Contents
Board တိုင်းရဲ့ ညာဘက်မှာ Menu ဆိုပီး ဖေါ်လို့ ရပါတယ်။ ဖျောက်ထားမိတယ်ဆိုရင် Show Menu ဆိုတဲ့ button လေး ပြနေမှာပါ ။ Menu မှာက Board ရဲ့ setting အားလုံး ကို ဖော်ပြပေးထားတာမို့ သေချာသိထားဖို့ လိုအပ်ပါတယ်။

About This Board
Board အကြောင်း description ကို ဖော်ပြလို့ရတဲ့ နေရာပါ။
Change Background
Board တွေကို ဒီဇိုင်းလှလှ ဆင်ဖို့ပါ။
Filter Cards
ခွဲခြားသတ်မှတ်ထားတဲ့ board တွေကို သူ့ filter အလိုက် ရွေးချယ်ကြည့်ရှုလို့ရပါတယ်။ အထက်မှာပြောသွားသလိုပဲ filter ကနေ တဆင့် label တွေကို ရွေးကြည့်တာမျိုး၊ကိုယ် assign လုပ်ထားတဲ့သူတွေကို ပဲရွေးကြည့်တာမျိုး စတာတွေ လုပ်လို့ရပါတယ်။
Sticker
Board အလှဆင်တဲ့ နေရာမှာ သုံးဖို့ပါပဲ။
… More
နောက်တဆင့် More ဆိုတာကို နှိပ်ကြည့်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတဲ့ အရေးကြီးတဲ့ Function တွေ ဖြစ်တဲ့ ကိုယ် Archive လုပ်လိုက်တဲ့ item တွေကို ပြန်ယူချင်တာပဲ ဖြစ်ဖြစ် ၊ အပြီးအပိုင် ဖျက်ပလိုက်ချင်တာပဲ ဖြစ်ဖြစ် Archived Items ဆိုတဲ့ setting ထဲကနေ ဝင်လုပ်လို့ရပါတယ်။ Switch to Lists ဆိုရင်တော့ Archived လုပ်လိုက်တဲ့ List စာရင်းကို ပြမှာပါ ။
နောက်အရေးကြီးတဲ့ setting တခုကတော့ Close Board ဖြစ်ပါတယ် ။ ကျွန်တော်တို့ ရဲ့ Board တွေကို ဘယ်လို ဖွင့်ရမလဲ သိထားသလို ဘယ်လို ပိတ်ရမယ် ဆိုတာလဲ သိထားဖို့လိုတာပေါ့ ။
ပုံ(၈) မှာ ပြထားတာကတော့ Close Board ကို နှိပ်လိုက်မယ် ဆို မြင်ရမယ့် မြင်ကွင်း ဖြစ်ပါတယ်။ အပြီးအပိုင် လုံးဝ ပြန်ယူလို့ မရတော့အောင် ဖျက်ချင်တယ်ဆိုရင်တော့ Permanently Delete Board.. ဆိုတာကို ရွေးလို့ရပါတယ်။ သတိထားဖို့က အဲလို အပြီးအပိုင် ဖျက်ပလိုက်ပီးပီဆိုရင် ဘယ်လိုနည်းနဲ့မှ ပြန်ယူလို့မရတော့ဘူး ဆိုတာကိုပါ ။
ဒီအတိုင်း သာမာန်ပိတ်ထားလိုက်တဲ့ Board တွေကို ပုံ(၉) မှာ ဖော်ပြထားတဲ့ Board menu > အောက်ဆုံးနားအထိ slide bar ဆွဲချလိုက်ရင် တွေ့ရမယ့် See closed boards … ဆိုတာမှာ ပြန်ပီးကြည့်လို့ရသလို ပြန်ဖွင့်လို့လဲ ရပါတယ်။ အဲဒီမှာ ထပ်တွေ့ရမယ့် delete ကို နှိပ်မယ်ဆိုရင်လဲ အပြီးအပိုင် ဖျက်လိုက်တဲ့ သဘောပါပဲ။
Menu အကြောင်း ပြန်ပြောရမယ် ဆိုရင် နောက်ဆုံး ပြော ပြ ဖို့ပဲ ကျန်တော့တာက ပုံ(၇) ညာဘက်ထောင့် အောက်ဆုံးက Activity ဖြစ်ပါတယ်။ Activity အောက်မှာ Board နဲ့ပတ်သတ်ပြီး အထဲ Card တွေ ရဲ့ ပြောင်းလဲမှု အရာအားလုံး ကို ဘယ်သူ ၊ ဘာလုပ်ခဲ့တယ် ဆိုတာ ဖော်ပြထားမှာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ Trello ကို ဘယ်လို အသုံးပြုရမယ် ဆိုတာ အကြမ်းဖျဥ်းနားလည်သွားဖို့ မျှော်လင့်ပါတယ်။ နောက်ထပ် အသုံးဝင်မယ့် Trello Secret Tips တွေကိုတော့ နောက်ပိုစ့်တခုအနေနဲ့ ထပ်ရေးပေးပါမယ်ခင်ဗျာ။
