Many Lives, Many Memories.

Category: Myanmar Unicode Page 2 of 3

English Myanmar Medical Dictionary

Hi.

Here is my sample prototype for English Myanmar Medical Dictionary.

I am sure I can not collect all the data alone.

So , I open it to public to collect as many data as  I can.

I accept medical words and their definition in both unicode and zawgyi.

Of course, unicode alone will work in final version.. But for the convenience of data filler., I need to accept both version then I will convert them to unicode later.

So, If you use zawgyi to fill the data , plz go to tinyurl.com/mdzawgyi

If you use unicode format to include data, go to tinyurl.com/mdunicode

Thanks a lot..

Let’s make this together ….

CHEERS 😀

Nyein Chan Ko Ko

13521961_10201763100276454_468632426507645759_n

//pagead2.googlesyndication.com/pagead/js/adsbygoogle.js

(adsbygoogle = window.adsbygoogle || []).push({});

Unicodeသို့မဟုတ် Zawgyi တို့ဖြင့် Google တွင် နှိုင်းယှဉ်ရှာဖွေကြည့်ရာဝယ်

ပျင်းနေလို့ နည်းနည်းလျှောက်ပြီး လေ့လာမိတာလေးပြောပါရစေ။
မနေ့က ကိုစေတန် တင်တဲ့ဘလော့ဂ်ကနေ ရေးတဲ့စာထဲမှာ

ဇော်ဂျီနဲ့ရေးတဲ့စာတွေကို ရှာရင်
ဂူဂယ် က တဖြည်းဖြည်းနဲ့ ပြတာနည်းလာလို့ ဇော်ဂျီနဲ့ရှာရင် ရှာရပိုခက်လာမယ်ဆိုပြီးတော့ ပါတယ်ဗျ။

အခုကျွန်တော် အဲဒါကိုလက်တွေ့လိုက်စမ်းကြည့်ပါတယ်။

ယူနီကုတ်နဲ့ရှာတာရယ် ။ဇော်ဂျီနဲ့ရှာတာရယ် နှစ်ခုကို စခရင်ရှော့ ပြထားပါတယ်။

ပထမတစ်ခုကတော့ ဝေးလွင့်ခြင်း၏ နောက်ဆုံးခြေရာ ဆိုတဲ့သီချင်းကိုရှာကြည့်ပါတယ်။

ပုံ(၁) ကတော့ ယူနီကုတ်နဲ့ရှာရင်မြင်ရတဲ့ပုံပါ။
ရလဒ် ပေါင်း 3710 ရှိတယ်လို့ပြပါတယ်။
ပုံ(၂)က တော့ ဒီသီချင်းနာမည်ကို ပဲဇော်ဂျီနဲ့ရှာတဲ့ပုံပါ။
ရလဒ် 169 ခုရှိတယ်လို့ပြပါတယ်။

screencapture-www-google-com-mm-1454164860212ပုံ(၁) ယူနီကုဒ်ဖြင့်ရှာဖွေခြင်း

screencapture-www-google-com-mm-1454164874783

ပုံ(၂) ဇော်ဂျီဖြင့်ရှာဖွေခြင်း

 

နောက်ပြတဲ့ရလဒ်တွေရဲ့မှန်ကန် တိကျမှုကို ကြည့်ပါတယ်။
နှစ်ခုယှဉ်ကြည့်ရင် ဘယ်လိုမြင်ရလဲတွေ့ပါလိမ့်မယ်။
နောက်ရှာဖွေတဲ့ကြာချိန်ကို ယှဉ်ကြည့်ပါတယ်။
ယူနီကုတ်နဲ့ရှာရာမှာ (0.42 စက္ကန့်) ကြာပြီး တွေ့တာ 3710 ခုရှိကြောင်းပြပါတယ်။
ဇော်ဂျီနဲ့ရှာရာမှာ (0.63စက္ကန့်) ကြာပြီး တွေ့တာ 169 ခုလို့ပြောပါတယ်။

ဒါနမူနာတစ်ခုပဲရှိပါသေးတယ်။
နောက်တစ်ခု ပါပီလွန်နှင့်ဗင်ဂို ကို ကျွန်တော်ရှာ တော့လည်း
ပုံ(၃) နဲ့ပုံ(၄) အတိုင်းထွက်ပါတယ်။

(၃) ကယူနီကုတ်ပါ ။ အဖြေ 2490 တွေ့ပြီး ရှာချိန် 0.19 စက္ကန့်ပါ
(၄)က ဇော်ဂျီပါ.။ 408 တွေ့ပြီး ရှာချိန် 0.50 စက္ကန့်ပါ။

စကားလုံးရှည်ရှည်တွေရှာလေ ရလဒ် ကွဲပြားတာသိသာလေဖြစ်ပါလိမ့်မယ်။

 

screencapture-www-google-com-mm-1454165329055

ပုံ(၁) ယူနီကုဒ်ဖြင့်ရှာဖွေခြင်း

screencapture-www-google-com-mm-1454165310676

ပုံ(၂)ဇော်ဂျီဖြင့်ရှာဖွေခြင်း

မြန်မာပုံနှိပ်စာလုံးတွေကို ကွန်ပျူတာ စာလုံးအဖြစ် ပြောင်းလဲနိုင်ဖို့

ကျွန်တော့်ဘေးမှာ ရှိတဲ့မြန်မာဘာသာ နဲ့ရေးထားတဲ့စာအုပ်တစ်အုပ်ကို ပုံနှိပ်စာလုံးကနေ အလွယ်တကူ ကွန်ပျူတာစာလုံးတွေအဖြစ် ပြုလွယ်ပြင်လွယ်လုပ်လို့ရဖို့ဆိုတာ ကျွန်တော့်အိမ်မက်ပါ။

အင်္ဂလိပ်ဘာသာ နဲ့ရေးထားတာတွေကို တော့ ကွန်ပျူတာစာလုံးအဖြစ်ပြောင်းလို့ရပြီး မြန်မာစာ ကို ရဖို့ကို တော်တော်ကြာစောင့်ခဲ့ရပါတယ်။
ကျောင်းသားဘဝတုန်းက စင်ဘီယွန် သုံးနိုကီယာဖုန်းသုံးစဉ်က လိပ်စာကတ်လေးတွေကို ဓာတ်ပုံရိုက်ပြီး အလွယ်တကူ ဖုန်းစာအုပ်ထဲ ထည့်သွားတာကို တော်တော်သဘောကျနှစ်သက်ခဲ့ဖူးပါတယ်။

အခုတော့ ဒီထက်အဆင့်မြင့်တဲ့ နည်းစနစ်တွေပေါ်နေပါပြီ။

အရင်ကလို မြန်မာ စာတွေကိုကွန်ပျူတာစာလုံးပြောင်းချင်ရင် အစအဆုံး တစ်အုပ်လုံး စာစီစာရိုက်ပြန်လုပ်ဖို့မလိုတော့ဘူးဆိုတာ ကို သိပြီးပြီးလား။
တော်တော်များများကတော့ သိကြမယ်မထင်ပါဘူး။ ဒါပေမယ့် တကယ် ဖြစ်နိုင်ပါတယ်။
Google Drive ထဲမှာ ပါတဲ့ လုပ်ဆောင်ချက်တစ်ခုနဲ့ ကျွန်တော်တို့ စကန်ဖတ်ထားတဲ့ မြန်မာစာတွေကို ကွန်ပျူတာစာလုံးပြောင်းလို့ရနေပါပြီ။
ဒီနည်းစနစ်ကို အိုစီအာ (OCR) Optical Character Recognition အမြင်ဖြင့်စကားလုံးပုံရိပ်ကိုမှတ်သားခြင်း လို့ခေါ်ပါတယ်။
ဒီအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မြန်မာလို ရေးထားတာမရှိသေးတဲ့အတွက် အခြားသူတွေ အလုပ်တွင်ကျယ်အောင် အသုံးကျစေဖို့ ကျွန်တော်ရေးသား ဖော်ပြပေးလိုက်ရပါတယ်။

ကျွန်တော် ဒီဟာကို သုံးဖို့အတွက် လိုအပ်တာကတော့
ကွန်ပျူတာ တစ်လုံးကတော့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ လောလောဆယ်မှာ Google Drive က ဒီ လုပ်ဆောင်ချက်ကို application အနေနဲ့မထုတ်သေးလို့ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ စကန်ဖတ်ထားတဲ့ စာပါ။ ဓာတ်ပုံဖိုင်နဲ့ဖြစ်စေ pdf နဲ့ဖြစ်စေ Google Drive ထဲကို Upload တင်လိုက်ဖို့လိုပါတယ်။
ကျွန်တော့်မှာ တော့ စကန်နာ မရှိတဲ့ အတွက် ရှိတဲ့ဖုန်းကို ပဲ စကန်နာ အဖြစ်အသုံးပြုပါတယ်။
ကျွန်တော်အသုံးပြုတာကတော့ Google play ထဲမှာရှိတဲ့ Camscanner application လေးပါ။

screencapture-play-google-com-store-apps-details-1454223189090 Camera ကို Scanner အဖြစ်အသုံးပြုတဲ့အခါမှာ
လက်မငြိမ်တာ အလင်းအားနည်းတာ ၊အရိပ်ကျတာတွေကြောင့် စကန်ဖတ်တာကထွက်လာတဲ့ စာပေါ်မှာ ပုံမပြတ်သားတာတွေဖြစ်တတ်ပါတယ်။
ဒါကြောင့် ကျွန်တော်က အတတ်နိုင်ဆုံးလက်ကိုငြိမ်အောင်ထား ကူးချင်တဲ့စာကို ဖုန်းကင်မရာနဲ့ချိန်တဲ့အခါ ရေပြင်ညီ အတိုင်းဖြစ်နေဖို့လည်းလိုပါတယ်။
ပြီးတော့ ဖုန်းရဲ့ကင်မရာ Flash မီးကိုဖွင့်ပြီးရိုက်ပါတယ်။ ဒါမှပြတ်သားတဲ့စာလုံးတွေပေါ်မှာပါ။
ပြီးရင်တော့ Application ကနေ လိုချင်တဲ့စာအပြည့်ပါအောင် ဘောင်တွေကိုပြန်လည်ချိန်ညှိရပါတယ်။ ပြီးရင်တော့ Scan ဖတ်ဖို့ အချောထုတ်လိုက်ပါတယ်။
ကျေနပ်ပြီဆိုရင်တော့ Share ကနေတဆင့် Google Drive Account ထဲကို အင်တာနက်ကနေလှမ်းတင်လိုက်ပါတယ်။

ပြီးရင်တော့ တစ်ဖက်ကွန်ပျူတာမှာ Drive.google.com ကိုဖွင့်ပြီး အဆင်သင့်စောင့်နေပါတယ်။ Google Drive ထဲကို စကန်ဖတ်ထားတဲ့ ဓာတ်ပုံဖိုင်တွေရောက်ပြီဆိုရင်တော့ အဲဒီပုံပေါ်မှာ ညာဘက်ကလစ် ( Right Click) နှိပ်ပြီး Google Docs ဆိုတာလေးကိုနှိပ်လိုက်ပါတယ်။

12645109_10201246311197050_8398897253648226508_n

ဒါကတော့ တင်ထားတဲ့ဓာတ်ပုံဖိုင်ကို စာအနေနဲ့ပြောင်းဖို့ အတွက်ပါ။ Jpeg ဓာတ်ပုံဖိုင်တွေအပြင် Pdf တွေကိုလည်းလက်ခံပါတယ်။
ဒါပေမယ့်ကွာခြားချက်ကတော့ ဓာတ်ပုံဖိုင်ဆို ရင် သူက တင်ထားတဲ့ပုံကို ကူးပြောင်းလိုက်တဲ့စာနဲ့တွဲပြပါတယ်။ ဒါကြောင့် စာကို အချောဖတ်အမှားစစ်တဲ့အခါအသုံးဝင်ပါတယ်။ Pdf အဖြစ်ဆိုရင်တော့ ဓာတ်ပုံဖိုင်ကို မဖေါ်ပြဘဲ ပုံရိပ်ကနေ စာသားအဖြစ်ပြောင်းထားတာကိုပဲ တစ်ခါတည်းဖော်ပြပါတယ်။

နမူနာပုံကိုကြည့်လိုက်ပါ။ ဆရာဖေမြင့်ရဲ့စဉ်းစားခြင်းဆိုတဲ့စာအုပ်ထဲက စာမျက်နှာတစ်ခုပါ။

screencapture-docs-google-com-document-d-1lLor2CpORNVMyodHQQJHyz2uaZ9iG2gyxzXWFXqcJk4-edit-1454219447744
ဒါက ပြောင်းပြီးတဲ့အခါထွက်လာတဲ့ ပုံဖြစ်ပါတယ်။ ပြောင်းချင်တဲ့ စာအရေအတွက် နဲ့ ပုံအရွယ်အစား ၊စာမျက်နှာတွေပေါ်မူတည်ပြီးတော့ အလုပ်လုပ်ချိန်နည်းနည်းကြာတတ်ပါတယ်။
ပြောစရာရှိတာက ထွက်လာတဲ့ စာက ပိတောက် ဆိုတဲ့ဖောင့်ကို သုံးတဲ့ ယူနီကုဒ် စနစ်သုံးမြန်မာစာဖြစ်ပါတယ်။ စကန်ဖတ်ထားတဲ့ပုံအရည်အသွေးပေါ်မူတည်ပြီး

၈၅ ကနေ ၉၅% လောက်အထိ တိကျတဲ့မြန်မာစာတွေကိုမြင်ရပါလိမ့်မယ်။ ဒါကြောင့်ပဲ ထွက်လာတဲ့မြန်မာစာတွေကို အမြဲ ပြန်စစ်ပေးဖို့လိုနေသေးတာပါ။

ပြီးရင်တော့ ကျွန်တော် Microsoft Word ကိုအဆင်သင့်ဖွင့်ထားပြီးစာတွေကိုပြန်စီ ကူးထည့်ပါတယ်။ စာတွေအားလုံးစုံရင်တော့ မိမိစိတ်ကြိုက် ဖောင့်ကို ပြောင်းလဲလို့ရပါပြီ။
ယူနီကုဒ်သုံးထားတဲ့ဖောင့်တွေကို ပဲသုံးမယ်ဆိုရင်တော့ စိတ်ကြိုက်ယူနီကုဒ်ဖောင့်ကိုရွေးပေးလိုက်ရုံပါ။

ဒါပေမယ့် ဇော်ဂျီကိုပြောင်းဖို့လိုတယ်ဆိုရင်တော့ mcfmyanmar.org/myanmar-unicode-converter/ ကနေ ဇော်ဂျီကိုပြောင်းလိုက်ပါတယ်။

ဒါဆိုရင်တော့ ပုံနှိပ်စာလုံးကနေ ကွန်ပျူတာစာလုံး ကို ပြောင်းတာပြီးဆုံးသွားပါပြီ။
စာရိုက်ပေးမယ့်သူလည်းရှာစရာ မလိုတော့ပါဘူး။
စာစစ်သူတစ်ဦးပဲလိုပါတယ်။
မကြာခင်မှာတော့ ဖုန်းတွေပေါ်မှာ အလွယ်တကူလုပ်လို့ရမယ်လို့ထင်ပါတယ်။
မြန်မာစာပေတွေ အင်တာနက်ထဲမှာထာဝရရှင်သန်နေပါ စေ ဗျာ။

 

ရေးသားသူ
အာသာ ငြိမ်းချမ်း

 

 

 

ယူနီကုဒ်သုံးတဲ့သူတွေဆိုတာ

ယူနီကုဒ် သုံးသူတွေက Personal attack သိပ်လုပ်တဲ့ စဆရက တွေဆိုတဲ့ အမြင်လေးခဏ ဖျောက်ပေးပါ။

