Many Lives, Many Memories.

Author: Arthur Chan Page 24 of 32

Why We love Anime Series

ကျွန်တော်တို့ Otaku တွေက anime တွေကြည့်ကြတယ် … လူကြီးတွေကတော့ ပြောတယ် … ကလေးမဟုတ်ဘဲ ဘာလို့ ကာတွန်းကြည့်နေတာလဲတဲ့ … သူတို့ အမြင်မှာတော့ ကာတွန်းဘဲပေါ့ … အမှန်ကတော့ အဲဒီ anime တွေထဲမှာ မြုပ်ထားတဲ့ ဘဝ သရုပ်မှန်တွေ သင်ခန်းစာတွေ ပါနေတတ်ပါတယ် … ပညာဆိုတာ ယူတတ်ရင် ရပါတယ် … အဲဒီတော့ အပန်းဖြေဖို့ ကြည့်တာ ဖြစ်ပေမယ့် ရသလောက် ပညာလေးတွေ ထုတ်ကြည့်ရအောင် … အရင်ဆုံး ကျွန်တော် ကြည့်ရတာ အားအရဆုံး One piece ကစမယ်ဗျာ …

One Piece : ဘဝဆိုသည်မှာ ဘာမှန်း သေချာ မသိသော အရာတစ်ခုကို ရှာဖွေနေကြရသည် …ထိုသို့ရှာဖွေရင်းဖြင့် သေဆုံးကြရသည် … ဘဝခရီးတွင် ရဲဘော်ရဲဘက်ကောင်း ( Nakama ) များ လိုအပ်လှပေသည် … တစ်ယောက်တည်းဖြင့် အရာရာ စွမး်ဆောင်နိုင်ရန် မဖြစ်နိုင်ချေ …သို့သော် တစ်ဖက်ဖက်တွင်တော့ ထူးချွန်နေရန်လိုအပ်ပေသည် … သို့မဟုတ်ပါက ထိုထူးချွန်သူများအား အသုံးချတတ်ရပေမည် …မည်သို့ပင်ဆိုစေ ဘဝ ဆိုသည်မှာပျော်စရာသာဖြစ်၏ …

Luffy : မည်သည့်အရာမဆို ကိုယ်ဆိုင် လုပ်တတ်ရန်မလို … ကျွမ်းကျင်သူများအား ရွေးချယ်ခန့်ထားတတ်ရန်သာ လိုအပ်သည် … မည်မျှပင် ရည်ရွယ်ချက်ကြီးကြီးထားစေကာမူ ဘဝကိုပျော်ရွင်စွာ ဖြတ်သန်းရမည် … မိမိကိုယ်တိုင်မှာမူ ထိုအရည်အချင်းရှိသော သူများကို ကာကွယ်နိုင်စွမ်းရှိရမည် … မည်သည့်အခြေအနေတွင်မဆို မျှော်လင့်ချက်ရှိစမြဲပင် …

Nami : ဘဝတွင် ငွေမှာ အရေးကြီးသော်လည်း ရဲဘော်ရဲဘက် ( Nakama ) ရှိရန် ပိုအရေးကြီး၏ … ငွေရှိလျှင် မိမိ လုပ်ဆောင်လိုရာ လုပ်နိုင်သော်လည်း ရဲဘော်ရဲဘက်များ၏ အကူအညီတော့ လိုအပ်ပေသည် … မိမိ၀ါသနာ ပါရာ လုပ်ကိုင်ရင်း တစ်ဖက်မှ ၀င်ငွေရှိသော အတတ်ပညာ တတ်ရန်လည်းလိုအပ်ပေသည် …

Zorro : မိမိရည်မှန်းချက်ကို သိနေရမည် … ရည်မှန်းချက် ပြည့်ဝရန် တစ်စိုက်မတ်မတ် လုပ်နိုင်ရမည် … တစ်နည်းမဟုတ် တစ်နည်းဖြင့် ကြံဆနေရမည် … စဉ်ဆက်မပြတ် ဆည်းပူးနေရမည် … တစ်ဖက်မှလည်း အားနည်းသူများကို ကူညီနိုင်ရမည် …

Sanji : မည်မျှပင်တော်စေကာမူ အားနည်းချက်ရှိနိုင်ပေသည် … မိမိ၏ ၀ါသနာကို မိမိ၏ အားနည်းချက်အဖြစ် သူတစ်ပါးက အသုံးချနိုင်ပေသည် … ထို့ကြောင့် မည်မျှပင် စိတ်ဝင်စားစေကာမူ သူတစ်ပါး သိသာအောင် မပြရ …

Chopper : မိမိ၏ အားနည်းချက်မှာလည်း အလွန်အသုံးဝင်သောနေရာ ရှိနိုင်ပေသည် … မည်မျှပင် ပစ်ပယ်ခြင်း ခံရစေကာမူ မိမိ အားလိုအပ်သောနေရာ လိုအပ်သောသူ ရှိနိုင်ပေသည် … သေချာစွာ ရှာဖွေတတ်ရန်သာလိုအပ်သည် … ထို့ကြောင့် မည်သည့်အခါမျှ စိတ်အားမငယ်သင့်ချေ …

Usopp : မည်သည်ကိုမျှ မကျွမ်းကျင်လျှင်သော်မှ ဟန်ကို်ယ်ဖို့ ဖိန့်နိုင်ရမည် … အမြဲတန်း လူတိုင်းက မယုံနိုင်သော်လည်း ယုံသွားပါက တစ်ပန်းသာသော အခြေအနေသို့ရောက်နိုင်၏ …အကောင်းဆုံး မုသားပြောနည်းမှာ အမှန်တရား အချို့ ညှပ်ပြောခြင်း ဖြစ်၏ …မုသားများအား အမှန်တရားအဖြစ် လုပ်ပြနိုင်ရမည် …

Robin : မိမိရည်မှန်းချက် အောင်မြင်ရန်အတွက် မည်သူနှင့်မဆို လက်တွဲနိုင်ရမည် … မည်သည့်အခြေအနေတွင် လက်တွဲ၍ မည်သည့် အခြေအနေတွင် ဆုတ်ခွာရမည်ကို သိထားရမည် … လူတိုင်းနှင့် အလို် သင့်နေထိုင်နိုင်ရမည် …

Franky : မကျေနပ်မှု ဂလဲ့စားခြေလိုစိတ်ကို ထမ်းထားရသည်မှာ ပင်ပန်းလွန်းလှသည် … အများ၏ တာဝန်ကိုလည်း တစ်ယောက်တည်း ထမ်းရန်လည်း မဖြစ်နိုင်ချေ … မကျေနပ်မှုများ တာဝန်များကို လွတ်ချ၍ ၀ါသနာ ပါရာကိုသာလိုက်ပါလေ …

