Google Drive မှာတင်ထားတဲ့ပုံတွေကနေ တိုက်ရိုက် လင့်ယူပြီး အခြားနေရာမှာပြန်ပြတဲ့နည်းပါ Google Drive ထဲမှာ ယခင်က ဖိုင်တွေကို တိုက်ရိုက် host လို့ရပါတယ်။ဆိုလိုချင်တာက ဓာတ်ပုံတစ်ခုကို အခြားတစ်နေရာမှာ ပြန်ပြဖို့အတွက် အင်တာနက်ပေါ်မှာရှိတဲ့ တနေရာရာမှာ သိမ်းဖို့လိုတယ်။ဥပမာ Facebook မှာ Friend Only တင်ထားတဲ့ ပုံကို အခြား တနေရာကနေ Link နဲ့ပြန်ခေါ်သုံးလို့မရဘူး။ ပြီးတော့ Viber တို့ဘာတို့မှာတင်ထားတာတွေကိုလည်း ပုံLinkဆိုပြီးပြန်ယူလို့မရဘူး။ တစ်ခါတစ်လေ ကိုယ်တင်ချင်တာကပုံတွေအများကြီး အဲဒီတွေသိမ်းထားဖို့အတွက် နေရာရှာရတာဒုက္ခရောက်တယ်။ Google Drive လိုဖိုဒါမျိုးမှာသိမ်းပြီး Link လေးနဲ့ ပုံတိုက်ရိုက်ပြလို့ရအောင် ဆိုရင်အကောင်းဆုံးပေါ့။ ဖြစ်ချင်တော့ Google Drive မှာ သူ့ပုံတွေကို အခြားတနေရာမှာ ပြန်ပြဖို့ function မပေးထားဘူး။ ဒေါင်းလုဒ်လင့်လိုမျိုး၊ […]
Category: Tutorial
Using Google OCR for Myanmar Lang
Google ရဲ့ ပုံရိပ်မှ ဒီဂျစ်တယ် စာလုံးပြောင်းတဲ့ Function (update: March 2018 ကစပြီး မိုဘိုင်းဖုန်းတွေရဲ့ Google Lens မှာ အထက်ပါ OCR service ကို အသုံးပြုနိုင်ပါပြီ) Introduction ကျွန်တော့်ဘေးမှာ ရှိတဲ့မြန်မာဘာသာ နဲ့ရေးထားတဲ့စာအုပ်တစ်အုပ်ကို ပုံနှိပ်စာလုံးကနေ အလွယ်တကူ ကွန်ပျူတာစာလုံးတွေအဖြစ် ပြုလွယ်ပြင်လွယ်လုပ်လို့ရဖို့ဆိုတာ ကျွန်တော့်အိမ်မက်ပါ။အင်္ဂလိပ်ဘာသာ နဲ့ရေးထားတာတွေကို တော့ ကွန်ပျူတာစာလုံးအဖြစ်ပြောင်းလို့ရပြီး မြန်မာစာ ကို ရဖို့ကို တော်တော်ကြာစောင့်ခဲ့ရပါတယ်။ ကျောင်းသားဘဝတုန်းက စင်ဘီယွန် သုံးနိုကီယာဖုန်းသုံးစဉ်က လိပ်စာကတ်လေးတွေကို ဓာတ်ပုံရိုက်ပြီး အလွယ်တကူ ဖုန်းစာအုပ်ထဲ ထည့်သွားတာကို တော်တော်သဘောကျနှစ်သက်ခဲ့ဖူးပါတယ်။အခုတော့ ဒီထက်အဆင့်မြင့်တဲ့ နည်းစနစ်တွေပေါ်နေပါပြီ။အရင်ကလို မြန်မာ စာတွေကိုကွန်ပျူတာစာလုံးပြောင်းချင်ရင် အစအဆုံး တစ်အုပ်လုံး စာစီစာရိုက်ပြန်လုပ်ဖို့မလိုတော့ဘူးဆိုတာ ကို သိပြီးပြီးလား။ တော်တော်များများကတော့ သိကြမယ်မထင်ပါဘူး။ […]
Zapier
Zapier ကို Automation tool တစ်ခုအနေဖြင့်သိထားကြပါသည်။ သူ၏ လုပ်ဆောင်ချက်များက နည်းပညာနှင့် မနီးစပ်သော သူတစ်ဦးအတွက်တော့ နားလည်ဖို့ခက်ခဲနိုင်ပါသည်။ အင်တာနက်ပေါ်တွင် များပြားလှသော Website များ၊ Application များ Tool များရှိပါသည်။ ဥပမာ Google မှထုတ်ပေးထားသော Google calendar, Google Sheet,Google Doc. ကျွန်တော်တို့ဆီမှာ လူသိများသော Facebook .၊ အချို့ အဖွဲ့အစည်းများ ၊ကုမ္ပဏီများတွင် သုံးလေ့ ရှိကြသော Mailchimp ကဲ့သို့သော လူတွေအများကြီးဆီကို အီးမေးလ် ပုံမှန်ပို့သည့် Service.၊ စသဖြင့် ပုံစံအမျိုးမျိုးရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဖန်တီးထားသော tool များရှိကြပါသည်။ Auto Posting Platform တစ်ခုတွင် တင်လိုက်သော post များကို […]
ဆာဗေးများကို ဖုန်းဖြင့် offline ကောက်ရာတွင်အသုံးပြုသည့် ODK အကြောင်း (၁)
ODK ရဲ့အရှည်နာမည်ကတော့ Open data kit ပါ။ သူ့ကို ဆာဗေးပြုလုပ်ဖို့ ဒေတာကောက်ဖို့အတွက် သုံးလေ့ရှိပါတယ်။ သိသာတဲ့ use case ကတော့ ဆာဗေးကောက်မယ့်သူတွေက ဖုန်းထဲမှာ ODK collect ထည့်ထားမယ်။ ပြီးတော့ ကိုယ်ကောက်ချင်တဲ့ ဖောင်ကို လည်းထည့်ထားမယ်။ ပြီးတော့ တကယ်ကောက်မယ့်နေရာထိ သွားပြီး လိုအပ်တဲ့အချက်အလက်တွေကို Gps address, အသံဖိုင်၊ ဓာတ်ပုံတွေနဲ့တကွကောက်ယူလို့ရမယ်။ ကောက်ယူမယ့်သူရဲ့ device id နဲ့အခြားအချက်အလက်တွေကိုပါတစ်ပါတည်း ဆာဗာကိုလှမ်းပို့နိုင်မယ်။ ဒါကြောင့် လုံးဝ စာရွက်နေရာကိုအစားထိုးလိုက်လို့ရတာပေါ့။ ဒါပေမယ့် ODK မှာ Form ပြုလုပ်ရတာ မလွယ်ဘူးဗျ ။ Google Form တို့မှာလို ပြုလုပ်ရလွယ်တာမဟုတ်ဘူး။ ဒါကြောင့် ဘယ်လိုအလုပ်လုပ်လဲဆိုတာတော့ သိဖို့လိုတယ်။ Form တည်ဆောက်ဖို့ […]
