Many Lives, Many Memories.

Tag: zodiac

Dream into action.

In 2013, after I have graduated from university of medicine, I actually didn’t know how to live my life.
I was desperate and hopeless like others fresh graduate. During my gap period, I realized that it was a good time to turn my dreams into action.
That’s why I started to create mobile apps which was my dream. Many people believe that programming is essential to develop software. In my view, it was possible to develop ordinary mobile apps with the help of online development tools.
The first one I made was zodiac app. I made it to test the capability of the tool. Unexpectedly, I found out a way to generate revenue from apps.
As soon as I published the app, it became viral one on Facebook which encouraged me to continue the development.
I was staying in my room every day and nights and figuring out how my app should be look alike.
My next product was mobile health app, called Myanmar Fist Aid.
The idea came from my prior experience of using heath apps during internship in hospitals.
At first, I considered to develop remedy app, but I was worried the accuracy of my treatment since I was not a professional in home remedies.
Then, I switched my idea to just first aid which is more resourceful and easy to find references.
By the time I released my app, I heard many applauses from users.
I am still thinking that it was a golden time with sharp and innovative ideas. I cannot create anymore like this because of not having a strong foundation on the subject.
I have published 6 apps so far on google play.
The one named “Myanmar Zodiac “ hit the 100,000 download in mid -2016.
Others are about 50000+ in average.
Some people would wonder that I could have generated much money from these downloads.
The reality is I couldn’t, because all my earnings were generated from banner ads.
Splash screen ads were not installed by me. It was from the company by which the tool was operated.
Splash screen ads used to generate more money than ordinary banner ads, according to the articles.
I once requested them to allow me to use splash screen ads, but they didn’t allow.
I believe my app is the most downloaded one which used their tool.
I think their revenue must be doubled than mine. If I were able to program myself and the ads installed in apps were all mine, I could have been rich.
With my 3 years of experience on apps, I should have found a small company.
However, I don’t have enough courage to do it.
At least, I should have someone, a closed friend, who are good in managing, along with developers who are easy to communicate.

So, what would be my another destiny.

screen-shot-2016-11-23-at-9-47-46-am

Top downloaded apps between 2015 and 2016. Myanmar First Aid

ကျွန်တော် Developer

ကျွန်တော် အွန်လိုင်းကနေအလုပ်လုပ်လာတာတော်တော်ကြာပြီလို့ပြောလို့ရမယ်

၂၀၁၃ခုနှစ်တည်းကပေါ့။

များသောအားဖြင့် ဗေဒင် Application တွေထုတ်တယ်။ အစကတော့ offline သက်သက်ပဲ။နောက်တော့ အွန်လိုင်းပါချိတ်ပြီးကြည့်လို့ရအောင် စီစဉ်တယ်။  အပတ်စဉ် ဖော်ပြတဲ့ပုံစံမျိုးပေါ့ ။

၂၀၁၄ လောက်အထိ တော့အဆင်ပြေသေးတယ်။ ကျွန်တော်က တစ်နှစ်စာ ကြိုတင်ထားတာလေ။ အချိန်တန်ရင်သူ့ဘာသာ ပြောင်းလဲဖော်ပြပေးမှာပဲ။

အခုတော့ ကျွန်တော်အခက်အခဲတွေ့နေတယ်။ ကျွန်တော်အသုံးပြုတဲ့ ဗေဒင်တွေက မူပိုင်ခွင့်နဲ့ညိနေလို့ လေ။

အဲဒီတော့ ခွင့်ပြုချက်မရပဲဆက်လက်ဖော်ပြလို့မဖြစ်တော့ဘူး ။တကယ်ဆိုရင် ကျွန်တော်၂၀၁၅ အတွက်အားလုံးပြင်ဆင်ပြီးပါပြီ။ ဒါပေမယ့် ခွင့်ပြုချက်မရပဲ တားမြစ်ခံရလို့ ကျွန်တော်အားလုံးရပ်ဆိုင်းလိုက်ရတယ်။

