Many Lives, Many Memories.

Tag: OG

ပထမနေ့ သားဖွားဆောင် ညဂျူတီ

27.8.2012

Location Central Women Hospital.
(Evernote ထဲ ရေးခဲ့သော notes အပိုင်းအစလေးများ..)
Photo credit: Google
ပထမနေ့ သားဖွားဆောင် ညဂျူတီ

မိုးတောင်စင်စင်လင်းပြီ။
ပြူတင်းပေါက်နားက ငှက်လေးတွေလည်းအိပ်ရာနိုးလို့ ဆူညံနေပြီ။
ကျွန်တော်တော့တစ်ညလုံးမအိပ်ရသေးပါ။
ည၂နာရီလောက်မှာ ခွဲမွေးရတဲ့ လူနာနှစ်ယောက်ရှိတာ ဆာဂျင်အကူလုပ်ပေးနေရတယ်။

ညကလည်းမွေးတဲ့ လူနာတွေ ရှိတာကူပေးနေတယ်။

သူငယ်ချင်းအလုပ်သင်ဆရာဝန်နှစ်ယောက်ကတော့ ကလေးမွေးပေးနေတယ်။

မွေးကင်းစကလေးရဲ့ စူးရှရှ ငိုသံက စောင့်နေတဲ့ မိဘဆွေမျိုးတွေအတွက်ကော ကျွန်တော်တို့အတွက်ကော
သာယာ ပျော်ရွှင်စေတဲ့ အရာလေးပါပဲ

အခန်းထဲမှာ ပူလောင်အိုက်စက်နေတဲ့အတွက် ပြူတင်းပေါက်နားမှာ လေညှင်းလေးများရမလားရပ်နေမိတယ်။

ယောက်ကျားလေးမွေးတယ်တော်ရေ့ဆိုတဲ့ အသံနဲ့
ဆူဆူညံညံပျော်ရွှင်နေတဲ့ မိသားစုကို ကြည့်ရတာ
အိပ်ချင်စိတ်လည်းပျောက်
အပျော်တွေပါကူးစက်ရောက်လာတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလည်း ကျွန်တော်တို့လည်း
ဒီလို လူပေါက်စလေးတွေပဲလေ
ခြေကားယား လက်ကားယားနဲ့ ယက်ကန်ယက်ကန် ဘဝကနေ အခုကျွန်တော်တို့ရဲ့မိခင်လိုမျိုးအမျိုးသမီးတွေကို ပြန် စောင့်ရှောက်နေရပြီ။

မမွေးသေးတဲ့မိခင်တွေနားမှာ တစ်ညလုံးထိုင်ခုံတစ်လုံးနဲ့ ထိုင်ပြီး
မွေးဖို့ ဘယ်လောက်လိုသေးလဲ ဗိုက်ကို နာရီဝက်တစ်ခါစမ်းပေးနေတဲ့
သူငယ်ချင်း အလုပ်သင်လေးတွေအပေါ် အမေတွေ ဘယ်လိုများ သဘောထားကြမလဲ သိချင်စမ်းပါတယ်။

ဆရာဝန်တွေကို လူနာဆီက ပိုက်ဆံတွေ အတင်းယူတယ် ပြောကြသူတွေ
လကုန်ခါနီးပြီ
အိပ်ထဲတစ်ထောင်ပင်ပြည့်အောင်မရှိ
အိမ်ကို လှမ်းမှာရတဲ့ အကြောင်းတွေကောသိပါ့မလား။

လူနာအတွက် အချိုရည် နဲ့မုန့်ဝယ်ခိုင်းတာကို
ခပ်စိမ်းစိမ်းအကြည့်နဲ့ မကြည်သလိုကြည့်ခံရတာ

