Many Lives, Many Memories.

Category: Mobile Technology

Root မလိုပဲAndroid ဖုန်းတိုင်းမြန်မာလို SMS ပို့မယ်

Android ဖုန်းတွေမှာ.မြန်မာလို Message ဖတ်လို့ရပို့လို့ရအောင်လုပ်နည်း..တစ်ခုရှိပါတယ်.
ခက်ခက်ခဲခဲကြီးလည်းမဟုတ်ပါဘူး..
ဘယ်ဖုန်းမှမဆို..အသုံးပြုနိုင်ပါတယ်.
Samsung မှမဟုတ်ပါ.
ကျန်သော..sony,HTC.huawei… Android OS အသုံးပြုသော. ဖုန်းမှန်သမျှသုံးနိုင်ပါသည်။
လိုတာက..
1.Go SMS Pro http://www.mediafire.com/?us7fs2uqs42mstn
2.Zawgyi Installer http://www.mediafire.com/download.php?f81vmpfh8omhqsc
3.Frozen Keyboard http://www.mediafire.com/download.php?akttn59cxcunl9n
4.Zawgyi Pad http://www.mediafire.com/?jdoswvbe329piio
ဒေါင်းပြီးသွားရင်. go sms pro ကော
zawgyi installer ကော
frozen keyboard ကော install လုပ်ပါ။
ပြီးရင် GO sms ထဲဝင်ပါ.
(၁)
ဒီပုံမှာမြန်မာလိုရေးထားတာတွေမပေါ်သေးပါဘူး.
(၂)Go sms ထဲဝင်ပြီးပြီဆိုရင် option /settin ထဲကိုဝင်ပါ
(၃)ပြီးရင်Advanced / Appearance settings ထဲကိုဝင်ပါ။
(၄)ပြီးရင် Scan font packages ဆိုတာကိုရွေးလိုက်ပါ။
င်္Device ထဲမှာ ရှိတဲ့ Font တွေ scan ဖတ်နေတာကိုမြင်ပါလိမ့်မယ်.ပြီးသွားတဲ့အထိခဏစောင့်ပါ။
(၅)ပြီးရင်သူ့အောက်မှာရှိတဲ့ Conversation List appearance ကိုရွေးပါ။
အဲဒီထဲက conv list customization ဆိုတာကိုရွေးလိုက်ပါ။
(၆)ပြီးရင် Contact font ..time and message font
အားလုံးကို ဇော်ဂျီဖောင့်ချိန်းပါမယ်။
ပုံမှဝိုင်းထားတဲ့နှစ်ခုကိုရွေးလိုက်ပါ။
ပြီးရင် ညာဘက်က box လေးကျလာပါမယ်.
အဲဒီထဲမှာဖော်င့တွေအများကြီးပါပါတယ်။
မြန်မာဖောင့်အနေနဲ့တစ်ခြားဖောင့်တွေလည်းရှိပါတယ်။
ကျွန်တော်ကတော့ zawgyi installer ထဲမှာပါတဲ.
Roboto font (Roboto Regular Normal ) ကို ဇော်ဂျီပေါင်းထားတာလေးကြိုက်လို့အဲဒါပဲရွေးပါတယ်
ပြီးတော့သူက.Roboto မှာမူလာပါတဲ့.တရုတ်.ကို့ရီးယားဖောင့်တွေလည်းမပျက်လို့ပါ။
မျှားပြထားတဲ့..နာမည်ကိုသေချာရွေးပေးပါ။
အဲဒီနာမည်ဆင်တူတွေပါလာပါလိမ့်မယ်။
အဲဒီနှစ်ခုလုံးရွေးပြီးရင် back key နဲ့ပြန်ထွက်လိုက်ပါ။
သူက save လုပ်ခိုင်းရင်နာမည်တစ်ခုခုပေးပြီးသိမ်းလိုက်ပါ.
ပြီးရင်စောစောက conv list conversation ဆိုတာရဲ့အောက်က user defined setting ထဲဝင်ပြီး ကိုယ်သိမ်းခဲ့တဲ့ setting ကို apply လုပ်ပါ။
(၇)
ပြီးရင် … conversation appearance မှာလည်းစောစောကလိုပဲ..incoming font .outgoing font date font စတဲ့font နဲ့ပတ်သက်တာမှန်သမျှ.
roboto regular ကိုပြောင်းမှတ်လိုက်ပါ။
ပြီး၇င် save လုပ် apply လုပ် ပါ။
(၈)
စောစောက conversation appearance ပြီးရင် pop up appearance ဆိုတာပါရှိသေးတယ်။
အဲဒီထဲလည်းစောစောကအတိုင်းဝင်ပြီး.
ဝိုင်းပြထားတဲ့နေရာက font တွေလိုက်ပြောင်းပါ။
save + apply လုပ်ပါ။
အားလုံးပြီးသွားရင် .message box ကို ပြန်သွာ.ပါ။
Frozen keyboar d ကိုပြောင်းလဲအသုံးပြုပါ။
မြင်တဲ့အတိုင်းပါပဲ.
အ၀င်ကောအထွက်ကော..မှန်ပါတယ်.
နာမည်တွေလည်းမြန်မာလိုပေါ်ပါတယ်။
ချို့ယွင်းချက်တစ်ခုရှိပါတယ်။
အဲဒါက message ပို့ဖို့ type to compose ဆိုတဲ့နေရာမှာစာရိုက်ရင်…မြန်မာလိုမပေါ်ပဲ.send နှိပ်ပြီးထွက်သွားမှ..ပို့လိုက်တဲ့စာကိုမြန်မာလိုမြင်ရတာဖြစ်ပါတယ်..
ဘယ်လိုပဲဖြစ်ဖြစ်… ကိုယ့်ဆီကိုမြန်မာလို message ပို့ရင် မမြင်ရဘူးဆိုတာမရှိတော့ဘူးပေါ့.
တကယ်လို့စာလုံးတွေကိုသာမှန်းပြီးရိုက်တတ်မယ်ဆိုရင်တော့… reply လုပ်လို့ရပါလိမ့်မယ်။
message နေရာမှာ.. Go sms ကို မူရင်းsms application နေရာ.. default အဖြစ်ထားပြီးအစားထိုးအသုံးပြုလို့ရပါတယ်။
နောက်ပိုင်း… ကျရင်.. ရိုက်တဲ့အခါမှာပါ..မြန်မာလို..မြင်ရအောင်..လုပ်ပေးနိုင်မယ့်ပညာရှင်တွေပေါ်ထွက်လာပါစေ..လို့ဆုတောင်းရင်..အဆုံးသတ်
လိုက်ပါတယ်.ခင်ဗျာ..