Brook : မည်မျှပင် ၀မ်းနည်းနေစေကာမူ ပျော်ရွင်စွာနေတတ်ရမည် … အပန်းဖြေနိုင်သော အတတ် တစ်ခု တတ်မြောက်ထားသင့်သည် … ဂီတ၏ အစွမ်းကြီးမားပုံကို နားလည်ရမည် … မိမိကိုယ်ကို အားငယ်မနေဘဲ ပျော်ရွင်စွာ အလိုက်သင့် လက်ခံနေထိုင်နိုင်ရမည် …

Arlong : ရည်ရွယ်ချက်ကောင်းစေကာမူ လုပ်ဆောင်ချက်က လမ်းလွဲသို့ရောက်စေနိုင်သည်ကို သတိပြုပါလေ …

Crocodile : မည်မျှပင် လျို့ဝှက်စွာ စနစ်တကျ တည်ဆောက်ထားသော အဖွဲ့မဆို နောက်ဆုံးတစ်နေ့ ပျက်စီးရသည်သာ … သင်္ခါရသဘောကို မှတ်ပါလေ …

Eneru : မည်မျှပင် ပြီး ပြည့်စုံသော အစွမ်း ဖြစ်ပါစေ အားနည်းချက်တော့ ရှိသည်သာ ဖြစ်သည် …မိမိကိုယ်ကို အထင်ကြီးလွန်းပါက အရှုံးသို့သာ ဦးတည်နေပေမည် …

ံHancock : တစ်လောကလုံး၏ ချစ်ခင် နှစ်သက်မှုကို ခံရစေကာမူ မိမိ ချစ်ရသောသူမှာ တစ်ယောက်တည်းသာ ဖြစ်တတ်၏ … ထိုတစ်ယောက်ကလည်း မိမိ အားပြန်ချစ်ရန်မှာ မသေချာပါချေ …

Kuma : ဘဝဆိုသည်မှာ လှုပ်ရင်း နစ်တတ်ပေသည် … မည်မျှပင် သူလျိုဆိုသော်လည်း အပေးအယူ လုပ်ရင်းဖြင့် မိမိကိုယ်ကိုပျောက်ဆုံး သွားတတ်သည် …

Blackbeard : မိမိရည်ရွယ်ချက် မရမချင်း လျို့ဝှက်နေထိုင်နိုင်ရမည် … သည်းခံနိုင်ရမည် … မိမိ အလိုရှိရာကို ရယူသောအခါတွင်လည်း နောက်မတွန့်သင့် … ချက်ချင်းလက်ငင်းရယူနိုင်ရမည် …

Jimbei : အများကောင်းဖို့ လုပ်ဆောင်ချက် ဖြစ်စေကာမူ တစ်ချိန်ချိန်တွင် နောင်တရစရာ ဖြစ်တတ်သည် … မည်သူကိုမျှ အကောင်းဖက်ကချည်း မမြင်ပေးသင့် …

ွRoger : မိမိ ကာကွယ်လိုသည်အတွက် ရဲဝံ့စွာ စတေးခံနိုင်ရမည် … သေမည်ဟုသေချာသော အချိန်တွင် ရုန်းကန် အော်ဟစ် ငိုယို၍ ဘာအကျိုးရှိမည်နည်း … သေခြင်းကို အပြုံးဖြင့်ရင်ဆိုင်နိုင်ရမည် … မည်မျှပင်ကြီးကျယ်မြင့်မြတ်စေကာမူ တစ်နေ့တော့သေဆုံးရမည် …

Whitebeard : မည်မျှပင် ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်စေကာမူ မကျေနပ်သောသူ ရှိနိုင်ပေသည် … လူအားလုံး ကျေနပ်အောင်တော့ မစွမ်းဆောင်နိုင် … မိမိအား သစ္စာဖောက်သော်လည်း မေတ္တာဖြင့် ခွင့်လွတ်နိုင်ပါက ထိုသူ၏ သစ္စာကို ပြန်လည်ရရှိနိုင်ပေသည် …

Shank : မိမိ ယုံကြည်ချက်အတွက် လက်တစ်ဖက်ပေးရသည်ကို မမှု … လက်တစ်ဖက်မရှိသောလည်း လက်နှစ်ဖက် ရှိသောသူထက် ပိုစွမ်းနိုင်ရမည် …

Garp : မိမိ သား မြေး ပင်ဖြစ်စေကာမူ ပြုပြင်၍ မရနိုင် … သူတစ်ပါးအား ပြုပြင်ရန်ကြိုးစားသည်မှာ အချည်းနှီးသာ ဖြစ်တတ်သည် …

အများကြီးကျန်နေပေမယ့် တော်သေးပြီကွယ် …လက်လည်းညောင်းပြီ …

Credit To https://www.facebook.com/7gara7

ပိတောက်ဒိုင်ယာရီ.(၁)

by Nyein Chan Ko Ko (Notes) on Tuesday, April 3, 2012 at 11:15am

မိုးရွာရင်လွမ်းတဲ့စိတ်ကထိန်းမရဘူး…

တစ်ဖျောက်ဖျောက်မြည်နေတဲ့..အိမ်ခေါင်မိုုးပေါ်က..မိုးစက်ကျသံ….ပြူတင်းပေါက်ကမြင်နေရတဲ့…အုံ့မှိုင်းမှိုင်းကောင်းကင်နဲ့…

အခန်းထဲမှာဖွင့်ထားတဲ့ချမ်းစိမ်စိမ့် aircon…..

လက်တော့ပ် ဘေးမှာချထားတဲ့ကော်ဖီခွက်က…အငွေ့သေနေခဲ့ပြီ…….

ဆင်တူတစ်စုံဝယ်ခဲ့ပေမယ့်မပေးဖြစ်ပဲ..ငါ့ဆီမှာကျန်နေခဲ့တဲ့………..ကော်ဖီခွက်လေးနဲ့ပေါ့……….

ကော်ဖီပူပူအတူတူသောက်ခဲ့တဲ့နေ့တွေ..အတိတ်မှာ..အတူတူလျှောက်လည်ခဲ့ရတယ်ဆိုတာ…ရှားးပါးခဲ့ပါတယ်..

ရှားရှားပါးပါးရှိခဲ့တဲ့…အချိန်က..အဖြစ်အပျက်လေးတွေဟာ.ရင်ထဲမှာမှတ်ထင်နေတုန်းပဲ…

အရင်က ကော်ဖီဆိုပူမှငါကြိုက်ခဲ့တယ်.

ဒါပေမယ့်အခုငါကော်ဖီအေးသောက်တတ်နေပြီ..

နှလုံးသားကပဲအေးစက်သွားခဲ့လို့လား..

….

ဟိုးအဝေးကြီးကပျံ့လွင့်လာနေတဲ့ You Call ထဲက guitar သံလေး………

မနှစ်ကသင်္ကြန်မှာ..အဲဒီသီချင်းကို .ငါ ကြေကွဲစွာသီဆိုခဲ့ဖူးတယ်…..

