ယူနီကုဒ် အကြောင်းကို ရှင်းပြရမယ်ဆိုရင် တော်တော့်ကို ရှည်လျားပါတယ်။ ဒါပေမယ့်အဲဒါကို ပြန်အကျဉ်းချုံ့ရမယ်ဆိုရင်လည်း ချုံ့လို့ရပါတယ်။ ဒါပေမယ့် မေးစရာ မေးခွန်းတွေအများကြီးပေါ်လာပါလိမ့်မယ်။ မေးခွန်းတိုင်းအတွက် အဖြေကတော့ရှိပြီးသားပါ ။ဒီ post ကိုတော့ ယူနီကုဒ် အကြောင်းကို သိချင်ပြီး မေးခွန်းအများကြီး မထုတ်ချင်သေးဘူးလို့ ယူဆတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။
မိတ်ဆက်
ယူနီကုဒ် ဆိုတာ ဒီဂျစ်တယ်ခေတ်မှာ ဘာသာစကားတွေနဲ့ပတ်သက်ပြီး နိုင်ငံတိုင်း လိုက်နာဖို့ ပြုလုပ်ထားတဲ့ စံစနစ်တစ်ခုပါ။ ယခုခေတ်လောက်အထိ ဆိုရှယ်မီဒီယာတွေခေတ်မစားသေး ၊ တစ်ယောက်နဲ့ တစ်ယောက် electronic mail တွေ message တွေနဲ့ ကူးလူးဆက်ဆံမှု မရှိသေးခင်အထိတော့ ယူနီကုဒ် ဆိုသော အရာဟာ သိပ် ခေတ်မစား မတွင်ကျယ်ခဲ့သေးပါဘူး ။
ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာ တော်တော်များများဟာ offline ၊ အင်တာနက် မချိတ်ဆက်ထားကြဘူး။ စာစီစာရိုက်၊ ဒီဇိုင်း လုပ်တာလောက်ပဲသုံးကြတဲ့အတွက် ၊ အသုံးချနိုင်မှုကနည်းပါးကြပါတယ် ။ကိုယ့်စက်ထဲ မှာ ဖောင့်ရှိနေတယ်ဆိုရင်ကိုပဲ အလုပ်ဖြစ်နေပြီ။မရှိရင်လည်း CD တစ်ချက် ဝယ်ပြီး ဖောင့်တွေထည့်လိုက်ရုံပေါ့ဆိုတဲ့အခြေအနေမျိုးပါ။
အဲဒီနောက်တော့ ၊ လူတွေက မိုဘိုင်းဖုန်းတွေသုံး၊အင်တာနက်တွေသုံးလာကြပါပြီ၊ ဖုန်း၊ ကွန်ပျူတာကနေ တဆင့် အင်တာနက်ပေါ်ကို စာတွေတင်ကြပြီ၊ ကိုယ့်စက်ထဲမှာတော့ မှန်မှန်မြင်နေရပေမယ့် အခြားသူစက်ထဲမှာ မမြင်ရတာမျိုးတွေကြုံလာကြပြီ။
ပြီးတော့ တစ်ကမ္ဘာလုံးမှာ ရေးတဲ့စာသား ၄၀၀၀ ကျော်ရှိပါတယ်။ သူတို့တွေက စာရွက်ပေါ်ရေးနေတယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူး။ အင်တာနက်ပေါ်လည်းကျရော အဲလောက်များတဲ့ ဘာသာစကားတွေ၊ တစ်ခုနဲ့တစ်ခု ထပ်နေတာမရှိပဲ အဆင်ပြေပြေ ဖော်ပြလို့ရဖို့လိုလာပြီ။ ဒါကြောင့်မို့ ဒီဘာသာစကားအားလုံး သူ့နေရာနဲ့သူရှိရမယ်ဆိုတဲ့ ယူနီကုဒ် စနစ်ကို အကောင်အထည်ဖာ်လိုက်ကြတယ်။ ကျွန်တော်တို့ မြင်ရတဲ့စာလုံးလေးတွေ နောက်မှာ သူတို့ရဲ့ ကိုယ်ပိုင်နံပါတလေးတွေရှိတယ်။ စာလုံးတွေသူ့နေရာသူမရှိရင် မှားယွင်းပြီးဖော်ပြလိမ့်မယ်။ မြန်မာစာ ရိုက်တယ်။ တရုတ်စာထွက်လာတယ်။ ထိုင်းစာရိုက်တယ်။ အာရေဗျ စာတွေထွက်လာမယ်။ အဲဒီလိုပြဿနာတွေပေါ်ပါလိမ့်မယ်။ အဲဒီလိုကိုယ်ပိုင်နံပါတ်ရအောင်လို့ လုပ်ရတဲ့အဆင့်တွေကအများကြီးရှိတယ်ဗျ။ ငါတို့မြန်မာပြည်အတွက် ပေးဆိုပြီး ရော့အင့်ပေးလိုက်တာမဟုတ်ဘူး။ အဲဒီနံပါတ်ကို နောက်ပိုင်းအားလုံးက လိုက်သုံးစွဲရမှာဖြစ်လို့ သေချာစနစ်တကျဖြစ်အောင် ထိန်းကွပ်ကြရတယ်။ တစ်ခါအတည်ပြုပြီးရင်လည်း ဒါက အတည်ဖြစ်သွားပြီး ၊ ကမ္ဘာပေါ်မှာ ရှိသမျှ နည်းပညာကုမ္ပဏီတွေ၊ ဖုန်း၊ကွန်ပျူတာ ထုတ်လုပ်သူတွေက ဒီ စနစ်ကို လိုက်နာကြတယ် ။
မြန်မာပြည်မှာတော့ အဲဒီ သတ်မှတ်လိုက်တဲ့စနစ်ကို အတော်များများမသုံးကြပဲ အဲဒီစနစ်မပေါ်ခင်က နည်းလမ်းကိုပဲ ဆက်သုံးကြတယ်။ ဒါကလည်း အကြောင်းအရင်းအများကြီးရှိပါတယ်။ ယူနီကုဒ်နဲ့ ယူနီကုဒ်မပေါ်ခင် ဇော်ဂျီစနစ်ကြားမှာ ကွာဟချက်တွေရှိတဲ့အတွက်ကြောင့် တစ်ခုသုံးရင် တစ်ခုမှာ စာတွေကောင်းကောင်း မပေါ်ပါဘူး။ အပေါ်မှာ ရေးထားသလို ထိုင်းစာရိုက်တယ် ၊ အာရေဗျ စာတွေထွက်လာတယ်ဆိုတာမျိုးမဟုတ်ပဲ။ မြန်မာစာ ရိုက်တယ်။ ရှမ်းစာတွေတချို့ပါလာတယ်ဆိုတာမျိုးဖြစ်လာပါတယ်။ အဲဒီလိုမျိုးဖြစ်နေတာကို ဖြေရှင်းဖို့ ဖောင့်တစ်ခုကနေ ဖောင့်တစ်ခုကို ပြောင်းပေးတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲတွေ ၊ app တွေသုံးလာကြပါတယ်။ ဒါကလည်း နောက်ဆုံးအဖြေတော့မဟုတ်ပါဘူး။ ယာယီ ပဲကောင်းပြီး ခဏခဏ ပြောင်းနေရတာ ၊ နှစ်မျိုးလုံး မြင်အောင် လုပ်ရတာက အလုပ်ပိုရှုပ်ပါတယ်။ ပြီးတော့ မြန်မာစာအတွက်ပဲရပြီး၊ မြန်မာ တိုင်းရင်းသား စာလုံးတွေ ကိုတော့ ဇော်ဂျီ ကနေ ယူနီကုဒ် မပြောင်းပြပေးနိုင်ပါဘူး။
