Many Lives, Many Memories.

Author: Arthur Chan Page 21 of 32

ဓာတ်မတည့်သော

ကျွန်တော်လည်းသာမာန် လူငယ်တစ်ယောက်ပါပဲ။
သာမာန်လူငယ်တစ်ယောက်လို အချစ်ကိုတောင့်တမိပါတယ်။

ဒါပေမယ့် ကျွန်တော် အချစ်အကြောင်းတွေးမိရင်ကြည်နူးရမယ့်အစား
မွန်းကျပ်လာတယ်။

ကျွန်တော်က အချစ်နဲ့ ဓာတ်မတည့်သော သူလေများလား

Lord Buddha(Myanmar)

Lord Buddha(Myanmar)

IF u are seeking for a religion that is scientific,
You will see Buddhism.

Shwe Dagon Pagoda

 

Shwe Dagon Pagoda (Yangon)

Credit To Original Photographer

Ngwe Saung Beach

One of the place in Ngwe Saung Beach.

Myanmar is becoming a open country and a nice place to visit.

I confess we are still in progress.

Over 20 years destruction of our spirit can’t heal so fast.

There are some bad hotels and guest houses that took many fees for the reason of insufficient Hotel rooms.

This would be very disappointing.

Let it  be,

Anyway..

This is Ngwe Saung Beach, in Myanmar

image

Moat. Mandalay.

This is the one I took by my galaxy s2 in last evening.

Mandalay is a old capital of ancient Myanmar King.
Moat (we called it Kyone)
Is still present in mandalay..
For more about mandalay
http://en.m.wikipedia.org/wiki/Mandalay#section_15

ရွေးချယ်မှု

ဒီစာကိုရေးတာ. ကိုယ့်ကိုယ်ကို အားပေးတဲ့အနေနဲ့ပါ။

POST တွေက စိတ်ဓာတ်ကျတဲ့အကြောင်းအရာတွေချည်းပဲဆိုရင်တော့ SORRY ပါ။

စိတ်ထဲမှာတစ်ခုခုကိုလိုလားတောင့်တာချိန်ရောက်မှစာရေးဖြစ်ပါတယ်။

အခုဆို သားဖွားမီးယပ်ဌာနုကိုရောက်လို့..တာဝန်ကျနေပါပြီ။

ကျောင်းသားဘဝကနဲ့.လုပ်ငန်းခွင်နဲ့ကကွာခြားပါတယ်

ကျောင်းသားဘဝတုန်းက..ဘာသာရပ်တစ်ခုအနေနဲ့လေ့လာလို့ပျော်ရွှင်ခဲ့သလောက်.

လုပ်ငန်းခွင်မှာ.ဘာသာရပ်လေ့လာရေးကလျော့နည်းပြီး.လူမှုရေး။ပေါင်းသင်းဆက်ဆံရေးနဲ့ ရုံးအလုပ်တွေမှာ.နစ်မြုပ်နေရတော့.

ကျွန်တော်မပျော်ပါ.

၆လတာ အလုပ်သင်ကာလပြီးဆုံးသွားခဲ့ပြီးနောက်.

အလုပ်သင်ဘဝပြီးလျှင်ဘာလုပ်မယ်ဆိုတာကိုအတန်တန်စဉ်းစားပေမယ့်ကျွန်တော်အဖြေမထုတ်နိုင်သေးပါဘူး.။

ခေါင်းထဲမှာဖြစ်ချင်တာတွေက ရောထွေးနေပါတယ်.

ပန်းတို်င်တစ်ခုကိုတိတိကျကျရှာမတွေ့ပါဘူး.။

ရွယ်တူ..အတန်းတူတွေ..ငွေများများရှာနို်င်နေကြပြီ။

သူတို့လိုချင်တဲ့အရာ.သူတို့ဝါသနာပါတဲ့အရာတွေကို ကိုယ်တိုင်ဝယ်နိုင်နေကြပြီ.။။

ကျွန်တော်နှစ်သက်စွဲလမ်းတဲ့အရာတွေကို.၀ယ်ယူဖို့…အလုပ်သင်လခလေးတွေစုပေမယ့်မပြည့်နိုင်သေးပါ။

တစ်ခါတစ်လေ…အရမ်းကိုလိုချင်လွန်းလို့ရူးမတတ်ဖြစ်ပါတယ်။

ဒါပေမယ့်ကျွန်တော်မဝယ်နိုင်ပါ.