ပိတောက်ပန်းတွေပွင့်နေပြီ……..

ပိတောက်ပန်းကမြန်မာပြည်မှာပဲရှိတာလေ………

ရက်ကိုလစား…ပြီး…နှစ်တွေကြာပြီ..

ဘယ်သူမှမရှိလည်း..ကိုယ့်ဘာသာပျော်အောင်နေတတ်ပြီ..

နင်သဝန်တိုတတ်တဲ့ အရာတွေကို လည်း…ငါမတပ်မက်တော့ပါဘူး..

.လျစ်လျှုရှုခဲ့မိတာများပြီ..

လွမ်းတယ်ဆိုတာချစ်နေသေးတာမဟုတ်ပါဘူး..

ပျော်ရွှင်ခဲ့တဲ့အတိတ်ကို်တွေးရင်းကြည်နုးမိတာပါ..

ပျော်ရွှင်မှူက.. အချိန်ကာလပေါ်လည်းမူတည်သေးတယ်….

အရင်က..ပျော်ရွှင်စရာဖြစ်ခဲ့ပေမယ့်…. အခုအချိန်မှာဝမး်နညး်စရာတွေဖြစ်ချင်ဖြစ်သွားနိုင်တယ်……

နင်မြင်ခဲ့ဖူးတဲ့သူတွေနဲ့ယှဉ်ထိုးစဉ်းစားနေသရွေ့..ငါဘယ်လိုလူဆိုတာနင်သိမှာမဟုတ်ပါဘူး..

ငါ့ရင်ခုန်သံကိုလည်းနင်နားမလည်နိုင်လောက်ပါဘူး….

စိတ်ထဲအရှိအတိုင်းပဲပြောတတ်တယ်…….

ငါ့စိတ်ကို်ကဖောက်ထွင်းမြင်ဖို့လွယ်ကူပါတယ်…..

ဖောက်ထွင်းမြင်နိုင်လွန်းလို့….ငါတစ်ခုခုကို်ဖုံးကွယ်ထားသလားတောင်နင်သံသယရှိနေမိမှာပါ…….

I don’t want to get regret. .
Sometimes I am still missing.

I won’t want to back walk.
It is like a lying myself.

မနက် ၄နာရီ

၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။

ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ

4.am၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘဝရဲ.အားလုံးမဟုတ်ပါ။
လူ့ဘဝရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက််လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

ဖယောင်းတိုင်တစ်ခု…………

16.2.2012

Cardiac စဝင်ရတဲ့နေ့

ဖိစီးမှုတွေနဲ့စခဲ့တဲ့နေ့တစ်နေ့ပေါ့
အခုဒီစာရေးနေချိန်တောင် စိတ်မကြည်လင်ပါဘူး….

စိတ်ပင်ပန်းနေတယ်…
ကျောင်းသားဘဝတုန်းကငါတို့အရမ်းကြောက်တဲ့…ဆေးရုံက ဆာဂျင်တစ်ဦးဒီနေ့ညနေ MU3 private မှာဆုံးပါးသွားတယ်..

Liver Unit ရောက်တုန်းမှာ..ဆရာ…ဆေးရုံတက်နေရတယ်ဆိုတာသိခဲ့တယ်….
ဆရာ့ကို ASအစ်မကသွားမတွေ့ရဲလို့ ဆရာ့အခန်းကို လှည့်မရောင်းသလို…
ငါတို့လည်းမသွားရဲခဲ့ဖူး..
ဌာနမှုးဆရာမကြီးပြန်ရောက်လာမှဆရာ့အခန်းကိုROund တာလို်က်ခဲ့တယ်….

ဆရာ့ကို ..မြင်ရတာစိတ်ထဲမကောင်းဘူး……….
ဆရာနဲ့တစ်ခါမှမသင်ဖူးဘူး…..သင်ရမှာကို လန်.နေခဲ့တာ….
ကျောင်းသားတွေကို လူနာတွေကို .ဘယ်လို ကယ်ရမယ်ဆိုတာသင်ပေးတဲ့ဆရာ….

သူ့တပည့်တွေလက်ပေါ်မှာဆုံးသွားခဲ့တယ်……

ဆရာ့ကို အားပေးစကားတောင်မပြောရဲခဲ့ပါလား..
ကိုယ့်ကို သင်တဲ့ဆရာကို ဘယ်လိုအားပေးစကားပြန်ပေးရမလဲဗျာ…

my virtual friend

Dear,Friend.

ဒီနေ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့…
ငါတို့နိုင်ငံအတွက်.. အဖိုးတန်သားကောင်းရတနာတစ်ဦးမွေးဖွားခဲ့ဖူးတဲ့နေ့ပေါ့
ငါတို့ရဲ့ခေါင်းဆောင်ကြီးတစ်ဦးလေ..
နှစ်ပေါင်းကိုးဆယ်ကျော်သွားခဲ့ပြီ..

အဲဒီအချိန်တုန်းက…..နွေဦးမနက်ခင်းဟာဘယ်လိုနေမလဲမသိပေမယ့်…..
ဒီကနေ့နွေနံနက်ခင်းကတော့….လွမ်းစရကောင်းတယ်ကွာ..

မင်းနေတဲ့နေရာမှကောဘယ်လိုရှိနေမလဲငါသိချင်ပါတယ်..
အိမ်ရှေ့မှာ.ရှိတဲ့…ဗံဒါပင်လေးက.အရွက်တွေမရှိတော့ဘူး..ရိုးတံတွေနဲ့………
အညာပုံစံ….က..ငါနေတဲ့မြို့လေးကို သတိ ရမိတယ်.
မကြာခင်..အစိုးရကျောင်းတွေလည်းပိတ်တော့မယ်လေ..
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေလည်းဖြေတော.မယ်မို့လား..

အရင်တုန်းက..ဒီလိုအချိန်တွေဆိုအရမ်းရင်ခုန်တာပေါ့…
နွေကျောင်းပိတ်ချိန်ဆိုတာ..ငါတို့အရမ်းပျော်တဲ့….ကာလတွေလေ…
အခုကလေးတွေအတွက်တော့ငါလည်းသေချာမသိပါဘူး…
သူတို့တွေအတွက်နွေဆိုတာငါတို့တုန်းကလို အဓိပ္ပါယ်ရှိပါ့မလား..စိုးရိမ်မိတယ်ကွာ..

အဲဒီတစ်နှစ်နွေက…..

မင်း…ကြိုက်တဲ့ကောင်မလေးကို…..ကျုရှင်က..အပြန်လိုုက်စကားပြောတော..ငါအမြဲပါခဲ့တာလေ..
အဲဒီတုန်းကတော့မင်းက အရုးအမူးပဲ….နော်..
နောက်မင်းသာပြောင်းသွားခဲ့တာ……ကောင်မလေးကတော့မင်းကို ပြန်မကြိုက်ခဲ့ဖူး..

