ကြားနေတဲ့သူတွေ ဆိုတာ
တစ်ချိန်ချိန်ကျရင် ဘက်တစ်ခုခုကို သွားရမယ့်သူတွေပါ။
သူတို့ သွားမယ့်ဖက်ကို မရွေးချယ်ရသေးခင်
သူတို့တွေကို တံဆိပ်မကပ်တာကောင်းမယ်။
လူ့အကျင့်က ဇွတ်လုပ်ခိုင်းတာကို ဆန့်ကျင့်တဲ့စိတ်ရှိတယ်။
ဖြည်းဖြည်းနားလည်ဖို့ အချိန်ယူရတယ်။
ကျွန်တော်အဲဒါနဲ့ပတ်သက်ပြီး
unicode သုံးဖို့ လိုက်ပြောတည်းက ကြုံခဲ့ရတဲ့ သင်ခန်းစာရှိပါတယ်။
အကြောင်းသိသူတွေတောင်
တမင် တကာ ဆန့်ကျင်တာလည်းရှိပါတယ်။
ပါတီတွေမဲဆွယ်ရာမှာလည်းအဲလိုပါပဲ။
ပါတီကြီးတွေက လွဲ လို့ ကျန်တဲ့အကုန်စိတ်ပေါက်သလိုထည့်မယ်ဆိုတာမျိုးမဖြစ်စေလိုပါ။
ဒါကြောင့်… တံဆိပ်ကပ်တိုက်ခိုက်တာတွေလျှော့ပြီး
ကိုယ်လုပ်စရာရှိတာကိုလုပ်..
မမှန်မကန် မတရားမှုတွေ မဖြစ်အောင် တားကြပါ။
သဘောထားပြည့်ဝတဲ့ ဖက်ကို ကြားနေတွေပြောင်းရွှေ့လာပါလိ်မ့်မယ်။
Leave a Reply