Many Lives, Many Memories.

Category: Student Life Page 7 of 8

အမေ့အတွက် Online ပေးစာ

မေလရဲ့ဒုတိယမြောက် တနင်္ဂနွေနေ့က.. အမေများနေ့တဲ့..

တစ်ခါ မှမလုပ်ဖူးဘူး..အမေ့ဆီကို message လေးတစ်စောင် ပို့ခဲ့တယ်

အမေနေကောင်းပြီးပျော်ရွှင်ပါစေလို့……အမေအရမ်းဝမ်းသာနေမှာပဲ..

အမေ့ကိုချစ်တယ် လို့တစ်ခါ မှမပြောခဲ့ပါဘူး.. 🙁

ပြောလည်းမထွက်ဘူး..

အမေ ငါ ့အတွက်ဖြည့်ဆည်းပေးခဲ့တာတွေက အများကြီးပဲတစ်ခါတစ်လေ..စိတ်မကောင်းဖြစ်တယ်……..

ဘာမှလည်းပြန်မလုပ်ပေးနိုင်ဘူး..ငါ လုပ်ချင်တာရှိခဲ့ရင်..အမေမကြိုက်ရင်တောင်.သားစိတ်မကောင်းဖြစ်မှာစိုးပြီး.မပိတ် ပင်ခဲ့တာတွေ..

သား.မျက်ရည်ကျတဲ့အချိန်..အမေအရမ်းစိတ်ဆိုးတာတွေ….

ဘယ်လောက်ပဲခက်ခဲခဲ..သားအတွက်..အားလုံးအဆင်ပြေအောင်ဖန်တီးပေးတာတွေက…ပြောပြရင်မကုန်နိုင်ပါဘူး..

နေမကောင်းဖြစ်နေပြီဆိုရင်.စိတ်ပူပြီး..အဝေးကြီးကလာပြီး..စာမေးပွဲရက်တွေနေပေးတာ….

အမေသားကို ဂရုစိုက်တာရဲ့ 10ပုံတစ်ပုံတောင် ..သားပြန် မပေးနို်င်ခဲ့ပါဘူး..

အမေ့အတွက် ပြန် မလုပ်ပေးနိုင်ပေမယ့် အမေတို့စိတ်ဆင်းရဲရမယ် ့အရာမျိုုူးကိုတော့သားဘယ်တော့မှမလုပ်ဖူးလို့…ကတိပေးပါတယ် ..မေမေ.

မေမေ့ကိုကော..ဖေဖေ့ကိုကော..ကိုကြီးကိုကော.သားချစ်ပါတယ် …..

မေ

ဒီနေ့က.. မေလရဲ့နေ့တစ်နေ့ပေါ့

ကျွှန်တော်ကြံူခဲ့ရတဲ့များစွာသော..ဇာတ် လမ် းများထဲကတစ်ခုအကြောင်းကိုပြောပြမယ် ..

မနှစ်ကဒီလိုအချိန် မှာ..လူတွေအများကြီးသေခဲ့တယ် …heat stroke တွေနဲ့ပေါ ..
မန်းလေး78 လမ် းပေါ်မှာဆို.. နာရေးကားတန်းကြီးကမဆုံးနို်င်ဘူုး..

အတန်းလိုက်ကြီး.

ရှေ.ကရဲ့နောက် ဆုံးကားနဲ့နောက်ကားရဲ့..ရှေ.ဆုံးကားချင်းထပ်နေတယ် ..
အခင်ဆုံးသူငယ်ချင်းတစ်ယောက်ရဲ့အမေဆုံးသွားတယ် ………..

Hypovolaemic shock နဲ့ပါပဲ. ..
စိတ်မကောင်းဘူး..သူငယ်ချင်းကိုယ်စား..
.ရာသီဥတုကအရမး်ပူတယ် …ကျောင်းကိုသွားရမှလည်းလန်.နေတယ် ….လူတွေလည်း..ကျီးလန်.စာစားသလိုဖြစ်နေကြပြီ……..
..

အရင်တည်းကခင်ချင်မိတဲ့ကောင်မလေးတစ်ယောက်နဲ့မမျှော်လင့်ပဲ..အဆက်အသွယ်ရခဲ့တယ်..
သူကကျွှန်တော်တို့ကျောင်းကတော်တော်ကို…ချောတဲ့.ကောင်မလေးတစ်ယောက်ပါ..
ဒါပေမယ့်ကောင်လေးတွေနဲ့ရှုပ်တယ် ဆိုတာတော့သတင်းထွက်တယ်
အဲဒီလိုအချိန်မျိုးမှာ…ရူးခဲ့သေးတယ်

တော်တော်ကိုကြာအောင်..

သူကဂျူးရဲ့ဝတ္ထုတွေကို…အရမ်းကြိူက်တယ်

သူ့စိတ်ကဘယ်လိုမျိူးလဲဆိုတာကို..တကယ်သိချင်ခဲ့တယ် …….

အရမ်းကိုပူနေတဲ့အချိန် ………

ပထမဆုံးရွာခဲ့တဲ့မိုးကို.ဘယ်တော.မှမမေ့ဘူး……………
Video ရီုက်ပြီးမှတ် တမ်းတင်ခဲ့သေးတယ် ………
သိပ်မကြာခင်မှာပဲ..သူ့မှာ..ကောင်လေးရှိတယ် ဆိုတာသေချာပြီးနောက်…ငါ ..ဘာမှဆက်မလုပ်ခဲ့တော့ဘူး…
ငါ ပို့ခဲ့တဲ့message တစ်ချို့က သူ့ကို…မရည်ရွယ်ပဲစော်ကားသလိုဖြစ်သွားခဲ့တယ် ထင်တယ် ..

အဆက်အသွယ်မရှိတော.ပဲတော်တော် ကြာတော… ငါ့ကို message ပို့ပြီး….ငါ ဖတ်ခဲ့တဲ့စာအုပ်အကြောင်းကိုပြောပြီး..ဘာသဘောနဲ့ဖတ်ခိုင်းတာလဲလို့ငါ့ကိုပြောတယ်
အဲဒီလို…လုပ်မယ်လို့မထင်ထားတဲ့ငါ ..က ..သူ့ဘက်ကလာတဲ့မီးကုုိ..မီးနဲ့ပဲပြန် တုန့်ပြန်ခဲ့မိတယ် ..

အဲဒီနောက်လုုံးဝအဆက်အသွယ်မရတော့တာ.. ဒီဇင်ဘာလထဲက..သူ့မွေးနေ့မှာတော.. birthday wish ပို့ပေးခဲ့တယ် .

သူက.ငါ ့ဖုန်းနံပါတ်ကိုဘယ်သူဆိုတာတောင် မသိတော့… ဖုန်းလာတယ်
ဘယ်သူလဲဆိုမေးတယ် …

ငါ့နာမည်ပြောပြီး.ဒီနေ့မွေးနေ့မိုလို့ wishပို့ပေးတာပါ လို့ပြောခဲ့တယ် …

မွေးနေ့ဘယ်လိုလုပ်သိသလဲဆိုတော့…အရင်တည်းက မှတ် ထားတာပါ လို့ပြောပြီင်္း…နောက်ဖုန်းချခဲ့တယ် ..

