1. Home
  2. Docs
  3. Digital Security Toolkit
  4. PROTONMAIL

PROTONMAIL

  • ကျန်ုပ်တို့နေ့စဉ်နှင့်အမျှ mail တွေကိုအသုံးပြုပီး အလုပ်လုပ်နေကြရမယ်ဆိုရင် အွန်လိုင်းပေါ်မှာလုံခြုံဖို့လိုအပ်မယ်ပါတယ်။
  • လုံခြုံတဲ့မေးတစ်ခုကိုပြောပါဆိုရင် Protonmail ကိုပြောပါရစေ။
  • Protonmail က End-to-End Encryption လုပ်ပေးပါတယ် ကျန်ုပ်တို့ရဲ့ Information (သတင်းအချက်အလက်) တွေလုံခြုံစွာပေးပို့နိုင်ပါတယ်။
  • လူတွေကစကားလုံးအသစ်အဆန်းတွေ မြင်ရင်ပြောင်းလဲအသုံးပြုဖို ဝန်လေးနေတက်ကြပါတယ် သုံးရတာအစဉ်မပြေလောက်ဘူး Email လောက်ကောင်းပါ့မလားစသည်ဖြင့် ကိုယ့်စိတ်ကိုယ်ပိတ်လှောင်ထားတက်ကြပါတယ်
  • အသုံးမပြုခင် သင်သိထားရမှာက သင်သာစိတ်ဝင်စားမယ်ဆိုရင် သုံးရတာ အရမ်းလွယ်ကူပါတယ် သာမာန် Email အသုံးပြုသလိုပဲ အသုံးပြုလို့ရပါတယ်။
  1. End-to-End Encryption
  2. Message တွေကိုအချိန်တိုင်းမှာ encryption (ဝှက်စာ) လုပ်ပေးထားပါတယ်
  3. Protonmail server ထဲမှာနဲ့ User devices တွေထဲမှာ သင့်ရဲ့ Messages တွေဟာ encrypted အနေနဲ့ရှိနေမှာဖြစ်ပါတယ် သင့်ရဲ့ အရေးကြီးတဲ့  information (သတင်းအချက်အလက်) တွေကို လုံခြုံတဲ့ protonmail server network ကနေပို့နိုင်ပါတယ်။
  4. Data တွေကိုအချိန်တိုင်း encrypted လုပ်ပေးထားခြင်းဖြင့် သင့်ရဲ့ Risk များတဲ့ information (သတင်းအချက်အလက်) တွေကိုကာကွယ်နိုင်ပါလိမ့်မယ်

Zero Access to User Data

  • Protonmail မှာ server က user data တွေကို encrypted အနေနဲ့သိမ်းထားပါတယ် သူတို့ကိုယ်တိုင်လဲ Decrypt လုပ်ဖို့ကြိုးစားကြမှာမဟုတ်ပါဘူး
  • သင့် Information တွေကို သင်မဟုတ်သော တစ်စုံတစ်ယောက်မှာ ဝင်ရောက်ကြည့်ရူနိုင်လိမ့်မည်မဟုတ်ပါ
  • သင့်အကောင့် password ကိုနခြားတစ်စုံတစ်ယောက် က forget လုပ်လို့ရသွားရင်တောင် သင့် data တွေကိုရလိမ့်မည်မဟုတ်ပါ
  • Protonmail မှာ security အရ အကောင့် password ကို forget လုပ်ရင် သင့် data တွေကို အကုန်ဖြတ်ပြစ်မည်ဖြစ်ပါတယ် သင်ကိုယ်တိုင်လဲ user name နှင့် password ကို မှတ်မိနေဖို့လိုအပ်ပါတယ် password forget (password အသစ်) ပြန်လုပ်မယ်ဆိုရင်တော့ data တွေပြန်ရနိုင်လိမ့်မည်မဟုတ်ပါ