ကျွန်တော် တစ်ခါ မှ သူများကို နှိမ်ပြီး ယူနီမသုံးရကောငိးလားဆိုပြီး မပြောဖူးပါဘူး။။

မေးသမျှ သူတိုင်းကို သေချာ ရှင်းပြပါတယ်။
ဒါကိုပဲ ရှင်းပြရင်းနဲ့ ပိုရှုပ်ကုန်လို့ စဆရကြီးလုပ်တယ်ထင်ရင်လည်းရွဲ့ပါ ခနဲ့ပါ။

ဒါပေမယ့် ခင်ဗျားတို့ စိတ်ထဲက ယူနီကုဒ်နဲ့ ယူနီကုဒ်အကြောင်းပြောပြသူကို ခွဲ ပြီးတော့မြင်ပေးပါ။

လူကို သဘောမကျတာနဲ့
စနစ်ကြီးမကောင်းဘူးလို့ မယူဆလိုက်ပါနဲ့။
၁၀၀မှာ ၉၉ ယောက် ဇော်ဂျီဆိုတာ သိသိကြီးနဲ့
ယူနီကုဒ် မှ ယူနီကုဒ် ဘာလို့ လုပ်နေကြတာ လည်း ဆိုတဲ့ အချက်ကို မြင်အောင်ကြည့်ပေးပါ။

ကျွန်တော့်ရဲ့ ခံယူချက်ကိုပြောရမယ်ဆိုရင်

နည်းပညာက လူတွေကို အများကြီးကူညီပေးနိုင်ပါတယ်။
ဘာသာစကားမတူတဲ့သူတွေ ကြားမှာ ရှိတဲ့အခက်အခဲတွေကို ကျော်လွှားနိုင်ပါတယ်။
ကျွန်တော် english  လ်ုအတန်အသင့်နားလည်ပါတယ်။ပြောနိုင်ပါတယ်။
ဒါကြောင့် အင်တာနက်မှာလိုချင်တာ ကို အေးအေးဆေးဆေး english လိုရှာယူလို့ရပါတယ်။
ဒါပေမယ့် english လိုမတတ်တဲ့သူ သန်းပေါင်းများစွာရှိပါသေးတယ်။
သူတို့ အတွက် မြန်မာလို အချက်အလက်တွေက facebook မှာ ပြန့်သလောက်ပဲ သိရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။
နိုင်ငံတကာသတင်းတွေကို မြန်မာလိုအဆင်သင့် ဘာသာပြန်ဖတ်လို့ရရမယ်။
ကိုယ်သိချငိတဲ့အကြောင်းကို ဘာသာပြန်ရငိနားလည်ရမယ်။
နောက်ဆုံး နိုင်ငံခြားရောက်နေတဲ့ လုပ်သားတွေနိုင်ငံခြားဘာသာနဲ့ ရေးထားတဲ့ စာတွေမှာလက်မှတ်ထိုးခိုင်းရင် မသိတဲ့နေရာ ကင်မရာနဲ့ချိန် မြန်မာဘာသာပြန်ပြီး သူတို့ ဘာအကြောင်းရေးထားတယ်ဆိုတာ သိရမယ်။
ဒါတွေ အားလုံး ရှိရင် အရမ်းကောင်းမှာပဲလို့ စိတ်ကူးကြတယ်။

မျက်စိမမြင်တဲ့ ကျွန်တော့် မိတ်ဆွေတစ်ချို့ရှိတယ်။
သူက အင်္ဂလိပ်လိုပဲ အများဆုံးရေးတယ်။
မြန်မာလိုိုရေးရင် သူဖတ်လို့မရဘူး။
အင်္ဂလိပ်လိုကျတော့ ကွန်ပျူတာက အသံထွက် ဖတ်ပြပေးတယ်။
မြန်မာလိုကျတော့ မရဘူးတဲ့။
နောင်ကို မြန်မာလို ရရင် အရမ်းကောင်းမှာပဲလို့ပြောတယ်။
သူတို့ အတွက် ကြိုက်တဲ့ website ကို မြန်မာလို အသံထွက်ဖတ်ခိုင်းလို့ရရမယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ထုတ်ခဲ့တဲ့ ဝတ္ထုတွေအများကြီးရှိတယ်။
နေ့စဉ်ထုတ် ဂျာနယ် မဂ္ဂဇင်း အများကြီးပဲ။

ဒါတွေကို တစ်ချိန်ချိန်မှာ ပြန်ရှာဖို့လိုလာမယ်
မှီငြမ်းဖို့လိုလာမယ်ဆိုရင် ကျွန်တော်တို့အတွက် ဘယ်မှာလဲ reference.
ebook ပြောင်းပေးထားတဲ့ စာအုပ်တွေဟာ ထွက်ခဲ့သမျှ စာတွေရဲ့ ရာခိုင်နှုန်းဘယ်လောက်ရှိမလဲ။
ယခုခေတ်ကထားပါတော့။
တစ်ချိန်က ထွက်ခဲ့တဲ့စာအုပ်တိုင်းကွန်ပျူတာနဲ့ ပြန်ရိုက်မသိမ်းနိုင်ကြဘူးလေ။
ဒါတွေအားလုံး ကို scan ဖတ်ရုံနဲ့ အဆင်သင့်ကွန်ပျူတာ စာလုံးဖြစ်ခဲ့ရင် အလုပ်တွေအများကြီးပိုပြီးသလို
အွန်လိုင်းပေါ်မှာ လေ့လာစရာ မြန်မာစာနဲ့ရေးထားတာတွ ပေါများလာမှာပဲ။

မြန်မာဘာသာ ပြန်ထားတာတွေက ဘယ်လောက်သောက်သုံးကျလို့ ငါတု့်က မြန်မာလ်ု သုံးရမှာလဲ လို့တော်တော်များများပြောကြတယ်။

ကျွန်တော်လည်း ရံဖန်ရံခါပဲ ဆက်တင်တွေကို မြန်မာ လို ပြောင်းသုံးပါတယ်။
ဘာသာပြန်တာ လက်တွေ့ဆန်တာမဆန်တာ နောက်မှ ဆွေးနွေူလို့ရပါတယ်။
ကိုယ့်ဘာသာ စကားလုံးက လူရာဝင်လာပြိ်ဆိုတဲ့အသိက ပီတိဖြစ်စေပါတယ်။

ကမ္ဘာပေါ်မှာ အလှဆုံး စကားလုံးတွေထဲမှာ မြန်မာစကားလုံးကထိပ်ဆုံးမှာပြထားပါတယ်။
။
အင်္ဂလိပ်စာလုံးတွေကနေ မြန်မာ စကား အဖြစ် ဖလှယ်ဖို့ စထွင်ခဲ့ကြ တာ အရင်ကဆိုရင်
စာရေးဆရာတွေရဲ့အလုပ်လေ။
သူတို့ကမှ အလှဆုံး အဓိပ္ပါယ်တွေ ပြောတတ်တာကိုး။
လက်ရှိ ဘာသာပြန် ပေးတဲ့ google translate,facebook setting, စတာတွေမှာ
ဒီမြန်မာစာလုံးတွေ ဘယ်သူက ဘယ်လို ပြန်ပေးတာလဲလို့ မစဉ်းစားမိဘူးလား။
အရှေ့ပိုင်းတုန်းက မြန်မာစာတွေတော့ ဘယ်သူ ပြန်ခဲ့သလဲ ကျွန်တော်မသိပါဘူး။

နောက်ပိုင်း facebook မှာကော google translate မှာကော မြန်မာနိုင်ငံက မြန်မာတွေပဲ ပြန်ကြတာ
ကုမ္ပဏီ ကြီးတွေကတော့ နိုင်ငံတစ်ခုမှာ  ဘယ်ဘာသာစကား စနစ်ပဲအသုံးများများ သူတို့စနစ်နဲ့လိုက်လျောညီထွေရှိတဲ့ unicode system ကိုပဲသုံးရပါတယ်။
တစ်ကမ္ဘာလုံးက ဘာသာစကားတွေ သူ့နေရာနဲ့သူ ရှိပြီး အရှုပ်အထွေးမဖြစ်အောင်
ထိန်းပေးထားတဲ့ ကမ္ဘာ့ ယူနိကုဒ် အဖွဲ့အစည်းက သတ်မှတ်တဲ့စည်းမျဉ်းစည်းကမ်း ကိုပဲလိုက်နာရပါတယ်။

ဒါကြောင့် translate ပဲ ဖြစ်ဖြစ် setting ပဲ ဖြစ်ဖြစ် ယူနီကုဒ်နဲ့ဘာသာပြန်ကြရပါတယ်။
စောစောကပြောသလို မြန်မာနိင်ငံမှာ ယူနီကုဒ် အသုံးပြုသူက အရမ်းနည်းနေတော့
သုံးတဲ့သူထဲမှာမှ ကိုယ့်ထမင်းကု်ယ်စားဘာသာ ပြန်ပေးနေတာ ဘယ်နှစ်ယောက်ရှိမလဲစဉ်းစားကြည့်ပါ။
ဇော်ဂျီနဲ့ ဝင်ပြန်သူမရှိဘူးမဟုတ်ပါဘူး။
ရှိခဲ့ပါတယ်။
နောက်ပိုင်း facebook က စည်းကမ်းသတ်မှတ်ပြီး တားဆီးထားပေမယ့်
ဇော်ဂျီနဲ့ရေးပြန်သူ ကြိုကြားကြိုကြားရှိနေဆဲပါ။

သန်းနဲ့ချီတဲ့ မြန်မာ တွေသုံးနေတဲ့ ဖေ့စ်ဘွတ်အတွက် english အသုံးအနှုန်းတွေက်ု မြန်မာလ်ုပြန်တဲ့အခါ
ကြီးကြပ်သူ မြန်မာစာ ပညာရှင်တွေ မရှိပါဘူး။
စာရေးဆရာတွေမပါပါဘူး။
တတ်နိုင်သလောက် မြန်မာစာ လူရာဝင်ချင်စိတ်နဲ့ ကူညီ ဘာသာပြန်ပေးကြတယ်။
သူများတွေမေ့နေတဲ့အရာကို ဘယ်သူမှ မချီးမွမ်းလဲ
ဝင်လုပ်နေကြတဲ့သူတွေပါ။

တကယ်လို့သာ ယူနီကုဒ် ပိုသုံးကြမယ်ဆိုရင်
ဘာသာပြန်တဲ့နေရာမှာ ပိုကျွမ်းကျင်သူတွေပါလာလို့ ပို အရည်အသွေးကောင်းတဲ့ စာကြောင်းတွေ ရရှိလာပါမယ်။

သုံးတဲ့သူတွေလည်းပ်ုအဆင်ပြေလာမယ်။
တစ်ယောက်နှစ်ယောက်တည်းကနေ တစ်ရာနှစ်ရာ ဖြစ်လာရင်
ပိုလည်း အရွေ့မြန်သလို အားလည်းပိုတက်ကြမှာပါ။
ဘာဖြစ်လို့ ဇော်ဂျီဖောင့်နဲ့ပဲမလုပ်ခဲ့လဲမေးရင်

လုပ်လို့မရလို့ မလုပ်ခဲ့တာလို့ ပြောရပါလိမ့်မယ်။
ဘာလို့ လုပ်လို့မရတာလဲထပ်မေးရင်တော့

တရားဟောချင်စိတ်မရှိတဲ့အတွက် မဖြေ တော့ပါဘူး။
ကိုယ်လဲ ဘာမှ သိပ်သိတာမဟုတ်ဘူး။
အခြားနေရာမှာ သိပ်အပြောမခံတဲ့သူက
ယူနီကုဒ်နဲ့ပတ်သက်ရင် ပယ်ပယ်နယ်နယ်တွယ်တော့ လူငယ်ပဲဗျာ။
ဒေါသရှိတယ်။
အများဘက်က ကြည့်တဲ့အမြင်က သက်သက်။
လုပ်သင့်တယ်မလုပ်သင့်ဘူး စဉ်းစားတဲ့ဘက်က သက်သက်ပါ။

လုပ်ရင်ဖြစ်မယ့်အကျိုး၊ ဆိုးကျိုး တွေ ချိန်ကြည့်ရင် စောနိုင်သမျှစောလေ အထိနာသက်သာလေ ဖြစ်တယ်လို့ မြင်ပါတယ်။

ဒီကြားထဲ အရမ်းတော်တဲ့ပညာရှင်တွေက ပိုကောင်းတဲ့ အဖြေ တစ်ခုထုတ်နိုင်ခဲ့ရင် အတိုင်းထက်အလွန်ပေါ့ဗျာ။

testing google ocr for Myanmar Lanuag

ကျွန်တော် စာအုပ်တွေ ကနေ ပြီး ကွန်ပျူတာ စာလုံးအဖြစ် ပြောင်းစရာ အများကြိးရှိ်တယ်။
လုပ်မယ့် လူအင်အားမရှိဘူး။
ပြေးကြည့်မှ ကိုယ်တစ်ယောက်ပဲ ရှိတယ်။
လုံလောက်တဲ့ အချိန်မရှိဘူး။
ကျွန်တော် အချိန် သိပ်မပေးနိုင်ဘူး။
စာရိုက်တာနဲ့တင် အချိန်ကုန် လူပန်းလည်း မဖြစ်ချငိဘူး။

အပြင်ဆိုင် အပ်ရင် ပိုက်ဆံအရမ်းတောင်းသလို အချိန်လည်းယူတယ်။

ကိုယ်နဲ့နီးစပ်ရာအကူအညီတောင်းရင်
ရပေမယ့် ကွန်ပျူတာ တစ်လုံးသက်သက်ပေးရမှာဆိုတော့မဖြစ်နိုင်ဘူး။

ဒီတစ်ပတ်လုံး အဲဒီပြဿနာ ဘယ်လို ရှင်းရနလဲ စဉ်းစားရင်းခေါင်းကိုက်နေတာ။

နောက်ဆုံးတော့  အမြန်နဲ့ အလွယ် နည်းလိုက်ဖို့စဉ်းစားလိုက်တော့တယ်။
google drive ကနေ pdf တွေ ကို ကွန်ပျူာ စာလုံး အဖြစ်ပြောင်းပေးတဲ့ OCR ရှိတာ သိတယ်။

ကျွန်တော့်မှာ scanner လည်းမရှိဘူး။
ဓာတ်ပုံရိုက်ပြီး drive ထဲထည့်ရင် quality မကောင်းတော့
output စာလုံးတွေက သုံးစားမရဘူး။
ဒါနဲ့ google က scanner application တစ်ခု ရှာတယ်။

ပြီးတော့ ရိုက်ချင်တဲ့  စာအုပ်ကို တစ်စစီ ဖြုတ်ပစ်တယ်။
ပြီးတော့ L file ထဲထည့် ပြီး ပြန်စီတယ်။
အဲဒါကိုမှ ဓာတ်ပုံရိုက် scanner app နဲ့ scan ဖတ်ပြီးတော့ drive ထဲမှာ save တယ်။

ပြီးတော့ OCR သုံးပြီး ပုံရိပ်ကနေ စကားလုံး အဖြစ်ပြန်ပြောင်းတယ်။

၁၀၀% မမှန်ပေမယိ့
၉၀ ရာခိုင်နှုနး်သုံးလို့ ရတယ်။
ထွက်လာတာ ယူနီကုဒ်ဖြစ်ပြီး

image

image

သုံးစရာလိုတဲ့နေရာက ဇော်ဂျီနဲ့ ဖြစ်လို့
converter သုံးပြီးပြောင်းလ်ုက်တယ်။
နောက်တော့ မှ အချော ပြန်ပြီး လူ ကိုယ်တိုင် proof ဖတ်တယ်။