အိမ်ကလည်းကျွန်တော့်ကိုဝယ်မပေးနိုင်တော့ပါ။

၂၀၁၂ ခုနှစ်မှာ..၀န်ထမ်းများလခတိုးရကြပြီး.အဆင်ပြေကြပါတယ်

သာမာန်စီးပွားရေးသမားများက ခေတ်စနစ်အပြောင်းအလဲဒဏ်ကိုတော်တော်ခံရပါတယ်။

ကျွန်တော်တို့အိမ်လည်းအရင်ကလောက်စီးပွားရေးမကောင်းပါ.

မွေးနေ့နီးလာပြီ.

PROFESSIONAL ကင်မရာတစ်လုံးလောက်အရမ်းလိုချင်တယ်. လက်စွမ်းပြချင်နေတာ.လက်ကိုယားလို့.

ဖုန်းကင်မရာနဲ့အာသာဖြေနေခဲ့ရတယ်.

အဲဒီဖုန်းကင်မရာနဲ့ရိုက်တဲ့ပုံက ကျောင်းက ဓာတ်ပုံပြိုင်ပွဲမှာဆုရတယ်.

အဲဒီပုံဆုရတယ်ကြားတုန်းက ၀မ်းသာ..တယ်…၀မ်းလည်းနည်းတယ်.။

၀မ်းနည်းတာက.

ဆုရတဲ့ပုံက …ဖုန်းနဲ့ရိုက်ခဲ့ရလို့.

သီချင်းတွေလုပ်ချင်ခဲ့တယ်

STUDIO ကျွန်တော့်မှာမရှိပါ.

STUDIO မှာသီချင်းသွားတီးခိုင်းဖို့..အတွက် ကျွန်တော်နှမြောပါတယ်.

အိမ်မှာသီချင်းတွေကို ကိုယ်တိုင်တီးပါတယ်။

ကိုယ်တိုင်အသံဖမ်းပါတယ်။

ကျွန်တောာ်ပျော်တယ်….ဒါပေမယ့်ဝမ်းနည်းပါတယ်။

………………………………………၀ါသနာအတွက်ရင်းနှီးမှုတွေပါ

အသက်မွေးဝမ်းကြောင်းအတွက်.ဘယ်လိုလုပ်ငန်းကိုရွေးမလဲကျွန်တော်စဉ်းစားကြည့်ပါတယ်.

ဆရာဝန်လုပ်မလား။

မလုပ်ဘူးလား။

ရွေးစရာနှစ်ခုပဲရှိပါတယ်…အဲဒါလေးကိုကျွန်တော်မရွေးနိုင်သေးပါ.

၁. ဆရာဝန်လုပ်ခဲ့ရင်…ဘယ်အဆင့်ထိရောက်အောင်လုပ်မလဲ.

ဘယ်နယ်ပယ်ထဲကို၀င်မလဲ.

သေချာတာကတော့.ဆရာဝန်လုပ်ငန်းကိုကျွန်တော်စီးပွားဖြစ်လုပ်လိမ့်မည်မဟုတ်ပါ။ ကျွန်တော့်လိုအပ်သောဘဝအတွက်.ဆရာဝန်မဟုတ်သောစီးပွားရေးတစ်ခုတွင်အောင်မြင်နေဖို့လိုပါတယ်.

ဆရာဝန်အလုပ်ကို.ကုသတဲ့ဆရာဝန်.လုပ်မလား.။

SPECIALIST လုပ်မလား.

လူအများစုကိုကယ်နို်င်တဲ့ဆရာဝန်လုပ်မလား.

