ပြည်ထောင်စု ဖောင့် လက်ကွက် ရိုက်နည်း

မိတ်ဆက် ပြည်ထောင်စုဖောင့်ကို အစိုးရရုံးတွေမှာ စသုံးရတော့မယ်ဆိုပြီး ကြေငြာချက်ထွက်ကတည်းက လူတော်တော်များများက လက်ကွက် အသစ်ထပ်ကျင့်ရပြန်ဦးမယ် ဆိုပြီး စိတ်ညစ်ကြပါတယ်။ တကယ့်တကယ်တော့ ပြည်ထောင်စုလက်ကွက်ဆိုပြီး သီးသန့်မရှိပါဘူး။ ယခင်က အသုံးပြုခဲ့တဲ့ Myanmar3 လက်ကွက်၊​ Myansan (မြန်စံ)​လို့ခေါ်တဲ့လက်ကွက် နဲ့လည်း တူတူပါပဲ။ အဲဒီလက်ကွက် တွေရိုက်တတ်ရင် ပြည်ထောင်စုဖောင့်ကို အမှားအယွင်းမရှိရိုက်လို့ရပါတယ်။ ဒီနေရာကနေစပြီး ကျွန်တော် ယူနီကုဒ် လို့ပဲ သုံးနှုန်းပါ့မယ်။ ဒါက ပြည်ထောင်စုဖောင့်ကို တနည်းအားဖြင့် ဆိုလိုတယ်ဆိုတာကို နားလည်စေချင်ပါတယ်။ လက်ကွက်ပုံစံ မြန်စံ ယူနီကုဒ်လက်ကွက်ကို အခုဆိုရင် တော်တော်များများ ဖုန်းတွေကွန်ပျူတာတွေထဲမှာ နဂိုပါဝင်တဲ့ကီးဘုတ်အဖြစ် မြင်ရမှာဖြစ်ပါတယ်။ Google On screen keyboard မှာသုံးတဲ့ လက်ကွက်က မြန်စံ ယူနီကုဒ် လက်ကွက်ဖြစ်ပါတယ်။ Microsoft window 10 […]

Scroll to top