ဒါနဲ့ပဲ စာပြန်ရိုက်ရင် ၃ ရက်လောက်အချိန်ယူတဲ့ စာတွေ၂ နာရီလောက် အချိန်ပေးလိုက်တာ နဲ့ ပြီးသွားတယ်


Role of Myanmar Language on internet

မြန်မာစာ ကို အင်တာနက်ပေါ်မှာ အခုထက် ပို အဆင့်မြင့်မြင့်သုံးနိုင်ဖို့ လုပ်ဆောင်နေကြသူတွေရှိပါတယ်။

ဟိုစပ်စပ်ဒီစပ်စပ် ဝါသနာ ပါလို့ လှျှောက်လေ့လာ ရင်းကနေသိလာတဲ့ သတင်းတွေပါ။

၁.Google က မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာမေ့ထားရာက  မြန်မာနိုင်ငံအတွက် ရည်ရွယ်ပြီးလုပ်နေတဲ့ product တွေရှိပါတယ်။
:google translate , google map, android os, gmail စသဖြင့် အင်္ဂလိပ်လိုသုံးရတဲ့နေရာတွေမှာ မြန်မာလို သုံးနိုင်အောင်လုပ်နေကြတယ်။
ယူနီကုဒ် စနစ်ကို သုံးတဲ့အတွက်.
ယူနီကုဒ်မသုံးရင်တော့ သူတို့ ပေးထားတဲ့ featureတွေကို ပြည့်ပြည့်ဝဝသုံးရမှာမဟုတ်ဘူး။

google translate  အတွက်ကို စက်ကသူ့ဘာသာ ဘာသာပြန်တာမဟုတ်ပဲ။
နောက်ကွယ်ကနေ နမူနာစာလုံးတွေ ဘာသာပြန်ပေးကြရပါတယ်။
မြန်မာနိုင်ငံထဲက ယူနီကုဒ် သုံးတဲ့ သူတွေ ကော ဇော််ဂျီသုံးတဲ့သူတွေကော ကူညီ ပြန်ပေးကြပါတယ်။
ဒါပေမယ့် အကုန်လုံးက volunteer တွေဆိုတော့ ထိုက်သင့်သလောက်တော့ရှေ့မရောက်ပါဘူး။
google translate ကို တကယ့်quality ကောင်းကောင်းနဲ့သုံးခွင့်ရဖို့က
နောက်ကွယ်က ဘာသာပြန်သူတွေ အများကြီးလိုဦးမှာပါ။
နောက်တစ်ခုက google translate မှာ အခြားဘာသာတွေမှာ ရတဲ့ စာလုံးကို ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်
ကင်မရာနဲ့ချိန်လိုက်တာပဲ ဖြစ်ဖြစ် အော်တို ဘာသာ ပြန်ပေးတဲ့ အဆငိ့ရောက်အောင်လည်းသူတို့ လုပ်နေပုံရပါတယ်
အဲဒီအဆင့်မရောက်ခင်
မြန်မာပုံနှိပ်စာလုံးကနေ ကွန်ပျူတာစာလုံးအဖြစ် မှန်မှန်ကန်ကန် ပြောင်းလဲနိုင်အောင်
OCR(Optical character recognition ) စနစ်ကို စမ်းသပ်နေပါတယ်။
၁၀၀%အလုပ်မလုပ်သေးပေမယ့် အစမ်းသုံးကြည့်လို့တော့ရနေပါပြီ။

google drive မှာ မြန်မာလိုရေးထားတဲ့ ဓာတ်ပုံဖိုင်တစ်ခုခုကိုတင်ပြီး
open with doc နဲ့ ဖွင့်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။

နောက်တစ်ခု ကတော့ မြန်မာနိုင်ငံက ကုမ္ပဏီတစ်ခုကပဲ text to speech ကို အကောင်အထည်ဖော်နေကြပါတယ်။
TTS ဆိုတာ မြန်မာအက္ခရာကို အသံထွက်ဖတ်ပေးတာဖြစ်ပါတယ်။
မျက်စိမမြင်တဲ့ သူတွေအတွက် အရမ်းအဆင်ပြေမယ့်စနစ်တစ်ခုပါ။
လက်ရှိထွက်ထားတဲ့ ဆော့ဖ်ဝဲကတော့ အားနည်းချက်ရှိသေးပေမယ့် အလုပ်တော့ဖြစ်နေပါပြီ။
ကြားမိတာကတော့ ဂျပန် ကုမ္ပဏီတစ်ခုကနောက်ပိုင်းထောက်ပံံ့ပေးတယ်လို့ သိရပါတယ်။

အခုပြောတာတွေအားလုံးက ယူနီကုဒ်စနစ်ကို အခြေ ခံတာပါ။

Android OS , Window OS မှာ တော့ အခုနောက်ပိုင်းကတည်းက ယူနီကုဒ်ပါနေပါပြီ။
ဖုန်းsystem ကိုလည်း မြန်မာလိုသုံးလို့ရပါပြီ။
တစ်ခု ခက်ခဲမှာက ကျွန်တော်တို့ နဲ့ ရင်းနှီးပြီးသား
နည်းပညာအသုံးအနှုန်းတွေကိမြန်မာလို နောက်တစ်ခေါက်ဘာသာပြန်တဲ့ အခါ
တကယ်အသုံးဝင်မဝင်က ပြဿနာဖြစ်ပါလိမ့်မယ်။
ဒါက တကယ်တော့ နည်းပညာလောကက လူတွေ ကြည့်ပဲ မဖြေ ရှင်းနိုင်ပါဘူး။
မြန်မာဝေါဟာရ အသစ််တွေ အဓိပ္ပာယ်အသစ်တွေ ပေါ်လာမှာဖြစ်တဲ့အတွက် မြန်မာစာ အဖွဲ့က ပါနိုင်ရင် အကောင်းဆုံးပါ။
နည်းပညာမှာသုံးတဲ့ စာလုံးတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးမယ်ဆိုတာ တရားဝင်သတ်မှတ်ရင်ကောင်းပါတယ်။

နောက်တစ်ခုကတော့facebook translate ပါ။
၂၀၁၃ လောက်တည်းက facebook ကိုမြန်မာလို ဘာသာ ပြန်နေခဲ့ ကြပါတယ်။
ဒါပေမယ့် အစောပိုင်းက ဇော်ဂျီနဲ့ ဘာသာပြန်တာ လက်ခံပါတယ်။
နောက်ပိုငး်ဇော်ဂျီနဲ့ ဘာသာပြန်တာကို ပိတ်လိုက်ပြီး ယူနီကုဒ်တစ်ခုတည်းကိုပဲ လက်ခံပါတော့တယ်။

သိပ်မကြာသေးခင်က
ဇော်ဂျီနဲ့ဘာသာပြန်ထားတွေကို ယူနီကုဒ်အဖြစ် အလိုအလျောက် ပြောင်းလဲ လိုက်တယ်လို့ပြောပါတယ်။
ယခင်က destop computer ကနေပဲ ဘာသညပြန်လို့ရပါတယ်။
အရင်အပတ်ကပဲ
facebook app ကနေ ဘာသာပြန်ဖို့ vote လုပ်ပေးဖို့ ဖွင့်ပေးလိုက်ပါတယ်။

နောက်ပြိိး android အတွက် facebook application မှာ လည်း မြန်မာလိုစ သုံးလို့ရနေပါပြီ။

ဒါပေမယ့် သိတဲ့အတိုင်း  အချို့ စာလုံးတွေက ကိုရို့ကားယားအဓိပ္ပာယ်တွေထွက်ပါတယ်။
ဒါကလည်း ဘာသာပြန်တဲ့သူတွေမတူ လို့ ဖြစ်ပါတယ်။
တိတိကျကျသတ်မှတ်ထားတဲ့မြန်မာ အဓိပ္ပာယ်မရှိတာလည်းပါပါလိမ့်မယ်။

နောက်တစ်ခု  က ဇော်ဂျီကော ယူနီကုဒ်ကော နှစ်ခုလုံး မြင်လု့ိရဖို့ ဆိုပြီ အချို့လည်းကြိုးပမ်းလျက်ရှိပါတယ်။

လောလောလတ်လတ် zawdecode ဆိုပြီး
ပြည်ထောင်စု ဖောင့်ကို ပြင်ထားတာလေးထွက်ထားပါတယ်။
အားနည်းချက်ရှိသလို အားသာချက်ရှိပါတယ်။
unicode အားလုံးမှန်ပေမယ့်
zawgyi ကို ရာနှုန်းပြည့်မမှန်ပါဘူး။
တိုင်းရင်းသားစာလုံးအချို့ မမှန်ပါဘူး။

developer တွေတော်တော်များများလည်း
ယူနီကုဒ်ဖက်ကို ပြောင်းဖို့ အားယူနေကြပါပြီ။
သုံးတဲ့ သူတွေကို ဖြည်းဖြည်းချင်းဆွဲခေါ် သွားပါလိမ့်မယ်။

အာသာ
4.10.2015
တနင်္ဂနွေ

ဘာသာပြန်ခြင်းတို့ရဲ့ အကျိုးကျေးဇူး

ဖေ့စ်ဘွတ်ဆိုတဲ့ ဆိုရှယ်နက်ဝက်မှာ မြန်မာလို သုံးလို့ရဖို့ ကျွန်တော်တို့ကြိုးစားနေကြတယ်။

ကြိုးစားတယ်ဆိုတာက အကြီးကြီးလုပ်တာမဟုတ်ပါဘူး။
ဘာသာကူပြန်ပေးရုံလောက်ပါပဲ။
မိမိဖုန်း ကနေ ကွန်ပျုတာကနေ ဘာသာပြန်နိုင်တဲ့အတွက်ကြောင့်မိုလို့ နိုင်သလောက် နည်းနည်းစီ ကူပြန်ပေးတယ်။
အရင်က ဒီအချိန်လောက်ကတော့ ဂူဂယ်အတွက် ဘာသာပြန်သေးတယ်။
ဒါပေမယ့် ဂူဂယ်အတွက်ပြန်ရမှာတွေက များလွန်းလှတယ်။
ဘာသာပြန်ရင်းနဲ့မှ အခက်အခဲလေးတွေကို မြင်လာတွေ့လာရတယ်။
မြန်မာဘာသာ မှာ ပြောချင်တာတစ်ခုတည်းကိုပဲအမျိုးမျိုးသုံးနှုန်းတယ်။
ဥပမာ
အင်္ဂလိပ်မှာ I ကို မြန်မာလိုဆို ရင် ကျွန်တော်လည်းရတယ်။
ကျွန်ုပ်လည်းရတယ်။
ငါလည်းရတယ်။ ကိုယ်လည်းရတယ်။
ကျွန်မလည်းရတယ်။
ဘယ်လိုလုပ်မလဲ။ ကွန်ပျူတာပေါ်မှာ နာမည်တစ်ခုအနေနဲ့သုံးတဲ့အခါကျတော့ ကျွန်ုပ်လို့ပဲသုံးမှအဆင်ပြေမယ့်ပုံဖြစ်နေတယ်။
ကျွန်တော်ဆိုရင်လည်းမိန်းကလေးနဲ့မတူ
ကျွန်မဆိုရင်လည်း ယောင်္ကျားလေးသုံးလို့မရ
စတာမျိုးလေးတွေပေါ့။
နောက်ပြီးတော့ ရှိတာက အချို့အင်္ဂလိပ်စာလုံးတွေက မသိမသာ မွေးစားပြီးသားဖြစ်နေတာမျိုးရှိတယ်။
ဟိုးအရင်က ဆို ကားဆိုရင် မော်တော်ကား
ကွန်ပျူတာဆိုကွန်ပျူတာ
ဖုန်းဆို ဖုန်းသဖြင့်ပေါ့။
အခု ဖေ့စ်ဘွတ်မှာကျတော့ တော်တော်များများ အင်္ဂလိပ်လိုတွေက
မြန်မာမှမရှိဘူး။
ဥပမာ
Check in, Status, Tag, Post,Timeline,Poke, Relationship
စသဖြင့်ပေါ့။
အစသဖြင့်အများကြီးကျန်ပါသေးတယ်။
အဲဒါတွေကို မြန်မာလို ထက် အင်္ဂလိပ်လိုကသုံးတာပိုတွင်ကျယ်နေတာ တွေ့ရတယ်
တစ်ယောက်ယောက်ကများ ပြောရင်
ဖေ့စ်ဘွတ်လို့ပဲပြောတယ်။ မျက်နှာစာအုပ်လို့ဘယ်သူမှမပြောဘူး။
ချက်ကင်လို့ပဲ ပြောတယ်။ အဲဒါကို မြန်မာလိုပြန်ဖို့က
နည်းနည်းခက်သွားပြီ။
လေဆိပ်မှာဆိုရင်တော့ ခေါ်တဲ့နာမည်ရှိပေမယ့် ဖေ့စ်ဘွတ်မှာသုံးထားတဲ့ အသုံးအနှုန်းနေရာတွေက တိုက်ရိုက်ယူသုံးလို့အဆင်မပြေပြန်ဘူး။
Tap to screen လို့ပြောရင်တော့ မျက်နှာပြင် ဆိုတဲ့အသုံးအနှုန်းထက်
စခရင် ဆိုရင် ဘာကိုပြောမှန်းတော်တော်များများသိကြတယ်။
Tap ဆိုတဲ့စာလုံးကိုနှိပ်တယ်လို့ပြန်ရမလား။ပွတ်တယ်လို့ပြန်ရမလား။
ထိတယ်လို့ပြန်ရမလား။ စသဖြင့် တော်တော်ခေါင်းရှပ်ရပါတယ်။
ဟိုးယခင်ခေတ်တွေတုန်းကတော့ ဒီလိုစာလုံးဝေါဟာရ ဆိုတာတွေကို စာရေးဆရာတွေက တီထွင် အသုံးပြုခဲ့ကြတယ်လို့မှတ်သားရပါတယ်။
ဒီခေတ်ထဲမှာတော့ အဲဒီလိုတီထွင်ဖန်တီးထားတဲ့စကားလုံးတော်တော်နည်းသွားခဲ့တယ်။
Relationship ဆိုတဲ့စကားလုံးကိုသမီးရည်းစား တွေမှာပဲသုံးသလား။ အခြား မိတ်ဆွေ မိသားစုတွေမှာကော သုံးသလားဆိုတာကလည်း စဉ်းစားစရာပါပဲ။
သူ့ကိုဘာသာပြန်ဖို့ကျတော့ တစ်နေရာမှ မေတ္တာမျှနေသည်လို့ ပြန်တာ ကိုက်ချင်ကိုက်မယ်။
နောက်တစ်နေရာမှာကျတော့ ဆက်နွယ်မှုလို့ ပြန်တာပဲကောင်းမယ်လို့ထင်မိတယ်။
Like ဆိုတဲ့စကားလုံး Tage ဆိုတဲ့စကားလုံးတွေကိုကော
ကြိုက်သည် လို့ရေးမှာလား။
တကယ်တော့ ဘယ်သူမှ ငါနင့်ပုံကို ကြိုက်လိုက်မယ်နော်လို့မပြောသေးဘူး.
ငါနင့်ပုံကို လိုက်ခ် လုပ်လိုက်မယ်လို့ပဲပြောတယ်။
လိုက်ခ်ကို မြန်မာ စကား လုပ်မယ်နဲ့ တွဲပြောလေ့ရှိကြတယ်။
Download ဆိုတဲ့စကားကလည်း မြန်မာစကားမှာ တွင်တွင်ကျယ်ကျယ်သုံးလာတဲ့အသုံးအနှုန်းပါ။
ဒေါင်းလုဒ်လို့ပြောရင်လူတော်တော်များများနားလည်ပါတယ်။
ဒါပေမယ့် ကူးယူရန် တို့ဆွဲကူးရန်တို့ဆိုရင် နားရှုပ်သွားတတ်ကြပါတယ်။
သူတို့နားလည်တဲ့ကူးတယ်ဆိုတာ ကွန်ပျူတာထဲမှာဖိုင်တစ်ခုကနေတစ်ခုကူးယူတာ။
ဖုန်းတစ်လုံးကနေတစ်လုံးကူးယူတာ။
အင်တာနက်ကနေ ယူတဲ့အရာတွေကို ကူးယူတယ်လို့မပြောကြဘူး။
ဒေါင်းလုဒ်ဆွဲတယ်လို့ပဲသဘောပေါက်ကြတယ်။
ဒီလိုပဲ ကွန်မန့်ပေးတယ်ဆိုရင်လည်းနားလည်ပေမယ့်
မှတ်ချက်ပေးမယ်ဆိုရင် ဘာမှန်းမသိဖြစ်တတ်ကြတယ်။
နည်းပညာခေတ်ထဲမှာ သတင်းအချက်အလက်တွေ မြန်မြန် ဆန်ဆန် စီးဆင်းလာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ပြဿနာသေးသေးလေးတွေက ကြာလာတာနဲ့အမျှ ကျွန်တော်တို့ နိုင်ငံ လူမျိုးအတွက် ကသိကအောင့်ဖြစ်စရာ တွေဖြစ်လာနိုင်ပါတယ်။
အခြားနိုင်ငံတွေဖွံ့ဖြိုးသလောက် ကျွန်တေ်ာတို့ အမှီလိုက်နိုင်ဖို့အတွက် ဒီလို သေးသေးမွှားမွှားတွေကို လည်းဖြေရှင်းဖို့လိုနေပါပြီ။
ဒါတောင် ကျွန်တော် ယူနီကုဒ် အကြောင်းကိုချန်ထားခဲ့တာဖြစ်ပါတယ်။
လက်ရှိဘာသာပြန်ဆိုမှုအားလုံးကို ယူနီကုဒ်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။
အင်တာနက်ထဲမှာ မြန်မာလိုအချက်အလက်တွေ များများစားစားရှိဖို့လိုအပ်နေပါတယ်။
အင်္ဂလိပ်စာ ရေးနိုင်ဖတ်နိုင် နားလည်နိုင်သူတွေက တစ်ပန်းသာပေမယ့်
မြန်မာလိုပဲ ကျွမ်းကျင်သူတွေအတွက်ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
သူတို့မြန်မာလို ရှာဖွေတဲ့အခါ လိုအပ်တာကို သေချာရရှိဖို့
အင်တာနက်ကနေတဆင့်အသိပညာတွေစီးဆင်းစေနိုင်ဖို့
ဘာသာစကားအခက်အခဲကို ဖြေရှင်းပေးမယ့် တံတားတစ်စင်းထက်မက လိုပါတယ်။
ဘာသာပြန်ဆော့ဖ်ဝဲတွေ မြန်မာလို ဘာသာပြန်ထားတာတွေရဲ့ရည်ရွယ်ချက်က
မြန်မာလို အသုံးပြုတတ်သူတွေအတွက် နားလည်လွယ်စေဖို့ ပါ။
ဒါကိုမှ သူတို့တွေအတွက် ပိုရှုပ်ထွေးစေမယ်ဆိုရင် ကျွန်တော်တို့ လုပ်နေတာတွေကစေတနာနဲ့ လုပ်ဆောင်တာဖြစ်ပေမယ့်
တကယ်ထိရောက်ရဲ့လား၊ မှားယွင်းနေသလားဆိုတာ ပြန်လည်သုံးသပ်သင့်ကြောင်း ပြောရင်း နဲ့ ဒီစာကိုရေးလိုက်ရပါတယ်
အာသာ
ငြိမ်းချမ်းကိုကို
၃.၉.၂၀၁၅
စနေနေ့
၁၀နာရီ ၁၉မိနစ်

