1. Home
  2. Docs
  3. Productivity Tools
  4. Slack

Slack

Slack ဆိုတာက အဖွဲ့အစည်း လုပ်ငန်းတွေမှာ အလွယ်တကူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အသုံးပြုနိုင်တဲ့ ဆက်သွယ်ရေးလမ်းကြောင်း Application ပဲ ဖြစ်ပါတယ်။

Function

ဒီအတွက် အသုံးဝင်နိုင်တဲ့ Slack function တွေကတော့ – 

  • ဆက်သွယ်ပြောဆိုမှုတွေကို စီမံခန့်ခွဲနိုင်ခြင်း ။ 

Slack မှာ channel တွေနဲ့ အလုပ်လုပ်လို့ရပါတယ်။ သင့်အနေနဲ့ အဖွဲ့အလိုက် (သို့) ပရောဂျက်အလိုက် (သို့) ရုံးတည်နေရာ ကအစ မူတည်ပြီး channel တွေ တည်ဆောက်ပြီး ဆက်သွယ်နိုင်ပါတယ်။ 
(channel ဆိုတာက မျက်စိထဲ မြင်သာအောင် ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ အသုံးပြုနေကြ Facebook Messenger – Group တွေလိုပါပဲ။ Public / Private channel ဆိုပီး ၂ မျိုး ရှိပြီး အသေးစိတ်ကို နောက်ဆက်တွဲမှာ ရှင်းပြပါ့မယ်) 

  • လွယ်ကူစွာ ရှာဖွေနိုင်ခြင်း ။ 

လုပ်ငန်းကြီးရင် ကြီးသလို ၊ အဖွဲ့ဝင် အရေအတွက်များရင်များသလို အပြန်အလှန် ဆက်သွယ်ပြောဆိုမှု တွေကို စီမံခန့်ခွဲဖို့က Messaging Application တော်တော်များများ မှာ တကယ် ခက်ခဲလှပါတယ်။ ဒီအတွက် slack ရဲ့ အားသာချက်က ပို့ခဲ့သမျှ message စာသားတွေ ၊ ဖိုင်တွေကို အလွယ်တကူ လျှင်မြန်စွာ ရှာဖွေနိုင်တာပါ ။ 

  • လွယ်ကူစွာ မျှဝေနိုင်ခြင်း ။ 

Slack channel တွေကို လွယ်ကူစွာ share နိုင်ပြီး Guest Account တွေကိုလဲ လွယ်ကူစွာ ဖန်တီးနိုင်တာမို့ အလုပ်လုပ်တဲ့အခါမှာ ပိုပြီးအဆင်ပြေစေပါတယ်။ 
(Multi-Channel / Single-Channel ဆိုပြီး Guest Account အမျိုးအစား ၂ မျိုး ရှိပြီး အသေးစိတ်ကို နောက်ဆက်တွဲမှာ ရှင်းပြပါမယ်။ စိတ်မကောင်းစရာတခုက ဒီ Guest account တွေက slack free version မှာ အသုံးပြုလို့မရပဲ slack ကို ပိုက်ဆံပေးပြီး အသုံးပြုတဲ့ paid version မှာသာ အသုံးပြုလို့ရတာပါ။) 

  • Apps & Integrations 

Slack ကို ကျွန်တော်တို့ အသုံးပြုနေကြ အခြားသော application တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဥပမာ – Dropbox , Google Drive လို cloud storage application တွေ ၊ Trello , Zoom လို အခြားသော communication tool တွေ အပါအဝင် ဖြစ်ပါတယ်။
အသေးစိတ် ကို – https://get.slack.help/hc/en-us/articles/360001537467-Learn-about-apps-and-the-App-Directory မှာ ဖတ်ကြည့်လို့ရပါတယ်။

Articles

Was this article helpful to you? Yes No