မတ်လ ၂၈ရက်နေ့..
ကိုယ်လုပ်တတ်တာ ဘာရှိ သလဲ.
Appလား
Appp လုပ်တာကနေတော့ . သာမာန် အလုပ်တစ်ခု လုပ်သလောက် ၀င်တယ်..
ဒါပေမယ့်ဒီတစ်ခုနဲ့ လည်း မကျေနပ်နိုင် ဘူးလေ.
ဘာ app ထပ်ထုပ်ရင်ကောင်းမလဲဆိုတာ စဉ်းစား ရင်းစဉ်းစားရင်းနဲ့ခေါင်းတွေနောက်တယ်။
ကိုယ်သိချင်တာ ရှိရင် ဘယ်သူ့မှမမေး ချင် ဘူး..
မေးလို့ အဖြေမရမှာ စိုးတာ ကိုး..
တစ်ခါတစ်လေ တာဝန်ကြီးကြီးတွေ ရတတ်ပေမယ့်..ကိုယ့်ကိုယ်ကို ယုံ ကြည်ချက် မရှိတော့တာက ငါ့ကို ပြန်သတ်တယ်..
လုပ်ရမှာ ကြောက်တာ ..စိုးရိမ်တာ..
Motivation မရှိတာ..
ဘယ်သူ့ကို အပြစ်တင် ရမလဲ လို့တောင်မသိဘူး.
ဒါပေမယ့်လည်း ကိုယ့်အပြစ်ပဲလေ…
ယုံကြည်ချက်..
ခိုင်မာတဲ့စိတ်.
ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တဲ့စိတ်တစ်ခုလောက်ရချင်တယ်။
လက်ရှိမှာ.. အဆိုး မြင်စိတ်များနေတယ်။
ထုတ်မပြောပေမယ့်ဟိုလူ့ကိုလည်း မကျေနပ်..
ဒီလူ့ကို လည်း ကြည့်မရ။
သူတို့ လူမှုရေးလုပ်ရင်တောင်.. အာပလာ လုပ်ပြနေတာ ဆိုတဲ့ စိတ်မျိုး ငါ့ဆီိမှာဝင်နေတယ်..
သူတို့လုပ်နိုင်တာကို မနာလိုစိတ်..
ငါမလုပ်နိုင်တာကို အားမရစိတ်..
တွေစုပြီး.
စိတ်ဓာတ်တွေ ကျနေရော
ဘယ်လို ဘဝမျိုးလဲ ကွာ.
Leave a Reply