၂၀၁၅ ခုနှစ်အတွက် application ထုတ်ဖို့ကို ကျွန်တော်၂လလောက်အချိန်ယူရတယ်။ ဒေတာတွေစစ်ရတယ်။

ဒီကြားထဲအချိန်မှီမပြီးမယ့် အခက်အခဲတွေ ,အချိန်မှီလုပ်ပေးမယ်ဆိုပြီးကတိဖျက်တဲ့သူတွေနဲ့လည်းတွေ့ရတယ်။

တကယ်ဆို ကျွန်တော် ပေးခဲ့ရတာတွေလည်းအများကြီးရှိတယ်။ ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ အွန်လိုင်းကိုတင်ပေမယ့် တစ်လပဲကြာတယ် ။ကျွန်တော် ကြိုးစားထားသမျှတွေအားလုံးကို ဖျက်သိမ်းပစ်ရတယ်။  အပတ်တိုင်းပြမယ့်အစီအစဉ်လည်းရပ်လိုက်ရတယ်။

စိတ်ဓာတ်တွေလုံးဝပစ်ပြီးကျသွားတယ်။ အွန်လိုင်းအဖြစ်ရပ်တည်နေတဲ့ application တွေက အမြဲတမ်း အွန်လိုင်းရှိတဲ့အရေအတွက် က ၂၀၀၀၀ လောက်ရှိတာကိုး/

ဒေါင်းလုဒ်ကောင့်ကလည်း စုစုပေါင်း သိန်းကျော်တော့မယ်ထင်တယ်။

ကျွန်တော်ဒီပရိတ်သတ်တွေအားလုံးကို ဘာမှမပေးနိုင်တော့ဘူး။

ကျွန်တော့်ရဲ့ application သုံးတဲ့သူတွေကို လက်လွှတ်ရတော့မှာလေ

ဒီခံစားချက်ကို သာမာန်လူဆိုရင် ကောင်းကောင်းခံစားပေးတတ်မှာမဟုတ်ပါဘူး။

အစကကျွန်တော့်ရဲ့Application တွေကိုမကြည့်ချင်လောက်အောင် မုန်းသွားခဲ့ဖူးသေးတယ်။

နောက်တော့မှ အပတ်စဉ်ဘယ်လိုပြန်လုပ်မလဲဖြေးဖြေးချင်းစဉ်းစားတယ်။

ကျွန်တော်တစ်ယောက်တည်းရပ်တည်လို့ကတော့မရတော့ဘူး။ ဗေဒင်ဆရာတစ်ယောက်ယောက်နဲ့ပူးပေါင်းပြီးသူက အပတ်စဉ်ဟောစာတမ်းပေးမယ်။ ကျွန်တော်က ထည့်ပေးမယ်။ သူ့အမည်ကို ထည့်သွင်းပေးမယ်။ ဗေဒင်မေးချင်ရင် ချိတ်ဆက်ပေးမယ်။ ဒါမှမဟုတ်လည်း အသုံးပြုခအနေနဲ့ ကျွန်တော် တတ်နိုင်သလောက် ဉာဏ်ပူဇော်မယ်။ ကျွန်တော့်ရဲ့ applicationတွေက လည်း ဂူဂယ် ကြော်ငြာထည့်ခအနေနဲ့ ငွေနည်းနည်းဝင်ပါတယ်။ ဒါပေမယ့် အဓိက ကတော့ ကျွန်တော် အနှစ်နှစ်အလလကြိုးစားခဲ့တာလေးတွေကို ဒီတိုင်း မလွှင့်ပစ်ရက်ဘူးဗျာ/

တွေးတိုင်းကျွန်တော်ကြေကွဲတယ်။ ဒီပညာရပ်တွေက ကျွန်တော့်ကိုဘယ်သူမှမသင်ပေးပါဘူး

ကွန်ပျူတာရှေ့မှာထိုင်လိုက် တွေးလိုက် ရှာလိုက် စမ်းသပ်လိုက်နဲ့ဒီလောက်အထိဖြစ်လာတာပါ။