အခုတော့အခြေအနေတွေကွာခြားလောက်ပါပြီကွာ…
မင်းလိုက်စရာမလိုလောက်အောင်မင်းဘေးမှာကောင်မလေးတွေဝိုင်းနေမှာငါမြင်ယောင်ပါတယ်….
အတည်တွဲတဲ့ရည််းစားတွေဘာတွေရနေပြီလား..
ဖေဖော်ဝါရီ ၁၄ အတွက်ကောရင်ခုန်စရာတွေရှိနေပြီလား..။
မင်းက romantic တော့တော်တော်ဆန်တတ် တဲ့ကောင်ဆိုတော့ကောင်မလေးက…သဘောကျမှာပါ…

ငါတို့နယ်မြို.မှာတုန်းကတော့ဘာမှမသိခဲ့ပါဘူူး..
အခုဒီမြို့မှာတော့…တစ်နှစ်ထက်တစ်နှစ်အဲဒီနေ့ကြီးကို အရမ်းဦးစားပေးလာတယ်..

ငါနဲ့ကတော့ဘာမှမဆိုင်ပါဘူးကွာ..
သိပ်တော့လည်းအဓိပ္ပါယ်မရှိသလိုပါပဲ…
ငါတို့ character တွေနဲ့….ဒီက လူနေမှုပုံစံနဲ့က…အရမ်းကြီးတော့သဟဇာတမဖြစ်ဖူးကွ…
ဒီမှာနေလို့အဆင်ပြေတာတွေရှိသလို……..

စိတ်ကျဉ်းကျပ်ရတာ…စိတ်ဓာတ်ကျရတာတွေ…ကလည်း.ခဏခဏပါပဲ့….

မင်းစိတ်ကူးတွေကော..အကောင်အထည်ပေါ်နေပြီလား..
အင်း.
မင်းကစိတ်ကူးသိပ်ယဉ်တတ်သူတော့မဟုတ်ပါဘူး..ငါ့ထက်ကို ပို လက်တွေ့ကျတဲ့သူပဲ…..

ငါလည်းမင်းလိုဖြစ်အောင်တော့ကြိုးစားနေပါတယ်.
ငါ့စိတ်ကမင်းထက်စာရင်အရမ်းပျော့တယ်ကွာ……..

အလုပ်တစ်ခုတော့ရနေပါပြီ…
ဒါပေမယ့်တစ်နှစ်ပဲခံမယ့်အလုပ်ပါကွာ……

အဲဒီနောက်ဘယ်ပေါက်လို့ဘယ်ရောက်မယ်ငါလည်းမသိသေးပါဘူး…………

ရောက်ရာအရပ်မှာပျော်နေချင်တယ်ကွာ.

သူငယ်ချင်းတွေတော့အများကြီးရှိပါတယ်….
မင်းလိုသူငယ်ချင်းမျိုးတော့..မရှိဘူးကွာ………………….
မင်းက..ငါ့ရဲ့ motivator…လေ..
ငါ့စိတ်ကို ငါ့ထက်မင်းကပိုသိတယ်…

မင်းလိုမျိိုးသူများတွေရဲ့ motivator ဖြစ်နိုင်အောင်…ငါကြိုးစားနေပါတယ်…………..
မင်းလည်းငါ့ကိုသာအားပေးတာ…
မင်းစိတ် ဓာတ် ကျပြီးဘာလုပ်ရမှန်းမသိရင်…ဘယ်ဟာက မင်းရဲ့ motivator လည်းဆိုတာ..ငါ့ကို ပြောဦးလေ..

ငါ့စိတ်ကိုငါမနီုင်သေးဘူးကွ..
အသက်ကသာ20ကျော်လာတာ………..

အဆုံးအဖြတ် ပေးရတဲ့ ကိစ္စတွေမှာ..ငါ့မရင့်ကျက်နိုင်ဘူး..
မင်းဆီစာမရေးဖြစ်တာကြာပြီ…………..
အပြောင်းအလဲသိပ်မရှိတဲ့ပတ်ဝန်းကျင်မှာ…..
အတွေ့အကြုံသစ်…ထူးထူးဆန်းဆန်း….အကြောင်းအရာသစ်အဖြစ်အပျက်သစ်တွေ နဲ့ငါ့စိတ်တွေပြန်လန်းဆန်းလာချင်တယ်ကွာ……
မဟုတ်ရင်..ရှင်သန်ရတာ..အဓိပ္ပါယ်မရှိသလိုပဲ…

ငါတို့ငယ်ငယ်က…ဆရာကြီးတစ်ယောက်မေးခဲ့ဖူးတဲ့အမေးပုစ္စာကို ဖြေခဲ့တာမှတ်မိသေးလား….
လေယာဉ်နဲ့.ကားမောင်းရမယ်ဆိုဘယ်တစ်ခုကိုရွေးမလဲတဲ့..
မင်းက…ကားကိုရွေးတယ်…
ငါကလေယာဉ်ကိုရွေးတယ်…
လေယာဉ်ရွေးတဲ့သူက..adventure ကို ကြိုက်တယ်..
ကားရွေးတဲ့သူကအေးအေးဆေးဆေးသမားတဲ့..
ဒါပေမယ့်..ဖြစ်လာတာကပြောင်းပြန်ပဲကွ…
မင်းကဘာလို့လေယာဉ်မရွေးတာလဲမေးတော့…..
လေယာဉ်ကငါမှမမော င်းဖူးတာတဲ့.မစားဖူးတဲ့အသီးနဲ့စားဖူးတဲ့အသီးဘယ်တစ်ခုပိုချိုလဲမေးတာငါဘယ်လိုဖြေရမှာလဲတဲ့..

မင်းအဖြေက ..ပိုအဓိပ္ပါယ်ရှိတယ်ကွ..
ငါကမင်းလောက်မတွေးတတ်ဘူး…
မင်းနဲ့မတူချင်လို့ကျန်တဲ့တစ်ခုကိုရွေးလိုက်တာလေ…..

နေ့လည်တစ်နာရီတောင်ခွဲပြီကွာ……………
ငါအလုပ်ပြန်သွားရဦးမယ်.
ထမင်းမစားရသေးဘူးကွ..
တစ်ယောက်တည်းဆိုတော့
ကြံုတဲ့နေရာစားရတာ.တစ်ခါတစ်လေအလုပ်ကအပြန်နောက်ကျလို့ထမင်းငတ်တဲ့ညတွေကရှိသေးတယ်..

မင်းကပြောဦးမယ်….ငါ့ကို ရည်းစားလေးဘာလေးရှာဆိုပြီးတော့..
အေးကွာ.

အဲဒီကောင်မလေးအမေကအခုနေမွေးခန်းထဲဗိိုက်တော့နာနေလောက်ပါပြီ…:)
ငါလည်းဒီလိုနေရတာငြီးငွေ့ပေမယ့်….

