Contents
Card Properties ဆိုတာက ရှေ့မှာ ဆွေးနွေးခဲ့တဲ့အတိုင်း ခဲတံလို ပုံစံလေးကိုဖြစ်စေ ၊ double click ကို ဖြစ်စေ နှိပ်လိုက်လို့ ကျလာမယ့် box ထဲမှာ ပါတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
အောက်မှာ ဖော်ပြထားတဲ့ ပုံမှာဆိုရင် ညာဘက်မှာ ရှိတဲ့ အနီရောင် ၊ အဝါရောင် box တွေနဲ့ highlight ပြထားတဲ့ setting ဖြစ်ပါတယ်။
ဒီတော့ Add to Cards / Power-Ups / Actions – ၃ ပိုင်းခွဲပြီး ဆက်ရှင်းပြသွားပါ့မယ်။
ADD TO CARD
Members
ပုံ(၆) setting ညာဘက်အပေါ်ထောင့်မှာ တွေ့ရတဲ့ ‘Member’ ဆိုတာက ဒီ Card (အလုပ်) မှာ ကိုယ်နဲ့ အတူ တွဲလုပ်ရမှာ ၊ သို့မဟုတ် ကိုယ်က တာဝန်သတ်မှတ်ပေးချင်တဲ့ အခါမျိုးတွေမှာ Email Address ကို ထည့်ပီး Member အဖြစ် သတ်မှတ်လို့ ရပါတယ်။
Labels
ဒုတိယတွေ့ရမယ့် ‘Labels’ဆိုတာက ကိုယ်တည်ဆောက်လိုက်တဲ့ Card ရဲ့ အရေးပါမှု ကို သတ်မှတ်တဲ့ နေရာ ၊ အမျိုးအစား ခွဲခြားတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ Card တွေများလာလို့ ရုတ်တရက် ကိုယ်လိုချင်တာကို ရှာမတွေ့တဲ့အခါ ဒီ လို Label လေးတွေတပ်ထားပေးတာက တကယ်အသုံးဝင်ပါတယ်။ နောက်ပြီး ကိုယ်ရှာဖွေချင်တဲ့Card တွေကို Label အလိုက် ဖြစ်စေ၊ Member အလိုက်ဖြစ်စေ Filter လုပ်ရှာဖို့လည်း အသုံးဝင်ပါသေးတယ်။
Checklist
တတိယမြောက် ‘Checklist’ ကတော့ လုပ်ရမယ့် အရာတွေ၊ အမျိုးအစားတွေကို checkbox လေးတွေ နဲ့ ပြပေးတဲ့ အတွက် ပြီးပြီ၊မပြီးသေးဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေပါတယ်။
Due Date
စတုတ္ထမြောက် ‘DueDate’ ကတော့ ဒီ Card ကို ဘယ်အချိန်မှာ အပြီးဖြစ်ရမယ်ဆိုတဲ့ သတ်တမ်းရက် သတ်မှတ်တာပါ။ သက်တမ်းကုန်ခါနီးရင် Alarm ပြပေးတဲ့အပြင် နောင်တချိန်မှာ ဘယ်အချိန်အတွင်း ကိုယ် အပြီးလုပ်ခဲ့တယ် ဆိုတာကိုလဲ ပြန်ကြည့်လို့ရပါတယ်။
Attachments
‘Attachment’ ကတော့ ဒီ Card အတွက် အခြား လိုအပ်တဲ့ Material (image,doc,video,etc) တွေကို တွဲထည့်တာပါ။
POWER-UPs
Power-Up ဆိုတာကတော့ Trello ကို ကျွန်တော်တို့ အသုံးပြုနေစဥ် မှာ ပိုပြီး ထိရောက်အောင် ၊ လွယ်ကူအောင် ကူညီပေးနိုင်တဲ့ Tool တွေ ပါ ။ သို့ပေမယ့် သာမာန် အသုံးပြုသူအတွက် Power-Up တခုထဲသာ အသုံးပြုခွင့်ပေးထားတာမို့ (Power-Up တခု ထက် ပိုအသုံးပြုချင်ရင် Premium Version ဝယ်သုံးရမှာပါ။) ဒီ Power-Ups အကြောင်း ၊ သုံးလို့ ရတဲ့ ပုံစံတွေကို ယခု ခေတ္တချန်လှပ်ထားခဲ့ပါမယ်။
ACTIONS
Move/Copy/Watch
Move , Copy ဆိုတာတွေကတော့ ဒီ Card ကို ရွေ့ဖို့ ၊ မိတ္တူပွားဖို့ စသဖြင့် သုံးပါတယ်။
Watch ကတော့ အရေးကြီးတယ်ဗျ ။ အဲဒီ Watch ကို click နှိပ်ပီး သတ်မှတ်ထားမှသာ ဒီ Card နဲ့ ပတ်သတ်ပြီး တခုခု ပြောင်းလဲတာတွေ ၊ ထပ်ထည့်တာမျိုးတွေ ရှိရင် ကိုယ့်ဆီကို Notification အနေနဲ့ ပြပေးမှာပါ ။
Archive/Share
Archive ကတော့ ဒီ Card ကို ပိတ်သိမ်းချင်တာမျိုး မှာ သုံးပါတယ်။ Trello မှာ Delete function မရှိတဲ့ အတွက် ကျွန်တော်တို့ သတ်မှတ်ပြီးသွားတဲ့ ၊ သတ်တမ်းကုန်သွားတဲ့ ၊ အပြီးအပိုင် ဖျက်ပလိုက်ချင်တဲ့ Card တွေ List တွေကို Achive Items အနေနဲ့ပဲ ဖယ်ထုတ်ရမှာပါ ။ ဒီ Achive လုပ်ခဲ့တာတွေကို ပြန်ကြည့်ချင်ရင် Menu > More > Achived Items ဆိုတာကို နှိပ်ပြီး ပြန်ရှာကြည့်လို့ရပါတယ်။
Share ကတော့ ဒီ card ကို Print ထုတ်ချင်တဲ့အခါ ၊ ချိတ်ဆက်ချင်တဲ့အခါမျိုးတွေမှာ အသုံးဝင်ပါတယ်။ Trello မှာ Card တွေ တခု နဲ့ တခု ဆက်စပ်နေကြောင်း ပြချင်ရင် Share > Link ကို သုံးပါတယ်။
