1. Home
  2. Docs
  3. Myanmar Unicode Toolkit
  4. Pyidaungsu vs zawgyi

Pyidaungsu vs zawgyi

ပြည်ထောင်စု ဖောင့်ဆိုတာ ယူနီကုဒ် အနွယ်ဝင် ဖောင့်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဥပမာပြောရရင် ယူနီကုဒ် ဆိုတာ Android ဖုန်းတွေကိုရည်ရွယ်တာဆိုရင် သူ့ဆီမှာ မတူညီတဲ့ ကုမ္ပဏီတွေက ထုတ်ထားတဲ့ ဖုန်းတံဆိပ်တွေရှိပါတယ်။ Samsung, HTC, Huawei, Xiaomi ,Sony ,Nokia စသဖြင့်ပေါ့လေ။ သူတို့အားလုံးက Android ဖုန်းတွေပဲဖြစ်ပါတယ် ။​ဒါပေမယ့် ထုတ်ထားတဲ့ ကုမ္ပဏီ မတူတဲ့အတွက် ဖုန်းအသွင်အပြင် ၊ပါတဲ့ app တွေကတော့ မတူညီပါဘူး။ ဒါပေမယ့် ဘယ် app ဖြစ်ဖြစ် သူတို့အချင်းချင်း ရှယ်သုံးလို့ရပါတယ်။ ဒါပေမယ့် iPhone app ကိုတော့ android ထဲမှာ ထည့်သုံးလို့မရပါဘူး။ ဆောက်ထားတဲ့ စနစ်မတူလို့ဖြစ်ပါတယ်။

ပြည်ထောင်စုနဲ့ ဇော်ဂျီဆိုတာ လည်း မတူတဲ့ စနစ်နှစ်ခုပေါ်မှာ သီးခြားစီ ဆောက်ထားတဲ့ ဖောင့်များဖြစ်ပါတယ်။ ဒါကြောင့် ဇော်ဂျီစနစ်နဲ့ ရေးတဲ့စာကို ယူနီကုဒ်စနစ်သုံးတဲ့ ဖောင့်တွေနဲ့ ဖတ်လို့မရပါဘူး၊​ ယူနီကုဒ် စနစ်နဲ့ ရေးတဲ့စာကိုလည်း ဇော်ဂျီဖောင့်ပေါ်မှာဖတ်လို့မရနိုင်ပါဘူး

ပြည်ထောင်စုဖောင့်ထဲမှာ မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာစကားတွေပါပါဝင်တဲ့အတွက် တိုင်းရင်းသားနာမည်တွေကိုပါ တိုင်းရင်းသားအက္ခရာနဲ့ရိုက်လို့ရပါတယ်။ ဇော်ဂျီဖောင့်မှာတော့ တိုင်းရင်းသားအက္ခရာတွေမပါဝင်လို့ အဲဒီလိုရိုက်လို့မရနိုင်ပါဘူး။​

Was this article helpful to you? Yes 1 No