အဲဒီနောက် …ငါ အပြောင်းအလဲတွေဖြစ်ခဲ့တယ် ..သူ့အကြောင်းလဲသိပ်မကြားတော့ဘူးး…

မနေ့ညကတော့..တတိယနှစ်က.. ညီမတစ်ယောက်နဲ့ဖုန်းပြောရင်းး.သူ.အကြောင်းတွေကြားခဲ့ရတယ် .
သူ့လက်ရှိ်ကောင်လေးနဲ့ပြတ်သွားကြောင်းတွေသိခဲ့တယ် ..

တကယ်ကိုစိတ်မကောင်းဘူး….
ဘယ်လိုဖြစ်ခဲ့လည်းဆိုတာတော့သေချာမသိခဲ့ဘူူး……….သူတို. ထွက်ရတဲ့ trip မှာကောင်လေးနောက်တစ်ယောက်နဲ့ဇာတ်လမ်းတွေဖြစ်ခဲ့တယ် ..လို့တော.ပြောတာပဲ

ဘယ်လိုပဲဖြစ်ဖြစ်….သူကျောင်းကိုစတက်ကတည်းက..သူ့အကြောင်းကိုကြားခဲ့ရတယ် .ပြီးတော့သူ.အစ်မနဲ့လည်း.ခဏတာသိခဲ့သေးတယ် …..
သူှု့ကိုမသိခင်မှာပေါ့

သူကဘယ်လိုမိန်းကလေးမျိုးလည်းဆိုတာတော့ငါ ..သေချာသိမှာမဟုတ် ပါဘူး.
ဒီနေ့ထမင်းဆိုင်မှာ..သူ့ကိုတစ်ယောက်တည်းဆုံခဲ့ရတယ်.

ဒါကြောင့်လည်း..အမှတ်တရအနေနဲ့ဒီအကြောင်းတွေရေးဖြစ်တာပါ

သူ့အကြောင်းကိုမသိပေမယ့်………အမှားမှန် သိတဲ့အချိန် မှာ.သူအမှန်ကိုပြင်နိုင်ပါစေဆုတောင်းပါတယ် .

တော်တဲ့ကလေးတွေ

၁။
ရန်ကုန်မှာ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲ ရေးဖြေ အောင်ပြီးတဲ့ ဆရာဝန်ငယ် တစ်စုကို လူတွေ့ နှုတ်ဖြေ စစ်မေးရာက ပြန်လာတဲ့ ဆရာကြီး တစ်ဦးက တစ်ရက်မှာ သို့ကလို ရင်ဖွင့်ပါတယ်။

“ဒီကလေးတွေ တော်တော် ည့ံကုန်ပြီဗျ။ ဘယ့်နှယ့်ဗျာ၊ ကိုယ်လေ့လာလိုက်စားမယ့် ပညာရပ်နယ်ပယ်ကို ရှေ့ဆောင်ဦးစီး ပြုသွားတဲ့ ဆရာကြီး၊ ဆရာမကြီး (Pioneer) တွေကိုတောင် မသိကြတော့ဘူး။ ကလေး ဆေးပညာဘာသာရပ် ဖြေတဲ့ ဘွဲ့လွန် ကျောင်းသားက ဆရာကြီး ဦးတင်ဦးကို မသိဘူးတဲ့။ ခွဲစိတ်ပါရဂူ လုပ်မယ့် လူကလည်း ဆရာကြီး ဦးဘသန်းကို မသိပြန်ဘူး။ ကျွန်တော်တို့ကျောင်းက ကလေးတွေ ပါလာတော့ မင်းတို့
တို့ကျောင်းရဲ့ ပထမဦးဆုံး ပါမောက္ခချုပ်ကို သိသလား မေးတော့ မသိဘူးတဲ့။ သေရော။ ကျွန်တော်က သိမယ်ထင်ပြီး အပိုင ်မေးချလိုက်တာ။ ဆရာကြီး တစ်ဦးက အထွေထွေ ဗဟုသုတ မေးရာမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ၊ နောက်ဆုံး သမ္မတ သိလားမေးတော့ အများစုက မသိကြပြန်ဘူး။ ဒီခေတ်ကလေးတွေ ည့ံကုန်ပြီဗျာ”တဲ့။

ဆရာကြီး တစ်ဦးကလည်း ဒီအဆိုကို ပဲ့တင် ထပ်ပြန်ပါတယ်။ “ကျွန်တော် တက္ကသိုလ် တစ်ခုမှာ တာဝန်ကျတုန်းက စာရေးဝန်ထမ်း ရာထူးအတွက် အင်တာဗျူး ရတော့ သူတို့ကို လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့တွေ မေးကြည့်တယ်။ အများစုက မသိကြဘူး”တဲ့။ ကျွန်တော်ဘာမှ ၀င်မပြော။ အတွေးနယ် တစ်ကြော စုန်ဆန်မျောမိ။

၂။
ကျွန်တော်တို့ စာသင်သား ဘဝမှာ ကြုံဆုံခဲ့ရတဲ့ လူတွေ့ နှုတ်ဖြေ စာမေးပွဲကို သတိရမိတယ်။ အစောဆုံး မှတ်မိတာက လူရည်ချွန် စာမေးပွဲတွေ။ “ဒီအခန်း ထဲကို ၀င်လာရာမှာ ခြေဘယ်နှလှမ်း လှမ်းခဲ့သလဲ”တဲ့။ ဆရာကြီး တစ်ဦးက မေးတာ။ သေရော၊ ကိုယ့်မှာက ဗဟုသုတတွေ မျက်မှောက် ရေးရာတွေ ဘာတွေ မေးမလဲ။ ချွေးပြန်ပြီး ၀င်လာတာ။ သူက အရေးထဲ ခြေလှမ်းရေတွက် ခိုင်းနေပြန်ပါပြီ။ “မသိပါဘူး ဆရာကြီး”ပေါ့ဗျာ။ လွယ်ပါသော်ကော။ ရောင်းသူဝယ်သူ အသံတူ။ ဒီအခန်းထဲ ၀င်လာတုန်းက ခြေလှမ်း ဘယ်နှလှမ်း လှမ်းခဲ့ပါသလဲ ဆရာကြီးလို့ ပြန်မေးချင်စရာ။

ကျွန်တော့် သူငယ်ချင်း တစ်ဦးရဲ့ အတွေ့အကြံုကလည်း “သင်း”ပေါ့။ သူက တက္ကသိုလ် လူရည်ချွန် စာမေးပွဲ ဖြေရတာ။ သူက ဖြေချင်တာ မဟုတ်ဘူး။ ဆယ်တန်းအောင်မှတ်က ကောင်းလို့ အော်တိုမက်တစ် ပထမနှစ် လူရည်ချွန် ဆန်ခါတင် စာရင်း ၀င်သွားတာ။ ဆရာကြီး တစ်ဦးက“အများနဲ့ ပတ်သက်တာ ဘာလုပ်ဖူးသလဲ”လို့ စမေးတယ်။ သူက ဆရာကြီးရဲ့ “ရှု”ကိုရော “မု(ဒ)”ကိုရော နည်းနည်းခံတွင်း မတွေ့ဘူး ဖြစ်သွားတယ်။ တကယ်တော့ သူက ၁၀ တန်း အောင်ပြီးစမှာ အမျိုးသား စာကြည့်တိုက် တစ်ခုမှာ တော်တော်ကြာကြာ လုပ်အား ပေးခဲ့တာ။ စာအုပ်တွေ ပြန်စီ၊ ကတ်သလောက်တွေ ပြန်တင်။ ဒါပေတဲ့ သူက ဒီလိုဖြေလိုက်တယ်။