(မှတ်ချက်…..လုံးဝ…လုံးဝ…..Root မလိုအပ်ပါ။…zawgyi installer ကို သုံးခြင်းသည်.. Font ကို ယူရန်သာဖြစ်သောကြောင်.. install လုပ်ပြီးပါ..က..ဖွင့်ပြီးrun ရန်မလိုအပ်ပါ။)

Doc created By Nyein Chan Ko Ko..
28.9.2012(1:49 am)

ဒါကကိုနက္ခတ်သစ်ထပ်စမ်းထားတာပါ။

 ကို Nyein Chan Ko Ko အောက်ကဆက်ရေးခွင့်ပြုပါခင်ဗျာ။ Root မလုပ်ပဲမြန်မာစာရိုက်လို့ရတဲ့ ဟာလေးရှိပါသေးတယ်။
Download Zawgyi Pad
ဒါလေးကို Download လုပ်ပါ။ အဲ့ဒီ zawgyipad လေးထဲမှာ မြန်မာလိုရိုက်ပြီး Gosms ထဲ Paste လုပ်ပြီးပို့ရင်မြန်မာစာပို့တာအဆင်ပြေသွားမှာပါ။
* Go SMS * မှာ paste လုပ်ချိန်မှာတော့ လေးထောင့်ကွက်ပဲပေါ့ဗျာ။ ပို့လိုက်ရင်တော့ ok ပြီး စမ်းကြည့်လိုက်တော့ အားလုံးအဆင်ပြေမှာပါ။

How To get RSS Feed From Facebook Pages

ဟိုအရင်တုန်းက ကျွန်တော်.. appyet တိုိ့ app geyer တို့ makemedroid တို့နဲ့ application တွေလုပ်လို့ရကြောင်းပြောဖူးတယ်ဗျ..

ကျွန်တော် အဲဒီတုန်းက facebook fan page တွေက နေကော feed ထုတ်မရဘူူးလားဆိုပြီးတော့စဉ်းစားနေတာ..
တကယ်လို့သာ အဲဒီလိုလုပ်လို့ရခဲ့ရင်..

facebook page တွေက နေတစ်ဆင့် application တွေဆီတိုက်ရိုက်သွားလို့ရတော့မယ်.

daily update လုပ်နေစေချင်တဲ့အရာ တွေကို application ဖွင့်တာနဲ့ သိရမယ်လေ
blog မှာကျတော့ update လုပ်ရင်သိတဲ့သူနည်းတာကိုး.

