ဟိုအရင်တုန်းက ကျွန်တော်.. appyet တိုိ့ app geyer တို့ makemedroid တို့နဲ့ application တွေလုပ်လို့ရကြောင်းပြောဖူးတယ်ဗျ..

ကျွန်တော် အဲဒီတုန်းက facebook fan page တွေက နေကော feed ထုတ်မရဘူူးလားဆိုပြီးတော့စဉ်းစားနေတာ..
တကယ်လို့သာ အဲဒီလိုလုပ်လို့ရခဲ့ရင်..

facebook page တွေက နေတစ်ဆင့် application တွေဆီတိုက်ရိုက်သွားလို့ရတော့မယ်.

daily update လုပ်နေစေချင်တဲ့အရာ တွေကို application ဖွင့်တာနဲ့ သိရမယ်လေ
blog မှာကျတော့ update လုပ်ရင်သိတဲ့သူနည်းတာကိုး.

ရှာနေတာ ၆လလောက်ရှိပြီဗျ..

group ထဲမှာမေးတော့လည်း.ဘယ်သူမှမဖြေကြဘူး.

အခုတော့ ကျွန်တော် tech-informer.com ကနေ နည်းတစ်ခုကိုတွေ့လို့စမ်းကြည့်တာ
အဆင်ပြေသွားတယ်။

အခုအဲဒါလေးကိုပြန်လည်မျှဝေပါမယ်ခင်ဗျာ.

ပထမအဆင့်

– facebook ကနေ feed ကိုဘယ်လို ယူရမှန်းမသိတာက ..ပြသနာ ဖြစ်တာပါပဲ။.

-ပထမဆုံး ကိုယ်ဖွင့်ချင်တဲ့ page ရဲ့ address ကို သိရပါမယ်။

ပုံ၁

အောက်က website ထဲ က

http://findmyfacebookid.com/

အဲဒီ address ကို ကော်ပီကူးပြီး ထည့်ပါ

အဲဒီထွက်လာတဲ့ code ကို မှတ်ထားပါ

အဆင့်၂

http://www.facebook.com/feeds/page.php?format=atom10&id=342800190154

အဲဒီ address ရဲ့ id= နောက် က code တွေကို မှတ်ထားတဲ့ code နဲ့အစားထိုးလို်က်ပါ။

http://www.facebook.com/feeds/page.php?format=atom10&id=150948268325647

အဲဒီ အသစ်ရလာတဲ့ လင့်ကို copy မှတ်ထားပါ
အဆင့်၃

အဲဒီ code တွေတကယ်လုပ်မလုပ်
ဒီမှာစမ်းသပ်ကြည့်ပါ။
http://www.google.com/reader

ကိုသွားပြီး
ပုံထဲက အတုငိ် း
subscribe အကွက်ထဲမှာ

စောစော ကရတဲ့ feed ကို ထည့်ပြီးadd လုပ်လိုက်ပါ။

ပြီးရင် အဲဒီမှာ post တွေတက်လာပါလိမ့်မယ်ဗျာ

အဲဒီက ရတဲ့ feed ကို ကျွန်တော် appyet မှာ သွင်းကြည့်တော့မရဘူး.

good news လို android rss reader နဲ့ကျတော့ရပါတယ်.
ကျွန်တော်လည်းဆက်မစမ်းနိုင်လို့ဒီတိုင်းပဲထားထားတယ်။

ဒီတော့ ဒီ ကနေပြီ းRSS feed ယူတဲ့နည်းသိပြီဆိုတော့. ကျန်တာတွေလုပ်ဖို့က မခဲယဉ်းလောက်ပါဘူး.

အဆင်ပြေသလို……..ကွန့်ပြီးအသုံးပြုကြပါခင်ဗျာ.
🙂
p.s Find My facebook ID ကသုံးမရတာမျိုးရှိရင် .
နောက်တစ်နည်းနဲ့ယူတဲ့နည်းရှိပါသေးတယ် ကြုံရင် ကျွန်တော်တင်ပေးပါမယ်။

facebook notes တွေက နေတိုက်ရိုက် feed ယူတာကတော့.. mozilla firefox နဲ့တင်အဆင်ပြေပါတယ်.

ကျွန်တော်တို့ သုံးနေကျ appyet မှာလည်း feed က ကောင်းကောင်းအလုပ်လုပ်ပါတယ်.

တကယ်လို့ facebook မှာ notes အမြဲတင်တဲ့သူတွေရဲ့ notes တွေကို
ဖုန်း application နဲ့ ဖတ်ချင်ရင်
feed ယူထားလို့ရကြောင်းပါ. 😀
ဒီဟာက အဲဒီ notes တွေကို ယူပြီးစမ်းထားတဲ့ application တစ်ခုပါ။

https://www.dropbox.com/s/1u1ymyx7yud4nlg/Doctor%20Notes.apk?m

Enjoy with your creations 😀

Doc Made By Nyein Chan Ko Ko (MMUC)