Contents
မိမိကို Shareထားသော ဖိုင်များ၊ဖိုဒါများကိုရှာခြင်း
မိမိကို အခြားသူတွေ မျှဝေထားတဲ့ ဖိုင်တွေ ဖိုဒါတွေကို Shared with me ထဲမှာ ကြည့်လို့ရပါတယ်။ တစ်ယောက်ယောက်က မျှဝေလိုက်တယ်ဆိုတာနဲ့ Email ရောက်လာပါမယ်၊ Email ကနေတဆင့် ကြည့်ရသလို ဒီနေရာကနေလည်း တန်းကြည့်လို့ရပါတယ်။
Add to My Driveနှင့် Make a copy ကွဲပြားချက်
Add to My Drive
- မိမိနှင့် Share ထားသော ဖိုင်၊ဖိုဒါသည် Add to My Drive Button ကိုနှိပ်ပါက မိမိ၏ My Drive Folder ထဲတွင် ရောက်သွားပါလိမ့်မည်။
- ထိုဖိုင် သို့မဟုတ် ဖိုဒါထဲတွင် မိမိ ပြုပြင်ရေးသားသမျှ လုပ်ဆောင်ချက်အားလုံးသည် အခြားသူ၏ ဖိုဒါမှာလည်း သက်ရောက်မှုဖြစ်ပေါ်စေပါသည်
Make A Copy
- မိမိနှင့် Share ထားသော ဖိုင်၊ဖိုဒါသည် Make a copy ကိုနှိပ်လိုက်ပါ မိမိ ၏ ကိုယ်ပိုင် My Drive Folder ထဲတွင် ဖိုင်တစ်ခုအဖြစ်ပေါ်လာပါလိမ့်မည်။
- ထိုဖိုင် သို့မဟုတ် ဖိုဒါထဲတွင် မိမိ ပြုပြင်ရေးသားသမျှ လုပ်ဆောင်ချက်အားလုံးသည် မိမိနှင့် Share ထားသူ၏ Drive တွင်မည်သို့မှသက်ရောက်မှုမရှိစေပါ
- မိမိ၏ ကိုယ်ပိုင် ဖိုင်တစ်ခုအဖြစ်ပွားယူလိုက်ခြင်းဖြစ်သည်
- တစ်ခါတစ်လေတွင် Owner ကခွင့်မပြု၍ Make a copy ဆိုတာမပါတာဖြစ်နိုင်ပါသည်။ထိုအချိန်တွင် Add-ons များသုံးနိုင်ပါသည်