ကျွန်တော်အပတ်စဉ်ဖော်ပြဖို့ အတွက် ကြံစည်တုန်းကဆိုရင် အပတ်တိုင်း လိုက်ပြင်ပေးစရာမလိုပဲနဲ့ သူ့ဘာသာအလိုအလျောက် ပြနေအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို  ထမင်းစားရင်းကော ရေချိုးရင်ကော

အိပ်နေရင်းမှာတောင် စဉ်းစားပါတယ်။

ကျွန်တော်က Programming ကိုလေ့လာသင်ယူထားသူလည်းမဟုတ်တော့ ကျွန်တော်အသုံးပြုလို့ရတဲ့ နည်းက အကန့်အသတ်ရှိပါတယ်။ အွန်လိုင်းက အခမဲ့ application ဆောက်တဲ့ website တစ်ခုကို သုံးပြီးဖန်တီးတာပါ။ဒီဇိုင်းနဲ့ဘယ်လို ပုံစံဖန်တီးမလဲ ။ဘယ်လို အရာတွေကို ထည့်သွင်းမလဲ။

အသုံးပြုသူတွေနဲ့ဘယ်လိုချိတ်ဆက်မလဲဆိုတာတွေကိုအဓိက စဉ်းစားရတာပါ။

Coding ပိုင်းနဲ့ပတ်သက်လို့ကျွန်တော်ဘာမှ လှည့်ကြည့်စရာမလိုပါဘူး။

ကျွန်တော် သိချင်တဲ့အရာတွေကို တစ်ခါတစ်လေ Google ထဲမှာလည်းရှာမတွေ့ပါဘူး။ အဖြေတွေအားလုံးကိုပေါင်းစပ်ပြီး စိတ်ကူးအသစ်နဲ့စမ်းသပ်ကြည့်ရတာပါ။

ကျွန်တော့်ရဲ့app ကိုအခြား နိုင်ငံခြားက နေ့စဉ် ဟောစာတမ်း appတွေလို ဖော်ပြအောင်

နောက်ဆုံးတစ်ခုတည်းပြအောင် အချိန်မှန်အသစ်လဲပေးအောင်

အဲဒီနည်းတွေကို ကျွန်တော် ကိုယ့်ဘာသာရှာတွေ့ခဲ့ပါတယ်။ ။ ကျွန်တော့်အရင်က တော့ မြန်မာ ဗေဒင် app တစ်ခုရှိပါတယ်။ သူက နေ့စဉ်ပြပေးတာပါ။

ကျွန်တော်စလုပ်တဲ့အချိန်မှာတော့သူက ဆက်လက်သုံးလို့မရတော့ပါဘူး။

Offline အဖြစ်ပြပေးပြီး အပတ်တိုင်း လည်ပတ်နေတဲ့ ဗေဒင်appလည်းရှိပါတယ်။

ကျွန်တော်ဖန်တီးနေတဲ့အချိန်အတွင်းမှာတော့ ပုံစံတူမရှိခဲ့ပါဘူး။

ကျွန်တော်ရင်ထဲမှာသိမ်းထားရတဲ့စကားလေးတွေပါ။ လူတိုင်းကိုပြောပြလို့လည်းသူတို့တွေက နားမလည် ပေးတတ်ရင်ကျွန်တော်ပဲပိုခံစားရတာလေ။ ကျွန်တော့်ရဲ့သက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို လည်းကိုယ့်ဘာသာလုပ်ပြီး ဝါသနာလည်းပါမုန့်ဖို့လည်းရတဲ့ ဒီလို appတွေကိုလည်းကျွန်တော်ဆက်လက် လုပ်နေချင်ပါသေးတယ်။ တစ်နှစ်စာ ကြိုဖန်တီးထားနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ/

