သူငယ်ချင်းတို ့
သင်ဟာသင့်ချစ်သူအပေါ်ဘယ်လောက်ဆွဲဆောင်မှုရှိတယ်ဆိုတာမှန်းကြည့်ချင်လား။ ဒါဆိုဒီမေးခွန်းလေးတွေဖြေကြည့်လိုက်နော်။ မေးခွန်းတွေကိုကြိုတော့မကြည့်ရဘူးနော်။ ကိုယ်ရွေးလိုက်တဲ့အဖြေရဲ ့ဘေးကရေးထားတဲ့နံပါတ်တွေအတိုင်းဆက်ဖြေသွားရုံပါ။

ဥပမာ-နံပါတ် 1 မှာသင်က တိုကျိုကိုရွေးချယ်ခဲ့ရင် တိုကျိုရဲ့ ဘေးမှာရေးထားတဲ့အတိုင်း မေးခွန်း နံပါတ် 3 ကိုသွားဖြေရမှာပါ၊ မေးခွန်းနံပါတ် 2 ကိုဖြေဖို ့မလိုပါဘူး။

မေးခွန်းတိုင်းဖြေဖို ့မလိုပါဘူး။
1 ။ သွားချင်တဲ့နေရာတစ်ခုရွေးပါ။
ပေကျင်း – go to question 2
တိုကျို – go to question 3
ပဲရစ် – go to question 4

2 ။ စိတ်ထိခိုက်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အခါငိုတတ်သလား?
ငိုတတ်တယ် – go to question 4
မငိုတတ်ဘူး – go to question 3

3 ။ သင်ဟာချစ်သူနဲ ့ချိန်းထားတယ်၊ ပြောထားတဲ့အချိန်ထက်တစ်နာရီလောက်နောက်ကျနေတာတောင်သူကရောက်မလာသေးဘူး၊ ဒါဆိုသင်ဘာလုပ်မလဲ?

နောက်ထပ်နာရီဝက်တော့ထပ်စောင့်လိုက်မယ် – go to question 4
ချက်ချင်းပဲပြန်တော့မယ် – go to question 5
လာတဲ့အထိစောင့်မှာပေါ့ – go to question 6

4 ။ တစ်ယောက်ထဲရုပ်ရှင်သွားကြည့်တတ်လား?
အင်း – go to question 5
ဟင့်အင်း – go to question 6

5 ။ ပထမဆုံးချိန်းတွေ ့ချိန်မှာ သူကသူ ့ကိုနမ်းဖို ့တောင်းဆိုလာရင် ဘာလုပ်မလဲ?

မနမ်းပါဘူး – go to question 6
သူ ့လက်ခုံကိုပဲဖွဖွလေးနမ်းမယ် – go to question 7
ကိုယ့်ချစ်သူပဲ၊ နမ်းမှာပေါ ့ – go to question 8

6 ။ သင်ကဟာသဉာဏ်ရွှင်တဲ့သူလား
ဟုတ်တယ် – go to question 7
မဟုတ်ဘူး – go to question 8

7 ။ သင်ဟာဘယ်အရာမဆိုဦးဆောင်နိုင်စွမ်းရှိသူလား
ထင်ပါတယ် – go to question 9
မဟုတ်ပါဘူး – go to question 10

8 ။ တကယ်လို ့သင့်မှာရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူအဖြစ်မွေးဖွားလာခဲ့ချင်သလဲ ယောင်္ကျားအဖြစ် – go to question 9
မိန်းမအဖြစ် – go to question 10
ဘာဖြစ်ဖြစ်ပါ – TYPE D ( အောက်မှအဖြေကိုကြည့်ပါ )

9 ။ တစ်ပြိုင်တည်းမှာချစ်သူတစ်ယောက်ထက်ပိုထားဖူးသလား။
ထားဖူးတယ် – TYPE B ( အောက်မှအဖြေကိုကြည့်ပါ )
မထားဖူးပါ – TYPE A ( အောက်မှအဖြေကိုကြည့်ပါ )

10 ။ သင်ဟာလိမ္မာပါးနပ်သူလို ့ထင်ပါသလား။
ထင်ပါတယ် – TYPE D ( အောက်မှအဖြေကိုကြည့်ပါ )
မထင်ပါဘူး – TYPE C ( အောက်မှအဖြေကိုကြည့်ပါ )

**************************************************

အဖြေ

TYPE A:

Congratulations! သင်ဟာတစ်ဖက်သားအပေါ်အရမ်းကိုဆွဲဆောင်မှုရှိပါတယ်၊ ချစ်သူရဲ ့မျက်လုံးထဲမှာသင်ဟာချစ်စဖွယ်အလှက်ိုပိုင်ဆိုင်ထားသူအဖြစ်ရှိနေမှာပါ သင်ဟာချောမောလှပရုံတင်မက ဟာသဉာဏ်ရှိသူ၊ ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်ပါတယ်။ ပညာတတ်ပုဂ္ဂိုလ်ဖြစ်ပြီးလူတွေကိုဘယ်လိုပေါင်းသင်းရမယ်၊ အချိန်ကိုဘယ်လိုခွဲဝေအသုံးချရမယ်ဆိုတာကောင်းကောင်းသိသူပါ။ ဒါကြောင့်သင်ဟာလူတွေကြားမှာအမြဲတမ်းထင်ပေါ်နေမှာပါ။

TYPE B:

Quite good! သင်ဟာဆန် ့ကျင်ဘက်အပေါ်အလွယ်တကူတော့ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့သင့်အပေါ်လွယ်လွယ်ကူကူချစ်မိသွားဖို ့တော့သိပ်မဖြစ်နိုင်ပါဘူး။ သင့်ရဲ ့ဟာသဉာဏ်ကလူတွေက်ိုပျော်ရွှင်မှုရစေမှာပါ။ သင့်ချစ်သူကလဲသင်နဲ ့အတူရှိရတာပျော်နေပါလိမ့်မယ်။

TYPE C:

Not bad! သင်ဟာဆန် ့ကျင်ဘက်လူအပေါ်အလွယ်တကူမဆွဲဆောင်နိုင်ပါဘူးတဲ့။ ဒါပေမဲ့သူတို ့ရဲ ့စိတ်ထဲမှာသင်ရှိနေတာကောင်းတယ်လို ့ထင်ရလောက်အောင်သင့်မှာကောင်းကွက်လေးတွေတော့ရှိပါသေးတယ်။ သင်ဟာရိုးသားဖြူစင်ဖို ့တော့လိုပါလိမ့်မယ်။ ပြီးတော့အမြင်မှန်ဖို ့လဲလိုမှာပါ။ သူငယ်ချင်းတွေကတော့သင်ဟာခင်မင်စရာကောင်းတယ်လို ့ထင်ကြမှာပါ။

TYPE D:

Oh! သင်ဟာတစ်ဖက်သားအပေါ်မှာလုံးဝကိုဆွဲဆောင်မှုမရှိပါဘူးတဲ့။ သင်ဟာဗဟုသုတလဲသိပ်မကြွယ်ဝသူပါ။ ကိုယ်ပိုင်အရည်အချင်းလဲသိပ်မရှိပါဘူး။ ချစ်သူအပေါ်မှာလဲရိုင်းပျစော်ကားတာမျိုးမလုပ်သင့်ပါဘူး။ ပြီးတော့ သင်ဟာဆန် ့ကျင်ဘက်တွေကြားမှာသိပ်ပြီးမထင်ပေါ်သူပါ……