Many Lives, Many Memories.

Category: Student Life Page 5 of 8

For new

အစကတော.ဒီ blog မှာ..ဘာကိုအဓိ ကထားရမလဲမသိဘူး…အခုတော. medical mnemonic တွေနဲ.ပတ်သက်ပြီး.အဓိက ထားလုပ်ေတာ.မယ္

ဖွင့်ဟချက်

Final စာမေးပွဲရောက်ဖို.တစ်လကျော်လောက်ပဲလိုတော.တယ်……………..ကလေးဆေးပညာ ward မှာသင်ချိန်တည်းက…ခေါင်းထဲကိုစာတွေကောင်းကောင်းမဝင်သလိုပဲ………

ကိစ္စပေါင်းစုံတွေ့နေရတယ်…

စာမေးပွဲနီးလာပြီ….နောက်ဆုံးနှစ်နှုတ်ဆက်ပွဲကစည်စည်ကားကားနဲ.အစည်ကားဆုံးဖြစ်ခဲ့ပါတယ်…ကိုယ်တိုင်ပါ၀င်ခဲ့ရတဲ့အတွက်…..ဖြစ်ပေါ်ရတဲ့ပီတိတွေက….ပင်ပန်းခဲ့တာတွေ..အချိန်တွေ

ငွေတွေကုန်ခဲ့တာတွေအားလုံးမေ့နိုင်ခဲ့တယ်..

အဲဒီနောက်ပိုင်း…ငါ diarrhoea ရနေတာ.ဒီနေ့ကသုံးရက်မြောက်နေ့ပဲ….

ဆေးရုံသင်တန်းတွေလည်းမသွားနိုင်ဘုူး..ဆရာဦးညီမျိုးကျော်သင်တာကောင်းတယ်လို.ပြောတယ်..

ငါသွားတက်ချင်နေမိတယ်…

အခုရကိပိုငိးစိတ်တွေလေမိတာ…..ဘာစာမှလည်းစဉ်းစားလို.မရဘူး….

ကိုယ့်ကိုယ်ကိုအသုံးမကျသလိုခံစားရတယ်…အိမ်မှာနေမကောင်းနေချိန်မှာ…..ရင်ထဲသိ်မ်းထားတဲ.မကျေနပ်ချက်တွေက..အပြင်ကိုထွက်ကျတယ်….

လွမ်းစရာလူတောင်မရှိတဲ့ဘဝ……ကိုယ့်ကိုကိုသနားရမှာလို.လို…အမြင်ကတ်ရမှာလိုလို..နဲ..

ဒွိဟ.အတွေးကြီးကြားမှာ…ငါ..နေရတာတော်တော်ဒုက္ခရောက်တယ်…နေမကောင်းချိန်မှာ..အားပေးတာတွေကြားချင်တယ်..

ဂရုူစိုက်ခံရတာတွေလိုချင်တယ်….

laptop ကလည်းပျက်နေတယ်…

စိတ်ညစ်နေတာ..

ဘာမှလုပ်လို့မရချိန်……………

တစ်ခုခုကို…လိုချင်ပေမယ်..မဖြစ်နိုင်သေးတဲ့အချိ်န်မှာ…ငါစာဘက်ကိုဖိထားဖို.

ပညာရှာတဲ့ဘက်ကို….မျက်နှာမူလိုက်ဖို့………..ငါအကြိမ်ကြိမ်တွေးထားပါတယ်…………

ငါမက်ခဲ့ဖူးတဲ့အိမ်မက်တွေ…အရင်ကလည်းရှိပါတယ်…အခုလည်းရှိနေဆဲပါပဲ..

ငါနောင်လည်းဆက်မက်နေဦးမှာပဲ…

farewell

ဒီနေ.13 sepetmber

15ရက်နေ.ကျရင်… ကလေးဆေးပညာစာမေးပွဲအစမ်းဖြေစရာရှီတယ်….

အမှတ်မယူပေမယ်..မဖြေနို်င်ရင်.. depression ရမှာသေချာတယ်..

နောက်ဆုံးနှူတ်ဆက်ပွဲ..အတွက်.. ကျောင်းကလုပ်တဲ.ပွဲမှာ.model အဖြစ်show လျှောက်/ရမယ်……….

အဲဒီအတွက်.လေ.ကျင်.နေတာ.. တစ်ပတ်ကျော်ပီ.စာလည်းကောင်းကောင်းမလိုက်နိုင်ဘုူး..

သီချင်းလည်းဆိုချင်သေးတယ်.အဲဒီကျောင်းပွဲမှာ…………ကိုယ်ပိုင်သီချင်းကိုဆိုချင်တာ……….ကိုယ်တိုင် arrangement လုပ်နေရတော…စိတ်ဖိစိးတယ်.. ရှီုးအတွက်ဝတ်စုံက ကောင်မလေးတွေအတွက်ပဲ…sponsor ရတယ်..ငါတို.ကကိုယ်.ဘာသာရှာရမှာ..အခုအထိ..ပတ်မရှာရသေးဘူူး.

အဲဒါကလည်းတစ်ချက်…နဲ.မကြာခင်တော.ပြီးတော.မှာ။.ပါ…ပွဲကိုကောင်းကောင်းလေးဖြစ်စေချင်တယ်………

ငါ.တို.လုပ်တဲ.သူတွေဘက်ကချို.ယွင်းချက်ရှိတယ်ဆိုတာမျိုးလည်းမဖြစ်စေချင်ဘူး…တကယ်စိတ်မောတယ်ကွာ………………………..ဟူးးးးးးးးးးးးးးး

နောက်ဆုံးနှစ်

ကျောင်းသားဘဝတွေကုန်တော.မယ်…………………………………………………….

ဒီစာမျက်နှာပေါ်မှာ…….အဆုံးမရှိတဲ.. ကောင်းကင်နဲ.. တောင်တန်းတွေလို.မြင်ယောင်ပြီး………………………………………………အကျယ်ကြီး..အော်ပစ်လိုက်ချင်တယ်…………..

ငါ…………………ဆေးကျောင်းသားဘဝကိုအရမ်းမြတ် နိုးတယ်လို………………….

နောက်တစ်ခုက…………………………………ငါအချစ်ကိုအရမး်တန်ဖိုးထားတတ်တယ်လို့

ငါတန်ဖိုးထားသလောက်ဘယ်တုန်းကမှပြန် မရခဲ့ဖုးဘူး………………………………………………..

အခုအချိန်ထိ…………ငါ့ကိုငါ…………ထိန်းသိမ်းခဲ့တာက………………………………ငါအရမ်းတန်ဖိုးထားတဲ့…………..အချစ်ကိုမျှော်လင့်နေခဲ့လို့ပါ………

မတွေ့ခဲ့ရင်လည်း..ငါ၀မ်းမနည်းပါဘူး………..

အဲဒါ က ငါ့ယုံကြည်ချက်လေ……………………………

အဲဒီတစ်ခုမဖြစ်ခဲ့ရင်တောင်…………ငါယုံကြည်ထားတဲ့..အလုပ်နဲ့………ငါ့ရဲ့ဘဝနောက်ဆုံးချိန်တွေကို………….ဖြတ်သန်းမှာပေါ…….