ကျွန်တော့်appတွေထဲကနေ သူတို့ ကို စိတ်ပျော်ရွှင်စေမယ့် ဗေဒင်အကြောင်းလေးတွေပုံမှန်မြင်ရဖတ်ရရင် သူတို့လည်းပျော်မယ်။

ကျွန်တော်လည်းပျော်မယ်။

ဒါပေမယ့် လက်ရှိမှာတော့ သူတို့ ရဲ့မျှော်လင့်ချက်တွေပျောက်

ကျွန်တော့်ရဲ့မျှော်လင့်ချက်လည်းပျောက်။။

25.3.2015(ဗုဒ္ဓဟူး)

မောင်အာသာ

ကျွန်တော်နှင့် Myanmar Zodiac

Image

Myanmar Zodiac ဆိုတဲ့ Android app လေးကို Android ဖုန်းသူများ ကြားဖူးရင်းနှီးဖူးကြလိမ့်မယ်ထင်ပါတယ်။

ကျွန်တော်ကတော့ အဲဒီ Applicationလေးကို ဖန်တီးပြုလုပ်သူ ငြိမ်းချမ်းကိုကိုဖြစ်ပါတယ်။Image

၂၀၁၂ ခုနှစ် ကုန်ခါနီးအချိန်လေးတွေမှာပေါ့.
ကျွန်တော်က Facebook အရမ်းသုံးတဲ့သူတစ်ဦး။
တစ်ခါ Facebook page တစ်ခုကနေ.. ဗေဒင်ဟောစာတမ်းလေးတွေ တွေ့တယ်။
ရာသီအလိုက် ..ဟောထားရေးထားတာလေးတွေပေါ့။
အစတည်းက ကျွန်တော်က ဆရာစံဇာဏီဘိုရဲ့ ဟောစာတမ်းတွေကို သဘောကျတယ်။
နှစ်တိုင်းစာအုပ်ဝယ်ဖတ်လေ့ရှိတယ်။အခုတစ်ခေါက်မှာတွေ့မိတဲ့ဟောစာတမ်းတွေက ဆရာစံဇာဏီဘိုတော့မဟုတ်ဘူး။
ဆရာသက်နှင်းဆွေ (ပုပ္ပါး)တဲ့။
ကိုယ့်ကိုသေချာကြည့်ပြီး လက်ညှိိုးထိုးပြောနေသလိုပဲ။
သူငယ်ချင်းတွေကိုလည်းပြ ကျွန်တော်ကိုယ်တိုင်လည်း.. ဖုန်းထဲ ဒေါင်းလုတ်ဆွဲထားလိုက်တယိ
ဒီလိုနဲ့ လတွေတစ်လပြီးတစ်လကုန်သွားတယ်.
ကျွန်တော်လည်းဘွဲ့ရ..
နယ်မြို့ကို ပြန်တော့. .ယောင်လည်လည်နဲ့ဘာလုပ်ရမှန်းမသိ။
တစ်နေ့တစ်နေ့ ကွန်ပျူတာ ရှေ့မှာ ပဲ။
အဲဒီ အချိန် က မြန်မာ android app တွေကို ကြည့်ပြီး.. app တစ်ခုလုပ်ချင်စိတ်က အရမ်းထက်သန်နေတယ်။
ဟိုစာဖတ်ဒီစာဖတ်နဲ့. . သိပ်မခက်ခဲပဲ .ရေးနည်းတစ်ခုကို တွေ့သွားတယ်။
ဘာappရေးရင်ကောင်းမလဲစဉ်းစားတော့ ဗေဒင် က စိတ်ထဲတန်းဝင်လာတယ်။
ဒါနဲ့ ဒေါင်းလုပ်ဆွဲထားတဲ့ ဟောစာတမ်းတွေကို ယူ.ပြီး Android appတစ်ခုကိုဖန်တီးတော့တယ်။

