လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလ… ၁၀တန်းကျောင်းသားဘဝကို ပြန်တွေးကြည့်ရင်..
ကျေးဇူးတင်သင့်တဲ့လူအချို့လည်းရှိတယ်။
ကျေးဇူးတင်သင့်တဲ့ စာအုပ်တွေလည်းရှိတယ်.။
သူများတွေလို ဘော်ဒါလည်းမတက်ခဲ့ရပါဘူး.။
နယ်ကျောင်းမှာပဲ တက်ပြီး .စာမေးပွဲဖြေခဲ့တာပါ။
ကြပ်မတ်ပေးတဲ့ဆရာတွေကတော့အများကြီးပဲ။
အားနညး်တာက မြန်မာ၊အင်္ဂလိပ်
အစက Chemistry နဲ့သချၤာပါပါတယ်။
ပို်င်တာကတော့ Bio နဲ့ Physics ပေါ့
ကျွန်တော်က ကျောင်းသားဘဝက ကိုယ့်ဘာသာနေတဲ့ Introvert
အပေါင်းအသင်းသိပ်မများဘူး။
တစ်ကိုယ်တည်းနေတဲ့သူတွေရဲ့ထုံးစံအတိုင်း. ရွယ်တူတွေက မကြည်တာမျိုးခံရတာလဲရှိတယ်။
၁၀တန်းတက်နေစဉ် ကာလမှ ဘာဖြစ်ရမယ်ညာဖြစ်ရမယ်လို့ မမျှော်လင့်ဘူး။
အခန်းထောင့်မှာကပ်ထားတဲ့ပြက္ကဒိန်တစ်ခုရှိတယ်။
အဲဒီပြက္ကဒိန်က .. ရမည်းသင်းခရိုင္က ထိပ်ဆုံးအောင်မြင်တယ်ဆိုတဲ့ ကျောင်းသားကျောင်းသူတွေရဲ့.. ပုံ..
သူတို့တွေပုံတွေကို နေ့စဉ်မြင်နေရတော့.. ကိုယ်နဲ့ရင်းနှီးလာတယ်။
ကိုယ်လည်းသူတို့လိုအောင်မြင်ရင်ကောင်းမှာပဲလို့တွေးမိတယ်။

တစ်ခါတစ်လေ.. တစ်နို်ုင်ငံလုံးမှာ အမှတ်အများကြီးရသွားတဲ့သူတွေရဲ့အင်တာဗျုးတွေဖတ်မိတယ်။
တစ်နေ့ကို စာ ၇နာရီတောင်ကျက်တယ်ဆိုတာ ဖတ်ရတော့ တော်တော်တောင်လန့်သွားတယ်။
ငါစာကျက်တာ ၇နာရီတောင်မရှိဘူးဆိုပြီးတော့ စိုးရိမ်စိတ်ဝင်မိတယ်။
တတ်နိုင်သလောက်တစ်နေ့စာ တစ်နေ့ပြီးအောင် ကျက်ရတယ်။
ကျူရှင်တွေပတ်တက်ပြီး. ..စာကျက်ချိန်ကမလောက်တော့ ကျောင်းတက်ချိန်မှာစာကျက်ရတယ်။
ကျွန်တော်က ကာတွန်းဖတ်ရတာသဘောကျတယ်။
ညတိုင်းအဖေက ကာတွန်းရုပ်ပြတွေ ငှားလေ့ရှိတယ်။
ဒါပေမယ့် ..၁၀တန်းရောက်တည်းက ကျွန်တော်ဖတ်လို့ရမတော့ဘူး.
အဖေက စာအုပ်တွေငှားနေပေမယ့်.. ကျွန်တော်မသိအောင်ဖွက်ထားတယ်။
ရုပ်သံအစီအစဉ်လဲမကြည့်ရတော့ဘူး။
တီဗီကြည့်မယ့်အချိန်တွေအားလုံးဟာ ကျွန်တော် ဂိုက် နဲံ့စာသင်ချိန်၊ ညပိုင်းကျူရှင် သွားချိန်တွေဖြစ်ကုန်တယ်။
တစ်ခုပဲ… ကျွန်တော့်ရဲ့အပန်းဖြေစရာက Walkman CD player နဲ့ mp3 ခွေတွေ ..
CDလေးတွေဖြစ်ခဲ့တယ်။
သီချင်းနားထောင်းရင် သချၤာတွက်တာ Physic,chemistry ပုစၦာတွက်တာတွေက အပျင်းလည်းပြေ၊ အလုပ်လည်းပြီးခဲ့တယ်။

ဘိုင်အို ဆိုရင် ဆရာမက တစ်နေ့တစ်ပုဒ်သင်ပေးတယ်။
နောက်နေ့အလွတ်ပြန်ခို်ငးတယ် ။ ပြန်အလွတ်ရေးခို်င်းတယ်။
အလွတ်မရေးခင် ပြန်ရေးခိုင်းတာက ၆ ခေါက်။

ဂိုက်ဆရာမနဲ့သင်တော့ သူ အဓိက လုပ်ပေးတာက သချၤာ ၊
မေးခွန်းဟောင်းအားလုံးကို သူက ဖြေပေးတယ်။
ဘိုင်အို ၊ နဲ့့ Physics က ကိုယ့်ဘာသာပဲလုပ်တယ်။
အားနည်းတဲ့ဘာသာရပ်တွေကို ၂၀၀၅ခုနှစ် နှစ်ကုန်ပိုင်းရောက်ကာမှ ဆရာအသစ်တွေနဲ့ထပ်သင်ရတယ်။