ရှာနေတာ ၆လလောက်ရှိပြီဗျ..

group ထဲမှာမေးတော့လည်း.ဘယ်သူမှမဖြေကြဘူး.

အခုတော့ ကျွန်တော် tech-informer.com ကနေ နည်းတစ်ခုကိုတွေ့လို့စမ်းကြည့်တာ
အဆင်ပြေသွားတယ်။

အခုအဲဒါလေးကိုပြန်လည်မျှဝေပါမယ်ခင်ဗျာ.

ပထမအဆင့်

– facebook ကနေ feed ကိုဘယ်လို ယူရမှန်းမသိတာက ..ပြသနာ ဖြစ်တာပါပဲ။.

-ပထမဆုံး ကိုယ်ဖွင့်ချင်တဲ့ page ရဲ့ address ကို သိရပါမယ်။

ပုံ၁

အောက်က website ထဲ က

http://findmyfacebookid.com/

အဲဒီ address ကို ကော်ပီကူးပြီး ထည့်ပါ

အဲဒီထွက်လာတဲ့ code ကို မှတ်ထားပါ

အဆင့်၂

http://www.facebook.com/feeds/page.php?format=atom10&id=342800190154

အဲဒီ address ရဲ့ id= နောက် က code တွေကို မှတ်ထားတဲ့ code နဲ့အစားထိုးလို်က်ပါ။

http://www.facebook.com/feeds/page.php?format=atom10&id=150948268325647

အဲဒီ အသစ်ရလာတဲ့ လင့်ကို copy မှတ်ထားပါ
အဆင့်၃

အဲဒီ code တွေတကယ်လုပ်မလုပ်
ဒီမှာစမ်းသပ်ကြည့်ပါ။
http://www.google.com/reader

ကိုသွားပြီး
ပုံထဲက အတုငိ် း
subscribe အကွက်ထဲမှာ

စောစော ကရတဲ့ feed ကို ထည့်ပြီးadd လုပ်လိုက်ပါ။

ပြီးရင် အဲဒီမှာ post တွေတက်လာပါလိမ့်မယ်ဗျာ

အဲဒီက ရတဲ့ feed ကို ကျွန်တော် appyet မှာ သွင်းကြည့်တော့မရဘူး.

good news လို android rss reader နဲ့ကျတော့ရပါတယ်.
ကျွန်တော်လည်းဆက်မစမ်းနိုင်လို့ဒီတိုင်းပဲထားထားတယ်။

ဒီတော့ ဒီ ကနေပြီ းRSS feed ယူတဲ့နည်းသိပြီဆိုတော့. ကျန်တာတွေလုပ်ဖို့က မခဲယဉ်းလောက်ပါဘူး.

အဆင်ပြေသလို……..ကွန့်ပြီးအသုံးပြုကြပါခင်ဗျာ.
🙂
p.s Find My facebook ID ကသုံးမရတာမျိုးရှိရင် .
နောက်တစ်နည်းနဲ့ယူတဲ့နည်းရှိပါသေးတယ် ကြုံရင် ကျွန်တော်တင်ပေးပါမယ်။

facebook notes တွေက နေတိုက်ရိုက် feed ယူတာကတော့.. mozilla firefox နဲ့တင်အဆင်ပြေပါတယ်.

ကျွန်တော်တို့ သုံးနေကျ appyet မှာလည်း feed က ကောင်းကောင်းအလုပ်လုပ်ပါတယ်.

တကယ်လို့ facebook မှာ notes အမြဲတင်တဲ့သူတွေရဲ့ notes တွေကို
ဖုန်း application နဲ့ ဖတ်ချင်ရင်
feed ယူထားလို့ရကြောင်းပါ. 😀
ဒီဟာက အဲဒီ notes တွေကို ယူပြီးစမ်းထားတဲ့ application တစ်ခုပါ။

https://www.dropbox.com/s/1u1ymyx7yud4nlg/Doctor%20Notes.apk?m

Enjoy with your creations 😀

Doc Made By Nyein Chan Ko Ko (MMUC)

Nexus 7 အသက်ကယ်နည်း ( How to install nexus 7 boot image)

နက်ဆက် ရ(nexus 7)
အဲဒီကောင်လေးက..နာမည်ကြီးသလောက်..ခဏခဏတော့ဒုက္ခပေးတယ်ဗျ.

touch လေးသွားတာနဲ့..
bluetooth က apk တွေပို့မရတာနဲ့.. ..