“ရေကူးဖူူးပါတယ် ဆရာ”

“ဟ ဟေ့ကောင် ရေကူးတာက ကိုယ့်ဘာသာ ကူးတာလေကွာ။ အခု ငါမေးနေတာက မင်းအများအကျိုး အတွက် ဘာတွေ ဆောင်ရွက်ခဲ့ဖူးသလဲ မေးနေတာ”

“ရေကူးတာ အများနဲ့အတူ ရေကူးကန်မှာ ကူးတာပါ ဆရာ။ ကျွန်တော် ကြိုးစားပမ်းစား ရေကူးတာကို အားလုံးက ၀ုိင်းကြည့်၊ ၀ိုင်းအားကျ၊ ၀ိုင်း အတုခိုး။ အားလုံးရင်ထဲ ရိုးသားကြိုးစား နိုးကြားစိတ်တွေ တလိပ်လိပ် ပေါ်လာတာပေါ့ ဆရာ။ ဒါအများအတွက် မဟုတ်ပါလားဆရာ”

“ဟေ့ကောင် သွား၊ သွား၊ သွားတော့”

“ဟုတ်ကဲ့၊ ကျေးဇူးပါဆရာ”

တကယ့် တကယ်က သူငယ်ချင်းက ရေကူးတတ်သူ မဟုတ်လေ။ ဒါနဲ့ပဲ အောင်မြင်စွာ ဆုတ်ခွာ ခဲ့ရလေသတည်းပေါ့။ ကျွန်တော်တို့ ခေတ်က ၀န်ထမ်း ရွေးချယ်ရေး စာမေးပွဲတွေမှာ လူတွေ့နှုတ်ဖြေ ၀င်ရတယ်။ ဆရာကြီး တစ်ဦး တစ်ခေတ်မှာ ဘာသာရေးဆိုင်ရာ ကျင့်ဝတ်တွေ၊ နီတိတွေ၊ အဆို အမိန့်တွေ၊ ဂါထာတွေ မေးလွန်လွန်းလို့ အဲဒီတုန်းက ကျွန်တော်တို့ တစ်တွေရဲ့ အိတ်ထောင် ထဲမှာ ဂါထာ စာအုပ်ကလေးတွေ ကိုယ်စီနဲ့။ ဘွဲ့လွန် ၀င်ခွင့်ရေး ဖြေအောင်ပြီး နှုတ်ဖြေ ၀င်ရတုန်းကလည်း မှတ်မှတ်ရရ။ ကျွန်တော့် သူငယ်ချင်းရဲ့အဖြေက မေးခွန်း ထုတ်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေ ပက်လက်လန်လောက်တဲ့ အဖြေ။

“မင်းဘာလို့ ဘွဲ့လွန် သင်တန်း တက်တာလဲ”

“ဘာရယ် မဟုတ်ပါဘူး။ အသက်က နည်းနည်း ကြီးလာတော့ တစ်ခုခု လုပ်ဦးမှ ဆိုပြီး ထလုပ်တာပါပဲ”

“မင်းဘာလို့ ဆေးပညာ အထူးကု ဆရာဝန် ဖြစ်ချင်တာလဲ”

“ဒါလည်း ဘာရယ် မဟုတ်ဘူး။ ကျွန်တော့် မျက်စိကြောင့်ပါ။ ကျွန်တော်က မွေးရာပါ မျက်စိ စွေတာကြောင့် တစ်ဖက်က လုံးလုံး မမြင်ရဘူး။ ခွဲစိတ် ပညာနဲ့ သားဖွားမီးယပ် ပညာရပ်တွေက ခွဲစိတ်ရတာတွေ ပါနေတော့ ကျွန်တော့် မျက်စိနဲ့ မဖြစ်ဘူး။ ကျွန်တော့်မှာ Binocular Vision မရှိတော့ တကယ့် တကယ်ခွဲစိတ်ရရင် အခက်တွေ့မှာ။ ကလေး အထူးကု လုပ်ဖို့ စဉ်းစားတော့လည်း မဖြစ်ပြန်ဘူး။ ကျွန်တော်က ကလေးတွေကို သိပ်စိတ်မရှည်ချင်ဘူး။ ဒါကြောင့် ဆေးပညာ အထူးကုဘဝကို ရွေးချယ်တာပါ”

မေးခွန်းထုတ်တဲ့ ဆရာ ဆရာမကြီးတွေ အခုမှ အိပ်ချင်ပြေလေတော့တယ်။ သူ့ရှေ့က ကျောင်းသားကျောင်းသူတွေရဲ့ “တိုင်းပြည်အတွက် လူမျိုး အတွက် ပညာရပ် ဆိုင်ရာ တိုးတက်မှု အတွက် ဒီပညာရပ်ကို လေ့လာလိုက်စား လိုတာဖြစ်ကြောင်း၊ ပြည်သူကို အလုပ်အကျွေး ပြုဖို့ မိမိတို့ မွေးဖွားလာတာ ဖြစ်ကြောင်း” အာပေါင်အာရင်းသန်သန် ကြံုးဝါးပြောဆို အန်ချပြခဲ့တာတွေနဲ့ မျက်စိနောက်၊ နားနောက်၊ စိတ်နောက်နေတဲ့ ဆရာကြီးတွေခမျာ ခုမှ အညောင်း ပြေ အမောပြေ “ဆတိုရီ”ဆိုက်ပါလေတော့တယ်။

၃။
ကျွန်တော် အတွေး ရေစီးထဲက ဗြုန်းခနဲ ပြန်ထွက်မိ။ ဒီခေတ်ကလေးတွေ ညံ့ကုန်ပြီတဲ့။ ဟ လုပ်ကြပါဦးဟ။ ကိုယ်မေးတဲ့ မေးခွန်းကို တစ်ဖက်လူ မဖြေနိုင်တာနဲ့ အလိုလို ညံ့သွားရောလား။ ကိုယ်မေးတဲ့ မေးခွန်းကရော သူတို့ ဘဝနဲ့ သူတို့ ခေတ်နဲ့အပ်စပ် (Relevant) ဖြစ်ရဲ့လား။ ကျွန်တော် ခွကျကျ တွေးကြည့်လိုက်တယ်။ ဆရာကြီး ဦးဘသန်း မသိတော့ ခွဲစိတ် ဆရာဝန် မဖြစ် ထိုက်တော့ဘူးလား။ ဆရာကြီး ဦးတင်ဦးမသိလို့ ကလေးအထူးကု မလုပ် ထိုက်တော့ဘူးလား။ အခန်းထဲ ၀င်လာတဲ့ ခြေလှမ်းရေ မသိတာနဲ့ဘဲ လူရည်ချွန် မဖြစ်ထိုက်တော့ဘူးလား။ ကိုယ်စစ်မေး နေတာက လူရည်ချွန် စာမေးပွဲလား။ လက်သမား စာမေးပွဲလား။ လက်သမား ဆိုရင်တော့ အခန်း အနေအထား၊ အခန်း အကျယ်အဝန်း သိဖို့ လိုတာလေ။