Easy to use

  • Proton mail ကိုလွယ်ကူစွာ အသုံးပြုနိုင်ပါတယ် သင် Email သုံးနေတဲ့သူတစ်ယောက်ဆိုရင် Proton mail နဲ့လဲ သင့်စာတွေကိုလုံခြုံစွာပို့နိုင်ပါတယ်
  • Security အရမ်းကောင်းတဲ့ အချက်တွေ Protonmail မှာပါဝင်ပါတယ် သင်ပို့လိုက်တဲ့ Email ကို encrypted လုပ်ရုံမကပဲ strong password တွေ time message တွေထဲ့ပို့လို့ရပါသေးတယ်
  • Time message ဆိုတာ သင်ပို့လိုက်တဲ့အချိန်ကနေ ဘယ်အချိန်အတွင်း ဥပမာ 24 နာရီအတွင်း ပျက်ဆိုရင် protonmail server မှာကော သင့်စီမှာကော လက်ခံရရှိတဲ့သူမှာပါ ကျန်ရှိနေမှာ မဟုတ်တော့ပါဘူး time massage ပို့မယ်ဆိုရင်တော့ သေချာစဉ်းစားစေချင်ပါတယ် ဘယ်လောက် အရေးကြီးလဲ ဘာကြောင့် time message ပို့ချင်ရတာလဲ data တွေအဆုံးရုံးခံနိုင်လားဆိုတာ သေချာစဉ်းစားစေချင်ပါတယ်။
  • Protonmail မှ Cryptography နည်းပညာတွေလဲသုံးထားပါသေးတယ်
  • Protonmail ၏ Opensource လုံခြုံရေးစနစ်ကိုကာကွယ်နိုင်ရန်အတွက် တစ်ကမ္ဘာလုံးမှနည်းပညာရှင်များနှင့်စမ်းသက်အောင်မြင်ထားခြင်းဖြစ်သောကြောင့်စိတ်ချလုံခြုံစွာအသုံးပြုနိုင်ပါတယ်
  • Protonmail ကိုဘာဆော့ဝဲမှ ထဲ့သွင်း install လုပ်စရာမလိုပဲအသုံးပြုနိုင်ပါတယ်

Confidentiality

သတင်းအချက်အလက်တွေကို မသက်ဆိုင်သူ၊ မရည်ညွန်းခံရသူတွေနားမလည်ချင်း

သင်ပို့လိုက်သော သတင်းအချက်အလက်တွေကို လက်ခံရရှိသူကလွဲ မည်သူတစ်ဦးတစ်ယောက်မှာ ကြားဖြတ်ရယူနိုင်လိမ့်မည်မဟုတ်ပါ

Userdata protection

Userdata တွေကိုကာကွယ်ဖို့ဆိုရင် အရေးကြီးတဲ့ ဥပ​ဒေတွေ Policy တွေရှိဖို့လိုပါတယ်

  • Protonmail ကဆွစ်ဇလန်ဖက်ဒရယ်ဒေတာများကိုကာကွယ်ပေးချင်းအပ်ဥပဒေနှင့် အပြင်းထံဆုံး data များကိုကာကွယ်ပေးသော policy များနှင့်ကာကွယ်ပေးထားပါတယ်။
  • Data protection လို့ပြောတာနှင့်ထိုနိုင်ငံမှာ ရှိတဲ့တရားဥပဒေစိုးမိုးရေးကိုပါကျန်ုပ်တို့ထဲ့စဉ်းစားသင့်ပါတယ် ကျန်ုပ်တို့အသုံးပြုမည့် အရာတွေပေါ်မှာကာကွယ်ပေးထားတဲ့ ဥပဒေ တွေ policy တွေမရှိဘူးဆိုရင် လုံခြုံစိတ်ချမူရှိနိုင်လိမ့်မည်မဟုတ်ပါ။
  • ProtonMail ရဲ့ ​ဒေတာကာကွယ်ချင်း ဥပဒေအရ ကျန်တော်တို့ လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပါတယ်
  • Proton Mail အကောင့်ဖွင့်လို့ပါက https://protonmail.com သို့ဝင်ရောက်ဖွင့်နိုင်ပါတယ်

Proton Mail အကောင့်ဖွင့်ရန် အထက်ပါပုံမှာပြထားသော ပုံအတိုင်း Sign Up ကိုနှိတ်ပါ

ကျန်ုပ်တို့သည် Free user များသာဖြစ်သည် 😀 Just Kidding.