ပထမရင်ခုန်သံ

5.2.2007(monday)
xxxxxx
”ပထမနှစ်ကျောင်းသားဘဝ..က အူလည်လည်နဲ.တော်တော် တော. ပျော်ဖို.ကောင်းတယ်..
ဒီ နေ. လည်းကျောင်းသွားရဥိးမယ်…ကျောင်းမှာက ဘာစာမှမလိုက်နိုင်ဘူး။
၁၀တန်.တုန်းကလို.. ဘေးကနေ ကြပ်နေတဲ.သူတွေမရှိတော.ပိုဆိုးတာပေါ.
အင်း….pratical Chemistry Labဝင်ရဦးမယ်။။။။”‘
မောင်Arthurတစ်ယောက်… တစ်နေ. ကမှ.. ပြောင်း.လာသည်. အဆောင် အသစ် ရဲ. ကုတင်သေးသေးလေးပေါ်မှာ.. မှိန်းရင်းစဉ်းစားနေသည်… ။
ဆေးကျောင်းစတက်စဉ်က..သူငယ်ချင်းတစ် ယောက်နှင်. ပေါင်း၍..အိမ်တစ်လုံးငှားထားသည်..နောက်တွင်တော. သူငယ်ချင်းက.. အဆောင်သက်သက်ငှားနေသွားသောအခါ… တစ်ယောက်တည်းလည်း… အိမ်ငှားခပေးဖို.မတတ် နိုင်သဖြင်… နောက်ဆုံး…ငယ်သူငယ်ချင်းများနှင်.အတူ… 75လမ်း..မန္တလေးပြည်.သူ့ဆေးရုံကြီး…အလယ်ဝင်ပေါက်နားတွင်ရှိသည်.. အဆောင်တစ် ခုတွင်နေရာ ရရှိခဲ.ခြင်းဖြစ်သည်။
နံနက်စာကိုကျောင်းနားတွင်ရှိသည်. အချစ်ရွာ.. ကဖေးတွင်စားပြီး… 74လမ်းကျောင်းဝင်ပေါက်မှ… ဝင်ခဲ.သည်။.
ထို.နောက်ဆိုင်ကယ်stand မှ..ပေးလိုက်သည်.. တံဆိပ်လေးကို သေသေချာချာ လွယ်အိပ်တွင်ထည်.ကာ… Chemistry lab 1 ဆီသို. ရင်ကော.၍ချီတက်ခဲ.တော.သည်။
“ဘုန်း”
လွယ်အိတ် ကို. စင်ပေါ်တွင်ပစ်တင် ပြီး..စာအုပ်ကိုထုတ် ကာသတ် မှတ် ထားသည်. ခုံဆီသို.လျှောက်လာခဲ့သည်။ ကျောင်းဖွင်.သည်မှာသိပ်မကြာသေး၍…ခုံနံပါတ် များ… နာမည်နှင်. ပြန် မ စီ ရသေး..
ထိုနှစ် က … မိန်းကလေး အမှတ်မှာ… 496 နှင်.ဖြတ် ၍..400ကျော်နံပါတ် များဖြစ်သည်. ကျွန်တော် တို.အခန်းတွင်သာ.မိန်းကလေးများပါသည်…
ကျန်သည်. အဖွဲ.အားလုံးယောက်ကျားလေးများသာဖြစ်သည်။။
ခုံနံပါတ် ဆီ သို.ရောက်သောအခါ.. ကျွန်တော်.. ဝင်မည်.နေရာတွင်.. ကောင်မလေးတစ် ယောက် ပိတ် ထိုင်ထားသည်ကိုတွေ.၇သည်…
. သူက ခုံနံပါတ် …….
ငယ် စဉ်တည်းက မိန်းကလေးများနှင်.စကားပြောလေ.မရှိသဖြင်…/ရုတ် တရက်.. မပြောရဲ..
……………. ထိုအခါ.. သူက….သူငယ်ချင်းနှင်. စကားပြောနေရာမှ..ခေါင်းမော.ကြည်.သည်။။……………………………………………
. ကျွန်တော် စကားမပြောနိုင်သေးပဲ… သူ.ကို သေချာငေးကြည်နေမိသည်.
စက္ကန်.အတန် ငယ်ကြာသည်အထိ..ဘာမှမပြောသောကြောင်. သူက”ဘာလဲ”ဟူသောပုံစံဖြင်.မေးဆတ် ပြသည်။။
ထိုအခါမှ… အထစ်ထစ်အငေါ.ငေါ.ဖြင်..ငါအထဲဝင်ဦးမယ်ဟုပြောလိုက်သည်။။
သူက “အော် ..အေးအေး “ဆို၍နေရာဖယ်ပေးသည်.။
. .နေရာတွင်ထိုင်ပြီးသည်.နောက်..ကျွန်တော.မှာရင်ခုန်သံမပျောက်သေး…. အအေးဓာတ် မကုန် သေးသည်. ဖေဖော်ဝါရီ လ……. ဂျူတီ ကုတ် ပါးပါးလေးထဲမှာကျွန်တော်တစ်ယောက်တည်း……ချွေးတွေရွှဲနေသည်။ လက်တွေလည်းအေးစက်လို့……….. ….
မကြာမီ ပင်ဆရာမက Titration အကြောင်းသင်သည်.။..
သင်ပုန်းက ကျွန်တော် ထိုင်သည်. အခြမ်းဘက်မှရှိ၍ကျွန်တော်ထိုင်သည်. ဘက် ကို ခေါင်း များစောင်းကြည်.မှသာမြင်နီုင်သည်.။ မကြာမှီ …. စာသင်ပြီး၍လက်တွေ.စလုပ်ရသည်။ ပစ္စည်းများချပေးထား၍..နှစ်ယောက်တစ်တွဲစီ လုပ်ရခြင်းဖြစ်သည်.။
ကျွန်တော်က .စောစော က……..မှကောင်မလေးနှင်.တွဲလုပ်ရခြင်းဖြစ်သည်။
သူက.စာရေး၍ပြီးသွားပြီ .. ကျွန်တော်က မပြီးသေး…
“‘ငါရေးထားလိုက်မယ်.. နင်ဘီကာတွေဆေးထားလိုက်”
တဲ. သူ က ရုတ်တရက်ပြောလာ၍.. ကျွန်တော်က ခေါင်းတစ်ချက်ငြိမ်.ကာ . ဘေစင် ဆီသို. ခွက်သွားဆေးသည်။
ထို.နောက် ..solution များကို. ရောစပ်၍titration လုပ်သည်။ သူလည်း စာရေးတာ ပြီးသွား၍ ကျွန်တော်.ကို.. ဝိုင်းကူသည်.
ကျွန်တော်က အပူပေးနေချိန် မှာသူက နောက် တစ် ခုလုပ်နေသည်။
။ ထိုနေ.က ကျွန်တော်တို.နှစ်ယောက်အရင်ဆုံးပြီးသည်။ သူနှင်. စကား သိပ် မပြောခဲ.ပေမည်…. အတန် ငယ် ရင်းနှီးမှုရရှိခဲ.သည်။
အဆောင်ကိုပြန်ရောက်ချိန်တွင်..Chemistry စာအုပ်ထဲမှသူ.လက်ရေးလေးတွေကို ကြည်.ကာ…. အူမြူးနေခဲ.သည်။
ညဘက်သူငယ်ချင်းများစုံ၍… လက်ဖက်ရည်ဆိုင်ထိုင်တော..
. အရင် က စကားနည်းသည်. ကျွန်တော် က.. စကားတွေအများကြီးပြောလို့နေသည်။
ထို.နောက် အဆောင် ကို အိမ် က ဖုန်းလာ၍ခဏမျှပြောပြီးစောစော အိပ် ရာဝင်ခဲ.သည်.. ။
တစ်ယောက်တည်း ပြုံးကာ.. ခေါင်းအုံးလေးပိုက်၍အိပ်သွားသည်။ 🙂
တစ်ဖက်အခန်းက .. ဟိုကောင်တွေ က.R ဇာနည် ရဲ.လမင်းလေးသီ ချင်းကို ဂစ်တာနှင်.တီ းနေသည်။။
” လမင်းလေး…..ငါလွမ်းနေသည်……….မသိဘူးလား…ခံစားချက်လေးတစ်ခု…………..အနား… မင်း မရှိရင် …….ရုး…ခဲ.ရပြီ ………””
ဒုန်း
အဆောင်မှအန် တီ ကြီး ရဲ. ခြေဆောင့်သံ………………တစ် ဖက် ခန်းမှအသံများတိတ်သွားသည်။။
Wah!!!!!!!မနက် ကျောင်းစောစောသွားရဦးမယ်.ကွာ.. အိပ် ပြီ …………………..
To be continued…………………………………………………………………..
Dr. Pioneer