နောက်ဆုံး အဖြေ Ultimate solution ကတော့ အားလုံး ယူနီကုဒ် ကိုပြောင်းသုံးလိုက်တာပါ။ တော်တော်များများက မသုံးချင်ဘူး ၊ သုံးရင် စာမမှန်ဘူးပြောနေတာက မဟုတ်ပါဘူး။ လက်ရှိ ဒီစာကို ဖတ်လို့ရနေတယ်ဆိုရင် ကျွန်တော်ပြောတာ ယုံလိုက်ပါ၊ ဒါ ယူနီကုဒ်နဲ့ ရေးထားတာဖြစ်ပါတယ်။ ဘာထူးခြားသွားမလဲဆိုပြီး မေးရင်တော့ ၊ ကောင်းကျိုး က အဓိက နှစ်မျိုးရှိပါတယ်။ အများစုက ဒါကို မြင်နိုင်ချင်မှ မြင်နိုင်မှာပါ။
၁၊ လက်ရှိ ၊ ဖောင့်ပြောင်းဖို့အတွက် သုံးစွဲနေရတဲ့၊ အချိန် ၊ ငွေ၊ လုပ်အား၊ ကွန်ပျူတာ ပါဝါတွေ မကုန်ကျတော့ပါဘူး။ ဒါတွေက စာမဖွဲ့လောက်ဖူးလို့ထင်တယ်ဆိုရင် ၊ ဖောင့်နှစ်ခုလုံးနဲ့ဖော်ပြဖို့အတွက် သင်ဘယ်လောက်အချိန်ကုန်ခံသလဲ ဆိုတာ ကိုတွေးကြည့်ပါ၊ ပြီးတော့ အဲဒါမျိုးကို ဘယ်နှစ်ကြိမ်ကြုံဖူးသလဲတွေးပါ။ ပြီးတော့ ကိုယ့်လိုကြုံတာက တစ်နိုင်ငံလုံး ဆိုတာကိုတွေးပါ။ ဒါဆိုရင် တစ်လကို မိနစ်ပေါင်း ဘယ်လောက်ကို ဒီပြဿနာ ရှင်းဖို့ သုံးရသလဲဆိုတာ တွက်လို့ရပါလိမ့်မယ်။ နောက်ပြီး၊ စနစ်မျိုးစုံသုံးထားတဲ့ ဖောင့်ပေါင်းစုံနဲ့ ပို့လို့ အရေးကြိး meeting တွေမှာ ပြချင်တာမပြရပဲ အချိန်ကုန်သွားတာ၊ အရေးကြီး စာတွေ မမြင်ရတာတွေ လျော့ကျသွားပါလိမ့်မယ်။
၂၊ နောက်ထဲက ကောင်းကျိုးတစ်ခုကတော့ လူတွေအတွက် ပိုမြင့်တဲ့ နည်းပညာတွေကို မြန်မာဘာသာ နဲ့ သုံးခွင့်ရလာပါလိမ့်မယ်။ ဥပမာ Google search မှာ မြန်မာလိုပိုရှာလာနိုင်မယ်။ မြန်မာလို ဖော်ပြတဲ့ စနစ်တွေ ကိုသုံးလာနိုင်မယ်။ ယခု သင်ကြားထားဖူးသမျှ နည်းပညာအားလုံးကို မြန်မာလို ဖောင့်ပြဿနာ မရှိပဲ တွေးလို့ရလိမ့်မယ်လို့ မြင်ယောင်သာကြည့်လိုက်ပါ။ လက်ရှိ ခေါင်းခဲနေရတာတွေ မရှိတော့ပဲ နည်းပညာကို ပိုထိထိရောက်ရောက်သုံးနိုင်မယ်ဆိုတာ တကယ့် ကောင်းကျိုးတစ်ခုပါပဲ။
လက်ရှိအချိန်ထိ ကျွန်တော်ပြောတာ ဖြစ်သင့်တယ်လို့ထင်တယ်ဆိုရင်တော့ ယူနီကုဒ်နဲ့ ပတ်သက်ပြီး ဆက်လေ့လာဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တကယ်လို့ လက်မခံဘူးဆိုရင်တော့ သင်လက်မခံနိုင်တာအကြောင်းတွေကို ကိုယ့်ဘာသာ Why ဆိုတဲ့မေးခွန်းမေးပြီး အဲဒါကို ဖြေရှင်းနည်းမရှိဘူးလားဆိုတာကို ရှာဖွေကြည့်ပါ၊