အကွဲကွဲအပြားပြား ယူနီကုတ်သဘောထားများနှင့် လွဲမှားမှုများ၏ ရှုထောင့်

အိုင်စီတီ ဖွံ့ဖြိုးတိုးတက်မှုအတွက် Nature Language Processing (NLP)နဲ့ဆက်စပ်ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ မသင်ဇာဖြိုးကို မိတ်ဆက်ပေးချင်ပါတယ်။ သူမရဲ့ လုပ်ငန်းခွင်အတွေ့အကြုံကို အချိန်ကာလနဲ့တိုင်းတာမယ်ဆိုရင် သူမရဲ့လုပ်ငန်းခွင်အတွေ့အကြုံဟာ ၅ နှစ်ရှိပါပြီ။ လုပ်ငန်းခွင်ထဲမှာ ၅ နှစ်တာ ကာလကို ဖြတ်သန်းပြီး ရရှိလာတဲ့ သူမရဲ့အတွေ့အကြုံတွေက မနည်းပါဘူး။

မသင်ဇာဖြိုးဟာ စစ်ကိုင်းမြို့မှာ အခြေခံပညာအထက်တန်းကို အောင်မြင်ခဲ့တယ်။ ဖခင်ဖြစ်သူဟာ ဝန်ထမ်းတစ်ဦးဖြစ်တဲ့အတွက် ဖခင်တာဝန်ကျရာဒေသတွေမှာ လိုက်လံနေထိုင်ပြီး အခြေခံပညာကို သင်ယူခဲ့ရတယ်။ မန္တလေးကွန်ပျူတာတက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ B.C.Sc ကို အောင်မြင်ခဲ့တယ်။ Q (Qualify) တန်းကို တက်ရောက်ခွင့်ရခဲ့တယ်။ ဖခင်ဖြစ်သူဟာ လုပ်ငန်းတာဝန်နဲ့ ရန်ကုန်ကို ပြောင်းရွေ့လာ ရတဲ့အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ Q တန်းကို ဆက်ပြီးတက်ရောက်ခဲ့တယ်။ ၂၀ဝ၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျောင်းပြီးခဲ့တယ်။

အသက်မွေးဝမ်းကျောင်း အစ

ကျောင်းပြီးတဲ့အချိန်မှာ အလုပ်စလုပ်ဖို့ တော်တော်ကြီးကို စိမ်းနေတယ်။ ကျောင်းတုန်းက တတိယနှစ်ကျမှ Virtual Basic 6 ကို စပြီး သင်တယ်။ အဲဒီအချိန်မှာ (ကျောင်း)အပြင်က .Net, Java ဖြစ်နေပြီ။ ကိုယ့်အနေနဲ့ လက်လှမ်းမီသလောက် လိုက်မယ်လို့ စဉ်းစားလိုက်တဲ့ အခါကျောင်းကပေးလိုက်တဲ့ ပညာရေးနောက်ခံအပြင် ပရောဖက်ရှင်နယ်ဖြစ်တဲ့ အောင်လက်မှတ်၊ လုပ်ငန်းအတွေ့အကြုံတွေရဖို့အတွက် Programmer လုပ်မလား၊ Developer လုပ်မလား ရွေးရတယ်။

ကျောင်းမှာ သင်ယူခဲ့ရတဲ့အပိုင်းက သီအိုရီတွေပါ။ Virtual Basic 6 က ကျောင်းမှာ နောက်ဆုံးသင်ခဲ့ရတဲ့ အပိုင်းပဲ။ Java ဆိုတာကို လုံးဝမသိဘူး။ စိမ်းနေတယ်။ ကွန်ပျူတာအ သင်းချုပ်နဲ့ ဂျပန်ပေါင်းဖွင့်တဲ့ Java သင်တန်းကို တက်ဖြစ်တယ်။ Professional နဲ့ Advance ဆိုပြီး Level နှစ်ခုရှိတယ်။ သင်တန်းမှာ ဂျပန်စာကိုလည်း သင်ပေးတယ်။

Professional Level တက်တဲ့အချိန်မှာ အခြေခံကနေ စပြီးတော့ သင်ပေးတယ်။ Java ကို စိတ်ဝင်စားခဲ့တယ်။ သင်တန်းကို အလုပ်လုပ်ဖို့ တက်ခဲ့တဲ့အတွက် အားစိုက်ပြီး သင်ယူဖြစ်ခဲ့တယ်။ အိုင်စီတီနယ်ပယ်ကို စတင်လေ့လာခဲ့တာက အဲဒီက စတာပါပဲ။ အိုင်စီတီနယ်ပယ်မှာ စပြီး အလုပ်ရှာတယ်ဆိုကတည်းက ဒါကိုပဲ လေ့လာချင်လို့။

ဘာသာစကားနဲ့ပတ်သက်ပြီး လုပ်ကိုင်ရမယ်

Myanmar NLP Lab ကို ရောက်လာတယ်။ ဆရာမကြီး(ဒေါက်တာ ဒေါ်မြင့်မြင့်သန်း)ကိုယ်တိုင် အင်တာဗျူးတယ်။ အဲဒီအချိန်တုန်းက NLP ဘာလဲလို့မေးရင် သေသေချာချာ မသိဘူး။ NLP ဆိုတာ ကျောင်းမှာပြောတဲ့ စကားနဲ့ပြောရင် ကျက်စာပါ။ အလုပ်ဝင်ခဲ့တဲ့သူ အများစုက လည်း မသိကြပါဘူး။ အလုပ်က မြန်မာစာနဲ့ပတ်သက်ပြီး လုပ်ရမယ်၊ စာတွေ ဖတ်ရမယ်လို့ ဆရာမကြီးက ပြောတယ်။ စိတ်ဝင်စား မိတယ်။ မိခင်ဘာသာစကားနဲ့ပတ်သက်ပြီး လုပ်ကိုင်ရမယ်ဆိုတော့ အသစ်အဆန်းလို့ သိလိုက်တယ်။ ကျွန်မအတွက် ပထမဆုံးအလုပ်ဖြစ်ခဲ့သလို အခုအချိန်အထိ ဆက်ပြီးလုပ်နေတဲ့ အလုပ်အကိုင်ပါပဲ။

လုပ်ငန်းခွင် အတွေ့အကြုံ အစပိုင်း

အလုပ်ဝင်တဲ့အချိန်က ၂၀ဝ၅ ခုနှစ် ၅ လပိုင်းလောက် ဖြစ်မယ်။ အလုပ်စလုပ်တဲ့အချိန်မှာ Myanmar 2 ကို မီခဲ့တယ်။ ကျွန်မအနေနဲ့ အလုပ်မဝင်ခင်ကတည်းက ယူနီကုတ်ရှိနေတယ်။ Myanmar1 က Unicode 4.1 နဲ့ ထွက်ပြီးသွားပြီ။ လက်ရှိအသုံးများနေတဲ့ ယူနီကုတ်စံကို အတိအကျ မလိုက်နာထားတဲ့ ဖောင့်ထက်စောပြီး Myanmar1 က ရှိနေခဲ့တယ်။

ယူနီကုတ်ကွန်ဆိုဒီယမ်မှာ မြန်မာဘာသာစကားပါဖို့အတွက် ဆရာဦးသိန်းဦးနဲ့ကိုဇော်ထွဋ်တို့ ယူနီကုတ်ကွန်ဆိုဒီယမ်ကို သွားပြီးတော့ ကြိုးပမ်းခဲ့ကြတယ်။ အဲဒီကို သွားဖို့အတွက် မြန်မာစာဆရာကြီးတွေနဲ့ မြန်မာစာအဖွဲ့က ဆရာကြီးတွေက မြန်မာစာနဲ့ပတ်သက်ပြီး တိုင်ပင်ကြတယ်။ အိုင်တီဖက်က ပညာရှင်တွေကလည်း ပူးပေါင်းတိုင်ပင်တယ်။ အဲဒီက ထွက်လာတဲ့ အကောင်းဆုံးရလာဒ်နဲ့ အမှန်ကန်ဆုံး နည်းလမ်းကို ယူပြီးတော့၊ ယူနီကုတ်ကွန်ဆိုဒီယမ်မှာ သွားပြီး ကြိုးပမ်းခဲ့ကြတယ်။ ဒီလိုကြိုးပမ်းမှုမျိုးကို ကိုယ်တိုင်မကြုံလိုက်ရပေမယ့် ဘယ်လောက်အထိ ခက်ခဲမယ်ဆိုတာ ချင့်ချိန်နိုင်တယ်။ တော်တော်ကို ခက်ခဲတဲ့ အလုပ်တစ်ခုပဲ။

စံသတ်မှတ်ချက်တစ်ခု ဖြစ်ဖို့

တစ်ချို့ ကိစ္စတွေမှာ လူအများစု အသုံးပြုနေလို့ စံအဖြစ် သတ်မှတ်လိုက်တာတွေ ရှိပါတယ်။ အများလက်ခံလို့ ဖြစ်သွားတဲ့ စံတစ်ခုပါ။ ဒါပေမယ့် နည်းပညာကိစ္စတွေမှာ အများက အသုံးပြုတိုင်း စံသတ်မှတ်ချက် ဖြစ်ပါတယ်လို့ လုပ်လို့မရနိုင်ဘူး။ ယူနီကုတ်ကွန်ဆိုဒီယမ်ဆိုတာ က Non Profit Organization (NPO) တစ်ခုဖြစ်တယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တယ်။ သူတို့လုပ်တဲ့ လုပ်ငန်းတွေက ငွေကြေးအတွက် အကျိုးအမြတ်ရဖို့ မဟုတ်ဘူး။ နိုင်ငံတကာအဖွဲ့အစည်းဆိုတဲ့ အချက်တစ်ခုတည်းလည်း မဟုတ်ဘူး။ နိုင်ငံတိုင်းက ကွန်ပျူတာတွေ၊ ကွန်ပျူတာနဲ့ဆက်စပ်တဲ့ပစ္စည်းတွေပေါ်မှာ ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့ အသုံးပြုနိုင်ဖို့ ကုတ်တွေကို စံသတ်မှတ်ပြီး ချပေးတယ်။ ချပေးတဲ့ ကုတ်တွေကလည်း ဘာသာစကားတစ်ခုနဲ့တစ်ခု လုံးဝတူလို့ မရဘူး။

မြန်မာမှာရှိနေတဲ့ U1000 ဟာ တစ်ခြားဘာသာစကားတစ်ခုပေါ်မှာ သွားရှိနေရင် နိုင်ငံတကာစံနှုန်းဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ မြန်မာအတွက် က ကကြီးဆို U1000 ပဲ၊ ခခွေးဆို U1001 ပဲ။ ဘယ်ဘာသာစကားနဲ့မှ တူညီစရာမရှိဘူး။ မြန်မာစာမှာရှိတဲ့ ဘာသာစကား စည်းမျဉ်းစည်းကမ်း တွေ၊ ဘာသာစကားတည်ဆောက်ပုံတွေနဲ့ ညီတဲ့ သတ်မှတ်ချက်တစ်ခုကို သူတို့ဆီ အရင်တင်ပြရတယ်။ ဒီလိုတင်ပြမှ လက်ခံသင့် လက်မခံ သင့် ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အခါမှာလည်း အဓိကကျတဲ့ အချက်သုံးချက် ရှိတယ်။

