Google Drive မှာတင်ထားတဲ့ပုံတွေကနေ တိုက်ရိုက် လင့်ယူပြီး အခြားနေရာမှာပြန်ပြတဲ့နည်းပါ
Google Drive ထဲမှာ ယခင်က ဖိုင်တွေကို တိုက်ရိုက် host လို့ရပါတယ်။ဆိုလိုချင်တာက ဓာတ်ပုံတစ်ခုကို အခြားတစ်နေရာမှာ ပြန်ပြဖို့အတွက် အင်တာနက်ပေါ်မှာရှိတဲ့ တနေရာရာမှာ သိမ်းဖို့လိုတယ်။ဥပမာ Facebook မှာ Friend Only တင်ထားတဲ့ ပုံကို အခြား တနေရာကနေ Link နဲ့ပြန်ခေါ်သုံးလို့မရဘူး။ ပြီးတော့ Viber တို့ဘာတို့မှာတင်ထားတာတွေကိုလည်း ပုံLinkဆိုပြီးပြန်ယူလို့မရဘူး။ တစ်ခါတစ်လေ ကိုယ်တင်ချင်တာကပုံတွေအများကြီး အဲဒီတွေသိမ်းထားဖို့အတွက် နေရာရှာရတာဒုက္ခရောက်တယ်။ Google Drive လိုဖိုဒါမျိုးမှာသိမ်းပြီး Link လေးနဲ့ ပုံတိုက်ရိုက်ပြလို့ရအောင် ဆိုရင်အကောင်းဆုံးပေါ့။ ဖြစ်ချင်တော့ Google Drive မှာ သူ့ပုံတွေကို အခြားတနေရာမှာ ပြန်ပြဖို့ function မပေးထားဘူး။ ဒေါင်းလုဒ်လင့်လိုမျိုး၊ ဒါမှမဟုတ် Drive ထဲမှာ လာကြည့်ရတာမျိုးပဲ ရအောင်လုပ်ထားတယ်။ဒါကို ကျနော်တို့လိုချင်တဲ့ပုံစံရအောင် ပြင်လို့ရတယ်။
ခက်ခက်ခဲခဲလည်းမဟုတ်ဘူး.
- ပုံတစ်ခုကို Google Drive ထဲတင်လိုက်တယ်။
- ပြီးတော့ Get Shareable Link ကိုရတယ်.
အဲဒီလင့်ကိုပြန်ပြင်ဖို့လိုတယ် ရတဲ့လင့်က
https://drive.google.com/open?id=YOUR_FILE_ID ဆိုပါစို့။
YOUR_FILE_ID နေရာမှာတော့ နံပတ်တွေလာမှာနော်။ တကယ်တမ်းက အဲဒီလိုစာကြီးမပေါ်ဘူး။ အဲဒီလင့်ကို ဒါမျိုးဖြစ်အောင်ပြောင်းဖို့လိုတယ်။https://drive.google.com/uc?export=view&id=YOUR_FILE_ID
အဲဒီအသစ်ပြောင်းလိုက်တဲ့လင့်ကို ယူသုံးရင် ပုံတွေကို အခြားတနေရာရာကနေ တိုက်ရိုက်ခေါ်ပြလို့ရပါပြီ။
- Myanmar Unicode made easy. - August 27, 2019
- Search Engine မှာ ယူနီကုဒ်နဲ့ ဇော်ဂျီ ယှဉ်ပြီး ရှာတဲ့အခါ - June 28, 2019
- Civil War Between Fonts - June 21, 2019
