1. Home
  2. Docs
  3. Productivity Tools
  4. Trello
  5. First Interface

First Interface

ဒီအောက်က ပုံ(၁) ကတော့ Trello မှာ signup ပြုလုပ်ပီးရင် ပထမဆုံး မြင်ရမယ့် ပုံစံ ဖြစ်ပါတယ်။
သူ့ကို မိမိ တစ်ယောက်တည်းသုံးတဲ့ Personal Board အဖြစ်သုံးလို့ရသလို ၊  အဖွဲ့လိုက်အလုပ်လုပ်တဲ့ Team board တွေ အဖြစ်လည်း သုံးလို့ရပါတယ်။

Team

အဖွဲ့လိုက်အသုံးပြုလို့ရဖို့အတွက် မိမိအဖွဲ့ထဲမှာ ဘယ်သူတွေထည့်မှာလဲဆိုတာ ကိုရွေးပေးဖို့လိုတာပေါ့။  ပုံ မှာ အနီပြထားတဲ့ Create a team …ဆိုတာကနေ Team ဖွဲ့ ၊ Member တွေထည့်လို့ရပါတယ်။ Member ထည့်တဲ့နေရာမှာ နည်း ၂ နည်းနဲ့ ထည့်လို့ရပါတယ်။ Email Address နဲ့ တန်း invite လုပ်လို့ရသလို Invatation Link လုပ်ပီး အဲဒီ link ကို ပို့ပေးလိုက်ရင်လဲ Member အဖြစ် request ပို့တာပါပဲ။

Board

Board ဆိုတာကတော့ အပြင်မှာ ကျွန်တော်တို့မြင်နေရတဲ့ Whiteboard တွေ နဲ့ အလားသဏ္ဍာန် တူပါတယ်။ အပြင် Whiteboard မှာ ကျွန်တော်တို့ ရေးရမယ့်စာတွေ ၊ အမှတ်အသားတွေကို ဆော့ပင်နဲ့ ရေးခြစ်ကြသလို အခု Trello မှာလဲ Board ပေါ်မှာ ဘယ်လိုရေးရမလဲ ဆိုတာ ပုံတွေနဲ့ ဆက်ရှင်းပြပါရစေ။

အဖွဲ့ကိုအရင်ဖန်တီးပြီးရင်တော့ Board အသစ်တစ်ခုကို Create new board ကနေ စတည်ဆောက်လိုက်ပါမယ်။ ပြီးရင်တော့ အဲဒါကို မိမိနှစ်သက်ရာနာမည်ပေးလို့ရပါတယ်။​ ယခုတော့ ‘Tutorial’ လို့ နာမည်ပေးထားတဲ့ board မှာ တကယ်လို့ ကိုယ့်က အဖွဲ့လိုက် သုံးချင်တယ်ဆိုရင်တော့ No team ဆိုတဲ့ နေရာလေးမှာ နှိပ်ပီး ဖန်တီးထားတဲ့ team ကို ရွေးပေးရပါ့မယ်။ မဟုတ်ပဲကိုယ်ပဲသုံးမှာ ဆိုရင်တော့ ဒီတိုင်းပဲထားလိုက်ပါ။

အဲဒီနောက်မှာတော့ ဒီ Board ကို လူတကာ မြင်ရအောင် ပြုလုပ်မှာလား ။ ကိုယ်ပဲ မြင်ရအောင်လုပ်မှာလားဆိုတာကို ရွေးချယ်ဖို့လိုပါတယ်။ ဒီ board ကို Private လား? Public လား ဆိုတာ ရွေးရမှာပါ။ Private ထားထားတယ်ဆိုရင်တော့ ဒီ Board ကို ကိုယ်တယောက်ထဲပဲ မြင်ရမှာ ဖြစ်တဲ့ အပြင် Team အနေနဲ့ ဆိုရင်လဲ Member ဖြစ်ပီးသူများသာ မြင်ရမှာ ဖြစ်ပါတယ်။ 

List/Card

Board ဖွင့်ပီးသွားပီ ဆိုရင်တော့ ပုံထဲက အတိုင်း List တွေ Card တွေနဲ့ အလုပ်စလုပ်လို့ ရပါပြီ။

ပုံ(၃)

ပုံ(၃) မှာ ‘To Do’ / ‘Doing’ နဲ့ ‘Done’ ဆိုတဲ့ List ၃ ခု ကို တည်ဆောက်ပြထားပါတယ်။

List

List ဆိုတာကတော့ သေတ္တာ လိုပါပဲ ။ လုပ်ရန် အလုပ်တွေကို သေတ္တာတလုံး ထဲ ထည့် ၊ လုပ်လက်စတွေကို သေတ္တာတလုံးထဲ ထည့် ၊ လုပ်ပီးသားတွေကို သေတ္တာတလုံးထဲ ထည့်မယ့် ပုံစံ ဖြစ်ပါတယ်။ (ကိုယ့်စိတ်ကူးအတိုင်း ကြိုက်သလို သေတ္တာတွေ တည်ဆောက်လို့ ရသလို List တွေ Create လို့ရပါတယ်။ ပုံ(၃) မှာ ကျွန်တော်ပြထားတာက နမူနာပုံစံ သာ ဖြစ်တာမို့ ဒီအတိုင်း တပုံစံထဲ လိုက်လုပ်စရာမလိုပါဘူး)

Card

သေတ္တာ (List) တွေ ထဲမှာ Card တွေရှိပါတယ်၊​ ။ ထည့်ချင်တဲ့ကတ်တွေကို  +Add a card ဆိုတာကို နှိပ်ထည့်လို့ရပါတယ်။

ပုံ(၄)

ပုံ(၄) က Card တွေ ထည့်ပီးတဲ့ အခြေအနေပါ ။ ခင်ဗျား ဆောက်လိုက်တဲ့ Card တွေမှာတော့ ဒီပုံမှာ မြင်နေရတဲ့ အစိမ်းရောင် လိုင်းလေးတွေ ပါမှာမဟုတ်ပါဘူး ။ အဲဒီ လိုင်းလေးတွေက တကယ်တော့ Label လေးတွေဖြစ်ပါတယ်။​  သူ့ကိုထည့်ချင်ရင်တော့ နောက်ထပ် settings ကိုဖွင့်ကြည့်ဖို့လိုပါတယ်။ အဲဒီ Card လေးတွေကို ထောက်ကြည့်ရင် အဲဒီ နားလေးမှာ ခဲတံလိုပုံစံလေး ပေါ်လာပါမယ်။ ဒါက Card တွေရဲ့ setting ကို ကိုယ်လိုအပ်သလို အသုံးချရမှာမို့ အရေးကြီးတယ်လို့ ပြောလို့ရပါတယ်။

ပုံ(၅)

ပုံ(၅) ကတော့ အဲဒီ ခဲတံပုံစံလေးကို ထောက်ကြည့်လိုက်ရင် မြင်ရမယ့် setting ပါ။

ပုံ(၆)

ပုံ (၆) က အဲဒီ ခဲတံ ပုံစံကို မနှိပ်ပဲ Card ပေါ်မှာ Double Click ၂ ချက်နှိပ်လိုက်တဲ့ အခါ ကျလာမယ့် Setting ပုံစံပါ။

Was this article helpful to you? Yes No