Slack မှာတော့ ဆက်သွယ်ပြောဆိုမှုတွေအားလုံးက Channel တွေထဲမှာပဲ ဖြစ်ပါတယ်။ Channel တခုထဲမှာ အဖွဲ့ဝင်များအားလုံးအနေနဲ့ စာသားတွေ ၊ tools တွေ ၊ ဖိုင်တွေကို ပေးပို့လို့ရပါတယ်။ Channel အတွင်းမှာ ပေးပို့တဲ့ message တွေကို Reaction ပေးလို့ရသလို Reply လဲ ပြန်လို့ရပါတယ်။ reply ပြန်တဲ့အခါမှာတော့ Threads အဖြစ် conversation box ထဲမှာ ပြမှာဖြစ်ပါတယ်။
Creating Channel
Free ရယူထားတာဖြစ်ဖြစ် ၊ ဝယ်ယူထားတာပဲ ဖြစ်ဖြစ် Workspace တခုအတွင်းမှာ Channel တွေကို စိတ်ကြိုက် (unlimited) တည်ဆောက်ခွင့်ရှိပါတယ်။
Public Channel
Workspace ထဲကို ဝင်ပြီးဖြစ်တဲ့ member အားလုံး ချိတ်ဆက်ခွင့်ရှိတဲ့ channel အမျိုးအစားဖြစ်ပါတယ်။ ဒီ channel တွေထဲမှာ တင်ထားသမျှ အရာအားလုံးကိုလဲ မည်သူမဆို ရှာဖွေရယူလို့ရပါတယ်။ ဒါ့အပြင် default အနေနဲ့ (Guest မဟုတ်တဲ့) Workspace တခုအတွင်းရှိ member အားလုံးကလဲ Public channel များ တည်ဆောက်ခွင့်ရှိပါတယ် ။ Workspace Owner များအနေနဲ့တော့ အဲဒီ public channel တွေရဲ့ permission ကို ပြောင်းခွင့် ရှိပြီး channel တည်ဆောက်မှု နဲ့ ပတ်သတ်ပြီး လုပ်ပိုင်ခွင့် role တွေကိုလဲ member တွေအပေါ် သတ်မှတ်ပေးခွင့် ရှိပါတယ်။
Private Channel
ဒီ Channel တွေကတော့ Member အားလုံးအတွက် မသက်ဆိုင်ပဲ Workspace Owner မှ invite လုပ်ခံရတဲ့ member တွေအတွက်သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Default အနေနဲ့ (permission ရရှိသော Guest များ အပါအဝင်) Workspace တခုအတွင်းရှိ member အားလုံးကလဲ Private channel များ တည်ဆောက်ခွင့် ရှိပါတယ်။ Workspace Owner များအနေနဲ့တော့ အဲဒီ private channel တွေရဲ့ permission ကို ပြောင်းခွင့် ရှိပြီး channel တည်ဆောက်မှု နဲ့ ပတ်သတ်ပြီး လုပ်ပိုင်ခွင့် role တွေကိုလဲ member နဲ့ guest တွေအပေါ် သတ်မှတ်ပေးခွင့် ရှိပါတယ်။