ကျွန်တော်တို့သောက်ဖို့ ရေတစ်ဗူးများပိုမှာ မိဖူးသလားဗျာ။

တစ်ခါတစ်လေ အဓိပ္ပါယ်မရှိဘူးခံစားမိပေမယ့်
တစ်ခါတစ်လေတော့အဓိပ္ပါယ်အရှိဆုံးအလုပ်ဆိုတာ ငြင်းလို့မရပါဘူး။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၈နာရီမထိုးခင်မှာဂျူတီထွက်ခဲ့တယ်..အိမ်လည်းရောက်ရော…OTနံ့တွေနံစော်နေတဲ့ဝတ်စုံကိုမလဲနိုင်ပဲ Dream bed ပေါ်မှာအိပ်ပျော်သွားခဲ့တယ်

အိမ်မက်တွေကလည်းကယောက်ကယက်..

ဖြစ်ချင်တာတွေပဲသိတယ်..။
လမ်းကရှာလို့မတွေ့…
ဟိုးတစ်နေ့က Steve Job ရေးတဲ့စာလေးတစ်ကြောင်းကတော့ခေါင်းထဲမှာမှတ်မိနေတယ်.
ကိုယ်တစ်ကယ်ဖြစ်ချင်တာအရာကိုရောက်အောင်သွားတဲ့….
လက်ရှိအလုပ်နဲ့ပဲမကျေနပ်နဲ့တဲ့…….ကိုယ်ဖြစ်ချင်တဲ့အရာကိုလုပ်နေရပြီဆိုရင်…စိတ်ကအလိုလိုသိလိမ့်မယ်တဲ့

အိမ်မက်ထဲဟိုရောက်လိုက်ဒီရောက်လိုက်ပေါ့..
တစ်ခေါက်ပြန်နိုးတော့..နေ့လည်၁နာရီထိုးနေပြီ.
ဗိုက်ကလည်းဆာ..တယ်.
ထမင်းသွားစားမလို့…ပိုက်ဆံကိုစမ်းလိုက်တော့တစ်ထောင်ပဲရှိတယ်.
တစ်နေ့လုံးမှတစ်ထောင်နဲ့ဘယ်လိုစားရပါ့။

ဘဏ်စာအုပ်ထဲမှာရှိနေသေးလို့တော်သေးတယ်။
ခေါင်းကမူးပြီး…အိပ်ရေးမဝတဲ့ဒဏ်က….ဘာက်ိုမှကောင်းကောင်းမတွေးနိုင်ဘူး.။.

CBဘဏ်ကိုပိုက်ဆံသွားထုတ်တယ်။
ဘဏ်ရှေ့မှာဆိုင်ကယ်ထိုးရင်စဉ်းစားနေမိတယ်။
တစ်နေ့ငါကောဒီလိုဘဏ်ကြီးရဲ့အစုရှယ်ယာဝင်တစ်ယောက်မဖြစ်လာနိုင်ဘူးလားဆိုပြီးတော့.

ကိုယ့်အတွေးနဲ့ကိုယ်ကတော့ကျေနပ်စရာပါပဲ၊။
ဖြစ်ချင်လာတဲ့အိမ်မက်တွေထဲမှာ…ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ပြီး…ကိုယ့်နိုင်ငံအတွက်လုပ်ပေးချင်တာလည်းပါတယ်.

နောက်ဆုံး OG clinic

ဒီနေ့ OG unit 2 အနေနဲ့ clinical presentation တင်ရတယ်

Professor Dr. ဆရာဦးစောကလခူနဲ.တင်ရတာ..
ကိုယ့်ward ထဲက သူငယ်ချင်းတွေတောင် role call ယူပြီးချိန်မှာထပြန် ကုန်ကြတယ်… အော်…

ကိုယ့်အလှည့်တုန်းကလဲဒီလိုပဲလုပ်ထားတာဆိုတော့…အားပေးမယ့်သူကနည်းနည်းလေးပဲရှိတယ်.