ယူနီကုတ်ဆိုတာ ဘယ် Platform ပေါ်မှာမှ မမူတည်ဘူး။ OS ပေါ်မှာ သုံးချင်သလား။ Java ပေါ်မှာ သုံးချင်သလား။ C# ပေါ်မှာ သုံးချင် သလား။ .net အပေါ်မှာ သုံးချင် သလား။ ဘယ်ပေါ်မှာမဆို အသုံးပြုနိုင်ရတယ်။ ဒုတိယအချက်အနေနဲ့ Application တိုင်မှာ အသုံးပြုနိုင်ရ တယ်။ တတိယအချက်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာပဲ သုံးနိုင်တယ်။ တစ်ခြားနိုင်ငံမှာ သုံးလို့ မရနိုင်ဘူးဆိုတာလည်း မဖြစ်ရဘူး။ မြန်မာ အတွက်စံနှုန်းက တစ်ခြားနိုင်ငံမှာရှိတဲ့ စံနှုန်းတွေနဲ့လည်း ကိုက်ညီမှ ယူနီကုတ်ကွန်ဆိုဒီယမ်က ချပေးတယ်။

မိခင်ဘာသာစကားနဲ့ ကွန်ပျူတာကို အသုံးပြုဖို့

ကွန်ပျူတာမှာ မိခင်ဘာသာစကားကို စာစီစာရိုက်တစ်ခုတည်းအတွက်ပဲ သုံးတယ်ဆိုရင် မှားတယ်။ ကွန်ပျူတာပေါ်မှာ မိခင်ဘာသာ စကားနဲ့သုံးလို့ရတဲ့ အစိတ်အပိုင်းတွေ အများကြီးပဲ။ တကယ့်ကိုမှ အများကြီး၊ မရေမတွက်နိုင်အောင်ပဲ။ စာစီစာရိုက်လေးတစ်ခု၊ ဝက်ဘ် ပေါ်မှာ မြန်မာစာ ဖတ်နိုင်ဖို့ တစ်ခုထဲအတွက်ဆိုရင် ယူနီကုတ်ဆိုတာ ဖြစ်လာစရာမရှိဘူး။ စာစီစာရိုက်တစ်ခုတည်းအတွက်ဆိုရင် NLP Lab ဆိုတာ ရှိဖို့ မလိုအပ်ဘူး။ ကိုယ့်ရဲ့ မိခင်ဘာသာစကားမှာ ဘာသာစကားရဲ့ သဘာဝတွေရှိတယ်။ သူ့သဘာဝအတိုင်း ကွန်ပျူတာမှာ အလုပ် လုပ် စေချင်တယ်။ ဥပမာ-အခုသုံးနေတဲ့ Laptop မှာ မြင်နေရတဲ့ အချိန်တွေ၊ ပြက္ခဒိန်တွေက အင်္ဂလိပ်ဘာသာစကားနဲ့ ဖြစ်နေတယ်။ (စားပွဲ ပေါ်တွင်ရှိနေသည့် Laptop ကို ဥပမာထား၍ ပြောဆိုခြင်း ဖြစ်သည်။)

အချိန်တွေ၊ ပြက္ခဒိန်တွေကို ကွန်ပျူတာမှာ ကြည့်လို့ရနိုင်ဖို့ မြန်မာက ဘယ်အုပ်စုမှာ ဝင်နေသလဲဆိုတဲ့ Setting လုပ် ပြီးတော့မှ ကိုယ့်ရဲ့အချိန် ကို သိနိုင်တယ်။ မြန်မာရဲ့အချိန်ကို ဘယ်လိုမှ မသိနိုင်ဘူး။ မြန်မာရဲ့အချိန်ကို One, Two ဆိုတာနဲ့ပဲ သိနိုင်တယ်။ မြန်မာဂဏန်း ၁ ၊ ၂ နဲ့ အချိန်ကို မသိနိုင်ဘူး။ Naturel Language Processing ဆိုတာ ကိုယ့်ရဲ့ မိခင်ဘာသာစကားရယ်၊ ကွန်ပျူတာပေါ်မှာ သုံးလို့ရတဲ့ Programming Language နဲ့ Machine Language နှစ်ခုပေါင်းပြီး Processing လုပ်တာဖြစ်တယ်။

ကိုယ့်ဘာသာစကားကို ဒေသခံတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ သိပြီလဲ။ ကကြီးကနေ အ အထိ အက္ခရာ ဘယ်နှစ်လုံးရှိလဲလို့ မေး လိုက်ရင် မသိတဲ့သူတွေ အများကြီးပဲ။ ကွန်ပျူတာပေါ်မှာ စာစီစာရိုက်လုပ်ရုံ၊ ဒီဇိုင်းလုပ်ရုံပဲ မိခင်ဘာသာစကားကို သုံးလို့ရတယ်ဆိုတာ ထက်ပိုပြီး NLP ကို သိစေချင်တယ်။

အပြောင်းအလဲ မြန်ခြင်းမဟုတ်

ယူနီကုတ်နဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေမှာ ကန့်ကွက်တဲ့သူတွေ ရှိလာတယ်ဆိုရင် ကွန်ဆိုဒီယမ်က ဘယ်လိုလူမျိုးက ကန့်ကွက်တာလဲဆို တာကို ကြည့်တယ်။ ဥပမာ- ကန့်ကွက်တဲ့ သူက ဘာသာဗေဒပညာရှင်လား၊ စနစ်သမားလားဆိုတာကို ကြည့်ပြီးတော့မှ စဉ်းစားတယ်။ ကကြီးကနေ အ အထိ နေရာရဖို့၊ ရရစ်ဆိုတာ ဘာလဲ၊ ရပျင့်ဆိုတာ ဘာလဲသိဖို့ ခက်ခဲတယ်ဆိုတာ လုပ်တဲ့ သူတွေ လဲ သိတယ်။ စိတ်ဝင်တ စားနဲ့လိုက်နေတဲ့ သူတွေလည်း ဒီအပိုင်းကို သိတယ်။ ယူနီကုတ်ကွန်ဆိုဒီယမ်က Version တွေတစ်ခုပြီး တစ်ခုထုတ်တယ်ဆိုတာ အပြောင်း အလဲမြန်တာမဟုတ်ဘူး။ ဘာသာစကားတစ်ခုမှာ ပြဿနာတစ်ခုရှိနေတယ်ဆိုရင်(ကွန်ဆိုဒီယမ်)ကို အဆိုပြုလွှာတင်ရတယ်။ အဲဒီအချိန် တုန်းက မြန်မာဘာသာစကားအတွက်လည်း ပြဿနာရှိတယ်။ မြန်မာဖက်က အဆိုပြုလွှာ၊ အခြားဘာသာစကားတစ်ခုက အဆိုပြုလွှာတွေ အကုန်လုံးကို စုတယ်။ စုပြီးတော့မှာ အားလုံးနဲ့ကိုက်ညီတဲ့ ရလာဒ်တစ်ခုကို ထုတ်တယ်။ Version တစ်ခုအနေနဲ့ နာမည်တပ်တယ်။ ဒီလိုထုတ် နိုင်ဖို့ အချိန်ဆိုတာက တင်သွင်းလာတဲ့ အဆိုပြုလွှာတွေ အပေါ်မှာမူတည်ပြီး ခြောက်လလည်း ဖြစ်နိုင်တယ်။ တစ်နှစ်လည်း ဖြစ်နိုင်တယ်။ သုံးနှစ်လည်း ဖြစ်နိုင်တယ်။

ကျွန်မအနေနဲ့ Version 2 ကနေ Version 3 အပြောင်းအလဲ ကာလကို ကြုံခဲ့ရတယ်။ Version 2 နဲ့ Version 3 မှာ ဘာပြောင်းသွားသလဲဆိုတော့ Code Point တွေက အပြောင်းအလဲမရှိဘူး။ Version ပြောင်းပေးမယ့် မြန်မာစာဘက်မှာ အပြောင်းအလဲမဖြစ်ဘူး။ တစ်ခြားဘာသာစကား တစ်ခုမှာတော့ အပြောင်းအလဲ ဖြစ်နိုင်တယ်။ Font Developing အနေနဲ့ ပြောရရင် Myanmar2 မှာတုန်းက အောက်ကမြင့်တွေ၊ ဝစ္စလုံးနှစ်လုံး ပေါက်တွေ၊ အတပ်တွေ ထပ်သွားခဲ့ရင် မြင်နိုင်အောင် အစက်ကလေးတွေပါတဲ့ စက်ဝိုင်းလေးတွေ ထပ်ထည့်လိုက်တယ်။ ဒီလိုထည့်လိုက်တာ ကို အများစုက ဘာကြောင့်ထည့်တာလဲလို့ တွေးကြတယ်။ ဒီလိုထည့်လိုက်တဲ့အတွက် ဘယ်လောက်အထိ အကျိုးရှိသွားတယ်ဆိုတာကို မသိကြဘူး။ အောက်ကမြင့်တစ်ခုပဲ ရှိရမယ့် နေရာမှာ နှစ်ခုဖြစ်နေပြီး ထပ်နေမယ်ဆိုရင် ရှာချင်တဲ့ စာလုံး၊ စီချင်တဲ့အက္ခရာစဉ်ကို ဘယ်လိုမှ တွေ့နိုင်စီနိုင်မှာ မဟုတ်ဘူး။ Version 2 နဲ့ Version 3 ပေါ်မှာ ဘာကွာခြားချက်မှ မရှိဘူး။ အစက်ကလေးတွေပါတဲ့ စက်ဝိုင်းလေးတွေ ထပ်ထည့်လိုက်တာပဲ ရှိတယ်။ ဒီအပိုင်းကိုပဲ ကျွန်မပြောပြ နိုင်တယ်။ ပြင်တဲ့ အပိုင်းတွေ၊ Version 2 နဲ့ Version 3 ခွဲပြီး ထုတ်တဲ့အပိုင်းတွေကို Font Developing အပိုင်းက ဆောင်ရွက်ပါတယ်။

အပြောင်းအလဲတိုင်း အမှားကြောင့် မဟုတ်ဘူး

အလုပ်လုပ်နေတဲ့သူမှာ အမှားဆိုတာ ရှိနိုင်တယ်။ အလုပ်လုပ်နေတဲ့သူက မှားနိုင်တာပဲ။ အလုပ်ကို စမ်းတဝါးဝါးနဲ့ လုပ်တာမျိုး ရှိရင်ရှိမယ်။ မှန်တယ်ဆိုပြီး လုပ်လိုက်ပြီးမှ မထင်မှတ်တဲ့ ကိစ္စတစ်ခုက မှားသွားတာလဲ ဖြစ်ချင်ဖြစ်မယ်။ ယူနီကုတ်က Version တစ်ခုပြီး တစ်ခုထွက်လာ တယ်ဆိုတာ မှားလို့ ပြန်ပြင်တာ မဟုတ်ဘူးလို့ သိစေချင်တယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘာသာစကားတွေကို(ကွန်ပျူတာမှာ) အသုံးပြုနိုင်ဖို့ စံသတ်မှတ်ပေးတယ်။ တစ်ခြားနိုင်ငံတစ်ခုက ဘာသာစကားတစ်ခုမှာ လိုအပ်ချက် ရှိလာလို့ရှိရင်လည်း ထည့်သွင်းစဉ်းစား ပေးတယ်။ ယူနီကုတ်ဆိုတာ ဘာသာစကားတစ်ခုတည်းအတွက် မဟုတ်ဘူး။ ဘာသာစကားရှိမှ လူမျိုးရှိ မှာ။ ဘာသာစကားမှာ တစ်ခုခုမှား သွားလို့ ရှိရင် သက်ဆိုင်ရာ နိုင်ငံအတွက် ဆက်ပြီး မှားနေမယ်။ ပြောင်းလဲနေတိုင်းဟာ အမှားကြောင့်မဟုတ်ဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး သိချင်ရင် ကျွန်မတို့ ဖြေရှင်းပေးဖို့ အဆင်သင့် ရှိပါတယ်။ ပြောင်းလဲတဲ့ နောက်ကွယ်မှာ တန်ဖိုးရှိတဲ့အရာတစ်ခု ရှိနေပါတယ်။ ယူနီကုတ် ၅.၁ ကို လိုက်နာထားတဲ့ ဖောင့်တွေအားလုံးဟာ အခုအချိန်မှာ မြန်မာစာအတွက် လုံးဝ တည်ငြိမ်သွားပြီလို့ ပြောလို့ရတယ်။

နည်းပညာပိုင်းကနေ ဖြေရှင်းပေးရမယ်

အေအကြီး(A)ကို ဂျာမန်တွေက အေ(A) အသံမထွက်ဘူး။ သူတို့သုံးထားတဲ့ Charater က အင်္ဂလိပ်ရဲ့ Charater ဖြစ်နေတယ်။ သူတို့က အေ အကြီး(A)ကို အသံတစ်သံထွက်ပြီး တစ်နေရာမှာ အသုံးပြုပေမယ့် အေအသေး(a)က အင်္ဂလိပ်မှာ မူရင်းအတိုင်းပဲ ရှိချင်ရှိနေမယ်။ အေအကြီး(A)မို့လို့ အသံပြောင်း၊ အဓိပ္ပါယ်ပြောင်းနိုင်ပေမယ့် အဲဒီအပေါ်မှာ မမီခိုဘူး။ ဂျာမန်အတွက်ဆိုပြီး အေအကြီး(A) သက်သက် မရှိဘူး။ အင်္ဂလိပ်အတွက်ဆိုပြီး အေအကြီး(A) သက်သက်မရှိဘူး။ မမီခိုဘူးဆိုတာ ဒီလိုသဘောမျိုးကို ပြောလိုက်တာပဲ။ အေအကြီး (A)ပြီးရင် အေအသေး(a)လာရမယ်ဆိုတဲ့ ဘာသာစကားရဲ့ သဘာဝတော့ ရှိတယ်။ မြန်မာစာမှာလည်း ရေးချ၊ မောက်ချနှစ်ခုဟာ Level တူ တယ်။ Sorting လုပ်ရင် ရေးချသော်လည်းကောင်း မောက်ချသော်လည်းကောင်း အပေါ်ရောက်နေလိမ့်မယ်။ သူတို့နှစ်ခုကြားမှာ ဘယ်ဟာမှ ဝင်လို့ မရဘူး။ ကုတ်တွေ တစ်ခုက တစ်မျိုး တစ်ခုက တစ်မျိုးလည်း မဟုတ်ဘူး။ ရေးချဟာ မြန်မာစာအတွက်ဖြစ်ပြီး မောက်ချဟာ စကော ကရင်မှာသုံးတဲ့ ဘာသာစကားရဲ့သဘာဝ ဖြစ်နေတယ်။ ရေးချချည်းပဲ ရှာချင်တယ်။ မောက်ချချည်းပဲ ရှာချင်ပါတယ်ဆိုရင် Fine and Replace မှာ သုံးတဲ့ Match Case နဲ့ရှာမလား။ Default နဲ့ ရှာမလား ဆိုတာကို Technical အပိုင်းကနေ ဖြေရှင်းပေးရတယ်။ ဘာသာစကားရဲ့ သဘာဝ ကနေ ဖြေရှင်းပေးလို့ မရဘူး။

စံသတ်မှတ်ချက်ကို အတိအကျ လိုက်နာကြတယ်

ယူနီကုတ်နဲ့ပတ်သက်လာရင် တစ်ခြားနိုင်ငံတွေမှာ ဝေဖန်ကြတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို မကြားရဘူး။ နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက် က ချမှတ်ပေးလိုက်တဲ့ စံသတ်မှတ်ချက်တစ်ခုကိုပဲ သူတို့က သုံးလိုက်ကြတယ်။ ပြည်တွင်းမှာ မြန်မာယူနီကုတ်နဲ့ ပတ်သက်ပြီး အငြင်းပွား ကြတယ်လို့ ပြောရင် သူတို့ မသိဘူး။ သူတို့အတွက်က ပြောစရာကိစ္စတစ်ခု မဟုတ်ဘူး။ စံနှုန်းသတ်မှတ်ချက်တစ်ခု ထွက်ပေါ်လာရင် အတိအကျလိုက်နာပြီးသား ဖြစ်နေတယ်။ သူတို့ထုတ်တဲ့ ဆော့်ဝဲလ်တွေကို စံနှုန်းမီချင်တဲ့အတွက် သူတို့လည်း စံနှုန်းသတ်မှတ်ချက်နဲ့ ကိုက်ညီတာကိုပဲ သုံးတယ်။ သူတို့မိခင်ဘာသာစကားနဲ့ထုတ်တဲ့ အိုင်စီတီထုတ်ကုန်တွေကို စံနှုန်းကိုက်တဲ့ ယူနီကုတ်နဲ့ပဲ ထုတ်လုပ်တယ်။