အခုကျွန်တော့်လိုက်ဝယ်ပေးထားတဲ့ nexus 7 လေး boot မတက်တော့လို့ဆိုပြီး.ကျွန်တော့်ဆီရောက်လာတယ်..
ဆိုင်ပို့ဖို့ကလည်း….ဘယ်ဆိုင်မှ မယုံရဲဘူး/

google လိုက်ကြည့်တော့..လည်းအဖြေတွေက အားရစရာ.
သူတို့က..ကိုယ့်ထက်ပိုဆိုးနေတယ်..

ပုံမှန်. power နဲ့ volume နဲ့ recovery ထဲကို ၀င် ပြီးသူတို့ပြောတဲ့အတိုင်းလုပ်တော့.. Google logo ကနေ..ဆက်မတက်ဘူး..

ဟုတ်တယ်..
သူတို့ post အောက်က comment တွေမှာလည်းအဲဒီအတိုင်းပဲ… Google logo မှာတင်ရပ်နေလို့တဲ့..

ကျွန်တော်လည်း..ကွန်ပျူတာရှေ့မရောက်ခင်အထိအဲဒီစက်ကိုဘာလုပ်ရမှန်းမသိဘူး..
ဒါပေမယ့် root လုပ်တုန်းက.. nexus 7 tool kit လေးကိုသတိရတယ်..

အဲဒီ ထဲမှာ root အပြင်တစ်ခြားfeatures လေးတွေလည်းပါသေးတယ်ဆိုတာအမှတ်ရလို့..
လိုက်ဖတ်ကြည့်တော့..
နံပါတ် ၉မှာ Download extract flash google factory stock rom ဆိုတာပါသေးတယ်.
အဲဒီထဲဝင်ကြည့်တော့
1. download google stock image
2. flash google factory image.
ဆိုတာတွေ့တယ်

..အိုကေ…

အဲဒီမှာနည်းစတွေ့ပြီ.
Nexus 7 မှာဖြစ်တတ်တဲ့.. boot မတက်တော့တာကို factory hard reset ချလို့မရတဲ့အတွက်
stock rom ကို ပြန်တင်ပါမယ်.
စက်ထဲမှာ nexus 7 tool kit ကိုတင်ထားပါ။
Nexus 7 ကို ပါ၀ါပိတ်ပါ.
ပြီးတော့.. power +volume key တွဲဖိထားပါ.
boot loader screen တက်လာပါမယ်.ြ့ပ်းတော့ ကွန်ပျူတာမှာ..
ADB installed ဆိုပြီးပေါ်လာပါမယ်.

nexus 7 tool kits ကို ဖွင့်လိုက်ပါ.
update check လုပ်ခိုင်းလို့ yes or no ရွေးပြီးရင်

FASTBOOT MODE [If serial shows, drivers are installed]
List of devices attached

ADB MODE
List of devices attached
ဆိုတာ တွေတက်လာပါလိမ့်မယ်.။

serial numberပေါ်လာရ်င.
device ချိတ်ပီးသွားပါပြီ။

နံပါတ် ၉ Download, Extract + Flash Google Factory Stock Rom [Fastboot Mode]ကိုရွေးပါ။
no 1 download google stock image ကိုရွေးပါ

goog;e factory imgaes file available
ဆိုပြီး..ကျလာပါလိမ့်မယ်.

GOOGLE NEXUS 7 (NAKASI)

1. Android 4.1.1 (Build JRO03D) [FACTORY IMAGE AVAILABLE FROM GOOGLE]

2. Back to Main Menu

အဲဒါကျလာရင်..

Build number ကိုမှတ်ထားပါ.
ကျွန်တော့်ဟာက JRO03D ပါ

အဲဒီ file ကို tool kit ထဲက down ရင်ကြာလို့ တစ်ခြားနေရာက ဆွဲပါမ်ယ

http://technologyfeed.net/google-releases-the-android-roms-factory-4-1-1-for-the-galaxy-nexus-nexus-s-nexus-7/
အဲဒီထဲကို၀င်ပြီး မိမိdevice ရဲ့ image file ကို download ဆွဲပါ။

ရရင်..

