Contents
ဖိုင်များ Upload တင်ခြင်း
- မိမိupload ပြုလုပ်လိုသောဖိုင်ကို တိုက်ရိုက် Drag and Drop ပြုလုပ်၍ upload တင်နိုင်ပါသည်
- သို့မဟုတ် New ဆိုသော အပြာရောင်boxကို နှိပ်၍ ဖိုင် သို့မဟုတ် ဖိုဒါများကို တင်နိုင်ပါသည်
ဖိုဒါဖန်တီးခြင်း
ဖိုဒါ အသစ် တစ်ခုကို ဖန်တီးဖို့အတွက် New ထဲကနေ New Folder ကိုရွေးလိုက်ပါ။ ဒါက မိမိကွန်ပျူတာထဲမှာ ဖိုဒါအသစ်ဆောက်တာနဲ့တူတူပါပဲ။ ကွာတာကတော့ အခုဖန်တီးလိုက်တဲ့ ဖိုဒါတွေကို အခြားသူများနဲ့ မျှဝေအသုံးပြုလို့ရတာပါပဲ။
ဖိုင်များဖန်တီးခြင်း
| Google Drive | Microsoft Office |
| Google Docs | Ms Word |
| Google Sheet | Ms Excel |
| Google Slide | Ms PowerPoint |
အတော်များများက မိုက်ခရိုဆော့ဖ် ဝဒ် တို့ မိုက်ခရိုဆော့် အိတ်ဇဲတို့ ပါဝါပွိုင့်တို့နဲ့ ရင်းနှိးကြီးပါတယ်။ Google မှာတော့ Google Docs, Google Sheet ,Google Slide လို့ခေါ်ပါတယ်။ လုပ်ဆောင်ချက်က မိုက်ခရိုဆော့ဖ် Office နဲ့တူတူပါပဲ။ ဒီ Google ဖိုင်တွေကို ဖန်တီးဖို့အတွက် အပေါ်မှာပြထားတဲ့ ပုံထဲက New ကိုနှိပ်ပြီး Google Docs , Sheet စသဖြင့် ရွေးလိုက်ရင် ရပါတယ်။
အောက်မှာဖော်ပြထားတာကတော့ ဖန်တီးလို့ရလာတဲ့ နမူနာပုံစံတွေဖြစ်ပါတယ်။
ဖိုင်များကိုနေရာရွှေ့ခြင်း

တင်ထားသောဖိုင်ကို ဖိုဒါတစ်ခုမှတစ်ခုရွှေ့ဖို့အတွက် Move to ကိုသုံးနိုင်ပါတယ်၊ အခု Totoro ပုံလေးကို Untitled Folder ထဲကိုပြောင်းထည့်ပြထားပါတယ်။
ဖိုင်၊ဖိုဒါများကို မျှဝေခြင်း
ဖိုင်ကို မျှဝေခြင်း (သို့မဟုတ်) မိမိတင်ထားသောဖိုင်၊ဖိုဒါကို အခြားသူရယူနိုင်ရန်၊ ပြင်ဆင်နိုင်ရန်ပြုလုပ်ခြင်း ။ မိမိ ဖန်တီးထားတဲ့ ဖိုဒါ၊ ဖိုင်တွေကို အခြားသူတစ်ဦးနဲ့ မျှ ဝေလို့ရပါတယ် ။
ဒီလိုမျှဝေရာမှာ နည်းလမ်းနှစ်မျိုးရှိပါတယ်။တစ်ခုကတော့ လင့်ခ်ပေးပြီး မျှဝေခြင်းပါ။နောက်တစ်ခုကတော့ အီးမေးလ် အကောင့်ထည့်ပြီး invite လုပ်ခြင်းပါ။ အခုအချိန်အထိတော့ မိမိဖန်တီးထားတဲ့ ဖိုင်ကို အခြားသူတွေ မြင်ခွင့်ပေးမပေး ဆိုတာ ဆုံးဖြတ်တဲ့အဆင့်ပဲရှိပါသေးတယ်။ နောက်တဆင့်ကျရင်တော့ ဒီဖိုင်ကို မြင်တဲ့သူတွေက ဖိုင်ကိုကြည့်ခွင့်ပဲရှိမှာလား၊comment ရေးပေးလို့ရမှာလား၊ ဒါမှမဟုတ် ၊ဝင်ပြင်ရေးလို့ရမှာလားဆိုပြီး ခွင့်ပြုမယ့် access တွေရှိပါသေးတယ်။ နောက်ထပ်ခေါင်းစဉ်ကိုထပ်ဖတ်ရမှာပါ။
မျှဝေနိုင်သည့်အမျိုးအစား(Sharing Type)
- ဖိုင်၊ဖိုဒါရဲ့ Link ကို ရယူ၍ linkရှိသူတိုင်းဖတ်ရှု ပြင်ဆင်နိုင်ရန်ပြုလုပ်ခြင်း (Share with others)
- Email ဖြင့်တစ်ဦးချင်းဖိတ်ခေါ်မျှဝေခြင်း(Enter name or email address)

ဒီဟာကတော့ မိမိရဲ့ဖိုင်ကို မည်သူတွေ မြင်ခွင့်ရှိမလဲ ဆိုတာကို သတ်မှတ်ပေးတာပါ။
ဒါကတော့ မိမိဖိုင်ကို မြင်ရတဲ့သူတွေက ဘာလုပ်ခွင့်ရှိမလဲသတ်မှတ်ပေးတာပါ။
သတိပြုရမှာကတော့ တစ်ခါတစ်လေ ကျရင် ဖိုဒါတစ်ခုကို အခြားသူတွေနဲ့ မျှဝေထားတာမျိုး ၊ဒါမှမဟုတ် Pubic ပြုလုပ်ထားတာမျိုးရှိတတ်ပါတယ်။အဲဒီလိုအခါကျရင် သူ့ဆီမှာရှိတဲ့ ဖိုင်တွေကလည်း အလိုအလျောက် အများနဲ့ မျှဝေထားပြီးသားဖြစ်သွားတတ်ပါတယ်။ ဖိုင်အသစ်ဖန်တီးရင်တောင်မှ အဲဒီ ဖိုဒါထဲမှာပဲ ဖြစ်နေတယ်ဆိုရင် သူများတွေက လည်း မြင်နေရပါလိမ့်မယ် ။ ဒါကြောင့် မိမိရဲ့ အရေးကြီး ၊လျှို့ဝှက်ဖိုင်များကို မိမိတစ်ယောက်တည်းသာ မြင်ရတာ သေချာရဲ့လားဆိုတာ အပေါ်က ပြတဲ့နေရာမှာ Off (သို့မဟုတ်) Share with specific people ဟုတ်မဟုတ် ဆိုတာ ကြည့်ရှုနိုင်ပါတယ်။