အဓိဋ္ဌာန်ပြု ကတိသစ္စာ

မြန်မာနိုင်ငံဆရာဝန်များ ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်၌ ရွတ်ဆိုကြရသည့် အဓိဋ္ဌာန်ပြု ကတိသစ္စာ ကမ္ဘာတစ်လွှား ကျော်ကြားထင်ရှားခဲ့သော သမားဟူးရားကြီးများအား သက်သေထား၍ ကျွနု်ပ်သည် ဤ အဓိဋ္ဌာန်ပြု ကတိသစ္စာကို ရွတ်ဆို သစ္စာပြုပါအံ့။

၁။ ကျွနု်ပ်သည် လူသားအားလုံးတို့၏ ကိုယ်၏ကျန်းမာရေး၊ စိတ်၏ချမ်းသာရေးကို အကျွနု်ပ်၏ အရေး ကဲ့သို့ယူဆပါအံ့။

၂။ ကျွနု်ပ်အား ဆေးပညာသင်ကြားပေးခဲ့သော ဆရာသမားများအား မိဘသဖွယ် ရိုသေလေးစား ပါအံ့။

၃။ ကျွနု်ပ်သည် လုပ်ဖော်ကိုင်ဖက် ဆေးပညာရှင်များကို ညီရင်းအစ်ကို မောင်ရင်း နှမကဲ့သို့ လေးစားစွာ ဆက်ဆံပါအ့ံ။

၄။ ကျွနု်ပ်သည် သမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် မွန်မြတ်သည့်ဂုဏ်သိက္ခာ အစဉ်အလာကို ထိန်းသိမ်းပါအံ့။

၅။ ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် ဂီလာနပုဂ္ဂိုလ်များ၏ကျန်းမာရေးကို စေတနာမေတ္တာ ရှေ့ထား၍ လူမျိုး ဘာသာ ဆင်းရဲချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက် ကုသပါအံ့။

၆။ ကျွနု်ပ်သည် ဂီလာနပုဂ္ဂိုလ်များအား ကုသနေစဉ် တွေ့မြင်ကြားသိရသည့် လျှို့ဝှက်အပ်သော အတွင်းရေးကိစ္စများကို ဖွင့်ဆိုအပ်သည် တို့မှလွဲ၍ မည်သည့်အခါတွင်မဆို ဖွင့်ဟခြင်းမှ ရှောင်ကြဉ် ပါအံ့။

၇။ ကျွနု်ပ်သည် လူသားတို့အား ဘေးဥပါဒ်ဖြစ်စေတတ်သောဆေး၊ သေစေတတ်သည့် ဆေးများကို ကိုယ်တိုင်ပေးခြင်းမှ သော်လည်း ကောင်း၊ သူတစ်ပါးအား ပေးစေခြင်းမှသော်လည်းကောင်း အခါခပ်သိမ်း ရှောင်ကြဉ်ပါအံ့။

၈။ ကျွနု်ပ်သည် တရားမဝင်သော ကုသခြင်းတို့မှ အမြဲတစေ ရှောင်ကြဉ်ပါအံ့။

၉။ ကျွနု်ပ်သည် ဆည်းပူးတတ်မြောက်ထားသောဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထား လေးစားစွာကာကွယ်စောင့် ရှောက်ပါအံ့။

ယခု ကတိသစ္စာပြုသည့်အတိုင်းဆောင်ရွက်ပါသော် အကျွနု်ပ်သည် ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေသား။

UM Mandalay

Mediafire Download link   UM mandalay
4shared Download link     Um mandalay

2011ခုနှစ် .နောက်ဆုံးနှစ် အပို်င်းခ ကျောင်းသားတွေ ဆိုထားတဲ.Um mandalay ဆိုတဲ.. သီချင်းပါ …
အားလုံးအတွက်အမှတ် တရ..ဖြစ်မယ်.သီချင်းလေးပါ

နောက်ဆုံး OG clinic

ဒီနေ့ OG unit 2 အနေနဲ့ clinical presentation တင်ရတယ်

Professor Dr. ဆရာဦးစောကလခူနဲ.တင်ရတာ..
ကိုယ့်ward ထဲက သူငယ်ချင်းတွေတောင် role call ယူပြီးချိန်မှာထပြန် ကုန်ကြတယ်… အော်…

ကိုယ့်အလှည့်တုန်းကလဲဒီလိုပဲလုပ်ထားတာဆိုတော့…အားပေးမယ့်သူကနည်းနည်းလေးပဲရှိတယ်.

မနေ့က ..စောသီရိဟန်ရယ် …စုမွန်နိုင်ရယ် ..ငါရယ် ..ward ထဲသွားပြီး.case ယူထားတာ..သူတို.ယူတယ် case ကို .ငါကတော.ထိုင်နားထောင်တာပေါ.လေ

မနက်စာကမနေ.ကကော.ဒီနေ.ကောလွတ်တယ်.. အိပ်ရာထနောက်ကျတာလည်းပါတာပေါ.လေ.

clinical presentation အတွက်. ငါတို. လုပ်ရမယ်.သူက 10ယောက်လောက်ရှိပေမယ်..3ယောက်ပဲလုပ်သွားတယ်..
ငါက အစက power point လုပ်ပေးမလို့..တစ်ခြားတစ်ယောက်ပြောဆိုတော..ပြောမယ်.သူက မရှိဘူး..ငါ့ကိုပဲနှစ်ခုလုံးလုပ်ခို်င်းတယ်..
သိပ်အပန်းကြီးတာလည်းမဟုတ်တော.ငါပဲရို်က်တာကော။။ ပြောတာကောလုပ်လို်က်တယ် .

