Contents
Workspace ဆိုတာက channel တွေနဲ့ ဖွဲ့စည်းမယ့် ပင်မနေရာလို့ ပြောလို့ရပါတယ်။ အလယ်အလတ်၊အသေးစား လုပ်ငန်းတွေအတွက်တော့ များသောအားဖြင့် Workspace တခု အသုံးပြုရင် လုံလောက်ပါတယ်။ သို့ပေမယ့် တကယ့်လုပ်ငန်းကြီးတွေ(Enterprise Grid) မှာတော့ တခုခု နဲ့ တခု ချိတ်ဆက်ထားတဲ့ Workspace ပေါင်းများစွာ ရှိတတ်ပါတယ်။ အဲဒီအတွက်တော့ ပိုက်ဆံပေးရပါတယ်ခင်ဗျ ။
Pricing
Slack ကို Free အနေနဲ့ သုံးလို့ရသလို ပိုကောင်းတဲ့ အရည်အသွေးလိုချင်ရင်တော့ ပိုက်ဆံပေးဝယ်ရမှာပါ ။ ဒီအောက်က ပုံက Slack pricing ကို နှိုင်းယှဥ်ပြထားတာပါ။
Creating Slack Workspace
ကိုယ်ပိုင်လုပ်ငန်းအတွက် Slack Workspace တည်ဆောက်ချင်တယ်ဆိုလဲ လွယ်လွယ်ကူကူ တည်ဆောက်လို့ရပါတယ်။ www.slack.com ကို ဝင်ပြီး Create a new workspace ဆိုတာမှာ မိမိ gmail address နဲ့ ဖြစ်စေ ၊ လုပ်ငန်းသုံး Org mail address နဲ့ဖြစ်စေ ဖြည့်ရပါတယ်။
Confirmation
ဒီလို ဖြည့်စွက်ပီးတဲ့အခါမှာ ကိုယ် အသုံးပြုထားတဲ့ mail address ဆီကို အတည်ပြုကြောင်း code တောင်းပါမယ်။
Joining existing Slack Workspace
ကိုယ်တိုင် တည်ဆောက်တာမျိုး မဟုတ်ပဲ ရှိပြီးသား Slack Workspace ကို Join ချင်တဲ့အချိန်မျိုးလဲရှိမှာပါ။ ဒီအတွက် နည်းလမ်း ၂ မျိုး ရှိပါတယ်။
Workspace ကို join ဖို့ workspace အတွင်း ရှိပြီးသား လူတယောက်ကနေ invitation email ပေးပို့လို့ရပါတယ်။ အဲဒီ mail အတွင်းကနေ Join ကို နှိပ်ရုံ နဲ့ နောက်ထပ်ဆက်လုပ်ရမယ့် အလုပ်တွေကို ပြသွားမှာပါ ။ အမည် ၊ စကားဝှက် ဖြည့်တာတွေ အစရှိသဖြင့်ပေါ့ ။
အချို့သော အဖွဲ့အစည်းတွေက သူတို့ရဲ့ slack workspace အတွင်းကို ဝင်ခွင့်ရဖို့ တိုက်ရိုက် signup ပြုလုပ်ခွင့် ပေးထားတတ်ကြပါတယ်။