ငါလုပ်တဲ့ကိစ္စတွေတိုင်း…နောက်ဆုံးငါပဲ..ကြေကွဲခဲ့ရတာဆိုတော့…ထက်စဉ်းစားဖို့ကိုငါလက်တွန့်နေပြီ…
အေး…..
ငါ ့စာကို အဆုံးသတ်လို်က်တော့မယ်ကွာ………………………..

ငါ့ဆီစာပြန်ရင်….ရှည်ရှည်ပြန်ရေးပေါ့…

Good Bye …..Fri.

13.2.2012(1.40pm)

ဒီစာက…ကျွန်တော်ခင်မင်တဲ့သူငယ်ချင်းတွေရဲ့ character တွေကို ပေါင်းစပ်ပြီးဖန်တီးထားတာပါ..
ဒီစာထဲကသူငယ်ချင်းလိုမျိုး…..အတိ အကျ တော့မဟုတ် ပေမယ့်အပြင်မှာလည်းရှိပါတယ်..
ကျွန်တော့်ရင်ထဲကစကားတွေကို ……အခင်ဆုံးသူငယ်ချင်းတွေကို ပြောပြချင်ပါတယ်…
ဒါပေမယ့်သူတို့တွေကို အနှောင့်အယှက်မေပေးချင်တော့တဲ့အတွက်……virtual friend တစ်ယောက်ကို ..စိတ်ကူးထဲမှာပုံဖော်ပြီး..ရေးသားလိုက်ရခြင်းဖြစ်ပါတယ်………..

ကျွန်တော်ပြောချင်တာတွေကို ..အမြဲနားထောင်ပေးနိုင်မယ့်……………virtual friend ပါ.

2012ပြည်ထောင်စုနေ့

ဖေဖေရေ…..

ဒီနေ့က… ပြည်ထောင်စုနေ့တဲ့…
သားတော့.. မန္တလေးပြည်သူ့ဆေးရုံကြီးထဲက အသည်းအထူးကုဌာနမှာတာဝန်ကျနေတယ်..

ဒီနေ့မနက်..ဗထူးကွင်းထဲ့..အလေးပြုသံတွေ ဘင်ခရာသံတွေကြောင့်အိပ်ရာကနိုးခဲ့တယ်…

လူလတ်ပိုင်းအစပြုနေပြီဖြစ်တဲ့..အသက်မှာ..ကလေးစိတ်တွေက သိပ်မကုန်ချင်သေးဘူး.ဖေဖေရာ..

အိမ်ကိုခဏပြန်လာနေချင်တယ်…
ဒါပေမယ့်ခွင့်ယူလို့ကမဖြစ်ဘူး….
သားလုပ်ချင်စိတ်ရှိနေတာတွေကို အကောင်အထည်ပေါ်အောင်…လမ်းစပေးတဲ့ဖေဖေ..
သားလုပ်တာတွေဘယ်လောက်မကောင်းပဲ..ညံ့ဖျင်းနေပါစေ…ဖေဖေကတော့သားရဲ့ထာဝရပရိတ်သတ်ပါ..

ကောင်းတာတွေကို ရှာကြံချိီးကျုးပေးတဲ့အခါတိုင်.း..စိတ်ထဲကနေကြိတ်ပြီးကျေးဇူးတင်နေပါတယ်…ဖေဖေ

အစွမ်းအစဆိုတာ……လုပ်နိုင်တဲ့အစွမ်းလည်းရှိရမယ်..အစပြုထားတာလည်းရှိရမယ်လို့..ဖေဖေအမြဲတမ်းပြောတယ်…

အစွမ်းရှိတယ်လို့ကိုယ့်ကိုယ်ကိုယုံကြည်လာအောင်.. ပျိုးထောင်းပေးနိုင်ခဲ့ပါတယ်..

လုပ်နိုင်ခွင့်တွေရှိရက်နဲ့.အခုသား.မလုပ်နိုင်ဘူး.ဖေဖေ..

တစ်ယောက်တည်းရပ်တည်ရချိန်မှာ….လောကကြီးထဲ…၀င်တိုးဖို့အားတွေလျော့နေပြီ…

ခွန်အားရှိတဲ့စကားတွေမကြားရတာကြာပြီ……………

တက်ကြွမှုတွေကို..ပြန်ရှာဖွေနေတာ..မတွေ့နိုင်ဘူးအဖေရာ……

.
….အရာရာတိုင်းကပြောင်းလဲနေပြီ…
သားတို့နိုင်ငံကောပဲ..

အိမ်ခဏပြန်ချိန်တွေမှာ…..ဖေဖေနဲ့..နိုင်ငံရေး.ဘာသာရေး..စီးပွာရေးစုုံနေအောင်ဆွေးနွေးတာတွေ..သတိရမိတယ်..

တစ်ခါတစ်လေမှာ..သားအဖ..ငြင်းခုန်ကြရင်း..အဖြေမထွက်ခဲ့တာတွေ..
နိုင်ငံရေးမှာ…အယူအဆမတူတာတွေ….

ရွေးကောက်ပွဲတွေ..စလုပ်တော့..အဖေအရမ်းဝင်ချင်နေတာသားသိပါတယ်…
ဒါပေမယ့်အခြေအနေတွေဘယ်လိုလာမယ်မသိသေးတဲ့အတွက်..သားတွေမျက်နှာငဲ့ပါဦးဆိုတဲ့အမေ့စကားကြောင့်.အဖေ
ငြိမ်နေခဲ့တာ..

အခုတစ်ခေါက်မှာလည်း………အဖေဝင်အရွေးခံချင်တာသားသိပါတယ်..
အဖေ့သွေးထဲစီးဆင်းနေတဲ့ဗီဇကဖျောက်လို့မှမရနိုင်ပဲ..

အဖေ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုနိုင်ငံရေးလောကထဲမြှုပ်နှံထားခဲ့ဖူးတာပဲ..

ဒါပေမယ့်အဖေ..၀င်ပြိုင်ချင်တဲ့မြို့နယ်မှာ..အဖေ.နာမည်မပါတာကိုဂျာနယ်ထဲမှာတွေ့ရတော့သားစိတ်မကောင်းဘူး..

ကိုယ့်ထက်လုပ်နိုင်သူတွေရှိနေချိန်မှာ…….အဖေဝင်မပါတော့ဘူးဆိုတဲ့စကားက…အမြဲတမ်းအမှတ်ရနေစေပါတယ်…

အားရှိတဲ့အဖေ့ဆီက ဆုံးမစကားတွေကြားချင်သေးတယ်..အဖေရာ..

အိမ်ကို လည်းဖုန်းမှန်မှန်မဆက်ဖြစ်တာကြာပြီ..အလုပ်ဝင်တည်းကပဲ….