စံထွန်းအောင်က တော. ပြောပါ တယ် သူpower point လုပ်ပေးမယ်ဆိုတာကို…သူ့ကို မပြောတော.ပါဘူး

မနေ.ကငါတစ်နေကုန်စိတ် တိုနေတာ.။။။
ညဘက်အေးအေးဆေးဆေးကျမှ… laptop ရှေ.ထိုင် ပြီးအ.လုပ်လုပ်တယ်။
သီချင်လေးအေးအေးနဲ့ … ကော်ဖီတစ်ခွက်ဘေးချ…. များပြားစွာသော power point template တွေထဲက … OG နဲ.ဆိုင်တဲ့ ..လှလှ လေးတစ်ခုယူသုံးပြီးနောက်.

စိတ် တိုနေတာတွေလည်း.တစ်ဖြည်းဖြည်းပျောက်ပြီး.. အလုပ်ထဲစျာန် ၀င် လာတ်ယ ပဲပြောရမလား…
အလုပ်လု်ပရတာပျော်နေတယ် …

တစ်နာရီကျော်လောက်… အလုပ်လုပ်ပြီးတော.. ပြီးလုနီးပါးဖြစ်သွားတယ်….စောသီီရီဟန်ဆီဖုန်းဆက်ပြိီး.သူတို.ရေးပေးထားတဲ.. စာထဲက မရှင်းတာတွေဝိုင်းထားပြီးပြန် မေးတယ် …..အဲဒီနောက် တော.11pmကျော်နေပြီ…. ကြက်ဥတစ်လုံးကြော်စား..ဇာတ်လမ်းတစ်ခွေ ကြည့်ပြီး.အိ်ပ်လို်က်တော။တယ် ။

ဒီနေ.တင်ရတာအဆင်ပြေပါတယ်… အားလုံးရှေမှာထွက်စမ်းရတုန်း..ချွေးအရမး်ထွက်တာကတော… automatic nervous system တွေအလုပ်လုပ်တာပဲလားမသိ.
ဆရာကတောင်ပြောတယ်.. တစ်ယောက်ယောက် တစ်သျှူးပေးလို်က်ပါဦးတဲ.
🙂 ငါ စမး်ခဲ့ရတာအမြတ်ပေါ.ကွာ

တစ်ယောက်တည်းနေရတဲ့ဘဝကကောင်းပါတယ် ..

ဒါပေမယ့်ှုတစ်ခါတစ်လေ… အရမး်ဝမ်းနည်းတယ်။…
ဗိုက်အရမ်းဆာချိန် ….. တစ်ယော်ကတည်းလည်းထမင်းမစားချင်….သူငယ်ချင်းတွေလည်း..ခေါ်မရတဲ့အချိန် …….ငါ အခန်းထဲမှာတစ်ယောက်တည်းပဲ….၀မ်းနည်းလို…….

မတော်သော်လည်းမရှော်တဲ့တပည့်တွေ

By Professor Dr. Aung Gyi

(Professor and Head ,Department of Medicine, University of Medicine , Mandalay)

ယခုတလောစာမေးပွဲတွေထပ်လို့နေသည်​။ တတိယနှစ် စာမေးပွဲ၊ နောက််ဆုံးနှစ် စာမေးပွဲ၊ ဆေးပညာ မဟာသိပ္ပံ စာမေးပွဲ၊ တတိယနှစ် စာမေးပွဲက အဦးဆုံးစစ်ရသည့် စာမေးပွဲ။ တတိယနှစ်မှာ ဆေးကျောင်းသား/သူတွေ ဆေးရုံမှ လက်တွေ့သင်တန်းဆင်းရသည်။ ဆေးပညာဌာနမှာ ၆ လနီးပါး၊ ခွဲစိတ်ပညာဌာနမှာ ၆ လနီးပါး။ ဆေးပညာဌာနမှာ posting ကျရင် ဌာနလက်အောက်ရှိ ဖျားနာဆောင်တွေမှာ ရောဂါရာဇဝင် မေးမြန်းနည်း၊ လူနာရောဂါ လက္ခဏာ ရှာဖွေစမ်းသပ် ဖော်ထုတ်နည်းတွေ သင်ယူလေ့ကျင့်ရသည်။ လူနာကုတင်ဘေးမှာ။ လူနာနှင့်၊ ဆရာနှင့်။ (Bed-side Teaching) ဟု ခေါ်သည်။ Posting ပြီးခါနီးမှာ ကျောင်းသား/သူအားလုံး ဆရာ/ဆရာမတွေ၏ စမ်းသပ်အကဲဖြတ်ချက် ခံယူရသည်။ ရောဂါရာဇဝင် မေးမြန်း တတ်ရဲ့လား။ ဒီကလေးတွေကို လေ့ကျင့်သင်ကြား ပေးခဲ့သူ ဆရာ/ ဆရာမ အားလုံးလိုလို ယင်းဆန်းစစ်မှုတွင် ပါ၀င်ရသည်။ သို့မှာသာ မိမိတို့သင်ကြားမှု၊ တပည့်တို့ သင်ယူမှု၊ မည်မျှထိ ရောက်မှု ရှိ/ မရှိ သိရသည်။ အကောင်းဆုံး Feed-back ပင်။