C:\Google Nexus 7 ToolKit\put_google_factory_image_here

အဲဒီထဲကို ထည့်ပါ.
file name က .tar နဲ့အဆုံးသတ်ပါတယ်
ဒီလိုမျိုးပါ.
nakasi-jro03d-factory-e102ba72.tar

အိုကေပြီဆိုရင်.. tool kit ထဲပြန်ဝင်

နံပါတ် ၉ Download, Extract + Flash Google Factory Stock Rom [Fastboot Mode]ကိုပြန်ရွေး

1. Download Google Stock Image

2. Flash Google Factory Image

3. Back to Main Menu

နံပါတ်၂ ကိုရွေးပါ။
ဘာပြောပြော yes သာလုပ်ပေးလိုက်တော့.
ပြီးရင် သူ့ဟာသူဆက်အလုပ်လုပ်သွားလိမ့်မယ်
၅မိနစ်ကျော်လောက်စောင့်ရပါတယ်
ပြီးရင်တော့..
အိပ်ပျော်ရာက နိုးမရတဲ့ nexus 7လေး.နို်းလာတာတွေ့ရပါလိမ့်မယ် 🙂

Apk တွေကို တစ်ခါတည်း INSTALL ပြန်လုပ်ချင်ရင်

C:\Google Nexus 7 ToolKit\put_apks_to_install_here

အဲဒီထဲကိုသာ.. သွင်းချင်တဲ့ APK တွေအားလုံးသွင်းပြီါ်.
TOOL KIT ထဲကနံပါတ် 12 ကိုရွေးပေးလိုက်ပါ ..

MAIN MENU [FREE VERSION]
=========

TOOLKIT ACTION MODE TABLET MUST BE IN
————– ———————-
1. Install/Uninstall Google Nexus 7 Drivers on your PC [In Android, UnPlugged]
2. Backup and Restore your Tablet [ADB Mode, Must be in Android]

3. UnLock or Re-Lock your BootLoader [Fastboot Mode]
4. Root your Tablet [Fastboot Mode]
5. Rename Recovery Restore Files [Fastboot Mode]
6. Flash Recovery [CWM Touch, TWRP Touch or Stock] [Fastboot Mode]
7. Install BusyBox on Tablet [ADB Mode, Must be in Android]
8. 1-CLICK FOR ALL [3,4,5,6,7 All at once – Fastboot Mode]

9. Download, Extract + Flash Google Factory Stock Rom [Fastboot Mode]
10. Boot to Custom Recovery without Permanently Flashing it [Fastboot Mode]
11. Boot or Flash .img Files [Fastboot Mode]
12. Install apk’s to Tablet [ADB Mode, Must be in Android]
13. Push Files to Tablet [ADB Mode, Must be in Android]
14. Pull Files from Tablet [ADB Mode, Must be in Android]
15. Set File Permissions on Tablet [ADB Mode, Must be in Android]
16. LogCat Functions [ADB Mode, Must be in Android]

17. Quick Pick [store upto 6 favoutite tasks] [Coming Soon, Donate Only]

18. Tablet Mods [Coming Soon]
19. Extras, Tips and Tricks [Donate Only Section]

20. Tablet Reboot Options
21. Open a Command Prompt for Manual Input
22. Information and Help

23. Refresh Main Menu
24. ToolKit Settings
25. Donate to Google Nexus 7 ToolKit Project Development

x. Exit

ကိုယ်တိုင်..လျှောက်ကလိပြီးရလာခြင်းဖြစ်ပါသည်..
Nyein Chan Ko Ko(MMUC)
😀

Medical Doctor

Medical Doctor ဆိုတဲ့ Application ထဲမှာ. History and physical examination
Heart Sounds…
Pediatric notes. Lab values တွေပါပါတယ်။
Heart sound မှာ ဆိုရင် PSM.MDM. EDM. Friction rub, စတာတွေကောစုံအောင်ပါလို့.. အပြင်မှာ လူနာနဲ့နားမထောင်ခင်.. ဒီ application လေးဖွင့်ပြီးနားယဉ်အောင်.နားလည်အောင်လုပ်သင့်ပါတယ်။
Obstetrics အတွက်ဆိုရင်လည်း..LMP တွက်တာကိုတွက်နည်းမျိုးစုံရယ်
အခြား management တွေလည်းပါတာမို့. ရှိသင့်တဲ့ application ပါ။
Download Link Here http://www.mediafire.com/download.php?r6dodylo6rq38jj
ှ့shared By Nyein Chan Ko Ko