လူတစ်ဦးချင်းကို ပမာဏကျန်းမာရေးစောင့်ရှောက်ပေးတဲ့သူဖြစ်ချင်လား.

SPECIALIST တစ်ဦးဖြစ်ဖို့..စွမ်းဆောင်လိုစိတ်မရှိပါ.

တာဝန်ချိန်သတ်သတ်မှတ်မှတ်ရှိသောဆရာဝန်တစ်ဦးဖြစ်ချင်ပါတယ်။

ကျွန်တော်မြင်နေရတဲ့ပတ်ဝန်းကျင်မှာ.ဆရာဝန်တွေဘဝက သနားစရာကောင်းပါတယ်.

အလုပ်နဲ့လက်နဲ့မပြတ်လုပ်နေရပါတယ်..အစိုးရဆေးရုံထိုင်. အပြင်ဆေးခန်းထိုင်.

သေကောင်ပေါင်းလဲလူနာတွေနဲ့တွေ့ရင်တောင်…ခံစားချက်မရှိတော့ပါဘူး.

တကယ်လည်းသူတို့အတွက်က မထူးဆန်းပါ.။ကျွန်တော်ဖြစ်ချင်တာတစ်ခုခုကို .သေသေချာချာသတ်မှတ်ထားဖို့တော့လိုနေပြီထင်ပါတယ်။

ကျွန်တော်လူတွေကို.ကယ်ရတာသဘောကျပါတယ်.။

လူတစ်ယောက်ကျွန်တော်တို့ရဲ့စွမ်းဆောင်ချက်နဲ့ရှင်သွားခဲ့ရင်.ပီတိဖြစ်ရပါတယ်.

ကျွန်တော်အဲဒီိလုုိပီတိမစားခဲ့ရတာကြာခဲ့ပါပြီ.. ကိုယ့်ကိုယ်ကိုဆရာဝန်တစ်ဦးဆိုတဲ့စိတ်ပျောက်ဆုံးနေခဲ့တာလည်းကြာခဲ့ပါပြီ.

ဆေးရုံမှာ.လူရာသွင်းမခံရတဲ့အခိုက်တွေရှိပါတယ်.

လူနာတွေရဲ့မလေးမစားဆက်ဆံမှုတွေရှိပါတယ်

၀တ္ထုတွေထဲကဆရာဝန်ဘဝလောက်..အပြင်က ဆရာဝန်တွေဘဝက မလှပမှန်းလည်းသိခဲ့ရပါတယ်

ကျွန်တော့်မှာပို်က်ဆံတွေရှိပြီး..ဖောင်ဒေးရှင်းထောင်ပြီးလူနာတွေကို ကုပစ်လိုက်ချင်ပါတယ်။

လူနာတွေကိုကုဖို့ကျွန်တော့်ကိုကျွန်တော်ယုံကြည်ချက်မရှိသေးပါ.

ကျွန်တော်ဘယ်လိုမှမွေးမြုလို့မရသေးပါ။

တွေးမိနေတာတွေမှာ.အောင်မြင်ချင်စိတ်တွေအရမ်းများနေပါတယ်.

အဆင့်တွေကျော်သွားချင်စိတ်တွေလည်းအရမ်းများနေပါတယ်

အိမ်က မိဘ..မျှော်လင့်ထားတဲ့ အဆင့်ထက်ကိုကျွန်တော်ရောက်ချင်တဲ့အဆင့်ကပိုပါတယ်.

ကျွန်တော်တို့နိုင်ငံကိုတိုးတက်စေချင်ပါတယ်.

လူတွေစိတ်ဓာတ်တိုးတက်စေချင်ပါတယ်.

အခွင့်အလမ်းတွေလာရင်တစ်ဖက်တစ်လမ်းကဝင်ရောက်စွမ်းဆောင်ပြီး..လူလတ်ပိုင်းဘဝမှာ.မြန်မာနိုင်ငံမှာအောင်မြင်ပြီးနိုင်ငံတကာနဲ့ဆက်ဆံရသူတစ်ဥိီးဖြစ်ချင်ပါတယ်.