နောက်မှဆက်ရေးတော.မယ်…

PS… BE HEALTHY AND HAPPY ..DAD

House officer တစ်ယောက်၏ပထမဆုံးဒိုင်ယာရီ

by Nyein Chan Ko Ko (Notes) on Tuesday, January 24, 2012 at 10:23pm

24.1.2012

မနက်ခင်းအိပ်ရာနိုးတော.ရာသီဥတုက သာယာနေသည်.

ကျွန်တော်အိပ်ရာက နိုးရင်..

ပထမဆုံးအလုပ်ချင်ဆုံးအရာက အကြိုက်ဆုံးသီချင်းတစ်ပုဒ်နားထောင်တာနဲ့

ကော်ဖီတစ်ခွက်သောက်တာပဲ.

ဒီနေ့တော့..

Green day ရဲ့ Time of Your Life သီချင်းနားထောင်ဖြစ်တယ်

နာရီက ၈နာရီထိုးဖို့.တာစူနေပြီ..

….

ကော်ဖီက ..မျက်နှာသစ်တုန်းကဖျော်ထားပေမယ့်

အခုထိပုူကျစ်နေဆဲပဲ..

မတတ်နိုင်တော့..

တစ်ကျိုက်လောက်သောက်ပြီး..ချထားခဲ့လိုက်တော့တယ်.

တစ်အိမ်လုံးမှာတစ်ယောက်တည်းဆိုတော့..အိပ်ရာနို်းရင်အဆင်သင့်ရှိနေမယ့်မနက်စာလည်းမရှိပါ..

အိမ်တံခါးလည်းသော.ခတ်ပြီးလို့ဆိုင်ကယ်စက်နှိုးလိုက်တော့..

နှိုးလို့ကမရ…..

သွားပြီ…….

မနေ့ညက…ဂျူတီပြီး ပြန်လာတော့..အိမ်ေ့ရှအရောက်မှာပဲဆိုင်ကယ်ဆီပြတ်သွားတာအမှတ်ရတယ်..

ဆီဆိုင်ထိရောက်အောင်..ဆိုင်ကယ်ကို်တွန်းသွားရတော့မယ်..

အထက်တန်းကျောင်းတစ်ခုအနားမှာရှိလို့….ကျောင်းသွားတဲ့သူတွေနဲ့လမ်းကရှူပ်နေတယ်.

စီးလို့မရတဲ့ဆိုင်ကယ်ကိုတွန်းရင်းနဲ့….ကားလှလှလေးတွေဖြတ်သွားရင်….အားကျတဲ့စိတ်က..ပေါ်မိပြန်တယ်..

ဆီဖြ ည်.ပြီးချိန်မှာတော.နောက်ကျနေပြီ…မနက်စာစားလို့မရတော့ဘူး..

ဗိုက်ဟောင်းလောင်းနဲ့ပဲ…..မန္တလေးဆေးရုံကြီး…ကုသဆောင် ၃ ရှေ.ရောက်တော့.

အရောင်အသွေးစုံတဲ့… ကားလေးတွေက .အသီးသီးနေရာယူပြီးနေပြီ…

နောက်ဆုံးနှစ်အပိုင်း(ခ)က ..ဆေးကျောင်းသားဆေးကျောင်းသူတွေရဲ့ကားလေးတွေပါ..

ပထမနှစ်တည်းက..အိမ်က အမွေပေးထားတဲ့.. ဆိုင်ကယ်အစုတ်လေးကို…ဆိုင်ကယ်စတန်းမှာထိုးခဲ့ပြီး…ward ထဲကို အပြေးတစ်ပိုင်းနဲ့ဝင်ခဲ့တယ်……..

FA ရှိမရှိ အရင်ချောင်းကြည့်ရသေးတယ်..

ပြီးတဲ့နောက်..အလုပ်သင်အခန်းထဲဝင်…..ချိတ်ထားတဲ့ဂျူတီကုတ်ကို လဲပြီး..နားကြပ်ကိုကောက်ကိုင်… ကျွန်တော် တာဝန်ကျတဲ့့ round site က လူနာတွေဘက်ထွက်ခဲ့တယ်.

Admission Day နှစ်ရက်ထပ်လို့….ကုတင်ပြည့်လျှံအောင်ပုံနေခဲ့တဲ့… unit က အခုတော့… ကုတင်အလွတ်တွေမြင်နေရပါပြီ..

အခြေအနေကောင်းတဲ့လူနာတွေကို …Discharge ပေးလိုက်တယ်..

ကျွန်တော်တို့် round site ဘက် က Jail ( အချုပ်) ထဲ မှာအမျိုးသမီးလူနာတစ်ယောက်ရှိတယ်..retro positiveတဲ့

သူ့အတွက် လိုအပ်တာတွေကို ward supply နဲ့ ပဲပေးထားတာ..

senior ဆရာတွေညွှန်ကြားတဲ့အတိုင်း…ဆေးတွေ ရေးပြီးထိုးပေးလိုအပ်တာတွေမှာပြီးတဲ့နောက်..

ပါမောက္ခဆရာကြီးလူနာကြည့်တဲ့နောက်ကို ..စာအုပ်လေးတွေကိုင် ပြီးလိုက်ရတယ်..

အဲဒီနောက်……နေ့လည်.. CME လို့ခေါ်တဲ့.. house officer တွေအတွက် လုပ်ပေးတဲ့ presentation တစ်ခုကို တက်ရတယ်..

အသည်းခြောက်ခြင်းနဲ့.. ဘီပိုး စီ ပိုးအကြောင်းပြောကြတာပါ..

ဆေးကုမဏီတစ်ခုက နေကော်ဖီနဲ့မုန့်ကျွေးတယ်..

ဒီလို်ဆိုတော့လည်း.. house ဘဝကသာယာဖိုု့ကောင်းပါဧ။်…

အလုပ်သင်တွေကမေး..

ဘွဲ့လွန်တက်နေတဲ့ဆရာ/ကျောင်းသားတွေက ဖြေ…နဲ့

ပျော်ဖို့ကောင်းပါသည်..

ဒီလိုနေ့မျိုးက…ညတာဝန်ကျတဲ့ကျွန်တော်တို့လို အလုပ်သင်များအတွက်… ရှားရှားပါးပါးနေ့လို့ပြောလို့ရပါတယ်..

မနက်ခင်းး… morning round ပြီးလျှင် ..ည ၈ နာရိီအထိ ..ကျွန်တော်တို့မှာတာဝန်ချိန်မရှိတော့

ကျန်သောနေ့များဆိုလျှင်..

နားရသော..အချိန်များပြတ်တောင်းပြတ်တောင်းဖြစ်လို့.. ကိုယ်ပိုင်အချိန်ကို ကောင်းကောင်းသုံးခွင့်မရပါ..

