စိတ်ဖိစီးမှုများလာရင် လူတွေက အမှားပိုလုပ်မိတတ်ကြတယ်။

တစ်ခုကောသတိထားမိလားမသိဘူး။
ခင်ဗျားတို့ သွားနေရတဲ့ ဆေးရုံဆေးခန်းက ဆရာဝန်တွေ ရဲ့ စိတ်ဖိစီးမှု ပမာဏ ဘယ်လောက် ရှိမလဲဆိုတာ။
ငွေပေးရင် ဆန်ရမယ်ဆိုတဲ့ စိတ်နဲ့တော့ မသွားလိုက်လေနဲ့ ။
အခြားနေရာ အခြား ဌာနသာရရင် ရမယ်။
ဆရာဝန်တွေက မာနနဲ့ ငွေကြေးကိုမလဲဘူး။
ဒါကြောင့်လည်း ဖိအားအရမ်းများတဲ့ အလုပ်
လူ့အသက်တွေနဲ့
တာဝန်ယူမှုများ လွန်းတဲ့နေရာ မှာ မလောက်ငှတဲ့ ငွေကြေး နဲ့ ရပ်တည်နေကြတာပေါ့
အပြင်က ပြည်သူတွေ ညည်းဖု့် လည်း ချန်ထားပါဦးလို့ ပြောလိုသူများအတွက်

အပြင်မှာစားဝတ်နေရေးကျပ်တည်းမှု ကို ပြည်သူတိုင်းခံရသလိုပါပဲ။
သူတို့ အခွင့်အရေးတွေ တောင်းဆိုကြသလိုပဲ။
ဆရာဝန်တွေ ၊သူနာပြုတွေရဲ့
လူ့အခွင့်အရေးကိုကော တောင်းဆိုခွင့် မရှိတော့ဘူးလား။
များလွနး်တဲ့ အလုပ်ချိန်။
ပျက်ခဲ့ရလွန်းတဲ့ အိပ်ချိန်။
မိသားစုအတွက်နည်းပါးလွန်းတဲ့ အချိန်။

ပိုက်ဆံတွေ နင့်နေအောင်ယူတဲ့ ပြင်ပ စီးပွားရေးလုပ်ငန်း၊
SERVICEပေးတဲ့ လုပ်ငန်းတွေ မှာ စိတ်ကျေနပ်မှု အပြည့် အဝရတာနဲ့ မရတာ ဘယ်ဟာပို များပါသလဲ။

သူတို့အကျိုးစီးပွား မိမိလုပ်ရင် လုပ်သလောက် အကျိုးခံစားခွင့် ရတဲ့ သူတွေတောင် အမှားအယွင်းတွေ ဖြစ်ကြသေးတယ်။

လူနာ့အကျိုးအတွက်ဆိုပြီ း မိမိ ဆီက ပဲ့ပါနေတဲ့ ဆရာဝန် မျိုးတွေ
နေ့စဉ်ရက်ဆက် ဆုံးဖြတ်ချက်ပေါင်း များစွာကို ချပြိိး အသက်ကယ်ဖို့ လုပ်နေကြရတဲ့ သူတွေဆီမှာ
အမှားအယွင်းဘယ်လောက်ထိ ရှိနိုင်နေမလဲ ခန့်မှန်းလို့ မရနိုင်ဘူးလား။

အလုပ်တာဝန်များလေ ဖိစီးမှုများလေ
လုပ်စရာတွေွ များလေ ဒေါသထွက်လေ
အဲဒီအချိန် လေးများ ငွေပေးလို့ ပြေလည်မယ်မထင်လေနဲ့။

ငွေပေးတာနဲ့ သူတို့ ရဲ့တာဝန် တွေ ကို ပြီးစီးအောင် မဖြေ ရှင်းနိုင်ပါ။

မှားယွင်းဖို့ အခွင့်အရေးများလွန်းတဲ့ အခြေ အနေ တွေမှာ သူတို့ ဆီမှာ ရှိတဲ့သတိ နဲ့ ပညာတွေ ကိုသုံးပြီး မှားယွင်းမှု အနည်းဆုံးဖြစ်အောင် လုပ်ပေးနေကြတယ်။

တစ်ခါတစ်ရံ အမှားက ရှောင်မရပဲ ဖြစ်တတ်တယ်။
မမှားရင်တောင် မှာ
ကုသမှုကတော့မှန်တယ်။ လူနာကဆုံးသွားတယ်
ဆိုတာမျိုးဖြစ်တတ်တယ်။

ဒါမျိုးတွေ ဘာလို့ ဖြစ်လာတာလဲ
ဘာတွေ လိုအပ်နေလို့လဲ
ဖြစ်လာရင် ဘယ်လို လုပ်မလဲ ဆိုတာတွေက ရေ ရှည် စဉ်းစားရမယ့် ကိစ္စတွေပါ။

လူနာတွေ ယုံကြည်မှု မရှိရင် ဆရာဝန်တွေ ဘယ်လို ဆေးကုမလဲ။
ဆရာဝန်တွေဆေးမကု ရလို့ ဘာမှ မဖြစ်ပါ ဘူး။
ရောဂါ ဖြစ်တဲ့ လူနာတွေ ဘယ်ကို သွားပြကြမလဲ။
တစ်ဦးနဲ့တစ်ဦးကြား ရှိတဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး လေးတွေကို တန်ဖိုးထားကြစမ်းပါ
လူ့အခွင့်အရေး ကို လူသားတိုင်းလိုအပ်သလို
ဆရာဝန်တွေ လည်းလိုအပ်ပါတယ်။

လူနာတွေ ဘက်က လိုအပ်တဲ့ အခွင့်အရေး တောင်းရင်
ဆရာဝန်တွေ ဘက်က လည်း တောင်းဆိုခွင့် ရှိပါတယ်။
ိကိုယ်တောင်းဆိုချက်က ကုသရေးဘက်မှာ ဘယ်လို အကျိုး ရှ ိမလဲ ဆိုတာကိုပါ ထည့် သွင်းစဉ်းစားသင့်တယ်။
မဟုတ်ရင်တော့ လူနာနဲ့ ဆရာဝန်ကြား ကွာဟမှုက ကြာလေဝေးလေ ဖြစ်ဖု့ိပဲ ရှိပါတယ်