ယူနီကုဒ်ဆိုတာ ဖောင့်လို့အလွယ်တကူ ပြောကြပေမယ့် တကယ်တမ်းက စနစ်တစ်ခုပါ။ ယူနီကုဒ်ဖောင့်ဆိုတာ သူ့ရဲ့ စနစ်ကို လိုက်နာထားတဲ့ ၊ သူ့စနစ်အတိုင်းထွင်ထားတဲ့ ဖောင့်တွေကိုခေါ်ပါတယ်။ အဲဒီလိုဖောင့်တွေက ကုမ္ပဏီပေါ်လိုက်ပြီး ၊ Operating System ပေါ်လိုက်ပြီး ၊ ကွဲပြားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အသိများတာ Myanmar 3 ပါ။ ယခုတော့ ပြည်ထောင်စု ဖောင့်ကို သိကြပါတယ်။ နှစ်ခုစလုံးက မြန်မာပြည်တွင်းမှာထုတ်လုပ်တာဖြစ်ပါတယ်။
Standard Font
Standard Font လို့ပြောတာက တကယ်တော့ ယူနီကုဒ် standad 5.1 ကိုလိုက်နာထားတဲ့ မြန်မာဖောင့် တွေကို ခေါ်ပါတယ်။ ယ
- Myanmar 3
- Pyidaungsu
- Padauk
- Myanmar Text ( Window 8 မှစ၍Window 10 တွင်လည်းပါဝင်သောဖောင့်)
- Notosans Myanmar ( iOS, Android တွင် ပါဝင်သော ဖောင့်)
Hybrid Font
သူကတော့ ဇော်ဂျီကော ယူနီကုဒ်ကော ဖတ်ရဖို့ ရေးလို့ရဖို့ အသုံးပြုရတဲ့ဖောင့်ဖြစ်ပါတယ်။ ဇော်ဂျီ 85% မှန်ကန်ပြီး ယူနီကုဒ် ၁၀၀% မှန်ပါတယ်။ နာမည်ကတော့ zawdecode font လို့ခေါ်ပါတယ်။ ယခုဆိုရင် Googel ရဲ့ Android OS အသစ်မှာ Notosan Zawdecode font ကိုထည့်သွင်းထားပါတယ်။ဒီဖောင့်ကြောင့်ပဲ ယူနီကုဒ်ကို အားလုံးအမှန်မြင်ပြီး ဇော်ဂျီကို မှန်တစ်ဝက်မမှန်တစ်ဝက်မြင်ရမှာပါ။
Adobe Supported Font
ယခင်က ထွက်ခဲ့တဲ့ Adobe product တွေမှာ standard font တွေက ကောင်းစွာ အလုပ်မလုပ်နိုင်ပါဘူး။ Adobe ကိုယ်တိုင်ကိုက သူတို့ဆီမှာ မြန်မာ ယူနီကုဒ် ဖောင့်များကို ကောင်းစွာ Support မပေးခဲ့သေးလို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇိုင်း အတွက် သီးသန့်အသုံးပြုတဲ့ဖောင့်တွေရှိပါတယ်။ အင်္ဂလိပ်စာမပါပဲ အင်္ဂလိပ်စာလုံးနေရာမှာ မြန်မာစာထည့်ထားတဲ့ Win arthouse font တွေကို အသုံးပြုနိုင်ပါတယ်။ ပြီးတော့ အောက်ဖော်ပြပါ ဖောင့်တွေကို ထည့်နိုင်ပါတယ်။ သူတို့ကတော့ ဖောင့်အလှတော့မဟုတ်ဘူး။ ဒါပေမယ့်မှန်ပါတယ်။
ကီးဘုတ်အမျိုးအစားများ
Official Keyboard