မြန်မာနိုင်ငံအတွက်.အကျိုုးရှိမယ့်လုပ်ငန်းတွေ.လုပ်ကိုင်ခဲ့တဲ့..သူတစ်ဦးဖြစ်ချင်ပါတယ်.

အသက်ကြီးချိန်..မှာ.ကိုယ်လုပ်ခဲ့တာတွေအတွက်နောင်တမရဘဲ..စိတ်ကူးထဲက..အိမ်လေးမှာငြိမ်းငြိမ်းချမ်းချမ်းနေသွားလိုစိတ်ရှိပါတယ်။

့ကျွန်တော်အလုပ်သင်ပြီးရင်ဖြစ်လာမှာက DR.ပေါက်စ.

ကျွန်တော့်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ဘယ်လမ်းကိုဘယ်လိုုလိုက်ရမှန်းမသိဘူး.

ဆရာဝန်ဘဝနဲ့ကျွန်တော့်အိမ်မက်တွေဖြစ်ဖို့ဘယ်လို..ဆက်စပ်ရမလဲ

DAY DREAMER တစ်ယောက်သာဖြစ်ပြီး. NO ACTION,TALK ONLY . ဖြစ်နေမှာကိုလည်းကြောက်တယ်

ဖြစ်ချင်တာတွေအတွက်လမ်းစမပေါ်သေးဘူး.

အဖေက ပြောတယ်.

ဖြစ်ချင်တာတွေများရင်.အဖြစ်နို်င်ဆုံးဟာကိုအရင်လုပ်တဲ့.

ကျွန်တော်ဘာလုပ်ရမှာလဲ.

MBBS နဲ့… နိုင်ငံက လိုအပ်နေတဲ့ HUMAN RESOURCE ကို ကျွန်တော်ဘယ်လိုဖြည့်ပေးရမှာလဲ.

ဒီထက်ပို PROFESSIONAL ကျအောင်လုပ်ရမှာလား.

ူအဲဒီလိုPROFESSIONAL ကျအောင်လုပ်ရင့်ကျွန်တော်ဖြစ်ချင်တဲ့အိမ်မက်တွေအတွက် လမ်းစပေါ်လာမှာလား.

အဖြေ……………………………………………………………………………………………………….

ARTHUR

8.7.2012(12.24AM)

Mandalay Hill

Mandalay Hill.

It is about  5am before the sun rise.

also a nice place  to see the Mandalay City from bird eye view.

Ngwe Saung Beach Sun Set

Ngwe Saung Beach Sun Set

This is The photo I took last 3 years ago,

Ngwe Saung Beach is very attractive and romantic place.

ဘရုတ်သုတ်ခ Arthur

ကျွန်တော့်အခန်းကရှုပ်ပွနေသည်.
အဆောင်နေတုန်းကတော့ခဏခဏရှင်းဖြစ်တယ်.
စာအုပ်လေးတွေဆိုလည်းစီစီရီရီ.

အိမ်မှာနေချိန်ကျတော့..မရှင်းဖြစ်ဘူး
တစ်ယောက်တည်းးနေတဲ့အိမ်ဖြစ်ပေမယ့်ပစ္စည်းတွေကများတယ်။
အခန်းကမှန်အလုံတပ်ထားပေမယ့်ဖုန်တွေကတော့ရှိတာပဲ.

ဒီနေ့..13.5.2012
ကောင်းကင်ကြီးကညိုမှိုင်းလို့.

လစာထုတ်ရတဲ့ရက်လေးဆိုတော့.သာသာယာ.ယာရှိပါ၏။။
အလုပ်သင်ဘဝကရတဲ့လခလေးတွွေကိုစုထားတယ်.