မနေ့က ..စောသီရိဟန်ရယ် …စုမွန်နိုင်ရယ် ..ငါရယ် ..ward ထဲသွားပြီး.case ယူထားတာ..သူတို.ယူတယ် case ကို .ငါကတော.ထိုင်နားထောင်တာပေါ.လေ

မနက်စာကမနေ.ကကော.ဒီနေ.ကောလွတ်တယ်.. အိပ်ရာထနောက်ကျတာလည်းပါတာပေါ.လေ.

clinical presentation အတွက်. ငါတို. လုပ်ရမယ်.သူက 10ယောက်လောက်ရှိပေမယ်..3ယောက်ပဲလုပ်သွားတယ်..
ငါက အစက power point လုပ်ပေးမလို့..တစ်ခြားတစ်ယောက်ပြောဆိုတော..ပြောမယ်.သူက မရှိဘူး..ငါ့ကိုပဲနှစ်ခုလုံးလုပ်ခို်င်းတယ်..
သိပ်အပန်းကြီးတာလည်းမဟုတ်တော.ငါပဲရို်က်တာကော။။ ပြောတာကောလုပ်လို်က်တယ် .

စံထွန်းအောင်က တော. ပြောပါ တယ် သူpower point လုပ်ပေးမယ်ဆိုတာကို…သူ့ကို မပြောတော.ပါဘူး

မနေ.ကငါတစ်နေကုန်စိတ် တိုနေတာ.။။။
ညဘက်အေးအေးဆေးဆေးကျမှ… laptop ရှေ.ထိုင် ပြီးအ.လုပ်လုပ်တယ်။
သီချင်လေးအေးအေးနဲ့ … ကော်ဖီတစ်ခွက်ဘေးချ…. များပြားစွာသော power point template တွေထဲက … OG နဲ.ဆိုင်တဲ့ ..လှလှ လေးတစ်ခုယူသုံးပြီးနောက်.

စိတ် တိုနေတာတွေလည်း.တစ်ဖြည်းဖြည်းပျောက်ပြီး.. အလုပ်ထဲစျာန် ၀င် လာတ်ယ ပဲပြောရမလား…
အလုပ်လု်ပရတာပျော်နေတယ် …

တစ်နာရီကျော်လောက်… အလုပ်လုပ်ပြီးတော.. ပြီးလုနီးပါးဖြစ်သွားတယ်….စောသီီရီဟန်ဆီဖုန်းဆက်ပြိီး.သူတို.ရေးပေးထားတဲ.. စာထဲက မရှင်းတာတွေဝိုင်းထားပြီးပြန် မေးတယ် …..အဲဒီနောက် တော.11pmကျော်နေပြီ…. ကြက်ဥတစ်လုံးကြော်စား..ဇာတ်လမ်းတစ်ခွေ ကြည့်ပြီး.အိ်ပ်လို်က်တော။တယ် ။

ဒီနေ.တင်ရတာအဆင်ပြေပါတယ်… အားလုံးရှေမှာထွက်စမ်းရတုန်း..ချွေးအရမး်ထွက်တာကတော… automatic nervous system တွေအလုပ်လုပ်တာပဲလားမသိ.
ဆရာကတောင်ပြောတယ်.. တစ်ယောက်ယောက် တစ်သျှူးပေးလို်က်ပါဦးတဲ.
🙂 ငါ စမး်ခဲ့ရတာအမြတ်ပေါ.ကွာ

တစ်ယောက်တည်းနေရတဲ့ဘဝကကောင်းပါတယ် ..

ဒါပေမယ့်ှုတစ်ခါတစ်လေ… အရမး်ဝမ်းနည်းတယ်။…
ဗိုက်အရမ်းဆာချိန် ….. တစ်ယော်ကတည်းလည်းထမင်းမစားချင်….သူငယ်ချင်းတွေလည်း..ခေါ်မရတဲ့အချိန် …….ငါ အခန်းထဲမှာတစ်ယောက်တည်းပဲ….၀မ်းနည်းလို…….

Powered by WordPress & Theme by Anders Norén