင်..
အပြင်မှာတော့.. မဖြစိဖူး.
ဆေးရုံဆရာဝန်ဖြစ်မှရမှာလေ။
ဒါပေမယ့်..ဒီဆေးရုံတွေ..
အဲဒီဆေးရုံတွေမှာလည်း..ကျွန်တော့်ဒိလိုစိတ်နဲ့ သွားနေလို့မရဘူး။
ကျွန်တော်က လူတွေအားလုံးကိုလေးစားတယ်။
ကိုယိ့အပြစ်မဖြစ်အောင်နေတတ်တယ်။
ကိုယ့်ကြောင့်ဆိုရငိ၀န်ခံတယ်။
ဒါပေမယ့်. .ကျွန်တော့်ကိုမတရား အော်ဟစ်တာဆူပူတာကို လုံးဝမနှစ်သက်ဘူး။
ကျွန်တော် လူနာတွေကို စောင့်ရှောက်ချင်လို့ ဆရာဝန်ဖြစ်ချင်တာပါ။
ကိုယ့်အထက်က ဆရာဝန်တွေရဲ့ အော်ဟစ်ကြိမ်းမောင်းခံရဖို့.
ဆူပူခံရဖို့မဟုတ်ဘူး။
ကျွန်တော် ရဲ့ဆန္ဒလေးပြည့်ပါဥိးမလားတောင်..ထင်မိပါတယ်။.
ကျွန်တော့်ဘဝကို research နဲ့. လူနာတွေပေါ်မှာ မြုပ်နှံချင်ပေမယ့်.
ဒီမှာ facility မရှိဘူး..
၀မ်းနည်းမိပါတယ်။
တဖြည်းဖြည်းနဲ့ အပြင်လောကထဲရောက်နေတယ်။
ကျွန်တော်ံရဲ့အခြားအိမ်မက်တွေရှိပါသေးတယ်။
မိသားစုအတွက် စီးပွားရှာရဥိးမယ်
ဒါပေါမယ့်ငွေရှာတာတစ်ခုတည်းက ဘဝရဲ့အဓိပ္ပါယ်မဟုတ်ဘူးလေ..
ကျွန်တော်ဘာလုပ်ရမလဲမသိတော့ဘူး..
Leave a Reply