ကျွန်တော်စစ်ရသည့် တတိယနှစ်ကျောင်းသူလေးက ကျွန်တော်တို့ နယ်ဘက်က ဖြစ်နေသည်။ စကတည်းက ယဉ်သကိုဆိုရမလို လူနာရောဂါ ရာဇဝင်တင်ပြတော့ သူကလေးက လူနာဟာ `ဟက်ဒါချီ´ ရောဂါ ခံစားနေရသည်ဟု ပြောသည်။ “ဟ- ဘာရောဂါကြီးလဲကွ´´လို့မေးတော့ “ခေါင်းကိုက်ရောဂါလေ ဆရာကြီးရဲ့´´ဟု သူက မဆိုင်းမတွ တုံ့ပြန်သည်။ ဆရာက ဒါလေးတောင် မသိဘူးလားဆိုသည့် လေသံနှင့်။ သြော် သိပြီ၊ သိပြီ။ Headache `ဟက်အေ့(ခ)´သူက “ဟက်ဒါချီ´´လို့ အသံထွက်ပေသကိုး။ ဒါလည်း အံ့ဖွယ် သုတတစ်ပါးပေ့ါ။ လူနာရဲ့ အလုပ်အကိုင် အကြောင်းတင်ပြရာမှာ ရေလုပ်ငန်းလုပ်သတဲ့။ “ရေလုပ်ငန်းဆိုတာ ဘာကို ဆိုလိုတာလဲ´´မေးတော့ “ရေနံတူးတဲ့ လုပ်ငန်းပါ ဆရာ´´တဲ့။ ဒါနဲ့ “သမီးရေ-ရေလုပ်ငန်းဆိုတာ ဆရာနားလည်တာကတော့ တံငါ ငါးဖမ်းလုပ်ငန်းကို ပြောတာပါကွဲ့´´ပြောတော့ “ကျွန်မတို့ နယ်ဘက်မှာ တံငါလုပ်ငန်းလို့ပဲ ပေါင်းခေါ်လိုက်တာပဲဆရာ´´တဲ့။ ကျွန်တော်ကိုယ်တိုင် သူတို့ နယ်သား ဆိုသဟာ ဒီသူငယ်မ သိဟန်မတူ။ လူနာနှင့် လူနာရှင်ကို တိုက်ရိုက်မေးကြည့်တော့ မြစ်ထဲချောင်းထဲ ပိုက်ချစားတဲ့ တံငါသည်တွေပါတဲ့။ လူနာက ငါန်းဇွန်နယ်က။ စဉ့်ကူးဘက်လာပြီး တံငါလုပ်ရာက တကောင်းဘက်မှာ ၀ါးခုတ်လုပ်ငန်း အဆင်ပြေတယ်ကြားလို့ တကောင်းဘက်တက်ပြီး ၀ါးလိုက်ခုတ်တာ၊ ၀ါးခုတ်ရင်း တောထဲ တောင်ထဲ ငှက်ဖျားမိလာတာ။ ဒါနဲ့ တပည့်မကို တကောင်းဆိုတာ ဘယ်နားရှိသလဲ မေးကြည့်တော့ “မသိဘူးဆရာ´´တဲ့။ မြန်မာစကားနဲ့ စာပေမှာ တကောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအဆိုအမိန့် ကြားဖူးသလဲ မေးကြည့်ပြန်တော့လည်း တကောင်းဆိုတဲ့ နာမည်ကိုပင်လျှင် မကြားဖူးပါတဲ့။ ဒါနဲ့ ကျွန်တော် စိတ်လျှော့လိုက်ရ သည်။ ငါ့တာဝန်က ဆေးပညာ ဘာသာရပ် စစ်ဆေးဖို့ပေကပဲ။ အ တဲ့လူတွေ သမိုင်းမသိတာ ငါနဲ့မဆိုင်လေ။

လူနာ ရောဂါရာဇဝင်ပြီးတော့ အကြင်ကျောင်းသူ လူနာကိုင်တွယ် စမ်းသပ်ပြီး ရောဂါလက္ခဏာ ဖော်ထုတ်နိုင်စွမ်း ရှိ/မရှိ ဆက်စစ်ရသည်။ လူနာ ခန္ဓာကိုယ်ကို ကိုင်တွယ်စမ်းသပ်ရာမှာ နှလုံးသွေးကြောစနစ်၊ အသက်ရှုမှုစနစ်၊ အစာအိမ်/ အူလမ်းကြောင်းစနစ်၊ ဦးနှောက်/ အာရုံကြောစနစ် စသဖြင့် ခွဲထားရာ အစာအိမ်/ အူလမ်းကြောင်းစနစ်က နည်းနည်းလွယ်သမို့ ယင်းစနစ်ကို အနှီကျောင်းသူလေး ကျွမ်းကျွမ်းကျင်ကျင် စမ်းတတ် မစမ်းတတ် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ “ကဲ ကဲ- ဒီလူနာရဲ့ အသည်းကို စမ်းပြစမ်းကွယ်´´ ပြောလိုက်တော့ သူကလေးက ဇိုးဇိုးဇပ်ဇပ် ထစမ်းပြပါလေတော့သည်။ အင်းအင်း- မဆိုးလှဘူးပေါ့ ထင်နေတုန်း ကလေးမက လူနာရဲ့ ညာဘက်နံအောက် စမ်းရမည့်အစား ဘယ်ဘက်နံကြားထဲ လက်ထည့် စမ်းနေတာ မြင်လိုက်ရတော့ ကျွန်တော် ဘာဆက်ပြောရမည်မသိ။ “ဟဲ့ ဟဲ့- အဲ့ဒါ အသည်းနေရာ ဟုတ်ရဲ့လားကွယ့်´´ ထောက်လိုက်တော့ သူငယ်မက ဟက်ခနဲ ရယ်လိုက်ပြီး “သမီးက အသည်းနဲ့ သရက်ရွက်နေရာ ရောနေတယ် ဆရာ´´ တဲ့။ “ဒါဖြင့်ရင် အသည်းက ဘယ်နားရှိသလဲကွယ့်´´ မေးပြန်တော့ “ညာဘက်နံအောက်နား ထင်တာပဲဆရာ´´ တဲ့။ ထင်တုန်းပဲလား ငါ့တပည့်ရယ်။ “ဒုတိယနှစ်မှာ ခန္ဓာဗေဒ ဘယ်လိုအောင်ခဲ့သတုံး´´။ “ကျွန်မ ခန္ဓာဗေဒ ကျလို့ ပြန်ဖြေ ရတယ်ဆရာ´´တဲ့။ နန္ဒိယရော နန္ဒိယ အဖေပါ သေသင့်သည့်ပွဲ။ နှလုံးကရော ဘယ်နားရှိတာတုန်းလို့ ဆက်မေးမယ် ကြံပြီးခါမှ ကိုယ်ရှိန်သတ်လိုက်သည်။ တော်ကြာ နှလုံးက ချက်နားမှာ ရှိတယ် ဆိုလိုက်မှဖြင့်။ ဆရာကြီး တစ်ဦး၏ ဖြစ်ရပ်ကလည်း ကျွန်တော့်ကို ဆက်မမေးဖို့ သတိပေးနေလေသည်။ လွန်လေပြီးသော နှစ်ပေါင်း ၄၀ကျော်က ရောဂါဗေဒ ဆရာဝန်ကြီးတစ်ဦး ကြုံတွေ့လိုက်ရသည့်အဖြစ်။ ဆရာကြီး က စာသင်ရာမှာ သူအထင်ကြီးသော ကျောင်းသားတစ်ယောက်ကိုပဲ မဲပြီး စာမေးလေ့၊ စာသင်လေ့ ရှိသည်။ ဘုန်းကြီးတွေ တရားဟောရင် တရားထောက် ထားသလိုမျိုး။ ထိုနေ့က သူအထင်တကြီး ရွေးလိုက်သော ကျောင်းသားက စာတော်ကျောင်းသားစာရင်းမဝင်။ ဆရာကြီးက အဆင့်မြင့်မြင့် မေးခွန်းတွေမေး၊ စာဆက်သင်။ ကျောင်းသားက ဘာတစ်ခွန်းမှ ပိုင်ပိုင်နိုင်နိုင်မဖြေတတ်။ မဖြေနိုင်။ ဒါနဲ့ ဆရာကြီး တစ်ဆင့်လျှော့ချလိုက်ပြီး မလွယ်မခက် မေးခွန်းတွေမေး၊ စာဆက်သင်။ ဒီမေးခွန်းတွေကိုလည်း အမောင်ကျောင်းသားက မဖြေနိုင်ပြန် ဆရာကြီး နည်းနည်း ဇဝေဇဝါ ဖြစ်လာပြီ။ ဒါနဲ့ စာသင်ခဏ ရပ်လိုက်ပြီး “နေပါအုံး မောင်ကျောင်းသားရဲ့။ တစ်ခု စဉ်းစဉ်းစားစားဖြေစမ်းကွယ်။ နှလုံးမှာ အခန်း (Chamber) ဘယ်နှခန်း ပါသလဲကွယ့်´´ မေးလိုက်တော့ ကျောင်းသားက တွေခနဲ ခေတ္တ စဉ်းစားလိုက်သည်။ ပြီးမှ အောင်အောင်မြင်မြင် အသံဝါကြီး နှင့် “သုံးခန်းပါ ဆရာကြီး´´တဲ့။ ဆရာကြီး မိမိကိုယ်ကို မလဲပြိုအောင် အနိုင်နိုင်ထိန်းပြီးခါမှ လေအေးကလေးနှင့် ပြောလိုက်သတဲ့။ “တပည့်ရေ- ဆရာတောင်းပန်ပါတယ်။ ခုနက မေးခွန်းတွေကို ဆရာပြန်ရုတ်သိမ်း ပါတယ်။ တကယ်တော့ မင်းကိုမေးမိတာကိုက ငါ့အမှား ငါ့အမှား´´လို့ ပြောရှာသတဲ့။ ဒါကြောင့် ကျွန်တော် တစ်ကွက် ချန်ခဲ့တာ။ တော်ကြာ ကျွန်တော်လည်း ဆရာကြီးလို “ငါ့အမှား ငါ့အမှား´´လို့ အော်နေရမှာ စိုးလို့။