ဆေးရုံက ပြန်လာပြီးဆေးတက္ကသိုလ်ရှေ.ဖြတ်တော့..

၄နှစ်နေခဲ့ရတဲ့… UMMကို ….ပြန်သွားချင်စိတ်ပေါ်လာတယ်

ကျော်သွားပြီးမှဆိုင်ကယ် ပြန်ကွေ့ပြီး…ကျောင်းရဲ့ လမ်း ၃၀ ၀င်ပေါက်ကနေဝင်ခဲ့တယ်………………………

ကျွန်တော်တို့ဒီတက္ကသိုလ်ထဲမှာစာမသင်ရတော့တဲ့အချိန်ကစပြီး.

ကျောင်းကြီးက မော်ဒန်ပိုဆန်လာပြီ..

lecture တွေစချိန်ဖြစ်လို့……

ကျောင်းဝင်းထဲမှာ.ကျောင်းထဲဝင်လာသူတွေနဲ့စည်ကားနေတယ်.

ပထမဆုံးအကြိိမ် ကျောင်းတက်စဉ်က …လှမ်းခဲ့ဖူးတဲ့ခြေလှမ်းလို..

အခု..တစ်ကြီမ် လည်း….တွန်.ဆုတ်နေခဲ့တယ်..

အရင်တုန်းကအကြီးတွေကြားမှာအငယ်ဆိုတဲ့စိတ်ရှိပြီး

အခုတော့အငယ်တွေကြားက အကြီးဆိုတဲ့စိတ်က .နေရာယူနေတယ်.

House officer ID card ထုတ် ပြီးချိန်မှာ..အိမ်လည်းမပြန်ချင်သေးဘူး..

lecture ချိန်တွေတိုင်းထိုင်ခဲ့ဖူးတဲ့.. library ရှိတဲ့နားက…အင်္ဂတေ ထိုင်ခုံလေးတွေမှာသွားထိုင်မိတယ်.

သိတဲ့သူများရှိမလားလို့တစ်ချက်ကြည့်မိသေးတယ်..

အားလုံး… အငယ်တွေပါပဲ..

ကျောင်းမှာ..ဖိုးသက်ရှည်လုပ်မယ့်ကျွန်တော့်သူငယ်ချင်းတစ်ချို့တောင်မရှိပါဘူး..

ဘေးနားက…ကျောင်းသားတစ်ယောက်က

စာလည်းမကျက်ချင်ဘူးကွာဆိုပြီးညည်းသံကြားတယ်..

အရင်တုန်းက တော့အဲဒီလိုအသံကြားရင်သိပ်မထူးဆန်းသလိုပါပဲ..

သူဖတ်နေတဲ့စာအုပ်လှမ်းကြည့်လိုက်တော့.. botany ..

သြော်ပထမနှစ်လေးတွေကိုးလို့စိတ်ထဲကပြောမိတယ်.

ဘယ်သွားသွားပါနေကြဖြစ်တဲ့နားကြပ်လေးကိုထုတ်ပြီး…ကို်ယ့်အာရုံနဲ့ကို်ယ်သီချင်းနားထောင်နေတော့တယ်..

မျက်လုံးကတော့ဟို်ကြည့်ဒီကြည့်နဲ့ပေါ့.

library ရှေ့က ဆိုင်ကယ်စတန်းတောင်မရှိတော့ပါလား..

အဲဒီစတန်းမှာ..လက်မှတ်ပျောက်လို့ဆိုင်ကယ်ထုတ်ခွင့်မရတာ..တွေမိုးရွာထဲ..

မိုးကာမပါဘဲ..ပြန်ခဲ့တာတွေအမှတ်ရတယ်…………

အဲဒီခုံမှာထိုင်နေရင်းး sean kingston ရဲ့ why you wanna go ကို နားထောင်နေတယ်..

G3 ကတော့ပျော်ရွှင်စရာနေ့ဆိုပြီးပြန်ဆိုတယ်

tune က မြူးပြီးပျော်စရာပုံစံဖြစ်ပေမယ့်..

တကယ်က လွမ်းဖို့ကောင်းပါတယ်

G3 ပြန်ဆို်တဲ့သီချင်းကတော့ ကျွန်တော်နဲ့တစ်ကယ်ကွက် တိပါပဲ..

(အခုထိယဉ်နေတဲ့.စိတ်ကူးှဆီပြန်ရောက်တိုင်း

ငါ့ရဲ့.. valentine ဟာ ပျော်စရာကြီးပါ…..)

(အခုလိုယဉ်နေတဲ့..စိတ်ကူးဟာပေါ်မလာပဲ…………..

ငါ့ရဲ့ valentine ဟာ အမြဲတမ်းတစ်ယောက်တည်းပါ…..)

May 15( 10:56:26 am )

စိ်တ်ကူးထဲအကြာကြိးရှိနေဖူးတဲ့…..

တစ်ခါသော မေလမိုးရေစက်တွေထဲကကောင်မလေးကို…

ဒီနေ့တွေ့ဦးမလား…စောင်.နေမိတယ်.

အဲဒီတုန်းက…..ကျွန်တော်က.. တတိယနှစ်.

ကျွန်တော် ..medicine CQ ဖြေပြီး….

ကျောင်းထဲက ကန်တင်းမှာ..ရှိနေတုန်း….တွေ့ခဲ့တာပါ..

အဲဒီတုန်းက မိုးကရွာပြီးစ.

ကောင်းကင်က..မည်းနေတုန်းရှိသေးတယ်

သူက..တီရှပ်နဲ့..

မရမ်းရောင်..လုံချည်ဝတ်ထားတယ်

ထီးပါပေမယ့်..မဆောင်းထားဘူး………

ကန်တင်းထဲမှာကျွန်တော်တစ်ယောက်ပဲရှိတယ်..

ကျောင်းသားတွေအပြင်မှာသိပ်မရှိတတ်တဲ့lecture ချိန်ပြီးတော.မိုးလည်းကျနေသေးတော့..လူမရှိဘူး..

ကျွန်တော်အဲဒီလောက်ဖြူစင်တဲ့မျက်နှာအပြင်မှာမမြင်ဖူးဘူး….

ကောင်မလေးတော်တော်များများမှာတွေ့တဲ့…ပုံစံမျိုးသူ့ဆီမှာမမြင်ရဘူး..

ကျွန်တောလက်ထဲမှာရှိတာ.က.. ပထမနှစ်တုန်းက ၀ယ်ထားတဲ့.. 6233 မော်ဒယ် nokia 2 megapixeal ဖုန်းကင်မရာလေးပဲရှိတယ်.

ကန်တင်းရှေ.ကသူဖြတ်လျှော်ကသွားတဲ့ပုံကို ကျွန်တော်ဖုန်းနဲ့ရိုက်ထားတယ်.

ဖုန်းထဲမှာမျက်နှာကို ကောင်းကောင်းမမြင်ရပါဘူး.