စပြုလုပ်ခါစက. . background လှအောင်ဆိုပြီး. wallpaper တွေစွတ်ထည့်တယ်။
တစ်ခုတစ်ခုဖွင့်ဖို့ကိုလေးပြီး။ စာဖတ်ရတာလည်း တော်တော် ဒုက္ခရောက်တယ်။
ကွယ်နေတာ ကောင်းကောင်းမမြင်ရတာနဲ့.
နောက်ပြီး. စာတွေက screen ကို ကျော်ထွက်နေတာတွေက လည်းရှိသေးတယ်။

အဲဒါတွေကို screen ထဲကွက်တိ၀င်အောင် တစ်ကြောင်းချင်း စိတ်ရှည်လက်ရှည်ထိုင်ပြင်ရတယ်။

မှတ််မိပါသေးတယ်။
အဲဒီ app ကို ပြီးအောင်လုပ်ဖို့ရုန်းကန်တဲ့ညက . မနက် ၅ နာရီလောက်မှ အိပ်ပျော်တယ်။
ဖုန်းဘေလ် က လည်း. data internet သုံးတာနဲ့၄ ရက်လောက်ကို တစ်ကတ်ကုန်နေတာ။

app ကို အချောသတ်ပြီးတော့. MMUC group ထဲမှာဖြန့်တယ်။
သုံးတဲ့သူသိပ်မရှိဘူး။
ကျွန်တော့်ရဲ့ appက တစ်သက်တာဟောစာတမ်းတွေပဲပါတာလေ။
ကျန်တာဘာမှမပါဘူး။
လက်ရှိထုတ်ထားတဲ့ version ကို အားမရသေးဘူး။
နောက်ထပ် ထပ်ထည့်ဖို့စဉ်းစားတော့ ကွန်ပျူတာဗေဒသုခမက numerology ဟောကိန်းတွေသတိရတယ်။
ဒါတွေကလည်း fb မှာအရမ်း hot တဲ့အရာ။
အိုကေ..ဒါလည်းထည့်မယ်ပေါ့.

အဲဒီမှာ ပြဿနက စပြီ။
ကျွန်တော့် appက data တွေ ပုံတွေ များပြီး crashed ဖြစ်ချင်နေပြီ။
ဒါနဲ့ပဲ ထုတ်ထားပြီးသားကိုထပ်မပြင်တော့ပဲ။
ဒုတိယ တစ်ခုအသစ် ရေးတယ်။
background တွေဖြုတ်တယ်။ icon တွေစိတ်ကြိုက်ရွေးတယ်။
အရင်တစ်ခေါက်သုံးတဲ့ app icon က အင်တာနက်က ဒေါင်းလုတ်ဆွဲထားတဲ့ဟာ.
ဒီတစ်ခေါက်ကျတော့ကိုယ်ပိုင် icon လေးလိုချင်တယ်။
အဲဒါနဲ့ MMUC က ကိုချီလီချမ်းကို အပူကပ်ပြီး Icon လုပ်ခိုင်းတယ်။

ဧပြီလ ထဲမှာ version 1.1 ထွက်လာတယ်။
သုံးတဲ့သူ ရာဂဏန်းလောက်ရှိတာပေါ့..

version 1.2နဲ့ 1.2.1 ကို မေလထဲမှာထပ်ထုတ်တယ်။
ဒီထဲမှာတေ်ာတော်စုံနေပြီ။
အဲဒီအချိန်တည်းက ကျွန်တော့်ရဲ့ app ကို Playstore မှာ တင်ချင်နေပြီ။
Playstore မတင်နိုင်မချင်း..အပြင်က နေရှယ်တာနဲ့ .. ဘယ်လိုမှမပေါက်နိုင်ဘူးလို့ကျွန်တေ်ာထင်တယ်။
ဒါပေမယ့် Google က မြန်မာနိုင်ငံကို Playstore မရအောင်ဘန်းထားတာတောင် ဖျက်အောင်
မလုပ်နိုင်သေးတာဆိုတော့.
လုပ်လည်း ဒေါင်းလုတ်ဆွဲမယ့်သူရှိမှာမဟုတ်ဘူးလို့တွေးပြီ း အသာငြိမ်နေလို်က်တယ်။
ဒီကြားထဲမှာ ခရီးထွက်တာတွေ.. နဲ့အခြားလုပ်စရာရှိတာတွေနဲ့.. APPဘက်ကိုမလှည့်နိုင်ဘူး။

