Zapier ကို Automation tool တစ်ခုအနေဖြင့်သိထားကြပါသည်။
သူ၏ လုပ်ဆောင်ချက်များက နည်းပညာနှင့် မနီးစပ်သော သူတစ်ဦးအတွက်တော့ နားလည်ဖို့ခက်ခဲနိုင်ပါသည်။
အင်တာနက်ပေါ်တွင် များပြားလှသော Website များ၊ Application များ Tool များရှိပါသည်။
ဥပမာ Google မှထုတ်ပေးထားသော Google calendar, Google Sheet,Google Doc.
ကျွန်တော်တို့ဆီမှာ လူသိများသော Facebook .၊ အချို့ အဖွဲ့အစည်းများ ၊ကုမ္ပဏီများတွင် သုံးလေ့ ရှိကြသော Mailchimp ကဲ့သို့သော လူတွေအများကြီးဆီကို အီးမေးလ် ပုံမှန်ပို့သည့် Service.၊ စသဖြင့် ပုံစံအမျိုးမျိုးရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဖန်တီးထားသော tool များရှိကြပါသည်။
Auto Posting
Platform တစ်ခုတွင် တင်လိုက်သော post များကို အခြားနေရာတွင် အလိုလေျာက် တင်စေခြင်း
ကျွန်တော်တို့ က Facebook သုံးသည်။ ဒါပေမယ့် လိုအပ်ချက်အရ .Twitter ကဲ့သို့သော Service ကိုသုံးပြီး ဖောက်သည်တွေနဲ့ အဆက်အသွယ်မပြတ်စေချင်ဘူး၊ အခြား wordpress တို့ Blog တို့ကိုလည်းသုံးချင်သေး၊ instagram မှာလည်း ပုံတွေတက်စေချင်တယ်။
ဒီလို အခြေ အနေမျိုးမှာဆိုရင် တစ်နေရာမှာ တင်ပြီး အခြားနေရာတွေကိုပါ ထပ်ခါထပ်ခါတင်နေရမယ် ဆိုရင်တော့ တန်ဖိုးရှိတဲ့ အချိန်တွေ လုပ်အားတွေကို ဖြုန်းတီးရာကျပါလိမ့်မယ်။
အဲဒီလိုအခြေအနေတွေမှာ web service တစ်ခုကနေ တစ်ခုကို လှမ်းချိတ်ဆက်လို့ရပါတယ်။
အဲဒီလို ချိတ်ဆက်ဖို့အတွက် ကြားခံ ပေးတာကတော့ Zapier ကဲ့သို့သော automation tool တွေဖြစ်ပါတယ်။
တစ်နေရာမှာတင်လိုက်တဲ့ စာတစ်ခုက အခြား ကိုယ်ချိတ်ဆက်ထားတဲ့ နေရာတွေကိုပါ အလိုအလျောက်ရောက်ရှိသွားစေပါတယ်၊
ဒီလိုအရာမျိုးက Developer တွေအတွက်တော့ API လို့ခေါ်တဲ့ ဒေတာ ကူးပြောင်းတဲ့ channel တွေနဲ့ လုပ်ဆောင်နိုင်ပါတယ်၊
ဒါပေမယ့် Developer မဟုတ်သော သာမာန်သူတွေအတွက် တော့ Zapier တို့ကဲ့သို့သော Tool များနဲ့အဆင်ပြေပါတယ်။
နောက်ထပ် use case တစ်ခုထပ်ပြောရမယ်ဆိုရင်တော့ .နေရာပေါင်းစုံမှာ ကိုယ်တင်လိုက်သမျှ အချက်အလက်တွေကို မှတ်တမ်းအနေနဲ့ တစ်နေရာမှာပြန်သိမ်းထားပါပဲ၊
နေ့စဉ် ကျွန်တော်တို့ Page တွေကနေ စာတွေတင်ကြတယ်။ ဒါပေမယ့် အဲဒီစာတွေကိုပြန်လုပ်ချင်တယ်ဆိုရင် တစ်ခုစီပြန်လိုချင်တယ်ဆိုရင် ဘယ်လွယ်ပါ့မလဲ။