အထွေထွေ ဗဟုသုတ ဆိုတာကရော။ ကိုယ့်ခေတ်က အရေးကြီးတယ်လို့ ထင်မြင် စွဲမှတ်ခဲ့တာတွေကို ဒီခေတ် ကလေးတွေ ပြန်မေးနေတာ။ ဒါတွေက သူတို့အတွက် အရေး ကြီးသေးရဲ့လား။ ဆိုဗီယက် အင်ပါယာ အလွန်မှာ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေအဖို့ ရှုပ်ထွေးပွေလီ ကျယ်ပြောလှတဲ့ သူတို့နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး ဘဝတွေနဲ့ လုံးထွေး နေရလေတော့ သူတို့ခမျာ အောက်တိုဘာ တော်လှန်ရေးကြီး အကြောင်း အသေးစိတ် သိချင်မှ သိတော့မှာ။ ထားပါတော့လေ။ အခု ဆရာ ဆရာမကြီးတွေက ကိုယ့်နိုင်ငံရဲ့ သမိုင်းနဲ့ ဖြစ်ရပ်တွေ၊ ကိုယ့်ပညာရပ်နဲ့ သမိုင်း တောက်ပြောင်မှု တွေကို တပည့် သားမြေးတွေကို သိစေချင်သပ ဆိုရင် ကျွန်တော်တို့ဘာလုပ်ကြမလဲ။ “ကျွန်တော် တို့”လို့ ဆိုလိုက်ကတည်းက အားလုံးပါသွားပြီ နော်။ ကျောင်းသားရော၊ ဆရာရော တာဝန်ရှိသူ တွေ အကုန်ပါကြရမှာ။ အခုဖြစ်နေတာက ကျောင်းသားတွေ ည့ံကုန်ပြီ။ ဒီအတွက် မင်းတို့ ကျောင်းသားတွေမှာ တာဝန်ရှိတယ်။ လောဂျစ် အဆင့်မြင့်လိုက်ပုံက။ ပြဿနာကို အရိုးစင်းဆုံး “ဖျင်”ချလိုက်ပုံက။

ကျွန်တော့် အမြင်က ရိုးရိုးလေးပါ။ ဆရာ ကြီး၊ ဆရာမကြီးတွေက ဒါတွေဒါတွေဟာ သိ သင့်သိထိုက်တယ်လို့ ယူဆယုံကြည်ရင် ဒါတွေ ဒါတွေကို ကလေးတွေရဲ့ ဘဝနဲ့၊ ပညာရပ်နဲ့ ရင်းနှီးလာအောင်၊ အပ်စပ်လာအောင် လုပ်ပေးဖို့ သာပါပဲ။ ရှေးရှေးက၊ ရှေ့ရှေ့က ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ဘဝနဲ့ ပညာကို ဒီခေတ်ကလေး တွေရဲ့ဘဝနဲ့ ပညာထဲ ၀င်လာအောင် ဆွဲသွင်းဖို့သာ ပါပဲ။ ကျွန်တော်တော့ စာသင်ရင်း အခွင့်ကြံုရင် ကြံုသလို ဆရာ၊ ဆရာမကြီးတွေရဲ့ ထူးခြားတဲ့ ပုဂ္ဂလ စရိုက် သဘာဝ(Personality) ကို တပည့် တွေ စိတ်ဝင်စား လာအောင် ပြောပြတယ်။ ဥပမာ မာမီကြီးလို့ ခေါ်တဲ့ ဆရာမကြီး ဒေါ်မြင့်မြင့်ခင် အကြောင်း။

မာမီလေးလို့ ခေါ်တဲ့ ဆရာမကြီး ဒေါ်မြင့်မြင့်အေး အကြောင်း။ “အဘ”အမည်ရတဲ့ ဆရာကြီး ဦးထွန်းသင် အကြောင်း။ ဆေးကု ဘာသာရပ်(Therapeutics) နဲ့ အကျွမ်းတဝင် ရှိလှတဲ့ ဆရာကြီး ဦးတင်အောင်ဆွေအကြောင်း။ ဆရာကြီး၊ ဆရာမကြီးတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး။ နောင်တော်ကြီးတွေ လက်ဆင့်ကမ်း သွားတဲ့ပုံပြင်တွေက တစ်လှေကြီး။ ရင်ခုန်စရာ၊ ရယ်မောစရာ၊ တွေးစရာ၊ အားကျစရာ၊ အတုယူ စရာ။ ဒါတွေကို ကျွန်တော်တို့က မြတ်နိုးစွာ ပြောတယ်။ ကြည်ညိုစွာ ပြောတယ်။ ကိုင်းညွှတ်စွာ ပြောတယ်။ ချစ်ခင်စွာ ပြောတယ်။ ဒါတွေက ပြောလို့ မပြီးနိုင်။ ပြောလို့ မငြီးနိုင်။ ပြောလို့ မရိုးနိုင်။ နောက်ပြီး ဆရာကြီးတွေရဲ့ပညာနဲ့ သမ္ဘာ။ ဆေးပညာရပ်နဲ့ ဆေးပညာ သင်ကြားရေး နယ်ပယ် တွေမှာ သူတို့ရဲ့ Contribution တွေ။

ဒီပညာနယ် ပယ်တွေကို ပိုကျယ်ဝန်းအောင်၊ ပိုနက်ရှိုင်းအောင်၊ ပိုတောက်ပကျက်သရေရှိအောင် လုပ်ခဲ့ကြတဲ့ သူတို့တွေရဲ့ လုံ့လ၊ အားစိုက်မှု၊ ဆော်သြမှု၊ တိုက် တွန်းမှု၊ ပါ၀င်ပတ်သက်မှုတွေ။ ဒါတွေဟာ လည်း ပြောလို့ရယ်မှ မကုန်နိုင်တယ်။ ဆရာငြိမ်း ဖွဲ့ခဲ့သလို “ပြောရုံနဲ့တင်x အရသာထူးxxx ရူး တယ်လို့ ဆိုချင်ဆိုxxx”
ခုနက ကလေးတွေ ညံ့ကုန်ပြီ မကျေမချမ်း ပြောခဲ့တဲ့ ဆရာ၊ ဆရာမတွေ ဒီလို လုပ်ခဲ့ကြရဲ့ လား။ ဒီလို တွေးခဲ့ကြရဲ့လား။ ကလေးတွေဘက် ကျွန်တော် ပြန်လှန် မေးခွန်းထုတ်လုပ်ချင်။