အဲဒီအချိန်က………အဖြစ်အပျက်လေးကိုဖုန်းရဲ့ note pad ထဲမှာရေးထားတယ်.

အခုတော့အဲဒီnote လေးရှိဦးမလားပဲ

ကျွန်တော်….သူဘယ် year ကလည်း…ဘယ်ကလည်းဆိုတာစုံစမ်းခဲ့သေးတယ်..

ပထမနှစ်ကမှန်းသိခဲ့ရတယ်….။

ပထမနှစ် DN1 lecture ကို သူငယ်ချင်းနဲ့ယောင်လည်လည်ရောက်သွားတုန်း.

lecture နောက် ကျပြီး ၀င်လာတဲ့သူ့ကို ..ရုတ်တရက်မြင်လိုက်ရလို့.

သူ..မနက်ခင်း

pratical သွားတဲ့..အချိန်တိုင်း..ကျွန်တော်..banyan လို့ခေါ်တဲ့.. ကျောင်းကန်တင်းမှာရှိတယ်..

မနက်မနက်ဆို အဲဒီမှာထိုင်လွန်းလို့ာ

ညောင်ပင်စောင့်လို့တောင်ခေါ်ကြတယ်..

3dr year pharmaco tuto zero.

micro tuto က သွားမဖြေ..

ပေတာတွေလေ

ပထမ test က တစ်ဘာသာမှအခြေအနေမကောင်းဘူး..

တစ်လကျော်နှစ်လနီးပါး..

အဲဒီကန်တင်းမှာမနက်တိုင်းရှိတယ်.

lecture က 8 နာရီစတယ်ထင်တယ်

ဒါပေမယ့်သူဖြတ်သွားပြီး.. ၉ နာရီကျော်မှ အတန်းသွားတက်တယ်..

တစ်ခါတစ်လေအတန်းတက်နေရင်းး role call မကောက်သေးခင်…ထွက်ရင်ထွက်လာတာ..

မနက်သင်တဲ့ ဘာသာတွေက role call တွေ..ဇောက်ထိုးပေါ့ဗျာ.

ပထမတစ်ခေါက်attendance တွေ စာရွက်ကပ်တော့မှ..

…..

ဒီအတိုင်းဆို……ငါတော့…မဖြစ်ချေဘူး.ဆိုပြီး..rolecall တွေပြန်လိုက်ရတယ်.

နောက်ိပိုင်း.PHARMACO.. MIRCO.. PATHO..

TUTORIALတွေက .ဆက်တိုက်လာတယ်.

တစ်ဘာသာဖြေပြီးနောက်တစ်ဘာသာ..

နောက်ဆုံးဘာသာဖြေပြီးရင်..ပထမဘာသာက…CHAPTER နောက်တစ်ခုပြီးလို..ပြန်စစ်..

အဲဒီလို.သံသရာလည်နေရင်း..

TEST ကရောက်လာတာ..နဲ့..TEST အတွက်ပြင်ဆင်…..

ဒီလိုနဲ့ကျွန်တော် BANYAN မရောက်ဖြစ်တော့ဘူူး…

စာကျက်ရင်.ခဏခဏသတိရတယ်..

အတန်းတက်ရင်း..သူ့ပုံတွေဆွဲတယ်…….

ရှေ့ဆုံးတန်းထောင့်မှာထို်င်တာဆိုတော့…..ရှှေ့ခုံက… ROLE CALL ကောက်တဲ့အဒေါ်ကြီးက…ပုံကို လှည်.ကြည့်ရင်း..ပြံူးစိစိနဲ့..

စာအုပ်တွေရဲ့..နောက်ဆုံး.စာမျက်နှာတွေမှာသူ.ပုံတွေရှိတယ်

အဲဒီလို..ဖြစ်နေတာ.စကားသွားမပြောဘူးလားဆိုတော…

ဟုတ်ကဲ့ကျွန်တော်တစ်ခါ ပြောဖူးပါတယ်ခင်ဗျာ..

တစ်ခါတည်းပါ.

သူ့အတွက်လုပ်ဖူးတဲ့သီချင်းတွေရှိတယ်.

ကျွန်တော်စိတ်ထဲရှိတာအားလုံးလုပ်ပါတယ်..

သူနဲ့တိုက်ရိုက်ဆက်သွယ်တာကလွဲလို့….

အရမ်းသတ္တိနည်းလို့……………….

သူကအရမ်းစာတော်တယ်ဗျ…

ကျွန်တော်သိတဲ့အထိတော့အပေါင်းအသင်းတော်တော်နည်းတာ.

နောက်တစ်ခုက…မြန်မာစကားတောင်ပီအောင်မပြောတတ်သေးဘူး…:D

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အဲဒီနောက်တော့

ဖြစ်ချင်တာတွေအားလုံး..အိမ်မက်တွေအဖြစ်.။အမှတ်တရတွေအဖြစ်ပဲ..သိမ်းထားလိုက်ပါတော့တယ်……

သူက..ဖြူဖြူစင်စင်လေး…..

ကျွန်တော်က ကိုယ့်ကိုယ်ကိုတောင်ယုံတဲ့သူမဟုတ်

ခင်မင်ချင်စိတ်ကတော့စိတ်ထဲမှာရှိနေတုန်းပါပဲ….

သူ့ကိုလမ်းလွဲမှာစိုးရိမ်စိတ်ကလည်းစိတ်ထဲမှာရှိနေတုုန်းပါပဲ…

သူ့ကောင်းသတင်းတွေကြားချင်စိတ်က လည်းစိတ်ထဲစိုးမိုးဆဲပါပဲ..

နောက်ဆုံးတစ်ခုက

သူ့အပေါ်ကောင်းနိုင်မယ့်…လိုက်ဖက်တဲ့သူ

တွေ.စေချင်စိတ်ကလည်း…..

ကြီး…စိုး….နေ…ဦး…မှာ..ပါ….ပဲ

လေထဲမှာလွင့်နေတယ်….သီချင်းလေးတစ်ခုကိုတိုးတိုးညည်းပြီးတော.

UM မန္တလေး…..UM မန္တလေး…မဆုံအောင်…အလှမ်းဝေးပြီ…

ပြန်ပြီးတွေ.နေလည်း…

တစ်ခါထပ်ပြီးမရနိုင်တဲ့….

ငါတို့အားလုံးရင်ထဲ…….

အမြဲUM မန္တလေး….

……………………………………………………….

For …………………..and …..my fris from umm

My current life ©Arthur

Combination

FPII result

See their face…
Full of .hope.
sparkling eyes.
This is the result time..
I was very happy..
very excited.

2nd time of success in my life .

1st time is in 2006 august..
I pass matriculation examination with 4D in B.E.H.S.(1) Pyinmana

Umm notice board

 

 

Our university…. Notice board..

Page 24 of 32

Powered by WordPress & Theme by Anders Norén