နှလုံးသွေးကြောစနစ် စမ်းသပ်ဖို့ အပိုင်းရောက်တော့ ကျွန်တော်က ကလေးမကို လူနာ၏ လက်ကောက်ဝတ် သွေးကြော စမ်းခိုင်းသည်။ သူသွေးကြောစမ်းနေတာကို ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်ကြည့်သည်။ ပြီးပြီဆိုကာမှ “သမီးရေ- လူနာသွေးခုန်နှုန်း ဘယ်လောက်ရှိသလဲကွယ့်´´ မေးလိုက်သည်။ “များတယ် ဆရာကြီး၊ တစ်မိနစ်ကို ၂၅ကြိမ်တောင် ခုန်နေတယ်´´တဲ့။ “ဟ-နေပါအုံးဟ၊ လူတစ်ဦးရဲ့ ပုံမှန် သွေးခုန်နှုန်းက ဘယ်လောက်လဲကွယ်´´မေးတော့ “၁၄ကြိမ်နဲ့ ၁၈ကြိမ်ကြားပါဆရာ´´တဲ့။ ဒီတစ်ခါ မိမိကိုယ်ကို မပြိုမလဲအောင် ထိန်းထားလိုက်ရသူက ကျွန်တော်ကိုယ်တိုင်ပင်။ “ကဲ-ကဲ သမီးရေ၊ သမီးရဲ့ လက်ကောက်ဝတ် သွေးခုန်နှုန်း တစ်မိနစ်တိတိ စမ်းစမ်းကွယ်´´ ပြောတော့ သူကလေးက တစ်မိနစ်တိတိ အချိန်ယူပြီး စမ်းသပ်ပါလေသည်။ “ကျွန်မသွေးခုန်နှုန်းကလည်း မြန်နေတယ်ဆရာ၊ ၂၂တောင်ရှိတယ်´´တဲ့။ မိမိဘေးဘီမှာ မိမိကို ကယ်မည့်သူ တစ်စုံတစ်ဦးရှိလိုရှိငြား စောင်းငဲ့ကြည့်လိုက်တော့ မိမိလိုပင် တပည့်တွေ နှိပ်စက် ညှဉ်းပန်းတာ ခံနေရသည့် ဘဝတူဆရာတူဆရာတွေကိုပဲ တွေ့ရတော့ လူ့ကံ ၀ကံ လို့ပဲ သဘောထား လိုက်ရသည်။ ကြံရာမတဲ့ အဆုံး လူနာ၏ ခင်ပွန်း တောသားလေးကို “မင်းလက်ကောက်ဝတ် သွေးခုန်နှုန်း စမ်းပြစမ်းကွယ်´´ ပြောပြီး တစ်မိနစ်တိတိ ဆရာတပည့် နှစ်ဦးသား ထိုင်စောင့် ကြသည်။ ကောင်လေးက “ကျွန်တော့်သွေးခုန်နှုန်းက ၉၀ရှိတယ်ဆရာ´´တဲ့။ ကျွန်တော့်မှာ ဒီကလေးကိုပဲ ထပြီး ကျောသပ်ရတော့မလို။ ကိုယ့်တပည့်မကိုပဲ နားရင်းထအုပ်ရတော့မလို။ နောက်ဆုံး တော့လည်း ဒီကလေးမလေးကို လေ့ကျင့်သင်ကြားတဲ့ ဆရာတွေထဲ ငါလည်းပါနေတာပဲ ငါ့တာဝန်လည်းမကင်းဘူးဟု စိတ်ဖြေလိုက်ရသည်။ အားလုံးကို မြိုချလိုက်ပြီး စာမေးပွဲကို ပြီးအောင် ဆက်စစ်လိုက်သည်။ စိတ်ထဲတော့ တနု့ံနုံ့။

ဒီကလေးတွေ တတိယနှစ်အောင်ပြီး စတုတ္ထနှစ် တက်ရဦးမည်။ နောက်ဆုံးနှစ် အပိုင်း(က)။ ပြီးရင် နောက်ဆုံးနှစ် အပိုင်း(ခ)တန်း။ ဆေးကျောင်းနောက်ဆုံးနှစ်။ ဒီအတန်းမှာ ဆေးပညာ၊ ခွဲစိတ်ပညာ၊ သွားဖွား မီးယပ်ပညာ၊ ကလေးကျန်းမာ ပညာအဓိက လေးဘာသာသင်ရသည်။ ဌာနတစ်ခုတွင် သုံးလစီ တက်ရသည်။ ဒီအတန်းက ကျောင်းသူ/သားတွေကို လေ့ကျင့် သင်ကြားရာမှာလည်း ကျွန်တော်တို့ ပါ၀င်ရတာပဲ။ တတိယနှစ်၊ စတုတ္ထနှစ်အတန်းတွေမှာ စာမကြေခဲ့သော တပည့်တွေ ဒီအတန်းမှာ ဒုက္ခရောက်ရပြန်သည်။ လူနာ ရောဂါ ရာဇဝင် မမေးတတ်သေး။ လူနာရောဂါလက္ခဏာတွေကို မစမ်းသပ်တတ်၊ မဖော်ထုတ်တတ်သေး။ သူတို့ လေးတွေကို ကျွန်တော်တို့တစ်တွေ ဆက်လက်လေ့ကျင့်သင်ကြားရ၊ `မောင်း´ရပြန်သည်။ ရောဂါအစူအစဉ်၊ ကုထုံး၊ ဆေးချက် ရောဂါ၏ ရှေ့အလားအလာတွေပါ ဖြည့်ဆည်း သင်ကြားပေးရသည်။