၄။
ကလေးတွေ ညံ့ကုန်ပြီ ပြောရတာက ကိုယ်သိတာ၊ သတိ မူမိတာတွေကို သူတို့တစ်တွေ မသိတာ၊ သတိမမူမိတာ အပေါ် မူတည်ပြီး ဆုံးဖြတ် လိုက်တာပါပဲ။ ကိုယ်သိတာတွေကလည်း ကိုယ့် အနေနဲ့ သိသင့် သိထိုက်တယ် ထင်တားတာတွေ။ ကျွန်တော် တစ်ဖက် ပြန်လှည့်တွေးတယ်။ ကလေးတွေသိတာ ဘာရှိသလဲ။ သူတို့သိတာ တွေကို ကျွန်တော်တို့ သိရဲ့လား။ သူတို့ သိသင့်သိ ထိုက်တယ်ထင်တာတွေကို ကျွန်တော်တို့ ဆရာ ကြီးတွေ မသိခဲ့ဘူး ဆိုရင်ကော။ သူတို့က ဆရာ ကြီးတွေ ည့ံကုန်ပြီလို့ ဆုံးဖြတ်မှာတဲ့လား။ ဒီလို ဆုံးဖြတ်ခဲ့ရင်ရော ကျွန်တော်တို့ တစ်တွေက လက်ခံရဲပါ့မလား။ ကျွန်တော်တို့က ဂန္ထဝင် သီချင်းတွေ သိတယ်။

သီချင်းကြီးတွေရဲ့ ဗျုပ္ပတ်နဲ့ ယဉ်ပါးတယ်။ သူတို့က ဟစ်ဟော့ပ်သိတယ်။ ရက်ပ် သိတယ်။ ပေါ့ပ်ဂီတ သမိုင်းကို စိတ်ဝင်စား တယ်။ ကျွန်တော်တို့က ဗုဒ္ဓဝင်သိတယ်။ သူတို့က Comparative Religion ကို အာရုံကျတယ်။ ကျွန်တော်တို့က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး။ သူတို့က Cryptozoology ကျွန်တော်တို့က မြသန်းတင့် ကြိုက်တယ်။ သူတို့က မြူမြူတို့ခေတ်။ ကျွန်တော်တို့က မောင်သင်။ သူတို့က မီနီရှဲလ်။ ကျွန်တော်တို့က ထား၊ ချိုပြံုး၊ သူတို့က ဖြူဖြူကျော်သိန်း၊ အေသင် ချိုဆွေ။ ကျွန်တော်တို့ စည်းဝါးက ခပ်နှေးနှေး မှန်မှန်။ သူတို့ ရင်ခုန်သံက သွက်သွက်ရိုင်းရိုင်း ရောသမမွှေ။ မင်းကျော်က “ငါတို့ခေတ်နဲ့ အပြိုင်”တဲ့။ ဘယ်ဟာက “ငါတို့ခေတ်”လဲ။

၅။
ဆရာကြီးတွေရဲ့ ကလေးတွေ ညံ့ကုန်ပြီ ဆိုတဲ့ ပူညံပူညံ ကြားက ဆရာ တစ်ဦးရဲ့ ထူးကဲတဲ့ အသံကြောင့် ကျွန်တော် ခေါင်းဆတ်ခနဲ ထောင်လိုက်မိ။ ပါရဂူ စာတမ်း(အကြမ်း)လာတင်တဲ့ တပည့်တစ်ဦး အကြောင်း စကား စပ်မိရာကပါ။ သူရဲ့ စာတမ်းက ပညာရှင် မျက်စိနဲ့ ကြည့်ရင် အားနည်းချက်တွေ ရှိတယ်။ ဒါကို အားလုံးက သတိထားမိတယ်။ သုတေသနထုံး/နည်းနာတွေနဲ့ သွေဖည်တဲ့ အရေးအသား အကောက်အယူတွေတွေ့လို့ ၀ိုင်းထောက်ကြရ၊ ပြင်ဆင်ပေးရ။ စာတမ်းတင်ပြီး ကျောင်းသားထွက် အသွားမှာ ဆရာတွေ တစ်သိုက် ခေါင်းချင်း ရိုက်ကြတာပ။ သူ့အားနည်းချက်ကတော့ ရှင်းနေပြီ။ ထင်သာမြင်သာ။ “ပေတစ်ရာဆီ လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်”ဆိုတဲ့ လေဘာတီကို သတိရစရာ။ ကျွန်တော်က သက်ဆိုင်ရာ ဌာနမှူးကို မေးလိုက်တယ်။

“ဒီကလေး Ward ထဲမှာ အလုပ် လုပ်ရဲ့လား။ စိတ်ချရရဲ့လား။ မျက်နှာလွှဲလို့ ရရဲ့လား”။ ဌာမှူးက “ဒီကလေး အလုပ် အင်မတန် ကြိုးစားတယ်။ ကျွန်တော်တို့ မျက်နှာလွှဲလို့ ရအောင် စိတ်ချရတယ်။ စိတ်ရင်းကောင်းတယ်။ ဒါပေမဲ့ စကား ပြောမတတ်ဘူး”လို့ ဖြေတယ်။ ဆရာကြီး တစ်ဦးက “မင်းကောင် စကားပြောတာ ရိုင်းသကွယ်။ ပြောလိုက်ရင် တုတ်ထိုးအိုးပေါက်။ အလိုက်ကမ်းဆိုးကလည်း မသိနဲ့”လို့ ထောက်ပြန်တယ်။

“ဒီကလေးက သိပ်ရိုးသားတယ်။ ဖြူစင်တယ် ဆရာ။ ကျွန်တော်တောင် သူ့လောက် မရိုးနိုင်၊ မဖြူစင်နိုင်တော့ဘူး။ ကျွန်တော်က သူ့ကို တိတ်တိတ် ကျိတ်ပြီး Admire လုပ်နေရတာ”တဲ့။ တပည့်တစ်ဦး အပေါ် ဆရာ တစ်ဦးက အကြီးမြတ်ဆုံး ဂုဏ်ပြုခြင်း။

ဒီခေတ်ကလေးတွေ ညံ့လာတာ ရှိသလို တော်လာတာတွေ ရှိမည်။ တတ်လာတာတွေ ရှိမည်။ သိလာတာတွေ ရှိမည်။ တချို့သော နယ်ပယ်တွေမှာ ကျွန်တော်တို့ ဘိုးတော်တွေကို ကျော်သွားတာ ရှိမည်။ ကျွန်တော်တို့ထက် ဖြူစင်တာတွေ ရှိမည်။ တစ်လောက ဆယ်တန်း ကျောင်းသားငယ် တစ်ဦး၏ ကဗျာ စာအုပ်ဖတ်ရသည်။ အမှာစာက အစ အင်္ဂလိပ်လို။ စာအုပ်က “A Sea of Beautiful Rhymes”တဲ့။ စာအုပ်ကိုဖတ်ရသည့် အသက် ၉၀ အရွယ် တက္ကသိုလ်အငြိမ်းစား အင်္ဂလိပ်စာ ဆရာမကြီးက “လှလိုက်တဲ့ ကဗျာလေးတွေ ကွယ်”ဟု ချီးကျူး ယူရသည်။ မုဒိတာစိတ် ဆိုတာ တမင်တကာ ပျိုးထောင်ရ၊ လေ့ကျင့် သင်ကြားရသည့် အရာ ဖြစ်မည်။ ဒီစိတ်မိမိမှာ တည်ဖို့ နှလုံးဝမ်းခေါင်း ခပ်ကျယ်ကျယ် လိုလိမ့်မည် ထင်ပါသည်။

ဒေါက်တာအောင်ကြီး

ဆရာရေးတာကို…အရမ်းသဘော ကျလို့ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်

Health.allrefer

ဒီ site က ကျွှန်တော် ရှာတွေ.ထားတဲ့..တစ်ခုပါ ..