ကင်မရာကောင်းကောင်းတစ်လုံးဝယ်ချင်လို့.
ဒီနေ့ကျောင်းကိုရောက်ခဲ့တယ်.
ကျောင်းအဝင်မှာဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲတဲ့.
…နောက်ဆုံးနေ့တောင်ဖြစ်ေ်နပြီ.
notice board ရှေ့မှာပြိုင်ရမလား..မပြိုင်ရဘူးလား.ဖြစ်နေတယ်.

မပြိုင်တော့ပါဘူးလို့.စိတ်ကဆုံးဖြတ်ပေမယ့်.
နောက်ဆုံးပြိုင်မယ့်စိတ်က အနိုင်ရသွားတယ်
ဖောင်တွေကို .active youth မှာဝယ်ရတယ်။
3စောင်1500
ဓာတ်ပုံတွေက ရိုက်ထားတာတွေတော့ရှိတယ်.
ဘာပုံတင်ရမှန်းလဲမသိ.
ဦးပိန်မှာရိုက်ခဲ့တဲ့ပုံတွေပဲတင်လိိုက်တော့တယ်.
..
ဒီနေ့နေ့လည်…ဓာတ်ပုံဆိုင်ကိုသွားပြီး.
ပုံတွေထုတ်.
မြန်မာစာဌာနကိုသွားပြီးပုံတွေတင်တယ်.

လောလောဆယ်ဖေ့ဘုတ်မသုံးဘူးလို့….ဆုံးဖြတ်ထားတယ်.
18ရက်နေ့… ဓာတ်ပုံဆုရစာရင်းကြေညာမယ်တဲ့.
ရတာမရတာထက်..
ယှဉ်ပြိုင်ချင်တာက..ငါ့ရဲ့ဗီဇပဲ..

လောလောဆယ်အရင်းကတော့ 5000ထွက်သွားတယ်
အနိမ့်ဆုံးနှစ်သိမ်.ဆုကမှ.5000တဲ့

Arthur

မြူမှုန်ကင်းတဲ့နှလုံးသား

စာရွက်သားဖြူဖြူ…………..အညိုရောင်သားရေဖုံးစာအုပ်တစ်အုပ်.
uni အမှတ်တံဆိပ်အနက်ရောင်…မှင်စိုဘောပင်တစ်ချောင်း

ဇွန်လကိုရောက်လာခဲ့ပြီ….
မိုးတိမ်တွေက.တစ်စတစ်စနဲ့…ပြူတင်းပေါက်ပန်းချိီကားထဲမှာရွေ့နေကြတယ်
ရေးလက်စစာတစ်ပိုဒ်………….

နားထောင်ပေးမယ့်သူကို…သိမ်ငယ်စွာနဲ့မျှော်လင့်နေတဲ့…..စကားလုံးလေးတွေရယ်

စိ်တ်ညစ်တိုင်းနားထောင်တတ်တာက…. romantic မဖြစ်တဲ့ ဂျောက်ဂျက်ရဲ့သီချင်းတစ်ပုဒ်..

facebook စာမျက်နှာအပြည့်…….activity တွေရှိနေပါစေဦး.
မင်းရဲ့ post တစ်ခုကိုမြင်ခဲ့ရရင်

ပျော်ရွှင်မှုတွေဖြစ်ပေါ်လာတတ်တယ်ဆိုတာ…….
24 နာရီ online မှာရှိနေပေမယ့်……………မင်းရဲ့ account က မီးစိမ်းလေးလင်းဖို့ကိုမြင်ရဖို့ဆိုတာ.
ကြိတ်ပြီးသတိ်ရပေမယ့်……….ဟန်ဆောင်ကောင်းတတ်တဲ့ငါ.

ဂုဏ်ဒြပ်တွေ.အဆင့်အတန်းတွေ…လူမျိုး…ဘာသာတွေ……..အားလုံး.ဟာဘာမှတန်ဖိုးမရှိတော့တဲ့အချိန်…..

ငါ နှလုံးသားက..မင်းကိုချစ်တယ်ဆိုတာဝန်ခံပါလိမ့်မယ်.

arthur 13.6.2012

Page 21 of 32

Powered by WordPress & Theme by Anders Norén