ဒီလိုမျိုးဆိုရင် .. Facebook page to Google Sheet သွားတဲ့ Zapier နဲ့ အလိုအလျောက်စာတွေသိမ်းနိုင်ပါတယ်။
စိတ်ကြိုက်သာ facebook page မှာတင်ပါ။ အလိုအလျောက် ကိုယ့်ရဲ့ Google Sheet ထဲမှာ သိမ်းဆည်းပေးပါလိမ့်မယ်။
နောက်ပြီးတော့ Google Sheet ကနေ လည်း Facebook ကို တိုက်ရိုက်စာတွေတင်နိုင်ပါသေးတယ်။
တကယ်ဆို Zapier ကို အခြေခံပြီး လုပ်လို့ရတာတွေကများလွန်းလို့ တစ်ခုစီလိုက်ပြောလို့ မဖြစ်နိုင်ပါဘူး. App ပေါင်း ၁၀၀ ကျော်က အခုဆိုရင် Zapier နဲ့ချိတ်ထားပါတယ်၊ ဘာတွေပါလဲသိချင်ရင်တော့ ဒီမှာ ကြည့်လို့ရပါတယ်။ Zapier apps
Video tutorial တစ်ချို့လည်းရှိပါတယ်. ဥပမာအနေနဲ့ Google sheet ကို ဘယ်လို automate လုပ်မလဲ ဒီမှာ ကြည့်ပါ ။
ဒီ tuto မှာတော့ နမူနာအနေနဲ့.. Google Sheet ကနေ ဘယ်လို Facebook ပေါ်ကို post တွေဘယ်လိုလှမ်းတင်လို့ရမလဲဆိုတာရယ်.. Facebook ပေါ်က Post တွေကို Sheet ထဲ အလိုအလျောက် ဘယ်လိုသိမ်းမလဲဆိုတာရယ်ကို ဖော်ပြပေးပါမယ်.
Sample Use Cases
၁.Google Cloud Print ကို Zapier နဲ့ချိတ်ဆက်ပြီးတော့ Gmail ထဲကိုဝင်လာသမျှ အီးမေးလ်တေွကို အလိုအလျောက် PDf ပြောင်ပြီးသိမ်းမယ်။ ဒါမှမဟုတ်အလိုအလျောက် print ထုတ်မယ်။
၂.Google Sheet ထဲမှာအသစ်ပေါ်လာရင် အလိုအလျောက် Google Doc ဖိုင်အသစ် ပြုလုပ်မယ်။
၃.Google doc documents တွေကိုအလိုအလျောက် Onedrive,Dropbox မှာသိမ်းမယ်။
၄.Evernote မှာအသစ်ရေးလိုက်တိုင်း Google Doc မှာ သိမ်းသွားမယ်။
၅.Google Form မှာ အသစ်ဖြည့်လိုက်တိုင်း Mailchimp ရဲ့ mailing listထဲသိမ်းသွားမယ်။ ဒါမှမဟုတ် google contact ထဲမှာသိမ်းသွားမယ်။
ကျွန်တော် Google နဲ့ပတ်သက်တာတွေပဲ ပြောသွားလို့ ဒါတွေပဲရှိတယ်မထင်ပါနဲ့။ တကယ့်ကို အများကြီးမှအများကြီးရှိပါတယ်။ တော်တော်များများ tool တွေက ကျွန်တော်မသုံးဖူးဘူးဗျ။ တစ်ခုနဲ့တစ်ခုနဲ့ချိတ်ပြီးအလုပ်လုပ်လို့ရမယ်ဆိုတာ စဉ်းတောင်မစဉ်းစားမိဘူး။ အဲဒါတွေကို Zapier ထဲမှာ ဘယ်လိုပေါင်းနိုင်တယ် ဆိုတာနမူနာလေးတွေရေးပေးထားတယ်။ အဲဒါလိုက်ဖတ်ကြည့်လို့ရတယ်။
ဒါကတော့ example video tuto တစ်ခုပါ၊
- Myanmar Unicode made easy. - August 27, 2019
- Search Engine မှာ ယူနီကုဒ်နဲ့ ဇော်ဂျီ ယှဉ်ပြီး ရှာတဲ့အခါ - June 28, 2019
- Civil War Between Fonts - June 21, 2019