ဒီကလေးတွေကို ဂရုပြုကြည့်လိုက်တော့ အသားက ညိုမှိုင်းမှိုင်း၊ မျက်လုံးကဝိုင်းဝိုင်း၊ စာမေးလိုက်ရင် ခေါင်းကလေးတွေ ငုံ့ကာငုံ့ကာ၊ ရှက်သလို ရွံ့သလို၊ မျက်လုံးတွေကလည်း အရောင်အသွေး သိပ်တောက် တောက်ပပမရှိ။ သို့သော်လည်း ဆရာတွေအပေါ် ခံတန်တန် အမူအရာတော့ မရှိရှာ။ ဆရာနဲ့ တွေ့ရင် ခါးကလေး ကိုင်း၊ ကိုယ်ကလေးကို ညွှတ်ကာညွှတ်ကာ။ စာမေးလိုက်ရင် ပါးစပ်ကို တင်းတင်းစေ့ထားပြီး သွားကြားလေသံမျှ မထွက်အောင် ထိန်းသိမ်းစောင့်စည်း နိုင်ကြသူလေးတွေ။ တပည့်တစ်ဦးပြောတာ သတိရမိသေးတော့။ “ကျွန်တော်စာသင်ရတဲ့ အုပ်စုထဲ ဖြူစပ်စပ်ကောင်မလေး တွေပါလာရင် စာသင်ရတာတော်တော် ကောင်းတယ်´´တဲ့။ ကျွန်တော့် ညိုမည်းမည်းအုပ်စုကတော့ စာမေးပွဲဖြေရင် တစ်ခါမအောင်၊ နှစ်ခါမအောင်နှင့် နောက်ဆုံး သုံးကြိမ်မြောက်မှ အကျွတ်အလွတ် ဆရာဝန်ဖြစ်ကြရသည်။ ကံကြီးလို့။ ကံကြီးအောင်လည်း ကျွန်တော်တို့ အားလုံးက ၀ုိင်းဝန်းရ ဖေးမရသေးသည်။

ဒီကလေးတွေ နောက်ဆုံးနှစ်အောင်ပြီးတော့ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်ဝင်လုပ်ရသည်။ တစ်နှစ်တိတိ သင်ကြားလေ့ကျင့်ပြီးခါမှ ဘွဲ့နှင်းသဘင် တက်ခွင့်ရသည်။ အလုပ်သင်ဆရာဝန် တစ်နှစ်တာ ကာလမှာ တစ်ချို့က ကြိုးစားပမ်းစား တတ်တတ်ကြွကြွ လုပ်ကြသည်။ အလွန်ကြိုးစားသူ မြော်မြင်သူတစ်စုက တော့ TOEFL တွေ IELTS တွေဖြေဖို့ ပြင်ဆင်ကြပြီး။ စကားပြောသင်တန်းတွေ တတ်ကြပြီ။ သြစတြေးလျ အမျိုးတွေဆီ လှမ်းချိတ်နေကြပြီ။ အင်တာနက်မှ တဆင့် လမ်းကြောင်းတွေ ရှာနေကြပြီ။ ကျွန်တော့် ညိုတိုတို အုပ်စုကတော့ နေမြဲ။ ရုံထဲက လူနာနှင့် ပတ်သက်လို့ စာမေးလိုက်ရင်လည်း ခေါင်းကလေး ငုံ့ထားမြဲ။ နှစ်ကိုယ် ကြား လေသံလေးနှင့် ပြောမြဲ။ သူတို့ တတ်သလောက် မှတ်သလောက် ကြိုးစားပြီး လုပ်ရှာတာကိုပဲ ကျွန်တော် တို့က ကျေးဇူးတင်ရမလို။ ကျွန်တော်တို့ ခေတ်ပေတံနှင့် တိုင်းကြည့်လိုက်တော့ လူနာအပေါ် စိတ်ဝင်စားမှုက ပေမမီဟု ခံစားရသည်။ သိချင် တတ်ချင် စူးစမ်းချင်စိတ်ကလည်း လျော့ရဲရဲ အားမပါသလို။

မေလဆန်း နာဂစ်မုန်တိုင်း ဧရာဝတီ/ရန်ကုန်နှင့် ဒေသအချို့ကို ၀င်ဆောင့်တော့ မုန်တိုင်းနှင့်ဝေးရာ မြန်မာနိုင်ငံအထက်ပိုင်းလည်း ခပ်ကြမ်းကြမ်း ကိုင်လှုပ်ခံလိုက်ရသည်။ ငါတို့ ဘယ်လိုကူရမလဲ။ ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျွန်တော့်တပည့် ညိုတိုတိုတွေ လှုပ်ရှားကြတာ ကျွန်တော်တို့ ဆရာတွေကိုပင် ကျော်သွားသည်။ ပစ္စည်း/ငွေ အလှူကောက်ခံ ရာမှာ ဆေးအဖွဲ့နှင့် လိုက်ဖို့ စာရင်းပေးရာမှာ မြစ်ဝကျွန်းပေါ်မှာ တစ်ပတ် ဆယ်ရက် ပင်ပင်ပန်းပန်း လုပ်အားပေးပြီး ပြန်လာသော တပည့်လေးတွေ ကျွန်တော့်ကို လာတွေ့သည်။ သူတို့ မျက်နှာညိုညိုလေးတွေ ၀င်းလက်တောက်ပနေသည်။ သိမ်မွေ့သည့်အလင်းက ကျွန်တော်တို့ အပေါ်သို့ပင် ဖိတ်စဉ်လို့နေသည်။ လျှံကျလာသည့် ထိုအလင်းကို ကျွန်တော် သုတ်မပစ်ရက်။

ကျွန်တော့် တပည့်လေးတွေ အာရှအဆင့်မီ၊ နိုင်ငံတကာအဆင့်မီဆရာဝန်တွေ ဖြစ်လာမဖြစ်လာ ကျွန်တော် အာမမခံနိုင်။ သူတို့တော် မလား၊ ကျော်မလား၊ ကျွန်တော် ယတိပြတ် မပြောနိုင်။ သို့ပေတဲ့ ဒီကလေး တွေလိမ္မာရေးခြားရှိသော ဆရာဝန်ကောင်းတွေဖြစ်လိမ့်မည်။ အနစ်နာခံတတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ကိုယ်ကျိုးစွန့်တတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ရွှေဘိုဘက်မှလာသော မြန်မာစစ်စစ် မည်းမည်း သည်းသည်း ခပ်ကြမ်းကြမ်း တောင်သူ ဦးကြီးတွေ တွေ့ရတိုင်း ကျွန်တော်အားရှိသလို ခံစားရသည်။ ယခုလည်း မုန်တိုင်းခရီးပြန် တပည့်လေးတွေ မျက်နှာကို မြင်ရတော့ အလားတူ ခံစားမှုမျိုး မိမိကိုယ်မှာ ပြန်လည်နိုးထ လာတာ ကျွန်တော်သိသိမှတ်မှတ် ဖြစ်နေမိသည်။

ဒေါက်တာအောင်ကြီး

မှတ်မှတ်သားသားပြောစကားများ

Facebook မှကိုအောင်ဟိန်းတင်သောnote တစ်ခုကို ကြိူက်လို.. ပြန် လည်ဖေါ်ပြခြင်းဖြစ်ပါသည်..
အမြဲတမ်းဒီစကားလေးတွေအမှတ်ရနေနိုင်အောင်ပါ..