ငယ်တုန်းက ငကြောင်ဆိုပြီး အပြောခံရ၊ အစခံရတော့ .. မခံချင်စိတ်ကအရမ်းများခဲ့တယ်။
နောက်တစ်ခုက အဲဒီအချိန်က Crush တစ်ယောက်ရှိခဲ့ဖူးတယ်။
သူနဲ့စကားလည်းမပြောရဲ ၊ ဘာမှ လည်းမလုပ်ရဲဆိုတော့ .. ကိုယ်သာ ၁၀တန်းမှာ ကောင်းကောင်းအောင်မြင်ခဲ့ရင်သူ အထင်ကြီးမလားဆိုပြီး တွေးခဲ့ဖူးတယ်။
နောက်တစ်ခုက အဲဒီအချိန်က ဖတ်ခဲ့ရတဲ့ဝတၳုတိုလေး။
မြဝဒီ ရွေှရတု နှစ်ပတ်လည် မဂဇင်းထဲပါခဲ့တာ။
ရွေှရောင်လွွှမ်းသောနေ့ရက်များတဲ့။
၁၀တန်းကျောင်းသားလေးတစ်ယောက်ရဲ့အကြောင်းကိုရေးထားတာ။
ပြန်စဉ်းစားမိတိုင်း အဲဒီ ဝတၳုလေးကို အရမ်းကျေးဇူးတင်မိတယ်။
ကျွန်တော် စာကျက်ချင်စိတ်ပျောက်တိုင်း စိတ်ပျက်အားလျေ့တိုင်း အဲဒီ ဝတၳုလေး ပြန်ဖတ်တယ်။
ဒီတစ်နှစ်ပဲအပင်ပန်းခံပြီးရင်… ငါကျွတ်ပြီဆိုပြီး တွေးမိတယ်။
၁၀တန်းစာမေးပွဲဖြေတော့ အခက်အခဲသိပ်မရှိပဲ …ဖြေဆိုပြီးသွားတယ်
ဂုဏ်ထူး၄ဘာသာ ပါတယ်
ကျွန်တော်အားနည်းတဲ့အင်္ဂလိပ်နဲ့ မြန်မာစာ မပါလာဘူး။
အောင်စာရင်းကြည့်တဲ့နေ့က ကြိုလည်းမသိထားဘူး။
ရင်အခုန်ဆုံးနေ့ပေါ့

အောင်စာရင်းကြည့်ပြီးပြန်လာတော့ စကားတောင်မပြောနိုင်ဘူး.
အမောဆို့နေတယ်။
ဒါပေမယ့် ကျွန်တော်ကြိုးစားခဲ့ရကျိုးနပ်ခဲ့ပါတယ်။
အခုလိုမျိုး
အင်တာနက်တွေရှိခဲ့ရင်၊ ကြည့်စရာ တီဗီ Channel တွေများခဲ့ရင်..
အပျော်အပါးများခဲ့ရင်…ကျွန်တော့်ရည်ရွယ်ခဲ့တာတွေရခဲ့မှာမဟုတ်ဘူး.
တော်လွန်းလို့တော့မဟုတ်ခဲ့ဘူး။
အများကြီးကြိုးစားခဲ့လို့ပါ။ ထမင်းစားရင်း Chemistry,physics theory ,definition တွေကျက်တယ်။ခက်ဆစ်တွေကျက်တယ်။ရေချိုးရင်းBio တွေပြန်ဆိုတယ်။
ဒီလိုနဲ့ဉာဏ်ကောင်းတဲ့ကျွန်တော့်သူငယ်ချင်းတွေကိုအမှီလိုက်နိုင်အောင် အသည်းအသန်ကြိုးစားခဲ့ရတယ်။

ဘဝမှာ ကျော်စရာတန်းတွေအများကြီးပါ။ အချို့ တန်းတွေက လူတွေကို ဘာမှသိပ်မသက်ရောက်စေပေမယ့်
အချို့တန်းတွေက တော့ .. ဆက်သွားရမယ့် ပတ်ဝန်းကျင်ကို ခွဲခြားပစ်လေ့ရှိတယ်။
ကိုယ်ရောက်ချင်တဲ့ပတ်ဝန်းကျင်ကိုကိုယ့်ဘာသာ ရွေးချယ်ယူရတာပဲ။
ရွေးချယ်တာတစ်ခုမှားသွားခဲ့ရင် အချျို့က ပြင်လို့ရမယ်
အချို့အရာတော့ ပြင်လို့မမှီတော့ဘူး။

ပြင်လို့မမှီတဲ့ အရာတွေအတွက် ..နောက်ထပ်မြင့်တဲ့တန်းတစ်ခုကိုကျော်အောင် ခုန်နိုင်မှ ရမယ်။

ဒီတန်းတစ်ခုတည်းခုန်နိုင်တာက ဘဝမဟုတ်ပေမယ့်..

ကိုယ်ခုန်ကျော်ခဲ့တဲ့တန်း အတွက်ကိုယ်ဂုဏ်ယူရတဲ့ ခံစားချက်က.. ဘယ်လောက်အသက်ကြီးသွားကြီးသွား မပျောက်သွားပါဘူး။

Dedicated to my little bro who have to attend Grade 11 in coming school year.