ကကြီး သဝေထိုး၊ သဝေထိုး ကကြီး

ကကြီး သဝေထိုးလို့ သွားပြီးတော့ သိမ်းဆည်းပေးတာက ယူနီကုတ်မဟုတ်ဘူး။ ဘာသာစကားရဲ့ သဘာဝတစ်ခုပဲဖြစ်တယ်။ ဒီလို သိမ်းပေး ရတဲ့အကြောင်းအရင်းရဲ့ အနီးစပ်ဆုံးအကြောင်းအရာက Sorting အတွက်ပဲ။ Sorting မှာ ဗျည်းက အရင်စပြီးတော့ လာတယ်။ ပြီးရင် သရစဉ် လာတယ်။ အက္ခရာစဉ်လာတယ်။ ဒီလိုသွားတဲ့ ပုံစံဟာ မြန်မာဘာသာစကားရဲ့ သဘာဝပဲ။ ဒီအတိုင်းကိုပဲ လိုက်ပြီးတော့ သိမ်းတာပဲ။ သိမ်း တဲ့ နေရာမှာ Sorting ထက်မကတဲ့အပိုင်းတွေ အများကြီးရှိသေးတယ်။ Sorting လုပ်ပြီဆိုကတည်းက အကြီးဆုံး အသေးဆုံးဆိုပြီး Ascending, Dscending တွေကို စဉ်းစာကြတာလေ။ ဒါကို စဉ်းစားလိုက်တယ်ဆိုတာနဲ့ ကကြီးသဝေထိုး သိမ်းသင့်သလား။ သဝေထိုးကကြီး သိမ်းသင့် သလားဆိုတဲ့အချက်က ပေါ်လာပါတယ်။

စံနှုန်းတစ်ခုကို မလိုက်နာတဲ့ အခါ

မြန်မာသင်္ချာဂဏန်းတွေနဲ့ ပေါင်းနုတ်မြှောက်စားလုပ်လို့ မရသေးဘူးဆိုတာက ယူနီကုတ်ကြောင့် မဟုတ်ဘူး။ ဘာသာ စကားသဘာဝ ကြောင့်လည်း မဟုတ်ပြန်ဘူး။ အရှင်းဆုံးပြောလိုက်ရင် OS မှာ မြန်မာစာ မရှိသေးလို့ပဲ။ Microsoft Windows မှာ မြန်မာစာမရှိသေးတဲ့အတွက် မြန်မာစာကို သိအောင်လုပ်ပေးနေရတယ်။ အခု Mac ပေါ်မှာ မြန်မာစာကို Mac OS ကသိနေတဲ့အတွက် မြန်မာသင်္ချာဂဏန်းနဲ့ ပေါင်းနုတ် မြောက်စား လုပ်နိုင်နေပါတယ်။ ယူနီကုတ်စံမမီတဲ့တစ်ခုကို ဆက်ပြီးသုံးနေမယ်ဆိုရင် Windows မှာ မြန်မာစာကို သိအောင်တစ်ခါတည်း လုပ်ပေးထားတဲ့ အခြေအနေရောက်လာတဲ့အခါ လက်ရှိလုပ်ထားခဲ့တဲ့ အလုပ်တွေအတွက် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ ယူနီကုတ် စံမမီတဲ့တစ်ခုကို ဆက်ပြီးသုံးနေလို့ ရနေတယ်ဆိုပေမယ့် နိုင် ငံတကာမှာ စံသတ်မှတ်ချက်တစ်ခုကိုပဲ အတိအကျလိုက်နာကြတဲ့အတွက် ကိုယ့်အနေနဲ့က ကွက်ပြီး ကျန်ခဲ့လိမ့်မယ်။ ယူနီကုတ်ကွန်ဆိုဒီယမ်က ချမှတ်လိုက်တဲ့ စံသတ်မှတ်ချက်ကို လိုက်နာခဲ့တယ်ဆိုရင် ထုတ်တဲ့ ဆော့်ဝဲလ်တွေ အားလုံးဟာ နိုင်ငံတကာစံနှုန်းထဲကို ဝင်နိုင်တဲ့ အချက်တစ်ချက်ဖြစ်သွားတယ်။

လေ့လာ၊ ဆွေးနွေး၊ အကြံပေး

ယူနီကုတ်အကြောင်းကို အသေးစိတ်သိချင်တယ်ဆိုရင် www.unicode.org မှာ ဖတ်ကြည့်တာ အကောင်းဆုံးပဲ။ www. myanmarnlp.net.mm မှာ လည်း ဖတ်ကြည့်လို့ရတယ်။ MM NLP ရဲ့ သုတေသနရလာဒ်တွေကို ပြန်လည်မျှဝေဖို့ ဝက်ဘ်ဆိုဒ်အသစ်တစ်ခုကိုလည်း စီစဉ်နေတယ်။ ဒီထက်ပိုပြီးတော့ သိချင်တယ်ဆိုရင် MMNLP အနေနဲ့ အဆင်သင့်ရှိပါတယ်။ ဆက်သွယ်နိုင်ပါတယ်။ နားထောင်ရုံ သက်သက်ထက် ဆွေးနွေးပေးတာကို ပိုပြီး လိုချင်ပါတယ်။ ပြန်လည်ဆွေးနွေး အကြံပေးတာကို လိုချင်ပါတယ်။ ချက်ခြင်းသိချင်တဲ့ ကိစ္စမျိုးဆိုရင် ဖုန်းဆက်ပြီးတော့လည်း မေးနိုင်ပါတယ်။ ဒီလိုမျိုးတွေကို ဖွင့်ပေးထားပေမယ့် မလာကြပါဘူး။

ဆွေးနွေးမှု၊ အဖြေ၊ အကျိုးကျေးဇူး

ကိုယ်နဲ့ မဆိုင်ဘူးဆိုရင် သုံးလည်း မသုံးနဲ့ ဝေဖန်မှုလည်း မလုပ်ပါနဲ့။ သိတယ်ဆိုရင်တော့ ဝေဖန်လို့ရတယ်။ သိတဲ့အတိုင်းကို ဝေဖန်ပါ။ ဝေဖန်တာပဲ ဖြစ်ဖြစ်၊ အကြံပေးတာပဲ ဖြစ်ဖြစ်၊ နားထောင်တာပဲ ဖြစ်ဖြစ်၊ ဆွေးနွေးတာပဲ ဖြစ်ဖြစ် နည်းနည်းလေးသိရင် သိတဲ့အပေါ်မှာ အခြေခံပြီး မေးလို့ရတယ်။ လုံးဝမသိပဲနဲ့ ဘေးကပြောတဲ့ စကားနဲ့လိုက်ပြီး ပြောတာမျိုးတော့ မဖြစ်စေချင်ဘူး။ ယူနီကုတ်ကို ဘာလို့ ကြီးကြီးကျယ်ကျယ် ပြောနေတာလဲ၊ ဘာလို့အချိန်ကုန်ခံနေတာလဲလို့ သိချင်လာပြီဆိုရင် သိချင်တဲ့ အသိအပေါ်မှာ ထပ်ပြီးတော့ ကြိုးစားဖို့ လိုအပ်ပါတယ်။ ယူနီကုတ်နဲ့ ပတ်သက်ပြီး ဝက်ဘ်ဆိုဒ်တစ်ချို့မှာ ငြင်းခုန် ဆွေးနွေးကြတာကို တွေ့ရတယ်။ ပြောတဲ့သူကလည်း ပြောတယ်။ ဖြေရှင်းပေးတဲ့ သူကလည်း ဖြေရှင်းတယ်။ ဒါပေမယ့် အခုအချိန်အထိ အဖြေတစ်ခု မရကြသေးဘူး။ ဆွေးနွေးမှုဆိုတာ အဖြေတစ်ခုရသွားမှ အောင်မြင်တာပါ။ အဖြေတစ်ခုမရသေးဘူးဆိုရင် ဆွေးနွေးမှုတွေဟာ အကျိုးမရှိပါဘူး။

ပီပီပြင်ပြင် အသုံးပြုနေတဲ့ အချိန်မှာ

အကျိုးကျေးဇူးက ပြောရမယ်ဆိုရင် အများကြီးပဲ။ အခု မိုက်ခရိုဆော့ဝ်လ်မှာ မြန်မာစာရိုက်နေရတာ Line Brake မရှိဘူး။ Word Break မရှိဘူး။ Phrase Brake မရှိဘူး။ စာရိုက်ရင် တကယ်တမ်းရိုက်နေတာက Phrase Brake နဲ့ ရိုက်နေတာ။ မောင်မောင်သည်ဆိုရင် သည်မှာ ဖြတ်ပေးနေရ တယ်။ ဒါမျိုးတွေရဖို့အတွက် အများကြီးကို ကြိုးစားနေရတယ်။ မြန်မာစာမှာ Phrase ဆိုတာဘယ်နေရာလဲလို့ မြန်မာစာဆရာကြီးတွေနဲ့ တိုင်ပင်ရတယ်။ ပြီးတော့မှာ တကယ်အသုံးချတဲ့အပေါ်မှာရေး ရတယ်။ မြန်မာဘာသာစကားမှာ တစ်ခြားဘာသာစကားနဲ့မတူညီတဲ့ အချက် တွေရှိတယ်။ မြန်မာဘာသာစကားမှာ ဒါတွေ့ရင် ဒါလုပ်ဆိုတဲ့ ပုံစံမရှိဘူး။ ဒါလည်းဖြစ်နိုင်တယ်။ ဟိုတစ်ခုလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးရှိ တယ်။ ဖြစ်နိုင်တွေချေကို အခြေခံပြီးတော့ တွက်ချက်ရတယ်။ ဒီလိုအခြေအနေမျိုးမှာ အလုပ်လုပ်ရတဲ့အတွက် တစ်ချို့ကိစ္စတွေမှာ အရမ်းကို ခက်ခဲတယ်။ ဒီလို အချိန်အကုန်ခံပြီး ရှင်းခဲ့ရတဲ့ ပြဿနာတွေက ယူနီကုတ်ကို ပီပီပြင်ပြင်သုံးနေရတဲ့ အချိန်မှာ အားလုံးပြေလည်နေပြီ။ ကျွန်မတို့ ခက်ခက်ခဲခဲလုပ်ခဲ့ရပါတယ်လို့ အဲဒီအချိန်မှာ ပြောရင် ဘယ်သူမှ ယုံကြတော့မှာမဟုတ်ဘူး။

ဘာသာစကား၊ နည်းပညာ

မိခင်ဘာသာစကားနဲ့ ပတ်သက်ပြီး ၅ နှစ်ကျော်လောက် လုပ်လာရပေမယ့် အခုအချိန်အထိ လေ့လာနေရတုန်းပဲ။ ကိုယ်မသိတဲ့အရာတွေက အများကြီးပဲ။ အင်တိုက်အားတိုက်နဲ့ လုပ်နေကြတဲ့အထဲမှာ မြန်မာက နောက်မကျပါဘူး။ လိုက်နိုင်ပါတယ်။ သူတို့ထက် ကြိုမြင်ခဲ့တဲ့ အပိုင်း တွေလည်း ရှိတယ်။ တစ်ချို့အပိုင်းတွေမှာ မြန်မာဆိုတဲ့ဘာသာစကားကို ဘယ်သူမှ မသိကြဘူး။ ကိုယ့်အနေနဲ့က ကမ္ဘောဒီးယားကိုလည်း သိတယ်။ ဗီယက်နမ်ဘယ်လို ရှိသလဲဆိုတာကို လေ့လာတယ်။ ထိုင်းက ဘယ်လိုရှိသလဲ၊ ဂျပန်က ဘယ်လိုရှိသလဲ ဆိုတာတွေကို သိနေတယ်။ ဒီလိုသိနေတာက အားသာချက်တစ်ခုပဲ။ သူတို့ ဘာသာစကားနဲ့ ကိုယ့်ရဲ့ ဘာသာစကားမှာ ဘယ်အပိုင်းတွေ တူနေတယ်ဆိုတာ သိထားတဲ့ အတွက် ကိုယ့်အနေနဲ့ သူတို့ဆီက ဘာယူသုံးလို့ ရမလဲဆိုတာ သိတယ်။ ဒီလိုအတွေ့အကြုံမျိုးတွေ ရတယ်။ သူတို့ဆီမှာ NLP နဲ့ ပတ်သက်ပြီး အင်တိုက်အားတိုက်ကို လုပ်ကြတယ်။ NLP ကို တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး။ အားလုံး စုပေါင်းပြီးတော့ လုပ်ရတယ်။ စုပေါင်း လုပ်ကိုင်တဲ့အပိုင်းမှာ မြန်မာက အားနည်းတယ်။ ကျန်တဲ့အပိုင်းတွေမှာတော့ လိုက်နိုင်တယ်။ Myanmar NLP Lab မှာ အစပိုင်း စလုပ်တုန်းက ယူနီကုတ် စံသတ်မှတ်ချက်ဖြစ်အောင်၊ မြန်မာနိုင်ငံမှာ ယူနီကုတ်အသုံးပြုနိုင်အောင်ဆိုတဲ့ အပိုင်းတွေ ပိုများတယ်။ နှစ်နှစ်လောက် အလုပ် လုပ်ပြီးတဲ့အခါမှာ ယူနီကုတ်ရဲ့ Enconding ပေါ်မှာ ဘာတွေ လုပ်ကြမလဲဆိုတဲ့ အပိုင်းတွေ ရှိလာတယ်။ သဒ္ဒါနည်းနဲ့ တည်ဆောက်ရတဲ့ အပိုင်းတွေ ပါလာတယ်။ ဒီလိုပါလာတော့ ဘာသာဗေဒကျွမ်းကျင်သူတွေလည်း ပါလာရတယ်။ ဘာသာဗေဒကျွမ်းကျင်သူ ပညာရှင်တွေရဲ့ အကြံဉာ ဏ်တွေကို အများဆုံးယူတယ်။ သုတေသနလည်း လုပ်တယ်။ ဘာသာစကားသဘာဝနဲ့ နည်းပညာပေါင်းစပ်လို့ရတဲ့ အခြေအနေ အထိရောက်အောင် ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်တယ်။

