16.2.2012

Cardiac စဝင်ရတဲ့နေ့

ဖိစီးမှုတွေနဲ့စခဲ့တဲ့နေ့တစ်နေ့ပေါ့
အခုဒီစာရေးနေချိန်တောင် စိတ်မကြည်လင်ပါဘူး….

စိတ်ပင်ပန်းနေတယ်…
ကျောင်းသားဘဝတုန်းကငါတို့အရမ်းကြောက်တဲ့…ဆေးရုံက ဆာဂျင်တစ်ဦးဒီနေ့ညနေ MU3 private မှာဆုံးပါးသွားတယ်..

Liver Unit ရောက်တုန်းမှာ..ဆရာ…ဆေးရုံတက်နေရတယ်ဆိုတာသိခဲ့တယ်….
ဆရာ့ကို ASအစ်မကသွားမတွေ့ရဲလို့ ဆရာ့အခန်းကို လှည့်မရောင်းသလို…
ငါတို့လည်းမသွားရဲခဲ့ဖူး..
ဌာနမှုးဆရာမကြီးပြန်ရောက်လာမှဆရာ့အခန်းကိုROund တာလို်က်ခဲ့တယ်….

ဆရာ့ကို ..မြင်ရတာစိတ်ထဲမကောင်းဘူး……….
ဆရာနဲ့တစ်ခါမှမသင်ဖူးဘူး…..သင်ရမှာကို လန်.နေခဲ့တာ….
ကျောင်းသားတွေကို လူနာတွေကို .ဘယ်လို ကယ်ရမယ်ဆိုတာသင်ပေးတဲ့ဆရာ….

သူ့တပည့်တွေလက်ပေါ်မှာဆုံးသွားခဲ့တယ်……

ဆရာ့ကို အားပေးစကားတောင်မပြောရဲခဲ့ပါလား..
ကိုယ့်ကို သင်တဲ့ဆရာကို ဘယ်လိုအားပေးစကားပြန်ပေးရမလဲဗျာ…