တော်တော်ကိုအဆင်ပြေပါတယ် … procedure တစ်ခုခုအကြောင်းလိုချင်တာပဲဖြစ်ဖြစ်…ပုံလိုချင်တာပဲဖြစ်ဖြစ်.. presentation လုပ်ရမယ်.သူငယ်ချင်းတွေအတွက် .Google ကနေ.ရှာရတာတော်တော် လည်း ဒုက္ခရောက်ပါတယ်

အခုဒီဝပ် ဆိုဒ် မှာ.တော.. သူငယ်ချင်းတို.လိုအပ်တဲ.အကြောင်းအရာတွေအားလုံးကို.. အကြမ်းဖျဉ်းအနေနဲ.စုံအောင် ပြောပြီ illustration ပါပါတယ် .

သွားချင်ရင်.. link ကတော. http://health.allrefer.com

ပါ

ဒီ ပုံလေးပေါ်နှိပ် လိုက်လည်းရပါတယ်

ဟင်း……

ပျင်းလိုက်တာကွာ…….

စာမေးပွဲကတော.တစ်လလောက်လိုသေးတယ်…

စာအုပ်ကိုသာကိုင်နေခဲ့တာ. စိတ် ကစာထဲမှာမရှိဘူး… ဘယ်လိုမှ.လည်းစုစည်းလည်းမရဘူး……

တစ်ခုခုုလိုအပ်နေတယ်…..တစ်ခါတစ်လေစဉ်းစားမိတယ်…အပျင်းပြေကောင်မလေးတစ်ယောက်လောက်လိုချင်တယ်လို့..

ဒီနေ.လိုကျောင်းပိတ်ရက်တွေကလည်းပျင်းဖို.ကောင်းတာပဲ………….စာကိုကောင်းကောင်းဖတ်လို.ရရင်လည်းကောင်းမယ်..

သူငယ်ချင်းတွေကောဘယ်လိုနေကြမလဲမသိဘူး…..သူတို.ကောပျင်းနေတာပဲလား..အလုပ်တွေလုပ်နေကြတာပဲလားမသိတော.ဘူး………..

http://n.e.x.g.aimini.net/player/mp3/?file=http://n.e.x.g.aimini.net/play/?fid=GXeniVvQZzWWPQcPePv6&auto=yes&repeat=yes

ရင်ခုန်ခဲ့ဖူးသူတစ်ယောက်..

Don’t know why?…

I misz her so much..

She is popular gal! I don’t want that character on her .. I want her to be a simple gal..

In My mind..She is a bad baby.

I tried to say..

But…………….She was so angry to me …

Since that time …I lost every connections with her .

IF I have chance again.,,,,,

I want her to know .. ” if u don’t have anywhere to go and cry… My shoulder is ready for u.”

fly as much as u can,,,,,..

I worry about u.

P.S

This post is about my Final part 1 student life..

I very like a girl from 3rd MBBS .
and addicted to her 🙂

I wrote some word about my feeling .

၁.၁.၂၀၁၁

တစ်ခါမှ..မဖြစ်ဖူးဘူး…..မနေ.ညကကဲလို..ကောင်းင်္ပြီး…မနက်4နာရီလောက်ကျတော….သူငယ်ချင်းတွေနဲ.

.မဟာမြတ်မုနိဘုရားကိုသွားတယ်..

.အေးတာလည်းအရမ်း…ညကအရှိန်တွေကကောင်းကောင်းမပြယ်သေးဘူး……

ဘုရားကန်တော.ပြီးတော….ဘယ်သူမှလည်းစကားမပြောဘူး….

ဘုရားမျက်နှာသစ်တော်ရေကပ်တာကိုထိုင်ပြီးငိုင်ကြည်.နေတယ်…

.တွေးရင်းနဲ…တစ်ယောက်ကိုတစ်ယောက်ကြည်.ပြီးရယ်ချင်လာတယ်….

မျက်နှာတွေကအိပ်ချင်မူးတူးနဲ.လေ…နည်းနည်းလေးသောက်ပြီး….မထောင်နိုင်အောင်မှောက်သွားတဲ.

သူငယ်ချင်းတစ်ယောက်ကိုတော.အိမိမှာ.ြပြန်ပို.ပြီးတံခါးပိတ်ထားခဲ.တယ်…

နံနက်ခင်းအစောကြီး.။သူငယ်ချင်းတွေအုပ်စုလိုက်တစ်ခါမှမသွားဖူးဘူး…ဘုုရားကြီးသွားဖို.ဆိုတာဝေးရော…….

. လက… ကွေးကွေးလေး…တိမ်ကလုံးဝမရှိဘူး…..ဘေးနားမှာက…မိုးလင်းမှမြင်ရတတ်တဲ.ကြယ်လေး….. အရှေ.ဘက်ကလည်း…အနီရောင်သန်းလာနေပြီ………

.80 35 ထောင်.က President မှာ.မနက်စာစားပြီးသူငယ်ချင်းကောင်မလေးတွေကိုအဆောင်ပြန်ပို.ကြတယ်..

မနက်. 6 နာရီထိုးခါနီးနေပြိလေ……..ကျန်တဲသူငယ်ချင်းတွေကတော…အိမ်မှာလိုက်အိပ်ကြတယ်… ကိုယ်.ခြေထောက်ကိုမသယ်ချင်တော.ဘူး….

.လူကသာမခံနိုင်တော.တာ…စိတ်က….မန္တလေးတောင်ဆီရောက်နေတယ်….. နှစ်သစ်ရဲ.မနက်ခင်း….နေအထွက်ကို…..အမှတ်တရသိမ်းထားချင်တယ်……ဒါပေမယ်… မရောက်ဖြစ်ခဲ.ပါဘူး………………………………………………..

Final part 2 ကျောင်းသားဘဝအစ..အမှတ်တရ (နှစ်သစ်မနက်ခင်း…)

အမှတ်တရ ဒိုင်ယာရီ နောက်ဆုံးနှစ်အပိုင်း(က)

FHC ရှိတယ်.. ဒီနေ့က. Urban ရဲ့နောက်ဆုံးနေ.။ Seminar ကိုနည်းနည်းနောက်ကျသွားတယ်။ PSM ကျူရှင်က 9း00am မှဆင်းတာလေ။

ကျောင်းရောက်တော. 9:30amကျော်နေပြီ။

ကမန်းကတန်းနဲ. အပေါ်ထပ်ကိုပြေးတက်တော. NK faနဲ.တွေ့တယ်။ သူလည်း Duty coat ကျန် ခဲ.လို.တဲ.ပြန်ယူဦးမယ်ဆိုပြီး..ပြေးထွက်သွားတယ်

A1 ထဲမဝင်ခင်.. မိုးကာကိုအမြန်ချွတ်။Duty Coat ကိုအခန်းထဲဝင်ရင်းနဲ. ၀တ်လိုက်တယ်။

ထုံးစံအတိုင်းနောက်ပေါက်ကပိတ်ထားနေပြီ။။။..။ ရှေ.က ..နေ..အသာလေးဝင်ပြီးငါတို.ွGroup အတွက်သတ်မှတ်ထားတဲ. အတန်းနေရမှာထိုင်တယ်။

မိုးတွေကအုံ.နေတုန်း…Environment Health တစ်ခုပဲဖတ်လို့ပြီးတယ်။

A2 က3rd MBတွေလည်းမရှိတော.ဘူး…စာမေးပွဲနီးပြီးဆိုတော.

