ယူနီကုဒ် ပြောင်းကြတော့မယ်ဆိုပြီး ကျယ်ကျယ်လောင်လောင်ပြောလာကြတော့ အချို့ကလည်း ပြောင်းမယ်ဆိုလည်း ပြောင်းကြတာပေ့ါကွာဆိုပြီး ချက်ချင်း ပြောင်းလဲတတ်ကြပေမယ့် အချို့ကျတော့လည်း “နေပါဦး” ယူနီကုဒ်အကြောင်း သိချင်ပါသေးတယ်ဆိုပြီး စူးစမ်းကြသူတွေလည်းရှိပါတယ်။ ဒီစာကတော့ ယူနီကုဒ်အကြောင်းကို အရမ်းအသေးစိတ်အထိ မဆင်းပဲ နည်းပညာနဲ့ ဝေးသူနားလည်အောင် ရှင်းပြလိုတဲ့ post တစ်ခုသာဖြစ်ပါတယ်။ပထမဆုံး သိချင်ကြတဲ့အချက်ကတော့ ယူနီကုဒ်ဆိုတာ ဘာလဲဆိုတာပဲဖြစ်ပါတယ်။ သူက စံသတ်မှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ယခင်က သတ်မှတ်ခဲ့တဲ့ စနစ်တွေကို ပြန်ကြည့်ရမယ်ဆိုရင် တစ်ပတ်မှာ ၇ရက်ရှိရပါမယ်။ တစ်ကီလိုမီတာမှာ ၁၀၀၀ မီတာရှိရမယ် ။ တစ်ပေါင်မှာ ၁၆ အောင်စရှိတယ်။ ဒါကိုမှ ကိုယ့်တစ်နိုင်ငံတည်း တစ်ပတ်မှာ ၈ရက် လုပ်မယ်ဆိုပြီး လုပ်လို့မရပါဘူး။ ကိုယ်တွေကြည့်ပဲ တစ်ကီလိုမီတာမှာ ၁၁၀၀ မီတာထားမယ်ဆိုပြီး သတ်မှတ်လို့မဖြစ်နိုင်ပါဘူး။ တစ်ပေါင်မှာ ၁၇ အောင်စလုပ်လိုက်ကွာဆိုတာမျိုးလည်း […]
Tag: zawgyi
Search Engine မှာ ယူနီကုဒ်နဲ့ ဇော်ဂျီ ယှဉ်ပြီး ရှာတဲ့အခါ
၂၀၁၆ ခုနှစ်က Google မှာ မြန်မာစာ တစ်ချို့ကို ဇော်ဂျီနဲ့ကော ယူနီကုဒ်နဲ့ ပါစမ်းသပ်ရှာဖွေကြည့်ခဲ့ပါတယ်။ ပြီးတော့ ရလာတဲ့ ရလဒ်ကို ယှဉ်ကြည့်ပြီး ဘယ်လောက်ထိ တိတိကျကျ အဖြေကို ဖော်ပြနိုင်လဲဆိုတာကို စမ်းစစ်ခဲ့ပါတယ်။ အဲဒီအချိန်က ရှာဖွေကြည့်ခဲ့တဲ့ စာလုံးကတော့ “ဝေးလွင့်ခြင်းရဲ့ နောက်ဆုံးခြေရာ” ဆိုတဲ့သီချင်းနာမည်ပါ။ ရှာဖွေခဲ့တဲ့ အချိန်ကတော့ ၂၀၁၆ ဇန်နဝါရီလပါ။ ပထမဆုံးကွန်ပျူတာထဲက လက်ကွက်ကို ယူနီကုဒ်ကိုပြောင်းပြီး ရိုက်ပါတယ်။ ရလာတဲ့အဖြေက အောက်ပါအတိုင်းဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်တွင် ရှာဖွေစဉ်က ရရှိသော ရလဒ် ဒီနှစ်ခုကို ယှဉ်ကြည့်လို့ ရလာတဲ့အဖြေကတော့ Google မှာ မြန်မာလိုရှာလို့ ရပါတယ်။ ယူနီကုဒ်နဲ့ ရှာဖွေတဲ့အခါမှာ ပထမဆုံးပြတဲ့ ရလဒ်တွေကတော့ ကျွန်တော်ရှာဖွေလိုတဲ့ သီချင်းတွေကို မှန်မှန်ကန်ကန် ဖော်ပြပေးနိုင်ပြီးတော့ ဇော်ဂျီနဲ့ ရှာတဲ့အခါတော့ […]
Civil War Between Fonts
This post is about one of the civil wars in Myanmar. What ? Are you thinking about guns, bombs, and tanks? Haha, not that civil war, this one is digital civil war. It is called Zawgyi vs Unicode civil war. A lot of foreigners who came to Myanmar to do tech business will ever hear about […]
Brief introduction of unicode
ယူနီကုဒ် အကြောင်းကို ရှင်းပြရမယ်ဆိုရင် တော်တော့်ကို ရှည်လျားပါတယ်။ ဒါပေမယ့်အဲဒါကို ပြန်အကျဉ်းချုံ့ရမယ်ဆိုရင်လည်း ချုံ့လို့ရပါတယ်။ ဒါပေမယ့် မေးစရာ မေးခွန်းတွေအများကြီးပေါ်လာပါလိမ့်မယ်။ မေးခွန်းတိုင်းအတွက် အဖြေကတော့ရှိပြီးသားပါ ။ဒီ post ကိုတော့ ယူနီကုဒ် အကြောင်းကို သိချင်ပြီး မေးခွန်းအများကြီး မထုတ်ချင်သေးဘူးလို့ ယူဆတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။ မိတ်ဆက် ယူနီကုဒ် ဆိုတာ ဒီဂျစ်တယ်ခေတ်မှာ ဘာသာစကားတွေနဲ့ပတ်သက်ပြီး နိုင်ငံတိုင်း လိုက်နာဖို့ ပြုလုပ်ထားတဲ့ စံစနစ်တစ်ခုပါ။ ယခုခေတ်လောက်အထိ ဆိုရှယ်မီဒီယာတွေခေတ်မစားသေး ၊ တစ်ယောက်နဲ့ တစ်ယောက် electronic mail တွေ message တွေနဲ့ ကူးလူးဆက်ဆံမှု မရှိသေးခင်အထိတော့ ယူနီကုဒ် ဆိုသော အရာဟာ သိပ် ခေတ်မစား မတွင်ကျယ်ခဲ့သေးပါဘူး ။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာ […]
