Contents
Offline Editing
- အသုံးပြုနေစဉ် အင်တာနက်ပျက်သွားချိန်တွင် Offline ဆက်လက်အသုံးပြုနိုင်ပါသည်။(Google Chrome Browser နှင့် Offline chrome extensionများ install ပြုလုပ်ထားရန်လိုသည်)
- အင်တာနက်ပြန်ရချိန်တွင် အလိုအလျောက် သိမ်းဆည်းသွားပါမည်
Gmail မှတဆင့် Google Drive ထဲက ဖိုင်များကို ပေးပို့ခြင်း
- Google Drive icon လေးကိုနှိပ်၍ မိမိ၏ Drive ထဲမှ ဖိုင်များကိုရွေးချယ်ပေးပို့နိုင်သည်
Gmail ထဲရောက်လာသော Attached File များကို Google Drive ထဲသို့ သိမ်းဆည်းခြင်း
- Google Drive icon လေးကိုနှိပ်၍ Mail ထဲဝင်လာသော File များကို Drive ထဲသိမ်းနိုင်သည်
Google Docs တွင် မြန်မာလက်ကွက်ဖော်ခြင်း
မိမိ ကွန်ပျူတာထဲတွင် မြန်မာစာ လက်ကွက်မရှိသည့်အချိန်တွင်လည်း Google Office များကို မြန်မာလို အသုံးပြုနိုင်ပါသည် ။ Google မှ မြန်မာစာ လက်ကွက် ယူနီကုဒ် (မြန်စံ)၊Myanmar3 သို့မဟုတ် ပြည်ထောင်စု လက်ကွက်ကို သုံး၍ မြန်မာလိုရေးနိုင် ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် အရင်ဆုံး Google Account setting ထဲကိုဝင်၍ ပြင်ဆင်ရန်လိုပါသည်။
အောက်ပါအတိုင်း ဝင်သွားပါ ။ Google Account> Data & Personalization > General preferences for the web > Input Tools >Add Language > Burmese > Keyboard Layout (မြန်စံ) ကိုရွေးလိုက်ပါ ။ ပြီးသည့်နောက် Google Doc အသစ်တစ်ခုကို ဖန်တီးလိုက်ပါ။







ကီးဘုတ် ပုံလေးကို နှိပ်လိုက်ပါက အောက်ပါတိုင်း Keyboard များဖော်ပြပါလိမ့်မည်။ မြန်မာဘာသာ ( မြန်စံ) ကိုရွေးပါက On screen keyboard တစ်ခုကျလာပြီး စတင်စာရိုက်လို့ရပါလိမ့်မည်။ မြန်မာစာ နှင့် English စာရွေးသည့် shortcut ကတော့ Caps Lock ဖြစ်ပါသည်.