Myanmar Zodiac ဆိုပြီး .နာမည်တစ်ခုထွက်လာအောင် ပေါက်ခဲ့တဲ့အချိန်က ၂၀၁၃ စက်တင်ဘာလ.
Playstore လည်း. Google ဥက္ကဌ မြန်မာနိုင်ငံလာပြီးတဲ့နောက်မှာ ပွင့်သွားပြီ။
user တွေလည်း Playstore ကို စသုံးတတ်သလို.. Myanmar appတွေလည်း ကြိုကြားကြိုကြားပေါ်လာပြီ။
ကျွန်တော်ရဲ့ မိတ်ဆွေတစ်ယောက်ရဲ့ Google wallet ကို အသုံးပြုပြီး
Developer fee ပေးရမယ့် 25$ ကိုချေပြီး .အကောင့်လုပ်လိုက်တယ်။
သူ့မေးလ်နဲ့အကောင့်လုပ်ပြီး။
ကျွန်တော့်ရဲ့ personal mail ကို developer team member အနေနဲ့ invite email ပို့လိုက်တယ်။
ပထမဆုံး app Myanmar Zodiac version 1.6 ကို ကိုအောင်မြင့်ဟိန်းကနေပြီး.
Playstore မှာတင်ပေးတယ်။
အဲဒီ app တင်ထားတုန်းမှာ Myanmar firstaid ဆိုတဲ့ အရေးပေါ်အသက်ကယ်နည်းတွေအကြောင်းရေးထားတဲ့ apk တစ်ခုကို ဆက်လုပ်နေတယ်။
သူ့ကိုလုပ်လတာ၂ပတ်လောက်ကြာတယ်။
သူ့ကို ထုတ်ဝေခဲ့တာ Google playstore အကောင့်ရပြီးသိပ်မကြာခင်မှာပဲ။

နောက်ပြီးတော့. ကျွန်တော့်ရဲ့ app ကို Mobile group တွေမှာတင်တယ်
MMUC,MMAS,MMSD. နဲ့အခြားသော blog တွေ.
လင့်ကို Playstore လင့်ပဲအဓိက ပေးတယ်
ရှယ်ပေါင်းရာကျော်ခဲ့တယ်။ ဖုန်းလောက ကမိတ်ဆွေတွေကို tag လုပ်တယ်။
ကျွန်တော် ဘယ်သူ့ကိုမှ tag လုပ် ပြီး ကြေငြာလေ့မရှိပါဘူး။
အဲဒီနောက်Facebook page ကို အောက်တိုဘာ ၄ရက်နေ့မှာ ထောင်တယ်။

အောက်တိုဘာ ၅ရက်နေ့မှာ
vesion 1.7 ကို ထုတ်ဝေတယ်။ ဒီတစ်ခေါက် appထဲမှာ features တွေတော်တော်စုံစုံလင်လင်ထည့်ထားတယ်။ တစ်ပတ်တစ်ခါ update လုပ်ပေးနေတဲ့
အပတ်စဉ်ဟောစာတမ်း. ။
မိမိရဲ့ဟောစာတမ်းကို facebook ကို ရှယ်တဲ့ function.
ပြီးတော့ app နဲ့ google play နဲ့update လို့ရအောင် တိုက်ရိုက်ချိတ်လိုက်တယ်
အဲဒီ 1.7 အထွက်မှာ Myanmar ZOdiac app အကြောင်းဂျာနယ်တွေထဲမှာပါလာတယ်။
Myanmar firstaid အကြောင်းကောပဲ။
Google playstore က Download count တွေကလည်း တက်လာတယ်။