ဘာသာစကားအရင်းအမြစ် လိုအပ်ချက်

ဘာသာစကားနဲ့ပတ်သက်ပြီး ဂဃနဏ မသိခင်မှာ နည်းပညာနောက်ကို လိုက်ခဲ့ရတယ်။ ပြည်ပမှာ သင်တန်းတစ်ချို့ကို တက်ခွင့်ရတော့ မြန်မာက NLP အနေနဲ့ နောက်ကျနေတယ်ဆိုတာကို တွေ့ရတယ်။ ဒီလိုနောက်ကျတဲ့အတွက် ကံကောင်းသွားတယ်လို့ ပြောနိုင်တယ်။ သူတို့ က(နည်းပညာကို) ရှာပြီးသား ကိုယ်က ယူသုံးရုံပဲ။ ဘာကို ယူသုံးရမလဲဆိုတာကို အများစုက အသိကြဘူး။ စာလုံးပေါင်းစစ်ဆေးဖို့ဆိုရင် အဘိဓာန်ကောင်းကောင်းလိုမယ်။ မရှိဘူး။ ဘာသာစကားနဲ့ပတ်သက်ပြီး စုဆောင်းထားတာတွေ မရှိဘူး။    မြန်မာဘာသာစကားမှာ Word, Phrase ဆိုတာ ဒါတွေပဲလို့ ပေးလိုက်တာနဲ့ ဒီအပေါ်မှာ Word Break တွေ၊ Phrase တွေ ရနေနိုင်ပြီ။ အဘိဓာန်တစ်ခုပေးလိုက်တာနဲ့ မြန်မာစာ လုံး ပေါင်းစစ်ဖို့ အဆင်ပြေသွားမယ်။ နည်းပညာအပိုင်းကနေ ကျွန်မတို့လုပ်ပေးနိုင်က နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျန်တဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက ဘာသာစကားကျွမ်းကျင်သူတွေ၊ အရင်းအမြစ်တွေကို ထိန်းသိမ်းရတဲ့သူတွေ၊ အချက်အလက်တွေကို ထိန်းသိမ်းမယ့် သူတွေဆီက ဘာသာစကားဆိုင်ရာ အရင်းအမြစ်တွေပဲ။ နည်းပညာက ကျွန်မတို့မှာ အဆင်သင့်ရှိနေတယ်။ ကျွန်မတို့အတွက် လိုအပ်နေတာ က အရင်းအမြစ်ပဲ။ ဘာသာစကားအရင်းအမြစ်က MMNLP တိုးတက်ဖို့ အကောင်းဆုံးလိုအပ်ချက်ပဲ။

သိလိုသမျှကို စိတ်ရှည်စွာ အချိန်ပေး ဖြေကြားပေးခဲ့တဲ့ မသင်ဇာဖြိုးကို ကျေးဇူးတင် မှတ်တမ်းထားပါတယ်။

ဟန်ဇော်

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလထုတ် ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။

ကျွန်တော်နှင့် မြန်မာစာ

ကျွန်တော်နားလည်သော ယူနီကုတ်

ကျွန်တော်ကွန်ပျူတာ စသုံးတဲ့အချိန် က 2006 ခုနှစ် ၁၀တန်းပြီးစအချိန်.
ငယ်ငယ်တည်းက ကွန်ပျူတာကို အရမ်းရူးသွပ်တယ်။
ဒါပေမယ့် အိမ်က မဝယ်ပေးခဲ့ဘူး.
နယ်မြို့ဖြစ်တာလည်း ပါတာကြောင့်မို့ ကွန်ပျူတာဆိုတာ သိပ်ခေတ်မစားလှဘူး.

တက္ကသိုလ်စမတက်ခင်ရန်ကုန်ရောက်
အင်တာနက်ဆိုင်တွေမှာစကျင်လည်တာပေါ့။
Mirc ခေတ်ကောင်းတဲ့အချိန်ဆိုတော့ သူလည်း myanglish လိုပြော ကိုယ်လည်း myanglish လိုပြော။
နောက်တော့ နည်းနည်းသိလာတော့ Gtalk ဆိုတာသုံးနေပြီ။
အဲဒီတုန််းလောက်မှ မြန်မာ လို ရေးထားတဲ့ website နည်းနည်းပါးပါးစတွေ့တယ်
planet.com.mmကစသိတာပေါ့
ကွန်ပျူတာမှ မြန်မာ အသံထွက်နဲ့ပေါင်းလာတဲ့အင်္ဂလိပ်စာလုံးတွေခေတ်စားပြီးနောက်ပိုင်း.
အင်တာနက်ထဲမှာ မြန်မာလို မြင်ဖို့ရိုက်ဖို့သုံးတဲ့ software လေးတွေကြိုကြား ကြိုကြားပေါ်လာတယ်။.
အဲဒီထဲတုန်းက သိခဲ့တာက ကွန်ပျူတာထဲမှာ မြန်မာလိုမြင်ရဖို့ alpha zawgyi ဆိုတဲ့ software လေးသွင်းရမယ်ဆိုတာသိခဲ့တယ်။
ရန်ကုန်ကနေ မန္တလေးမှာကျောင်းစတက် အင်တာနက်ဆိုင်တွေပတ်သွားပြီး
မြန်မာလို မမြင်ရတဲ့ ကွန်ပျူတာထဲ မှာ ကိုယ့်ဘာသာ alpha zawgyi လေးသွင်းပြီး ဖတ်တယ်
thumbdrive လေးထဲမှာ မြန်မာ dictionary တွေ . နဲ့ အဲဒီ myanmar စာ software လေးတော့အမြဲဆောင်ထားတယ်
အဆင်ပြေတာကိုး.

အဲဒီ alpha zawgyi နဲ့အမြဲချီတက်နေတုန်း. ယူနီကုတ်ဆိုတာတွေ ကြားဖူးတယ်
ကြားဖူးပေမယ့် .ဘယ်လိုသုံးရမှန်းလဲမသိဘူး.
ဒီတိုင်းလည်းမြင်နေရတာပဲဆိုတော့. ဇော်ဂျီကိုပဲဆက်သုံးနေဖြစ်တယ်။
ကြားဖူးနားဝရှိတာတွေက ပိတောက်တို့ ဧရာတို့.. မြန်မာ၃ တို့
မြစေတီတို့…
အများကြီးပဲ
စံပြဆိုတဲ့မြန်မာစာ စနစ်ထွက်လာလို့ကွန်ပျူတာထဲသွင်းကြည့်သေးတယ်
သူက ဇော်ဂျီလိုရို်က်ရတာမဟုတ်ဘူး.
တရုတ်စာရိုက်သလို.. မျိုး.အသံထွက်နဲ့လည်းရတယ်. ။ တစ်ခုရိုက်ရင် အသံထွက်တူ စကားလုံးတွေထဲက တစ်ခုကို ပြန်ရွေးရတာမျိုး.။
၂၀၁၀ခုနှစ်လောက်… မိုဘိုင်းတွေ အရင်ထက်ခေတ်စားလာပြီ
၂၀၀၇ ကနေ၂၀၁၀ နှစ်စလောက်အထိ nokia keypad ဖုန်းလေးပဲကိုင်တာ ဆိုတော့.
မြန်မာလိုမြင်ဖို့ဆိုတာအဝေးကြီး
အင်တာနက်ဂျာနယ် နည်းပညာဂျာနယ်ဖတ်ကြည့်ရင် ဘယ်သူကတော့ ဘယ်ဖုန်းအတွက် မြန်မာစာစနစ်ကိုတီထွင်လိုက်ပြီဆိုတာမျိုးတွေမြင်ရင်..
အဝေးကနေသွားရေကျရုံပဲကျနိုင်တယ်
ဝယ်သုံးရမယ်လို့ဆိုတာကိုး.
trial ရတာလေးတွေ စမ်းသုံးကြည့်ရင်း ကီးပတ်ဖုနး်လေးထဲမှာ မြန်မာလိုတစ်လုံးစနှစ်လုံးစ လေးမြင်ရတာကို ပျော်နေတာ။
နောက်တော့ nokia symbian ဖုန်းတွေခေတ်စားတယ်.
Touch screen တွေပေါ့ .အဲဒီမှာတင် အို်င်ဖုန်းလည်း ထွက်လာတစ်နှစ်လောက်ရှိလို့
သူတို့ဖုန်းတွေထဲမှာ မြန်မာစာတွေ .မြန်မာလို message ပို့တာတွေရနေတာမြင်တော့.
တော်တော် အားကျမိတယ်။

Symbian ဖုန်းမှာကော မရဘူးလားဆိုပြီးတော့လျှောက်စမး်ကြတာ. .သူငယ်ချင်းက nokia site ကနေ ဖုန်းအတွက် certificate တော်ငးပေးတယ်။
အဲဒါက အခုခေတ် root လုပ်သလို jail brake လုပ်သလိုပဲ။

ပြီးတော့ ဇော်ဂျီဖောင့်ထည့်ကြည့်ကြတယ်
အရင်က မြန်မာလို လုံးဝမရတဲ့ ဖိုင်တွေ က ပေါ်တော့ပေါ်လာတယ်
ဒါပေမယ့် စာလုံးတွေကမမှန်ဘူး။
ဒါပေမယ့် မြင်ရတယ်ဆိုပြီးပျော်ကြတာပဲ
အခု new anycall က စိုင်းညီက .. myanmar keyboard ကိုnokiaအတွက်လုပ်လို့ရတယ်ပြောလို့.
သူ့ကိုပေးပြီးစမ်းကြည့်ပေမယ့်. ကိုယ့်ဖုန်းနဲ့ကျတော့ သုံးမရပြန်ဘူး။
တစ်ခုတော့ရှိတာ အဲဒီအချိန်ကပေါ်ခဲ့တဲ့ စံပြဆိုတဲ့မြန်မာစာစနစ်နဲ့ရိုက်ထားတဲ့မြန်မာစာလုံးတွေကျတော့ symbian ဖုန်းထဲမှာ မှန်မှန်ကန်ကန်ပေါ်တယ်။
သူက ကျွန်တော်လို့ရိုက် ရင် . က+ ျ + ွ + န+ ်  အဲဒီလို မဟုတ်ပဲ ကျွန်တော် ဆိုတဲ့ စကားစုက သတ်သတ်ရှိ်ပြီးသား.. စာလုံးအတွဲလိုက်ဆိုတော့.. ရှေ့နောက်မလွဲပဲ ဖုန်းထဲမှာပေါ်တာပေါ့.
ကျွန်တော်တောင်ထင်မိသေးတယ်။ အဲဒီတုန်းက နောက်ဆိုရင် စံပြများ ဖုန်းတွေ ကွန်ပျူတာတွေကို လွှမ်းမိုးတော့လေမလားပေါ့ (ယခုHTC ဖုန်းတွေမှာသုံးနေသော ဖောင့်ဖြစ်ပါတယ်)

အဲဒီခေတ်တွေကျော်လွန်ပြီးတော့ 2011.
၅သိန်းတန်တွေလည်းပေါ်လာလို့ android စခေတ်စားလာပြီ
Android ဖုန်းထဲမှာ မြန်မာလိုမြင်ရ .. message ပို့လို့ရ ရိုက်လို့ရတာ တွေမြင်. .ဖုန်းနဲ့ အင်တာနက်ဖွင့်သုံးလို့ရတာတွေမြင်တော့. ခေတ်အသစ်ကို ပြောင်းချင်ပြီပေါ့ ။
ဒါပေမယ့် ။ အခြေအနေအရ Nokia Symbianဖုန်းကို ပဲ 2011 နှစ်ကုန်အထိ ကို်င်ခဲ့ရတယ်

2011 ဒီဇင်ဘာမှ ပထမဆုံး Android Galaxy s2 ကို ၀ယ်ခဲ့တယ်။
ကို်င်ခဲ့သမျှဖုန်းတွေထဲမှာ အကြိုက်ဆုံး၊ သဘောအကျဆုံးပေါ့။
သူနဲ့တွဲပြီး နည်းပညာနယ်ပယ်အစုံလျှောက် သွားဖူးတယ်။
အဲဒီအချိန်အထိ ယူနီကုတ် က ပျောက်လက်စရှိသေး..
GSM ,WCDMA,CDMA ဖုန်းတွေ တော်တော်များများ အင်တာနက်ရကြလို့.. ကိုယ့်ဖုန်းနဲ့ကိုယ် အင်တာနက်ကြည့်ကြပြီ။
ဖေ့စ်ဘုတ်ကြီးလည်း. .အရှိန်ရနေပြီ။Fb ကို
ပီပီပြင်ပြင်စသုံးခဲ့တာ ၂၀၁၀ လောက်တည်းက။
၂၀၁၂ မှာ Myanmar Mobile Users Club ဆိုတဲ့ ပထမဆုံးသော မိုဘိုင်းနည်းပညာအဖွဲ့ facebook မှာပေါ်လာတယ်။
အဲဒီထဲမှာ ကိုယ်နဲ့ခင်နဲ့ သူငယ်ချင်းတွေရှိတာနဲ့ ရောက်သွားခဲ့တာ ကနေ. နောက်ပို်င်းမြန်မာစာ မရတဲ့ဖုန်းတွေကို ရအောင် ကူညီဖြေရှင်းပေးရင်းနဲ့ တော်တော်အရှိန်ရခဲ့တယ။်
ကိုယ့်ပိုက်ဆံကိုယ်စို်က်ပြီး အင်တာနက်ဖိုးအကုန်ခံပြီး .. ကူညီခဲ့ကြတယ်။
ကျွန်တေ်ာတို့ထည့်ခဲ့တဲ့ဖောင့် က ဇော်ဂျီတွေပေါ့
ဖုန်းထဲမှာ ယူနီကုတ် ဆိုတာ ကြားတောင်မကြားဖူးခဲ့ဘူး
ဘယ်သူမှလည်း မပြောခဲ့ကြဘူး။

အဲဒီနောက် နည်းပညာ Group တွေ တစ်ခုပြီးတစ်ခုပေါ်ထွန်းလာတယ်။
MMUC က အရှိန်လျော့သွားတယ်။
အရင်ကရှိခဲ့တဲ့လူဟောင်းတွေ ပျောက်ကုန်တယ်။
ကူညီမယ့်သူမကျန်ခဲ့တော့ဘူး။
ကျွန်တော်လည်း. ကျော်ငးပြီးလို့အလုပ်သင်ဆင်းနေချိန် ၊ ဆေးရုံမှာ လူနာအားတဲ့အချိန် ဖုန်းနဲ့
အင်တာနက်သုံးရင်း Group ထဲမှာ မေးတဲ့ သူတွေကိုကူဖြေပေးတဲ့အချိန် တွေ ကုန်သွားခဲ့တယ်။
၂၀၁၃ ခုနှစ် ဘွဲ့ရလို့.. ကိုယ်နေထိုင်ရာမွေးရပ်မြေမြို့လေးကို ပြန်လာခဲ့တယ်။
အိမ်မှာ အလုပ် ကမရှိတော့ တစ်နေ့တစ်နေ့ အင်တာနက်ထဲမှာ ပဲ ကူညီ ရင်း၊
လေ့လာရင်းနဲ့တွေ့ကြုံခဲ့တာတွေက တော့ ယူနီကုတ် အကြောင်း
စတင်အသုံးပြုကြည့်ဖို့ကြိုးစားပေမယ့် . စာရိုက်ရခက်ခဲတာ
ကောင်းကောင်းနားမလည်ရှင်းပြမယ့်သူမရှိတာ
စတာတွေကြောင့်သိပ်စိတ်မဝင်စားခဲ့ဘူး။
ဒါပေမယ့် Facebook ကနေ မြန်မာလို ဘာသာပြန်နေပြီဆိုတာသိခဲ့ရချိန်မှာတော့ စိတ်ဝင်စားလို့သွားလေ့လာတဲ့အခါ
သူတို့က ယူနီကုတ် စနစ်ကိုပဲအသုံးပြုတယ်ဆိုလို့ ။
ယူနီကုတ် နဲ့ Facebook ကို ဘာသာပြန်ပေးခဲ့ဖူးတယ်။
သူူငယ်ချင်းအချို့ကတော့ ဇော်ဂျီနဲ့ဘာသာပြန်ကြတယ်။
သူတို့မြင်ရတာနဲ့ ပြန်မှာပေါ့တဲ့..။
အဲဒီအချိန်က နိုင်ငံတကာကဘာသာစကားတွေ ဖုန်းထဲမြင်ရသုံးရချိန် ဘာလို့ ငါတို့က မရတာလည်း လို့တွေးမိတယ်။
Android version 4.1.2 မှာယူနိီကုတ်ရပြီဆိုလို့ စမ်းကြည့်တယ်။