မှတ်မှတ်သားသား ပြောစကား ၂၀၀၇ ခုနှစ်မှာ SU 1 မှာ ဆရာကြီး ဦးသစ်လွင်က ယူကေက သူ့ရဲ့ ဆရာဝန်ဘဝကို ပြန်ပြောင်းပြောလို့့ စာသင်ရင်း ပြောခဲ့ဖူးတယ်။ ‘ငါအခန်းနံရံတွေ ဆေးသုတ်ထားတယ်ကွ..ဒါပေမယ့် ဟိုနားက ဆေးကွက်တဲ့နေရာကို အရင်မြင်မှာပဲကွ..နံရံတစ်ခုလုံး​ဆေးသုတ်ထားတာတော့မြင်မှာမဟုတ်ဘူး’ တဲ့။ ဆရာဦးအောင်ကြီး ရဲ့စာအုပ်ထဲမှာ ‘ကျနော်တို့က အပြစ်ကို ထောက်တဲ့နေရာသိပ်ကျွမ်းတယ်။ ဘယ်လိုပြင်ရင် ကောင်းမလဲဆိုတာကျ ဆွံ့အသွားကြတယ်။’. ဆရာကြီး ဦးဖေသက်ခင် ကလေးဆေးပညာ ပါမောက္ခဘဝ ကလေးဆောင်(၁)မှာ နိုက်ရီပို့တင်တော့ ‘လူကြီးဆိုတာ မဟုတ်တာလုပ်ရင် မှတ်ထားရတယ်ကွ..ကိုယ့်အလှည့်ကြသ​ူ့လိုမလုပ်နဲ့…ကောင်းတာလုပ်ရင​်လည်း မှတ်ထားရတယ်ကွ..ကိုယ့်အလှည့်ကျ.​သူ့လို..သူ့ထက်ကောင်းအောင် လုပ်မယ်’. ဆရာကြီး ဦးတင်မောင်ဟန်က ‘ဟေ့ကောင်တွေ မသေမချင်းမှတ်ထား..COPD မှာ Antibiotic မပေးဘဲမနေနဲ့…စာလေးတော့ဖတ်ကြပ​ါဦးကွာတဲ့” ‘နောက်..ဆေးကလေးတွေ လျှော့ထိုးကြပါ..ဆရာကြိးတို့က မတရားလုပ်တာမဟုတ်ပါဘူး..မင်းတို​့ အန္တရာယ်ကျရောက်မှာစိုးလို့ပြောတ​ာပါ’ တဲ့။ ဆရာကြီး ဦးရဲမြင့်ကျော်က ‘မင်းတို့ကို လူနာက အထင်သေးအမြင်သေး ကြည့်ရင် ငါက သိပ်မခံချင်ဖြစ်တာ..ဒါကြောင့်မင​်းတို့ကို သပ်သပ်ယပ်ယပ်ဝတ်ခိုင်းတာ။ အစဉ်အဆက် စာညံ့လာကြတာ..ငါတို့လည်း ငါ့ဆရာတွေကို မမှီဘူး။မင်းတို့လည်းငါတို့ကို မမှီသေးဘူး။ ဒါက မထူးဆန်းဘူး။ ဒါပေမယ့် ဒီနှစ်ပို်င်း မင်းတို့ ဝတ်စားတာက လူနာတွေ အနားကပ်မခံနိုင်အောင်ဖြစ်လာတာပဲ​။ ငါတို့သင်လိုက်လို့ ဦးဖေသက်ခင်တစ်ယောက်ထွက်ရင် ငါလက်ခမောင်းထခတ်တယ်’ မှတ်မှတ်ရရ Beri Beri လက်ချာပေးစဉ်ပြောသောစကား။ ဒိုင်ဂေါက်ဆင် ဆိုးကျိုးကိုလည်း Nausea and vomitting ထည့်ရေးရင် အမှတ်က ထူးထူး ခြားခြားပေးတာလို့ ပြောခဲ့ကာသင်ခဲ့သည်။ ဆရာဦးရန်လင်းမြင့်က ‘ဟေ့ကောင်တွေရဲ့ လုပ်ကြပါဟ..နိုင်ငံခြားရောက်သွာ​းလို့ ရွှေဘုံပေါ်ရောက်သွားတာမဟုတ်ဘူး။ ဒီမှာ တစ်အားကြိုးစားသွားတဲ့သူတွေပဲ ဒုက္ခမရောက်တာ။” ဆရာမ ဒေါ်အေးအေးချစ်က ‘ဟောက်စ်ဆိုတာ အငယ်ဆုံးနော်…ပတ်တူးဆိုပြီး ကျောင်းသားကြီးလုပ်နေပြီး မင်္ဂလာပါမနှုတ်ဆက်တော့ဘူးလား’ ဆိုပြီး ဟောက်စ်ဆင်းခါနီး စာမေးပွဲဖြေခါနီး ဆုံးမခဲ့သည်။ ဆရာဦးကျော်စိုးဝင်းက ‘အလကားသင်ပေးနေတာကျ ရအောင်မယူဘူး’လို့ မြည်တွန်ညည်းတွားခဲ့သည်။ ဆရာကြီး ဦးသန်းဝင်းက မှတ်မှတ်ရရ Pre-Eclampsia ကေ့စ်။ History ယူထားပြီး နားထောင်ပြီး၍ တစ်ခြားကျောင်းသားကို မေးသည်။ ကျနော်က ဝင်ဖြေသော အခါ ‘မမေးသေးရင် မဖြေရဘူးကွဲ့’ ဟု ဆုံးမခဲ့ဖူးသည်။ အဖြေတန်ဖိုးလျော့သွားတတ်ကြောင်း​ဆုံးမခဲ့သည်။ ဆရာကြီး ဦးဝင်းဖေက ‘ကလေးတို့ ကို ဆရာမေးလို့ မဖြေနိုင်ရင် စိတ်မပျက်နဲ့ဗျာ။ မင်းတို့ သိတာကို ကောက်မေးလိုက်လို့ ဆရာ လည်း ချက်ခြင်းဖြေနို်င်ချင်မှဖြေနို​င်မှာ။ ဒါပေမယ့် တတ်ရမယ့်ဟာကို တော့မေးရမယ်။ အဲ့ဒါကိုတော့ သိရမှာပေါ့ဗျာ။စာမေးပွဲဆိုတာ အချိန်တန်ရင်အောင်တာပဲ။ တတ်အောင်ဖတ်ကြကွာ။’တဲ့..အားရှိလ​ုိက်လေခြင်း။

ကျွန်တော့်ရဲ.သင်ဆရာမြင်ဆရာ…အားလုံးကို ဒီနေရာကဂါရဝပြုပါတယ် …

Page 5 of 8

Powered by WordPress & Theme by Anders Norén