Tarascon Hospital Medicine Pocket bOok

Hospital Medicine application က File size 4 Mbလောက်ရှိပါတယ်။

ဆေးရုံမှာ ကုသပုံတွေကို. short point နဲ့ရေးသားထားတာဖြစ်ပါတယ်။

စာအုပ်ကြီးတွေလောက်မပြည့်စုံပေမယ့်.
ရောဂါအကြောင်းတွေကုုသပုံတွေ့ကို.. ခေါင်းထဲမှာအကြမ်းဖျဉ်းမှတ်ချင်ရင်တော့.. အသုံးဝင်ပါတယ်။
ီDownload Link

http://www.mediafire.com/download.php?4pi4y5ihw6ppru4

Shared Bye Nyein Chan Ko Ko

Basic Life Support (အရေးပေါ်အသက်ကယ်နည်းများ)

EMS Basic Life Support Guide က ပြန်ဒေါင်းလုတ်ဆွဲစရာတော့လိုပါတယ်. 31Mb size အရွယ်အစားရှိပါတယ်။ ဒီထဲမှာ. Emergency အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ.. ရှင်းပြထားပါတယ်. ကျောင်းပြီးလို့ အလုပ်သင်စဝင်ကာစလူတွေအတွက်တော့.. ဒီ medical application က အရမ်း..အကျိုးရှိပါတယ်. အရေးပေါ်လူနာ ဌာနမှာ… လူနာကအရေးပေါ်ရောက်လာရင်… ဘာတွေလုပ်ရမလဲ.ဆိုတာဒီထဲပါတဲ့အကြောင်းအချက်တွေသဘောပေါက်ထားမှဖြစ်မှာပါ။

ီDownload Link
http://www.mediafire.com/download.php?dip8c43tcuxi8f2

Physical Exam Essentials

ဆေးပညာလေ့လာနေသူတွေအတွက်.. Physical Examinationဆို တာစာမေးပွဲရဲ့အသက်တစ်ခုလို့ဆိုနိုင်ပါတယ်.
အပြင်လက်တွေ့ဆရာဝန်ဘဝမှာလည်းး.. လိုအပ်တဲ့ investigations စုံစုံလင်လင်မရနိုင်တဲ့အခါ.. history နဲ့ examination ဆိုတာ.. Diagnosis ရဖို့ အင်မတန်အထောက်အကူပြုပါတယ်..

ဒီ android application က physical Examination သူများထက်သာလွန်ဖို့အထောက်အကူဖြစ်ပါလိမ့်မယ်.။

ဆေးကျောင်းသားဆေးကျောင်းသူ..ညီငယ်ညီမငယ်များ.အကျိုးရှိရှိသုံးနိုင်ပါစေ..

Download Link

http://www.mediafire.com/download.php?a4j87m2twwcp7th

Medical Mnemonics( ဆေးပညာရပ်ဆိုင်ရာအတိုကောက်မှတ်နည်းများ)

ဆေးကျောင်းတက်တုန်းက… တစ်ချို့စာတွေက.. အလွတ်မှတ်ရတာတွေရှိတယ်..
Cranial nerves နာမည်တို့.
Causes of Chest pain.
Causes တွေမြောက်များစွာကို မှတ်ဖို့ကတကယ်တန်းတော့မလွယ်ပါဘူး….ဆရာတွေ..ကအတိုကောက်မှတ်နည်းတွေပေးပေမယ့်
lecture မှန်မှန်မလိုက်တဲ့ကျွန်တော့်ဆီမှာ.. စာမရှိတော့စာမေးပွဲနီးရင်တစ်ချို့ဟာတွေကိုယ့်ဘာကိုထွင်မှတ်ရပါတယ်။
ဒီ application ကတော့.မှတ်ရခက်တဲ့..medical terms တွေကို အတိုကောက် ရွတ်ဆိုမှတ်လိို့ရစေမယ့် application ပါ။.
စာမေးပွဲမှာပဲဖြစ်ဖြစ်.. လက်တွေ့ဘဝမှာပဲဖြစ်ဖြစ်… ဒီအတိုကောက်လေးတွေရနေရင်.တစ်သက်လုံးမမေ့တော့ဘူးပေါ့.. 🙂
အောက်မှ screen shot လေးတွေပေးထားပါတယ်..။
application တွေ Download ဆွဲပြီးရင်တကယ်အကျိုးရှိရှိအသုံးချကြည့်ပါလို့ 🙂

Download Medical Mnemonics http://www.mediafire.com/download.php?hgzh668qugkdvna

Posted By Nyein Chan Ko Ko(MMUC)

Page 2 of 2

Powered by WordPress & Theme by Anders Norén