၂၀၁၂ ကတည်းက သိခဲ့တဲ့ android application လုပ်တဲ့website တွေကို အသုံးပြုပြီး android application လေးတွေလည်း စဖန်တီးနေပြီ။
အဲဒီထဲက တစ်ခုက အခုဆိုရင် ပိုအဆင့်မြင့်လို့ font ပါ embed လုပ်လို့ရတယ်ဆိုတော့.
ယူနီကုတ် စာလုံးကို application ထဲ embed လုပ်ပြီး. galaxy s2 4.1.2 မှာဖတ်ကြည့်တယ်
သေသေချာချာမမြင်ရဘူး
ရှိသမျှ ယူနီကုတ်ဖောင့်တွေအားလုံးစမ်းပေမယ့်အဆင်မပြေကြဘူး။
ဒါနဲ့ပဲ ဇော်ဂျီပဲဆက်သုံးရတာပေါ့
ဒါပေမယ့်ဇော်ဂျီက မူရင်းကွန်ပျူတာမှာသုံးတဲ့စာလုံးမဟုတ်တော့ဘူး
အဆင့်ဆင့် ပြန်ပြီးMODIFY လုပ်ရင်းကနေ ပုံပြောင်းလာပြီ
ANDROID VERSION 4.0  ICE CREAM SANDWICH မှာ တုန်းက စာလုံးနည်းနည်းလွဲတာကနေ
အခု 4.1.X JELLY BEAN မှာ တော်တော်လွဲသွားတယ်။
ဒါပေမယ့် ..၂၀၁၃ နှစ်ကုန်လောက်မှာ အဲဒီလိုလွဲတာတွေကို ပြင်ပေးမယ့် DEVELOPER တွေပေါ်လာတယ်

APPLICATIONတစ်ခုဖုန်းထဲ သွင်းလို်က်တာနဲဲ့ မြန်မာစာအားလုံးပြန်မှန်သွားတယ်
ဘာကြော်င့လဲဆိုတာကိုမစဉ်းစားမိဘူး
မူလ အကောင်းကြီးကနေ အဆင့်မြှင့်လိုက် တဲ့အချိန်မှာ ဘာလို့မြန်မာစာ မမှန်တော့လဲမတွေးမိဘူး။

အဲဒီနောက်တော့ HUAWEI ဖြစ်သွားတယ်။ HUAWEI JELLY BEAN အတွက် သီးသန့်ထုတ်တဲ့ ဖောင့် CHANGER သွင်းပြီး. မြန်မာလိုဖတ်လို့ရအောင်လုပ်ရတယ်
ဒါတောင်တစ်ခါတစ်လေ .. ဘာမှန်းမသိတဲ့စာလုံးတွေပေါ်လာသေးတယ်
တစ်ခါတစ်လေ ရှိတဲ့ နိုင်ငံခြားဖောင့်တွေပျောက်သွားတယ်။

ဘာကြောင့်လဲမသိခဲ့ဘူး။

အဲဒီလို အဆင့်ဆင်နဲ့ပြောင်းလဲလာခဲ့ချိန်မှာပဲ.. samsung ကနေ ယူနီကုတ်ကိုစမ်းသပ်နေသလို..
နောက်လာမယ့်ဖုန်းတွေမှာ ယူနီကုတ် ကို အမှန်မြင်ရပြီဆိုတဲ့သတင်းလေးတွေကြားနေရတယ်
ကျွန်တော်လည်း ယူနီကုတ်ကို ဖုန်းထဲမှာ အမှန်ဖတ်လို့ရတာမြင်မှမမြင်ဘူးသေးတာ
စိတ်ဝင်စားတာပေါ့.။
မိတ်ဆွေတစ်ယောက်က သူတို့ရဲ့အသစ်ထွက်တဲ့ဖုန်း samsung s4 မှာ မြန်မာယူနီကုတ် အမှန်ဖတ်လို့ရတာကိုပြတယ်

နောက်တော့.. samsung,HTC ,HUAWEI စတာတွေ မြန်မာစျေးကွက်ထဲ ဝင်လာပြီး showroom တွေဖွင့်ကြတယ်။
HTC ကလည်းမြန်မာစာတစ်ခါတည်းပါအောင်လုပ်ပေးတယ်
Samsung ကလည်း မြန်မာစာ တစ်ခါတည်းပါတယ်
Huawei တစ်ချို့ဖုန်းတွေလည်းပါတယ်
JAS ဆိုတဲ့ဖုန်းကလည်း Myanamar UI နဲ့လာတယ်
Android version kitkat 4.4 ထွက်လာပြီ။
ဒါပေမယ့် သိခဲ့ရတာက 4.2x Jelly bean version မှာတည်းက မြန်မာယူနီကုတ်က ဖုန်းတွေထဲမှာ အလုပ်စလုပ်ပြီဆိုတာပဲ။

ဒါပေမယ့် လက်ရှိသုံးနေတဲ့ဖုန်းတွေ အကုန် ဇော်ဂျီကိုပဲ သုံးကြတယ်
ကျွန်တော်ကိုယ်တို်င် ယူနီကုတ် ကို ဖုန်းထဲမှာစမြင်ခဲ့ရတာက
4.4 kitkat ထည့်ထားတဲ့ mi4 ရောက်မှ။…
Android ထဲမှာ မြန်မာစာပိတောက်ဆိုတဲ့ ဖောင့်ပါလာပြီ။
ဒါပေမယ့် အဲဒီဖောင့်ကိုဖျက်ပြီးဇော်ဂျီပြောင်းထည့်ရတုနး်ပဲ
ဖောင့်ကတော့မြင်ရပြီ။ လက်ကွက်က ဘယ်လိုရို်က်ရမှန်းမသိသေးဘူး
၂၀၁၂ လောက်ကမြင်ခဲ့ဖူးတဲ့ multiling ဆိုတဲ့ကီးဘုတ်ကတော့ မြန်မာယူနီကုတ်လက်ကွက်နဲ့
ရှုပ်ရှက်ခက်နေတာ။
ယူနီကုတ် ကို ထည့်ပြီး သုံးကြည့်တယ်။ bagan,frozen pro တွေကိုယူနီကုတ် ပြောင်းသုံးပြီး ရိုက်ကြည့်တယ်
မရိုက်တတ်သေးဘူး
ယူနီကုတ် ရဲ့သဘောကို နားမလည်သေးတာပါမှာပေါ့လေ

microsoft ရဲ့ window 8 မှာလည်း မြန်မာစာပါပြီကြားသလို
Apple ရဲ့ mac မှာလည်းရပြီကြားတယ်
Android မှာလည်း မြန်မာစာစပါလာပြီဆိုတော့
မကြာခင် မြန်မာစာ ထည့်ရတဲ့ဒုက္ခ လွတ်တော့မယ်ဆိုတာတော့သိလိုက်တယ်။

Lollipop ဆိုတဲ့ Android version 5.0ရောက်တော့ မြန်မာစာစနစ်နဲ့ ဖုန်းတစ်ခုလုံံးကိုအသုံးပြုလို့ရသွားပြီ။

Google translate ကလည်း ယူနီကုတ်နဲ့ပဲ မြန်မာစာဘာသာပြန်လို့ရပြီဆိုတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ယူနီကုတ် အသုံးပြုတဲ့ Groupထဲရောက်သွားတယ်

ဘာတွေက ဇော်ဂျီရဲ့အားနည်းချက်လည်း
ဘာတွေကြောင့်ယူနီကုတ်သုံးကြလည်းဖြည်းဖြည်းချင်းသိလာတယ်

ဒီတိုင်းဆက်သွားနေရင်. ကွန်ပျူ တာ ၊ ဖုန်းတွေထဲမှာသုံးတဲ့ မြန်မာစာ က တစ်ခုနဲ့တစ်ခု အဆင်မပြေတာ. ယူနီဖောင်းမဖြစ်တာတွေကြံုရဦးမှာပဲဆိုတာ သိလိုက်တယ်

လူတော်တော်များများအတွက် ကတော့ ဘာပဲသုံးရသုံးရ မြန်မာလိုဖတ်လို့ရဖို့ပဲ အရေးကြီးပေမယ့်
သူတို့ရိုက်ခဲ့တဲ့စာတွေ သူတို့တင်ခဲ့တဲ့မှတ်တမ်းတွေ၊ သူတို့ရဲ့ အတွေးတွေ ဖန်တီးချက်တွေ
နှစ်ပေါင်းများစွာတည်နေအောင် ဆိုတာကြတော့.. ယခုလက်ရှိရိ်ုက်နေတဲ့ ဇော်ဂျီစနစ်နဲ့က
အင်တာနက်ထဲမှာသိမ်းဆည်းရာမှ မတိကျမှု စကားလုံး တစ်ခု အတူတူပဲကို ပုံစံအမျိုးမျိုးနဲ့ ရိုက်သွင်းမှုတွေက .. နောင်ပြန်ရှာဖို့ အခက်အခဲဖြစ်မှာပဲ

မြန်မာစာ ဆိုရင် မြန်မာအက္ခရာပဲလို့ထင်တဲ့ကျွန်တော်က ..တိုင်းရင်းသား အက္ခရာတွေလည်း ကွန်ပျူတာပေါ်မှာ ရှိသင့်တာကိုမေ့နေတယ်
ကျွန်တော်တို့.. မြန်မာစာတောင် အင်တာနက်ထဲမှာ ဖတ်ချင်ရင်..သူတို့တိုင်းရင်းသားစာတွေကောဘယ်လိုဖတ်မှာလဲလို့တွေးမိတယ်
အခုယူနီကုတ် ဆိုတဲ့စနစ်မှာ တိုင်းရင်းသားစကားလုံးတွေကိုပဲ တစ်ခါတည်း တွဲဖတ်ရှူလို့ရမယ်ဆိုတော့မှ သဘောပေါက်ခဲ့တာ .. တိုင်းရင်းသားစာလုံးကလဲ မြန်မာ စာ အုပ်စုထဲမှာတစ်ခါတည်းပါသင့်တယ်လို့ပါ။

နောက်ထပ်တစ်နှစ်လောက်နေရင်.. ဖုန်းတွေအားလုံး ပို်အဆင့်မြင့်တဲ့စနစ်ကိုရောက်ရင်
ကျွန်တော်တို့အားလုံးယူနီကုတ် ပြောင်းသုံးရပါလိမ့်မယ်
အခုကျွန်တော်ယူနီကုတ်နဲ့ရေးရင်မမြင်ရဘူးဆိုတာ.. ဇော်ဂျီဖောင့််ကိုသွင်းထားလို့ပါ။
နိုင်ငံခြားမှာ နောက်ဆုံး Android version နဲ့ဖုန်းတစ်လုံး ဒါမှမဟုတ် window 8 တင်ထားတဲ့ကွန်ပျူတာမှာဖတ်ရင် ဘာဖောင့်ဘာကီးဘုတ်မှသွင်းစရာမလိုပဲ ကျွန်တော် အောက်ကယူနီကုတ်နဲ့ရေးထားတာကို မြင်ရပါလိမ့်မယ်။
နောက်ဘယ်ဖုန်းဝယ်ဝယ် မြန်မာစာထည့်ပေးပါဦးလို့ ပြောဖို့မလိုတဲ့အချိန် ရောက်ပါလိမ့်မယ်
ကျွန်တော်တို့ဖုန်းတွေထဲမှာ မြန်မာ စာပါပြီးသားပါ။
ဒါပေမယ့် လူအများစုသုံးနေတဲ့မြန်မာစာကို အချင်းချင်းဆက်သွယ်လို့ရဖို့ပြောင်းလဲအသုံးပြုနေရတယ်။

ဖောင့်ပြဿနာနဲ့ပဲရှေ့မတက်နိုင်တဲ့ ကျွန်တော်တို့က သတ်သတ်မှတ်အတည်ပြုလို်က်တဲ့ မြန်မာစာ စနစ်ရှိပြီဆိုရင်.. ကျွန်တော်တို့ဒီထက်ပိုပြီး အများကြီးလုပ်ဆောင်နိုင်ကြပါလိမ့်မယ်

ဖုန်းတိုင်း နိုင်ငံတကာအသိအမှတ်ပြုစနစ်တစ်ခုနဲ့ပဲ အသုံးပြုကြပါလိမ့်မယ်

ကွန်ပျူတာနဲ့ပတ်သတ်ပြီးမြန်မာလိုရို်က်ရတဲ့အခါတို်င်း မြန်မာစာသိမ်းဆည်းတဲ့ပုံသေစနစ်တစ်ခုနဲ့
ဖောင့်အလှများစွာရိုက်နိုင်ပါလိ်မ့်မယ်။ powerpoint လို စက်တစ်ခုကတစ်ခု ကူးပြောင်းပြသဖို့လိုတဲ့ အခါတို်င်း .ဖောင့်မပါလို့ မပေါ်တာမဖြစ်ရတော့ပါဘူး။

အင်တာနက်ထဲမှာယူနီကုတ် နည်းလမ်းသုံးထားတဲ့ မြန်မာစာဖောင့်အလှများစွာကို နှစ်သက်သလိုပြောင်းလဲဖတ်ရှုနိင်ပါလိမ့်မယ်

နောက်ဆုံး. .. အင်္ဂလိပ်လိုပဲအမြဲသုံးနေရတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို မြန်မာလို ဖတ်ရှုရမယ့်လမ်းညွှန်တွေ ပေါ်ပြီး.. လူတန်းစားအားလုံး.. အသုံးပြုနိုင်ပါလိမ့်မယ်။

ဝီကီပီဒီယာ ၊ Google translate စတာတွေမှာ ယူနီကုတ် အသုးံပြုပြီးစာတွေဝိုင်းရေးကြ ၊ဘာသာကူပြန်ကြလို့.. ပိုမိုပြည့်စုံတိကျတဲ့ အဖြေတွေထွက်ရှိလာပါလိမ့်မယ်.။
မသိသမျှအရာအားလုံး မြန်မာ စာတစ်ခုတည်းနဲ့ ချက်ချင်းရှာဖွေပြီး တိကျတဲ့ ရလာဘ်ထုတ်ပြပါလိမ့်မယ်။

ဒါတွေက ကျွန်တော့်ရဲ့ နည်းပညာနဲ့ပတ်သတ်ပြီးဖြတ်သန်းခဲ့ပုံနဲ့
ဘာလို့ယူနီကုတ် သုံးသင့်ကြလည်းဆိုတာကို ကျွန်တော့်ရဲ့အမြင်နဲ့ရှင်းပြခြင်းဖြစ်ပါတယ်။
အားလုံး နားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်

mouse (1 of 1)

ယူနီကုတ် ရေ

မြန်မာနိုင်ငံမှာလည်း ယူနီကုတ် စသုံးနေကြပြီ
google translate.စရတည်းကဆိုပါတော့လေ

လူတွေနည်းနည်းတော့ပို စိတ်ဝင်စားလာကြပြီ
ဒါပေမယ့် သုံးရမှာတော့ ကြောက်နေကြတုန်းပဲ
အရင်က ယူနီကုတ်ရဲ့ဒဏ်တွေ ခံခဲ့ရတော့ အယုံအကြည်မဲ့ကုန်တာပေါ့လေ

ဘယ်လိုပဲပြောပြော ဇော်ဂျီကိုပဲ တွယ်ဖက်နေကြတယ်
အဲဒီလိုအချိန်မှာ စသုံးမိတဲ့ ကျွန်တော်ကအရူး
ပြောင်းလဲမှုရဲ့ ပထမဆုံး wave နဲ့ပါလာသူ

တစ်ခါတစ်လေ စိတ်ညစ်
စိတ်ပျက် ဒေါသထွက်နဲ့ပဲ

Page 2 of 3

Powered by WordPress & Theme by Anders Norén