ကျောင်းသိပ်မလာကျတော.ဘူးလေ…ငါထိုင်နေကျ…A1 ရဲ့ရှေ.ဆုံးညာဘက်အစွန်က…ဆိုရင်… 3rd year တွေကိုကောင်းကောင်းမြင်ရတယ်။

မကြာခင်မှာ…ဒီအချိန်တွေကုန်တော.မယ်ဆိုတဲ.ခံစားမှုက…တစ်မျိုးကြီးပဲ…

အပြင်မှာက…မိုးတွေအုံ.နေတုန်း….ခဏပဲနားလိုက်ရတယ်။

နေ.လည်မှာ..ကျောင်း Libary ကိုပြန်သွားတယ်။ဟိုမှာNKfa နဲသူငယ်ချင်းတွေက… ပုစ္စာတွက်မယ်ဆိုပြီးချိန်းထားလို.လေ။.

စာမေးပွဲ…ဖြေဖို.မီးဝါကာလအတွင်းမှာ…ငါ့ရဲ..သူငယ်ချင်းတွေနဲ.

သိပ်မတွေူ.ဖြစ်ဘူး..။

သူတို.နဲ.ward မတူလို.လည်းပါမယ်ထင်တယ်

libary မှာPSM urban ပုစ္စာတွေတွက်နေကြတယ်။

ငါက လုံးဝကိုမတွက်တက်သေးဘူး..မနက်ဖြန်က Urbran Test ဖြေရတော.မှာ။

နေ.လည်စာကလည်းမစားရသေး..လူကပင်ပန်းပြီး.မျက်လုံးတွေပြာနေတယ်။

Canteen ကနေ……မုန်.တွေနဲ.ပြန်ရောက်လာတုန်း..သူငယ်ချင်းတစ်ယောက်က Forensic 3rdTest

အမှတ်တွေထွက်ပြီပြောလို့….Forensic Department ရှိတဲ့….အထပ်ကို..အပြေးတက်…..

လှေကားတွေကို…တစ်ထစ်ကျော်…နှစ်ထစ်ကျော်နဲ…

စောစောက…အားလျော.နေတာတွေပျောက်ကုန်တယ်။

ဌာနခန်းရှေ.ကဘုတ်မှာကပ်ထားတဲ့စာရွက်က 3မျက်နှာပဲရှိတယ်…လူတွေကြားတိုးဝှေ.ပြီး..ငါ.Role noကိုကြည်.လိုက်တော.မြင်နေကျ အနီရောင်တွေ

မမြင်ရဘူူး

66မှတ်တဲ့

‘၀ိုး’

ဆေးကျောင်းသားသတ်တမ်းတစ်လျှောက်..Test တစ်ခုမှဒီင်္လောက်မများဖူးဘူး….အရမ်းပျော်တာ။။နောက်သူုငယ်ချင်းတွေဆီ phဆက်ပြိး.သူတို…အမှတ်တွေပါဆက်ကြည်.ပေးတယ်

PSMကထွက်မယ်ဆိုပြိး…မထွက်သေးဘူး….

ညနေ….ကျေုာင်းလဲပိတ်တော.မယ်..

ပုစ္စာတွေကကျန်သေးတယ်.. NKfa ရဲ.အိမ်မှာအားလုံးဆက်လုပ်ကြတယ်။။

လုံးဝအတွေ.အကြုံမှရှိတဲ.ပုစ္စာတွေကို..အခုမှနားလည်အောင်လုပ်ရတာဆိုတော.နည်းနည်းတော့ခက်တယ်.။

ဒါပေမယ်..သူငယ်ချင်းတွေကောင်းကောင်းရှင်းပြတော.နားလည်သွားတယ်။

ဆေး၁ကပြောင်းလာတဲ.PSM ဆရာမကအချိန်ပိုတွေထပ်ခေါ်ထားသေးတယ်။ဒါပေမယ်.မသွားနိုင်တော.ဘူး

သူ.ရဲ.တပည်.မတစ်ချိုု.တော.သွားတက်ကြသေးတယ်….သွားချင်ပေမယ်.

လက်ရှိစာကြွေးကမပြတ်သေးတော…မထနိုင်ဘူး။။

7း00pm

လောက်မှာ မိုးတွေသည်းသည်းမည်းမည်းရွာတယ်။ ဗိုက်ကလည်းဆာနေပြီ။

ဆက်ပြီးစာကြည်.တာလည်းမရတော..လို.မိုးရေထဲပဲပြန်တော.မယ်လို. NKfa ကိုပြောလိုက်တယ်။

ဒါနဲ.သူ.ဆီက…မိုးကာတစ်ခုရတယ်။ မိုးကာက loujar မိုးကာပဲရှိတာတဲ.။

ခေါင်းကနေစွပ်ချရတာ။

မတတ်နိုင်…..အဲဒါကြီးပဲ..၀တ်ပြီးပြန်ရေတော.မယ်။ မဆိုးဘူူးပဲ…

ခြေထောက်တွေတောင်ရေမစိုဘူး..ညဘက်ဖွင်.သေးတဲ.ထမင်းကြော်ဆိုင်တစ်ဆိုင်ကနေ…ပါဆယ်သွားဝယ်တယ်.။ ငါ.ပုံစံကတော်တော်လေးကို..ကို.ရိုကားရားဖြစ်နေမယ်ဆိုတာသိတယ်။

အခုမှတော.မတတ်နိုင်တော…အခုအချိန်အိမ်အမြန် ပြန် ရောက်ဖို.အရေးကြီးတယ်လေ

အိမ်ရောက်တော့သောက်ဖို့ရေက..လည်း.ရေသန်.ဘူးတစ်ဘူးစာပဲရှိတော.တယ်။

သုံးစရာရေလည်းမရှိတော..စိတ်တော်တော်ပျက်သွားတယ်။

နောက်တော.

ရှိတဲ.ရေပုံးနှစ်ခုနဲ. မိုးရေထွက်ခံတယ်။

မနက်ဖြန်ဖြေမယ်.. စာမေးပွဲအတွက်လည်း.စာကကျက်ရဦးမယ်။

မီးလာနေတာလေးတစ်ခုပဲကံကောင်းလို.တော်တော.တယ်။

အိမ်ရှေ.ကတံခါးနားမှာပဲ….စာထိုင်ကျက်ပြီး…ရေစောင့်ဖြည့်ရတဲ.တာဝန်တစ်ခုကပိုလာပြန်ပြီ

ခဏပဲရှိသေး..