ကီးဘုတ်တွေမှာ ရွေးချယ်စရာများစွာရှိပါတယ်။ မရွေးချင်ဘူး တစ်ခုပဲမှတ်ချင်တယ်ဆိုရင်တော့ မြန်စံ ကီးဘုတ်လက်ကွက်ကိုသုံးပါ။ အများစုသိကြတဲ့ Myanmar 3 လက်ကွက်၊ ပြည်ထောင်စုလက်ကွက် နဲ့ နာမည်ကွဲပြီး ရိုက်ရတာတူတူပါပဲ။ အခုနောက်ပိုင်း မြန်မာစာ standard လက်ကွက် အဖြစ်သတ်မှတ်ထားပါတယ်။ သုံးချင်ရင် window 10 ဆိုရင် Add language ထဲကနေ Burmese ကိုရွေးလိုက်ပါ။ ရိုက်နည်းကို ဒီကလေ့လာပါ ။ Macbook ကဆိုရင် မူရင်းပါတဲ့ ကီးဘုတ်က အဆင်မပြေတဲ့အတွက် ဒီနည်းနဲ့ မြန်စံကီးဘုတ်ကို ထည့်ရပါတယ်။

Converter
အမျိုးအစား နှစ်ခုရှိပါတယ်။တစ်ခုကတော့ ထွက်ခဲ့ဖူးသမျှ မြန်မာဖောင့်တွေက နေ တစ်ခုကနေ တစ်ခုကိုပြောင်းတာ ၊ဥပမာ Matrix ,Win Researcher, Myanmar 1 , 2 ,3 Zawgyi , Myazaydi စတာတွေ တစ်ခုကနေ တစ်ခုကိုပြောင်းလို့ရပါတယ်။
နောက်တစ်ခုကတော့ ဇော်ဂျီကနေ ယူနီကုဒ် ကို အပြန်အလှန် ပြောင်းလို့ရပါတယ် ။ အခြားဖောင့်တွေအတွက်မရပါဘူး။
Online Converter
သူ့မှာလည်း ၂မျိုးရှိပါတယ်။ တစ်ခုကတော့ ဇော်ဂျီယူနီကုဒ် သီးသန့်အတွက်ပါ။ တစ်ခုကတော့ အခြားဖောင့်တွေအတွက်ပါ။
Mobile Converter
မိုဘိုင်း ကွန်ဗက်တာတွေမှာတော့ ဇော်ဂျီ ၊ယူနီပဲပြောင်းလို့ရပါတယ်။ အဓိက ထွက်တာတွေကတော့ Rabbit Converter, Parabaik Converter, Paytan Converter စတာတွေရှိပါတယ်။နောက်ထပ် ထွက်လာတဲ့ product တွေကတော့ အပေါ်က ပင်မ converter တွေရဲ့ source ကို မူတည်ပြီး ရေးကြတာများပါတယ်။ အချို့လူသုံးများတဲ့ ဖုန်းကီးဘုဒ်ထဲမှာ တစ်ပါတည်း ပါလာတာမျိုးလည်းရှိပါတယ်။
Browser Converter
ဇော်ဂျီ ကနေ ယူနီကုဒ်ကိုပြောင်းလဲဖော်ပြဖို့အတွက် ပဲသုံးပါတယ်။ browser add-on အနေနဲ့ထည့်သွင်းရပါတယ်။
- MUA Web Unicode Converter
- Tagu Converter
- Myanmar Font Tools
Installation methods
Window
Android
iOS
Tips and Tricks
- Myanmar Unicode made easy. - August 27, 2019
- Search Engine မှာ ယူနီကုဒ်နဲ့ ဇော်ဂျီ ယှဉ်ပြီး ရှာတဲ့အခါ - June 28, 2019
- Civil War Between Fonts - June 21, 2019