1.7 မှာ wallpaper တစ်ချို့သုံးလို်က်မိတဲ့အတွက် ..Appက လေးသွားတယ်.
ဒါကြောင့် wallpaper တွေပြန်ဖြုတ်ပြီး.1.11 .ထုတ်တယ်

၁၁.၁၂.၁၃ မှာ 1.12 ကိုထုတ်တယ်။အဓိက အဲဒီ version မှာက မြန်မာစာတွေလွဲနေတာကိုလုံးဝ
၁၀၀% မှန်သွားအောင်ပြင်လိုက်တာပါ။
အစတည်းက Myanmar zodiac app မှာမြန်မာစာ built in ထည့်ထားလို့. မြန်မာဖောင့်မပါတဲ့ဖုန်းတွေမှာလည်းဖတ်လို့ရပါတယ်။
Developer ကို ကျော်စွာသွင်ရဲ့ smart zawgyi pro ဖော်င့ကို သုံးပြီးနောက်လုံးဝမှန်ကန်သွားတယ်။

အဲဒီနောက်တော့ ထူးထူးခြားခြားပြောင်းလဲမှုတွေမပါပဲ..
ပိုမို access လုပ်ရလွယ်ကူအောင်ပဲ version အသစ်တွေပြုလုပ်ခဲ့တယ်။
အခုဆိုရင် Google play store က ဒေါင်းလုတ်ကောင့် ၁၀၀၀၀ ကနေ ၅၀၀၀၀ ၀န်းကျင်.
အွန်လိုင်းချိတ်ဆက်ထားတဲ့ အသုံးပြုသူပေါင်းက ၅၀၀၀ ခန့်ပုံမှန်ရှိနေပြီ။
တစ်နေ့ကို အကြိမ်ရေ ၅၀၀၀ခန့် ဖွင့် ၍ ဖတ်သူ ရှိနေပါတယ်။

Facebook က Data အနေနဲ့လည်း. အပတ်စဉ်ဟောစာတမ်းကိုရှယ်သူဦးရေ.
ဒေါင်းလုတ်ပြုလုပ်သူဦးရေ..တွေပုံမှန်ရှိနေတယ်။

ဟိုးအရင်က လည်းပြောဖူးတယ်
အမြဲလည်းကျွန်တော်ပြောတယ်။ ကျွန်တော်က Code ရေးတဲ့ Developer မဟုတ်ပါ။
Codeကို တစ်ကြောင်းမှ မရေးတတ်သူတစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ Code ရေးလို့မရတဲ့အဆင့်ကိုကျော်ပြီး App ရအောင်ပြုလုပ်ရာက.နေ
မထင်မှတ်ဘဲဒီလောက် အားပေးသူရခဲ့တယ်။
ကျွန်တော့်ရဲ့ အခြား Appတစ်ခုဖြစ်တဲ့ Myanmar first aid ကတော့ အရမ်းမပေါက်ခဲ့ဖူး။
ဒီထက်ပိုကောင်းတဲ့ Appတွေထပ်ပြီးဖန်တီးချင်သေးတယ်။
ဒါပေမယ့်.. ကျွန်တော့်မှာက Language barrier ရှိနေတယ်.
ဘာ Language မှမတတ်တဲ့ သူ..ပြီးတော့ code တွေရေးရတာလည်းပျော်သူမဟုတ်ဘူး.။
ဖန်တီးရတာကိုပဲပျော်တာ.

အခြားသော ကျွန်တော်နဲ့သက်ဆိုင်တဲ့အလုပ်တွေလုပ်ရဦးမယ်.
ဒါပေမယ့် ဒါလေးကတော့ .. ၀ါသနာနဲ့အောင်မြင်တဲ့ အလုပ်လေးတစ်ခုပဲ..

Powered by WordPress & Theme by Anders Norén