ရေပုံးတွေတန်းပြည့်သွားတယ်။မိုးကအဲဒီလောက်ကိုသည်းတာ။

ရေ4ပုံးလောက်ရပြီးတော.10 နာရီလည်းခွဲပြီမို.အိမ်တံခါးပိတ်လိုက်တယ်။

xxxxxxxx

ပုစ္စာတွေပြန်တွက်နေရတယ်.

ည 12:00

လောက်မှ…အောက်ကရေကျသံကြားရလို.ကြည်.လိုက်တော…3ရက်လောက်ပြတ်နေတဲ့ရေ…ပြန်လာနေပြီ။

ပျော်ပြီး…ရေစုပ်စက်ဖွင့်ရေတင်တယ်။ အပေါ်ကစည်တွေပြည်.အောင်ဆိုတော..တော်တော်တော.တင်လိုက်ရတယ်။

1နာရီလော်ကအထိတော. ကြိုးစားကြည်.သေးတယ်။။

ခေါင်းက..မထောင်နိုင်တော.ဘူး…ဒီီလိုနဲအိပ််ပျော်သွားတယ်။

အပြင်မှာလည်းမိုးက သည်းတုန်း….ဒီတိုင်းဆိုတစ်ညလုံးရွာမယ်…ပုံပဲ………………။

အင်း….ဒီနေ.ကတော.အ..မှတ်..တ…ရ…နေ့…လေး..ပါ..ပဲ…..

၇.၁၀.၂၀၁၀(နောက်ဆုံးနှစ်အပိုင်း က ကျောင်းသားဘဝနေ့စဉ်မှတ်တမ်း)

ဘဝရဲ့ခဏတာ

သေသေချာချာကြည်.ပါ ……..

ငါ .မျက်လုံးတွေထဲမှာမင်း…..ရဲ့အရိပ်အယောင်တွေ..

မချစ်တတ်..မမုန်းတတ်တော့ပဲ..

ငါ့ကိုယ်ငါ..စိတ်ကူးယဉ်တာတွေရပ်….

ပစ္စုပန် ရဲ့..မလှပသေးတဲ့..ပန်းချီကို…တာဝန်အရ..ဆက်ဆွဲံနေရဦးမယ်…….

လွန် ခဲ့တဲ့.5 နှစ်က.. ငါ ဘယ်လိုများကျော်ဖြတ်ခဲ့ပါလိမ့်……

ဘယ်ကအားတွေများရခဲ့ပါလိမ့်…

ရင်ထဲကဖြစ်ချင်တာတစ်ခုကို…

မဖြစ်စလောက်ဉာဏ်နဲ့ထိန်းလို့..

ရအောင်ကျော်မယ်လို့တော့..ကြိမ်းဝါးဆဲပါပဲ..

ပေးဆပ်ခဲ့ရတာတွေတိုင်းအတွက်ကော….တန်ပြန်ဆိုတာ…..ရှိပါ့မလားဆိုတာတော့……………………….

နွေလယ်က မိုး..ရွာတဲ့နေ့

ဒီနေ့က 2011 ခုနှစ်April လထဲကတစ်ရက်ပေါ့

မန်းလေးမှာ.မိုးတွေအုံ့လိုု့ရွာနေတယ် ။
မနက်ခင်းဆေးရုံကိုသွားဖြစ်သေးတယ် ………

နောက်ဆုံးနှစ်ဆိုတော.ကျောင်းမှာမနေရတော့ဘူး……….ဆေးရုံမှာပဲအချိန်ပြည့်နေရတဲ့အခါ ကျတော့ပျင်းပြီးမသွားချင်တော့ဘူး..
ဒီနေ့တော.သွားဖြစ်ခဲ့တယ် .သူငယ်ချင်းတွေနဲ့စရင်းနောက်ရင်းနဲ့ပဲမပျော်ရွှင်တာကြာပြီဖြစ်တဲ့စိတ်လေးတွေပြန်လန်းဆန်းလာခဲ့တယ် ………

မန်းလေးက အိမ်မှာတစ်ယောက်တည်းနေရတဲ့ကျွှန်တော်က..အမြဲလိုလို…..တစ်ယောက်တည် းဖြစ်နေတာပါ …….

ကျွှန်တော်.မှာဆွေမျိုးလည်းမရှိဘူး..ဒီမှာ.

သူငယ်ချင်းတွေကပဲကျွှန်တော့်ရဲ့..အစ်ကိုတွေ.အစ်မတွေ.ဖြစ်တယ် ….အရမ်းရက်စက်ပြီး…..မာယာများတဲ့သူနဲ့တွေ့ပြီး…တဲ့နောက်…ကျွှန်တော်လက်ခံထားတဲ့..အချက်အချိူ.့ကိုပြောင်းလဲခဲ့တယ်……

သင်ခန်းစာတစ်ခုရခဲ့တယ် ……….

ကျွှန်တော်က ..ကြံူတွေ့ရတာတွေထဲက.. ဘယ်တော.မှအရှုံးအဖြစ်မထားနိုင်ဘူး.

ကျွှန်တော် ပေးခဲ့ရတာတွေက .တစ်ခုခုတော့အမြပြန်လိုချင်တယ် …အနည်းဆုံးအနေနဲ့ကျွှန်တော်…အတွေ့အကြဲုနဲ့နားလည်မှူတစ်ခုရခဲ့ပါတယ်..
အရင် က… မဟုတ်လောက်ဘူး…အပိုပြောတာလို.ထင်ခဲ့တာတွေကို ကိုယ်တိုင်ကြံူဖူးပြီးတဲ့အခါ …

သတိ ထားတတ် ဖို.သင်ခန်းစာရသွားပါ ပြီ………….ကျွှန်တော် .ဘယ်လိုမှမယုံနိုင်တဲ့အရာကိုလုပ်သွားတဲ့သူ.ကို. …………ဥပက္ခာပြူလိုက်ပါ ပြီ ……..သူ.အတွက်စိတ်ပူပေးတာတွေလည်းမရှ်ိတော.ဘူး.

အခု.ကျွှန်တော့်ဘဝ.ပိုလွတ် လပ် သွားးပြီ.ကျျွှန်တော် ..အတွက်.အနှောင့်အယှက် …ဆိုတာမရှီတော.ဘူး..

အချိန်တန်တဲ့တစ်နေ့မှာ…..အချစ်စစ်ဆိုတာ..သူ့ဘာသာမမျှော်လင့်ပဲပေါ်ထွက်လာလိမ်.မယ်…

ကျွှန်တော်လုပ်တာတွေအားလုံးကိုနားလည်ပေးတဲ့သူ..ကျွှန်တော့်ကို..လမ်းမှားမရောက်အောင်…လမ်းပြပေးနိုင်မယ့်သူ..ကျွှန်တော်က…လေးစားရတဲ့သူ.

အဲဒီအချက်တွေနဲ့..ချစ်စရာကောင်မလေးတစ်ယောက်တစ်နေ.နေ.မှာပေါ်ထွက်လာမှာပါ ..

လူတိုင်းမှားခွင်.ရှိတယ် ..

ဒါပေမယ် ..
အမှားတစ်ခုတည်းကိုနှစ်ခါ မှားခွင့်မရှိဘူး…..

nyein chan ko ko
(Final part 2 UMM)

Page 7 of 8

Powered by WordPress & Theme by Anders Norén