ကျန်ုပ်တို့အသုံးပြုကြသော Email services တွေကို ဝယ်သုံးလို့လဲရပါတယ် အခုတစ်ခါမှာတော့ Free account ဖောက်နည်းလေးကိုပဲပြောပြသွားမှာပါ။

အဲ့တော့ အကောင့်ဖောက်ဖို့ Free ဆိုတဲ့နေရာလေးကိုအရင်နှိတ်ပါ ပုံပါပြထားတဲ့အတိုင်း Select free planဆိုတဲ့ နေရာလေးကိုထက်နှိတ်ပါ

  • ဒီအဆင့်ကိုကျော်လွန်ခဲ့ပီဆိုရင်တော့ ကျန်ုပ်တို့ user name နဲ့ password ထည့်ရမဲ့ အဆင့်ကိုရောက်ပါပီ
  • တစ်ခုသင်သိထားရမှာက Recovery mail မှာသင်မထည့်ထားဘူးဆိုရင် သင့်အကောင့် password မေ့သွားခဲ့ရင် သင့်အကောင့်ကိုပြန်ရနိုင်တော့မယ်မဟုတ်ပါ
  • အကုန်လုံးဖြည့်ပီးသွားပီဆိုရင်တော့ Create account လုပ်လိုက်လို့ရပါပီ
  • အောက်ဖော်ပြပါပုံ အတိုင်းဝင်ရောက်ဖြည့်စွတ်နိုင်ပါသည်။

  • Create Account ကိုနှိပ်ပီးသကာလမှာ သင်နောက်တစ်ဆင့်သို့အောင်မြင်စွာတက်လှမ်းနိုင်ပါပီ

နောက်တစ်ဆင့်ကလဲရိုးရှင်းပါတယ်သင့်အကောင့်ဖွင့်တာအောင်မြင်ဖို့အတွက် Confirm လုပ်ပေးရတဲ့သဘောပါ

  • သင်ကဘာနဲ့အကောင့်ဖြစ်မြောက်ကြောင်းအတည်ပြုမှာလဲဆိုတာအရေးကြီးပါတယ် Email or SMS

ဒါမှမဟုတ် Captcha နဲ့လားပေါ့

  • CAPTCHA ဆိုလို့ အရှည်ကြီးမတွေးလိုက်နဲ့ဦး ရိုးရိုးလေးပါပဲ are you human? ဆိုတဲ့ စာသားလေး

ကိုမြင်ဖူးကြမှာ ပါ သူပြောထားတဲ့ label လေးအတိုင်းပုံလေးတွေကိုလိုက်နှိတ်ပေးလိုက်ရင်ရပါပီ

  • ကဲ အကောင့်ဖြစ်မြောက်သွားတဲ့ပုံကို ပုံနှင့်တစ်ကွ အောက်မှဖော်ပြလိုက်ပါမယ်

ဒီအဆင့်တွေအားလုံးကိုကျော်လွန်ခဲ့ပီဆိုရင်တော့ သင့်အကောင့်ဖောက်ခြင်း လုပ်ငန်းစဉ်အောင်မြင်စွာ

ပီးစီးသွားပါပီ စိတ်ချလုံခြုံစွာအသုံးပြုနိုင်ပါပီ

အထက်ဖော်ပြပါပုံမှပြထားသော မျှားအတိုင်းနှိတ်ကြည့်ပါ

1 ဆိုတဲ့ နေရာက attachment ဖိုင်ထဲ့ဖို့ပါ။

2 မှာတော့ time email ပို့လို့ရတဲ့ function ပါ ရက် လ နဲ့ အချိန် အတိအကျထဲ့လို့ရပါတယ်။

3 ကတော email ကို ထက်ဆင့် encrypted လုပ်ပေးတာပါ။

Was this article helpful to you? Yes No